aaaaShowing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts
Sunday, October 7, 2018
Ethereum 2.0 (Next Generation Version of Ethereum)
 3. Consensus safety
 4. Scalability
Smart contract safety
===================================
[Unicode]
Ethereum 2.0 (Next Generation Version of Ethereum)
ကမ္ဘာ့ဒုတိယအကြီးဆုံး cryptocurrency blockchain ဖြစ်တဲ့ Ethereum မှာ -
  1. Network Privacy safety
  2. Smart Contract safety
  3. Consensus safety
  4. Scalability
စတဲ့ အဓိက ပြဿနာကြီး (၄) ရပ်နဲ့ ကြုံတွေ့လာရတယ်။ Ethereum မွေးကင်းစတုန်းက ဒီလောက် ပြဿနာမရှိသေး။ Ethereum ကွန်ရက် ကျယ်ပြန့်လာတာနဲ့အမျှ ပြဿနာတွေ၊ အားနည်းချက်တွေ တွေ့လာရတယ်။ DAO hack ခံရပြီးတဲ့နောက်ပိုင်း ပိုပေါ်လွင်လာခဲ့တယ်။ ဒီ ပြဿနာ ၄ ရပ်ထဲမှာ အကြီးမားဆုံး ပြဿနာက စကေးကိုက်လုပ်ဆောင်နိုင်စွမ်းရှိမှု (Scalability)။
စကေးကိုက်လုပ်ဆောင်နိုင်စွမ်းရှိမှု (Scalability)
စနစ်တစ်ခု၊ ကွန်ရက်တစ်ခု၊ လုပ်ငန်းစဉ်တစ်ခုထဲမှာ ကြီးမားကျယ်ပြန့်တဲ့အလုပ်တွေကို ကိုင်တွယ်ရတဲ့အခါ ကြန့်ကြာမှုမရှိ၊ ထစ်ငေါ့မှုမရှိဘဲ လုပ်ဆောင်နိုင်စွမ်းရှိမှုကို scalability လို့ အဓိပ္ပာယ်ဖွင့်ဆိုတယ်။ လက်ရှိ Ethereum blockchain မှာ တစ်စက္ကန့်ကို ငွေလွှဲပြောင်းမှု ၁၅ ခုသာ လုပ်ဆောင်နိုင်တယ်။ ဒါပေမယ့် တစ်စက္ကန့်မှာ ငွေလွှဲပြောင်းနေမှုက ထောင်သောင်းမက။ ဒီလို ကြန့်ကြာမှုဟာ Chain ပေါ်မှာ ချိတ်ဆက်ထားတဲ့ များပြားလှတဲ့ D-App တွေအတွက် အဆင်မပြေနိုင်၊ အလုပ်မတွင်ကျယ်နိုင် ဖြစ်လာတယ်။ ဒီ ပြဿနာကို "Sharding" လို့ခေါ်တဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံအသစ်က ဖြေရှင်းပေးနိုင်မယ်။
အကွဲအစများလို ဖြန့်ဝေခြင်း (Sharding)
မတူညီတဲ့ စကြဝဠာအစုအဝေး ("Universe")ထဲက Blockchain အတွင်းမှာ ထောင်သောင်းမက များပြားလှတဲ့ လွှဲပြောင်းမှု (Transaction) တွေကို နေရာတစ်ခုစီပေးပြီး မျဉ်းပြိုင်အဖြစ် တစ်ပြိုင်တည်း သွားစေနိုင်တယ်။ ဒီကိစ္စမှာ တူညီတဲ့ Chain ပေါ် နေရာယူပြီးသွားကြမယ့် Transaction တွေအတွက် လုံခြုံမှု ညှိပေးမထားဘူး။ တစ်သတ်မတ်တည်း။ ဒီ universe တွေဟာ သီးသန့် blockchain တွေမဟုတ်ပေမယ့် စနစ်အတွင်းပိုင်းချိတ်ဆက်လုပ်ဆောင်နေကြတယ်။ အရေးအကြီးဆုံးကတော့ သူတို့ရဲ့ အများသဘောတူညီချက် (consensus) ကို ဝေမျှနေကြတာပဲ။ Sharding ဟာ ပေါင်းစပ်ရအခက်ဆုံး အစိတ်အပိုင်း ၃ ခုဖြစ်တဲ့ ထိန်းချုပ်မှုမရှိလွတ်လပ်စွာ ဖြန့်ဝေခြင်း(decentralization)၊ စကေးကိုက်လုပ်ဆောင်နိုင်စွမ်းရှိမှု (scalability) နဲ့ လုံခြုံရေး (security) တို့ကို အောင်မြင်စွာ ပေါင်းစပ်ပေးနိုင်တယ်။ Transaction တွေ အချိန်စောင့်နေစရာမလို ခုပို့ခုရောက် လုပ်ဆောင်ပေးနိုင်စွမ်းရှိတယ်။
Network privacy safety
Privacy လုံခြုံရေးတိုးမြှင့်ဖို့အတွက် သိခြင်းသုည သက်သေခံ (zero knowledge proof) zk-SNARKs ကို နောက်ဆုံးထုတ် Ethereum hard fork ဖြစ်တဲ့ Byzantium ထဲမှာ ထည့်သွင်းထုတ်ဖော်ပေးခဲ့ပြီးဖြစ်တယ်။
Smart contract safety
Smart contract လုံခြုံမှုနဲ့ပတ်သက်လို့ Ethereum က နည်းလမ်းတကျ စစ်ဆေးအတည်ပြုချက်တွေကို အမြဲတစေ ထုတ်ပြန်ပေးပါတယ်။ Python နဲ့တူတဲ့ Viper programming language သုံးခြင်းဟာ Ethereum application တွေကို လုံခြုံမှုပိုရှိစေပါတယ်။
Consensus algorithm safety
Consensus algorithm ဆိုတာ blockchain လုပ်ငန်းစဉ်တစ်ခုထဲမှာ ဖြန့်ဝေထားတဲ့ လုပ်ငန်းစဉ်တွေ သို့မဟုတ် စနစ်တွေအကြား တစ်ခုတည်းသော ဒေတာတန်ဖိုးအပေါ် သဘောတူညီချက်ရယူတာဖြစ်တယ်။ Consensus အတွက် ဖြေရှင်းပေးမယ့်သူက Casper ။ Casper ဟာ Ethereum ရဲ့ လက်ရှိ Proof-of-Work (PoW) protocol ကို Proof-of-Stake (PoS) protocol အဖြစ် ပြောင်းလဲပေးတယ်။ Proof-of-Stake ဟာ Ethereum ရဲ့ Mining Rig တွေမှာ စွမ်းအင်စားသုံးမှုကို လျှော့ချပေးနိုင်စွမ်းရှိတယ်။
ဒီ ပြဿနာ ၄ ခုအတွက် နည်းပညာပိုင်းတွေကို Ethereum Blockchain Version 2.0 မှာ ပေါင်းစပ်အဆင့်မြှင့်တင်ထားတယ်။ Ethereum v1.0 ကတော့ 2014 မှာ ကျဆုံးခဲ့ပြီး V2.0 က စင်ပေါ်ရောက်လာခဲ့တယ်။ Blockchain ကို အဆင့်မြှင့်တင်မှု ပြုလုပ်ပြီး ထွက်လာမယ့် Ethereum 2.0 သတင်းကြောင့် Ethereum ဈေးကျဆင်းခဲ့ရတယ်။ လူတွေက နားမလည်ကြတော့ သို့လော သို့လောနဲ့ စိုးရိမ်စိတ်ဝင်နေချိန် မီးလောင်ရာလေပင့် ကောလာဟလတွေကြောင့် ဈေးကျဆင်းခဲ့ရတာလည်း ဖြစ်တယ်။ ဒီလို ယှဉ်ပြိုင်တိုက်ခိုက်သူတွေကြောင့် ဈေးကျရတာနဲ့ပတ်သက်ပြီး Ethereum founder ဖြစ်သူ ဗစ်တလစ် ဘုတရင် (Vitalik Buterin) က  စိုးရိမ်မှုမဖြစ်ပါဘူး။ သူက - "Ethereum ကို သတ်မယ့်သူက Ethereum ပါ၊ တရုတ် Ethereum လည်း Ethereum ပါပဲ၊ တိုင်ဝမ် Ethereum လည်း Ethereum ပါပဲ၊ Ethereum 2.0 ဟာလည်း Ethereum ပါပဲ " လို့  2017 ခုနှစ် နိုဝင်ဘာ 25 ရက်နေ့က တိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ Beyond Bolck 2017 တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
Ethereum လို ပြဿနာကို Bitcoin က များစွာ ကြုံခဲ့ရပြီးပါပြီ။ Bitcoin hard fork တွေ၊ Bitcoin 2.0, 2.2 တွေထိ အဆင့်မြှင့်တင်ခဲ့ပြီးပါပြီ။ Transaction time ကြာလွန်းတဲ့ပြဿနာကို Lightning network နည်းပညာနဲ့ မြှင့်တင်ခဲ့ပြီးလို့ ယခင်ထက် ပိုမို မြန်ဆန်လာခဲ့ပြီ။ Ethereum 2.0 ဟာလည်း Bitcoin Lightning Network လိုမျိုး Ethereum ကို ပိုမိုမြန်ဆန်စေပြီး စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပါလိမ့်မယ်။
__________________________________________
Ref : many resources
Written by : Bitcoin Seeker
follow me on : facebook, twitter, VK
Saturday, September 22, 2018
What is Ethereum Classic (ETC)?
Rank 15
=========================================
[Unicode]
May 2016 မှာ Ethereum 10% ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ DAO hack ခံခဲ့ရတယ်။  Ethereum ရဲ့ block 1,920,000 မပြည့်ခင်အချိန်ပေါ့။ DAO (Decentralized Autonomus Organization) ဆိုတာ Ethereum ပေါ်မှာ D-App (Decentralized Application) တွေကို အလိုအလျောက် ကြေညာချိတ်ဆက်ပေးဖို့ တည်ဆောက်ထားတာဖြစ်တယ်။ DAO ရဲ့ လုံခြုံရေးအားနည်းချက်ကို ရေးသားဖော်ပြထားတဲ့ စာရွက်တစ်ရွက်က အပြင်ပေါက်ကြားသွားတော့ DAO ထဲက Ether တွေ အခိုးခံရဖို့ဖြစ်သွားခဲ့တယ်။ June 2016 မှာ Ether 3.6 သန်းကျော် (USD သန်း 50 ခန့်) hacker လက်ထဲ ပါသွားခဲ့တယ်။
ဒီအခါ Ethereum အဖွဲ့အစည်းက စည်းဝေးဆုံးဖြတ်ကြတယ်။ ဟက်ကာတွေကို အကျိုးခံစားခွင့် ကာလကြာရှည်မရစေဖို့၊ DAO ထဲ ဘဏ္ဍာငွေပြန်ဖြည့်ဖို့နဲ့ smart contract ရဲ့ အားနည်းချက်ကိုပြင်ဖို့အတွက် Ethereum ရဲ့ Blockchain ကို Version အသစ်ပြောင်းလဲမှရမှာမို့ hard-fork လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီဆုံးဖြတ်ချက်ကို Ethereum user အများစုက သဘောမတူကြဘူး။ ဒါပေမယ့် Hack ခံရတာက Ethereum မှာဖြစ်တာမဟုတ်ဘဲ DAO ရဲ့ကိုယ်ပိုင် code မှာဖြစ်တာကတစ်ကြောင်း၊ ဟက်ကာတွေကို ကာလရှည်ကြာ အကျိုးမခံစားလိုတာကတစ်ကြောင်းကြောင့် block 1,920,000 မှာ Ethereum mining node တွေကို blockchain ဗားရှင်းအသစ်တစ်ခုဆီ လမ်းလွှဲခွဲထုတ်လိုက်တယ်။ Blockchain အသစ်က ဟက်ကာတွေရသွားတဲ့ Ether တွေကို ကိုယ်စားမပြုတော့ဘူးပေါ့။ ပင်မ Etherchain ပေါ်မှာ မိုင်းတူးနေတဲ့ အဲ့ဒီ Node တွေဟာလည်း အနည်းစုတစ်စုအဖြစ် ခွဲထွက်လာခဲ့တယ်။ အဲ့ဒီအနည်းစုဟာ Ethereum Classic (ETC) ပါပဲ။ Ethereum Classic ကို 2017 နှစ်ဆန်းမှာ မွေးဖွားပေးခဲ့တယ်။
Blockchain fork လုပ်တဲ့အခါ Data အားလုံးဟာ Fork လုပ်ပြီးတဲ့အထိ တရားဝင်နေသေးတဲ့အတွက် Hard fork မလုပ်ခင်ကတည်းက 1 ETH ပိုင်ဆိုင်ထားတဲ့ Ethereum user တွေဟာ Chain အသစ်ပေါ်မှာ နောက်ထပ် 1 ETC ရရှိစေတာဖြစ်တယ်။  ETC ဟာလည်း ETH လိုမျိုး Smart-contract နဲ့ D-App တွေဖန်တီးခြင်း၊ အထိုင်ချခြင်းလုပ်ငန်းကိုပဲ လုပ်ဆောင်တာဖြစ်တယ်။ Etherchain အသုံးပြုတဲ့ ICO တွေကတဆင့် Ethereum ကို အကျိုးအမြတ်တက်စေသလို ETC ကိုလည်း အထိုက်အလျောက်တက်စေတယ်။ ETH နဲ့ DAO တို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ခွဲထွက်လာရတဲ့ ETC ဟာ မိခင် ETH ရဲ့ ထောက်ပို့စစ်သည်တော်ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ ရှေ့ပြေးလုပ်ဆောင်မှုတိုင်းဟာ သူကိုယ်တိုင်အတွက်သာမက မိခင် ETH ကိုပါ ဖွံ့ဖြိုးတိုးတက်စေပါတယ်။
Ethereum Classic (ETC) Market detail (22.9.2018)
Rank 15
Market Cap = 1,194,950,738 USD / 178,686 BTC
Volume (24h) = 228,180,426 USD / 34,121 BTC
Circulating Supply = 104,730,739 ETC
__________________________________________
Ref : many resources
Written by : Bitcoin Seeker
follow me on : facebook, twitter, VK
Wednesday, September 12, 2018
Future of Ethereum Classic (ETC ရဲ့ အနာဂါတ်)
Ethereum Classic Summit 2018 in Seoul, Korea
Soccer
eSports
Predictions
==============================
[Unicode]
Ethereum Classic Summit 2018 in Seoul, Korea
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပမယ့် Ethereum Classic Summit 2018 ပွဲမှာ ETC Labs ရဲ့ CEO Terry Culver က ETC Ecosystem ဖွံ့ဖြိုးရေးအတွက် အထူးခြားဆုံးဟောပြောတင်ဆက်မှုတွေနဲ့ ဒီနေ့ တင်ဆက်ဆွေးနွေးခဲ့ပါတယ်...တဲ့
ETC Labs ဟာ ETC ရဲ့ အနာဂါတ် ရင်းနှီးမြှုပ်နှံမှုများတိုးပွားလာအောင်၊ နည်းပညာပိုင်းဆိုင်ရာ ပိုမိုလွယ်ကူအဆင်ပြေလာအောင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ETC အပေါ် ရင်းနှီးမြှုပ်နှံမှု တိုးပွားလာစေမယ့် ETCgame ခေါ် CoinGame.org website နဲ့ပတ်သက်ပြီး ပြောဆိုတင်ပြခဲ့ပါတယ်။ ဒီ CoinGame မှာ ETH, ETC နှစ်သက်ရာနဲ့ deposit တင်ပြီး နိုင်ငံတကာဘောလုံးပွဲ နဲ့ eSport တွေဖြစ်တဲ့ အွန်လိုင်းဂိမ်းအသင်းအချင်းချင်း ယှဉ်ပြိုင်မှုတွေမှာ ဘယ်အသင်းနိုင်မယ် ခန့်မှန်းရတာတွေ၊ Crypto ဈေးအတက်အကျခန့်မှန်းတာတွေ  ကစားလို့ရပါတယ်။
Soccer
eSports
Predictions
IOHK (Input Output HK) အဖွဲ့က Bob Summerwill ကလည်း Mantis Devemopment - ETC Wallet အပိုင်းနဲ့ပတ်သက်ပြီး ပြောဆိုတင်ပြခဲ့ပါတယ်။ (အောက်ပုံ)
ETC အတွက် Daedauls-Mantis Wallet ကို Version 1.1 အထိ ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီ Version 1.1 မှာ ETH ကို အပြည့်အ၀ ထောက်ပံ့မှုပေးထားတယ်၊ စွမ်းဆောင်ရည်အပိုင်းပိုအဓိကထားလာတယ်၊ Mac / Windows နှစ်မျိုးလုံးမှာပါ ရလာတယ် (ယခင်က Linux တစ်ခုတည်းသာရသေး)၊ critical issues တွေကို ဖြေရှင်းပေးလာတယ်၊ Syncing စွမ်းဆောင်ရည် တိုးလာတယ်။ နောက်ထွက်လာမယ့် Version 2.0 မှာ ဒီထက်ပိုမိုစွမ်းဆောင်ရည်ပြည့်ဝလာပါမယ်။
ETC Developer Team မှ Program manager ဖြစ်သူ Darcy Danger Reno က ETCDEV ရဲ့လုပ်ဆောင်မှုအပိုင်းနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။ (အောက်ပုံ)
UTRUST ကလည်း လုံခြုံရေးနဲ့ပတ်သက်ပြီး ETCDEV နဲ့ လက်တွဲလိုက်ပြီလို့ပြောပါတယ်။ UTRUST ဟာ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေအတွက် ရောင်းသူဝယ်သူကြား  ငွေပေးချေမှု လွယ်ကူမြန်ဆန်ပြီး လုံခြုံမှုရှိစေရန် ကြားခံဝန်ဆောင်မှုပေးတဲ့ Cryptocurrency Payments Solution တစ်ခုဖြစ်ပါတယ်။ Euro, Dollar အပါအဝင် cryptocurrency မျိုးစုံကို သူ့စနစ်တစ်ခုတည်းကနေ လွယ်ကူမြန်ဆန်စွာပေးချေနိုင်စေပါတယ်။ ဒီလို ETCDEV နဲ့ UTRUST တို့ လက်တွဲလိုက်တာဟာ ETC ရဲ့ ဝယ်လိုအားကို လျင်မြန်စွာ တက်လာနိုင်စေပါမယ်။ နာမည်ကျော် Coinbase လည်း ETC နဲ့ ချိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
__________________________________________
Ref : many resources
Written by : Bitcoin Seeker
follow me on : facebook, twitter, VK
Thursday, September 6, 2018
What is TRON (TRX)?
Market Detail (6.9.2018)
Rank = 13
Price USD = 0.020575 USD
Price BTC = 0.020575 BTC
Market Cap = 1,352,777,982 USD / 210,834 BTC
Volume (24h) = 144,998,917 USD / 22,598 BTC
Circulating Supply = 65,748,111,645 TRX
Total Supply =  99,000,000,000 TRX
TRON origin
TRON OS
TRON Project မှာ
* BTRON (Business TRON)
* eTRON (Entity TRON)
* ITRON (Industrial TRON)
TRON coin / Tronix (TRX)
[Unicode]
Market Detail (6.9.2018)
Rank = 13
Price USD = 0.020575 USD
Price BTC = 0.020575 BTC
TRON origin
TRON ရဲ့ မူလဇာစ်မြစ်က 1982 ခုနှစ်မှာ ထွက်ခဲ့တဲ့ Walt Disney ရဲ့ ပထမဦးဆုံး CGI အသုံးပြု စိတ်ကူးယဉ်သိပ္ပံရုပ်ရှင် TRON ပါပဲ။ နာမည်လည်း ကြီးခဲ့ပါတယ်။ အဲ့နောက်ပိုင်း 1984 ခုနှစ်မှာ TRON OS ထွက်ပေါ်လာပါတယ်။
TRON OS
TRON OS ကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ပါမောက္ခ Dr. Ken Sakamura မှ 1984 ခုနှစ်မှာ ဖန်တီးခဲ့ပြီး The Real-time Operating system Nucleus လို့ခေါ်ပါတယ်။ သူ့ရဲ့အဓိကရည်ရွယ်ချက်က ဂျပန်ပြည်တွင်း စက်မှုလုပ်ငန်းတွေရဲ့ စက်ယန္တရားအသေးစားတွေအကြား distributed computing လုပ်ဆောင်နိုင်စေဖို့ဖြစ်ပါတယ်။
Real-time Operating System (RTOS) Kernel ဟာ မည်သည့် embedded system တွေကိုမဆို အံဝင်ခွင်ကျဖြစ်အောင် စီမံပေးနိုင်ပါတယ်။ Embedded System ဆိုတာ ကွန်ပျူတာ Hardware နဲ့ Software တွေ အသေပေါင်းစည်းမြှုပ်နှံထားတာမျိုးဖြစ်ပြီး စက်မှုလုပ်ငန်းသုံးစက်ကြီးတွေ၊ စိုက်ပျိုးရေးဆိုင်ရာစက်တွေ၊ Automobile မော်တော်ကားတွေ၊ ဆေးပစ္စည်း၊ ကင်မရာ၊ အိမ်သုံးကိရိယာတန်ဆာပလာတွေ၊ လေယာဉ်တွေ၊ ငွေအကြွေထည့်ရင် အစားအသောက်ထုတ်ပေးတဲ့စက်တွေ၊ အရုပ်တွေ အစရှိတဲ့စက်တွေထဲမှာ မြှုပ်နှံထည့်သွင်းထားပါတယ်။
TRON Project မှာ
* BTRON (Business TRON)
* CTRON (Communication and Central TRON)
* eTRON (Entity TRON)
* ITRON (Industrial TRON)
* JTRON (Industrial TRON adapted to JAVA)
* µITRON (Micro-Industrial TRON) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီအထဲက စက်မှုဆိုင်ရာ ITRON ဟာ ကမ္ဘာမှာ အသုံးပြုမှုအများဆုံးနဲ့ အတွင်ကျယ်ဆုံး ဖြစ်လာခဲ့ပါတယ်။
TRON coin / Tronix (TRX)
TRONIX (TRX) ဟာ TRON Foundation ရဲ့ Official currency ဖြစ်ပြီး တရုတ်လူမျိုး Justin Sun ဦးဆောင်တဲ့ စင်္ကာပူအခြေစိုက် TRON Foundation မှ ထုတ်လုပ်ခဲ့ပါတယ်။ Justin Sun ဟာ ယခင်က Ripple အဖွဲ့မှာ ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ TRON ဟာ ကမ္ဘာမှာအကြီးဆုံး Blockchain based OS တစ်ခုဖြစ်ပြီး JTRON (Java-tron) ကို အသုံးပြုထားတာတွေ့ရပါတယ်။ အဓိကရည်ရွယ်ချက်က Facebook, Youtube, Porn Hub တို့ကဲ့သို့ Digital Entertainment Industry တွေအတွက် ဖျော်ဖြေရေး အချက်အလက်တွေ လွတ်လပ်စွာဖြန့်ဝေနိုင်စေရန်ဖြစ်တယ်။  TRON က ဖွင့်ပေးလိုက်တဲ့ decentralized platform နဲ့ distributed storage နည်းပညာဟာ digital content ဖန်တီးသူတွေကို Apple Store, Google Play store တို့လို ကြားခံ platform ဘာမှမလိုဘဲ လွတ်လပ်စွာ ဖြန့်ဝေနိုင်စေမှာဖြစ်ပြီး အကျိုးအမြတ်အဖိုးအခကိုလည်း ဖန်တီးသူသာ အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။
TRON ရဲ့ အဓိကလုပ်ဆောင်မှုကလည်း Ethereum ရဲ့ ecosystem မှာပါတဲ့ Smart-contract လုပ်ဆောင်မှုလိုပါပဲ။ ဒါပေမယ့် Ethereum ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုကျယ်ပြန့်ပါတယ်။ Ethereum က ကိုယ်ပိုင်ရေးဆွဲထားတာဖြစ်ပြီး TRON က ကျယ်ပြန့်နှင့်ပြီးသား TRON Network ကို ချိတ်ဆက်လိုက်သလို ဖြစ်သွားတဲ့အတွက် ကမ္ဘာ့အကြီးဆုံး Blockchain Based OS ဖြစ်လာပုံရပါတယ်။ Ethereum Virtual Machine (EVM) လိုပဲ TRON Virtual Machine (TVM) ကိုလည်း ဖန်တီးတည်ဆောက်ပြီးဖြစ်ပါတယ်။
TRON ကို အသုံးပြုပြီး Online Entertainment, Online Game, CGI (Computer-Generated Imagery) စတဲ့ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့အပိုင်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ စက်ပစ္စည်းတွေအတွက် ငွေပေးချေမှု လွယ်ကူစေပါတယ်။  TRON OS သုံးထားတဲ့ automobile ကုမ္ပဏီတွေမှာလည်း သူတို့ထုတ်လုပ်တဲ့ ကားတွေကို TRON coin နဲ့ ဝယ်ယူခွင့်ပေးထားတာတွေ့ရပါတယ်။
နဂိုတည်းက ကြီးမားကျယ်ပြန့်နေခဲ့ပြီးဖြစ်တဲ့ TRON network အတွက် Payment တစ်ခုလိုလည်းဖြစ်လေတော့ ကမ္ဘာအရပ်ရပ်က TRON အဖွဲ့သားတွေကြား TRON ရေပန်းစားလာတာ ဖြစ်နိုင်ပါတယ်။ TRON ရဲ့ များပြားလှတဲ့ Total Supply ကြောင့် တန်ဖိုးမကြီးမြင့်တာဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က TRON ရဲ့ Total Supply ကို 100 Billion မှ 1 Billion နှုတ်ကာ 99 Billion အထိ လျှော့ချခဲ့ပါတယ်။ ဈေးကွက်ထဲ လက်ရှိဖြန့်ဝေပြီးဖြစ်တဲ့ Supply တွေကို လျှော့ချပစ်တာ မဟုတ်ဘဲ ဖြန့်ချိမယ့်အများဆုံး ပမာဏထဲက လျှော့ချပစ်တာဖြစ်ပါတယ်။  နောက်ပြီး 33,251,807,524 TRX (34 Billion ခန့်) ကိုလည်း TRON Foundaiton အဖွဲ့က 2020 ဇန်နဝါရီ ၁ ရက်နေ့အထိ အသေကိုင်ထားမယ်လို့ ပြောပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ ဈေးကွက်ထဲ ဖြန့်မယ်ပေါ့။ အဲ့ဒီအကျိုးဆက်က ဘာဖြစ်လာမလဲ၊ TRON coin ရဲ့ တန်ဖိုးကို မြင့်တက်လာစေပါလိမ့်မယ်။ ဖောင်ဒေးရှင်းက ကိုင်ထားတဲ့ TRON coin တွေကို ဈေးကွက်ထဲ ဖြန့်လိုက်တဲ့အချိန်ကျရင်တော့ တန်ဖိုးပြန်ကျကောင်း ပြန်ကျလိမ့်မယ်ပေါ့။
ဒီလောက်ဆိုရင် TRON အကြောင်းကို အကြမ်းဖျဉ်းသိလောက်ပြီဖြစ်ပြီး၊ ဝယ်ယူစုဆောင်းရန် သင့်မသင့်ကိုလည်း မိမိဘာသာ ဆုံးဖြတ်နိုင်မယ်ထင်ပါတယ်။
__________________________________________
Ref : many resources
Written by : Bitcoin Seeker
follow me on : facebook, twitter, VK
Monday, September 3, 2018
What is Ink (INK)?
Ink (INK) (Payment system for Cultural Industry)
Market Detail (3.9.2018)
Price USD = 0.023514 USD
Price BTC = 0.00000326 BTC
Price QTUM = 0.00503216 QTUM
Market Cap = 10,908,381 USD / 1,514 BTC / 2,334,474 QTUM
Volume (24h) = 296,336 USD / 41.13 BTC / 63,418 QTUM
Circulating Supply = 463,910,527 INK
Total Supply =  1,000,000,000 INK
Max Supply =  1,000,000,000 INK
INK Coin (INK) ဟာ စင်္ကာပူနိုင်ငံမှ ထုတ်လုပ်တဲ့ coin ဖြစ်ပြီး cultural industry အတွက် payment system ဖြစ်ပါတယ်။ ဒီဂျစ်တယ် အနုပညာဖန်တီးမှုတွေရဲ့ မူပိုင်ခွင့် (copy right) ကို ကာကွယ်ပေးရန် ရည်ရွယ်ပါတယ်။ QTUM blockchain ပေါ်မှာ ချိတ်ဆက်လုပ်ဆောင်ပြီး ကမ္ဘာအနှံ့ဖြန့်ကျက်ထားပါတယ်။
ကမ္ဘာမှာ စာရေးဆရာတွေ၊ အနုပညာရှင်တွေ အဓိကရင်ဆိုင်နေရတာက copy right ပြဿနာဖြစ်ပါတယ်။ ဘယ်လိုနည်းလမ်း ဥပဒေတွေနဲ့ ကာကွယ်ထားလည်း ချိုးဖောက်ခံနေရဆဲပါပဲ။ ဒီပြဿနာကို blockchain နည်းပညာက အပြည့်အဝကာကွယ်ပေးနိုင်ပါမယ်။  မိမိဖန်တီးမှု ဒီဂျစ်တယ်အနုပညာတွေကို အင်တာနက်မှတဆင့် တစ်စုံတစ်ယောက်ဆီ အခကြေးငွေယူပြီး ပို့ပေးလိုက်ရင် ဒီတစ်ဦးတစ်ယောက်ဆီကသာ အခကြေးငွေရရှိမှာပါ။ ထိုလူက copy ပွားပြီး တဆင့်ပြန်ရောင်းချသမျှ မရနိုင်တော့ပါဘူး။ သင့်အနုပညာဖန်တီးမှုတွေကို INK  မှာ မှတ်ပုံတင်ပေးခြင်းဖြင့် QTUM network ထဲ ချိတ်ဆက်ပေးလိုက်မှာဖြစ်ပြီး blockchain address, QRcode တို့ပါရှိတဲ့ certificate တစ်ခုရရှိပါမယ်။ certificate ရရှိပြီးတဲ့ digital culture တွေကို အင်တာနက်ပေါ်မှာ မည်သူမဆို ရယူသုံးစွဲတိုင်း blockchain address တွေကတဆင့် Ink token ပေးကာ ရယူရမှာဖြစ်ပြီး မူရင်းဖန်တီးသူကိုသာ အကျိုးအမြတ်ရရှိစေမှာဖြစ်ပါတယ်။
ကမ္ဘာမှာ အဓိကပြဿနာဖြစ်တဲ့ intellectual property (IP) တွေရဲ့ မူပိုင်ခွင့်ကို ကာကွယ်ပေးတာဖြစ်တဲ့အတွက် INK payment system ဟာ demand များလာနိုင်ပါတယ်။ လက်ရှိ Trading မှာလည်း buy order price ထက် sell order price က ပိုမြင့်နေလေ့ရှိပါတယ်။ ရောင်းလိုအားအချိုးထက် ဝယ်လိုအားအချိုးက ပိုများနေတာဖြစ်ပါတယ်။ ဒီထက် ပိုပြီး promotion ပိုလုပ်နိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ crypto investor တွေ မျက်စိကျတဲ့ coin ဖြစ်လာပါလိမ့်မယ်။  လောလောဆယ်မှာတော့ တစ်နှစ်အတွင်း 0.000001$ ထိကျပြီး သေသွားမယ်ပြောတဲ့အဖွဲ့နဲ့ လက်ရှိဈေးထက် ဖြည်းဖြည်းချင်း တက်လာလိမ့်မယ်လို့ ပြောတဲ့အဖွဲ့တွေကွဲနေပါတယ်။ လေ့လာချက်အရ တက်လာနိုင်ချေကပိုများပါတယ်။ လက်ရှိမှာလည်း နည်းပညာအပိုင်းမှာ တဖြည်းဖြည်း တိုးချဲ့လာနေပါတယ်။ သတင်းတွေလည်း အမြဲ update ဖြစ်နေတာတွေ့နိုင်ပါတယ်။ အောက်ပုံကိုကြည့်ရင် ဖြည်းဖြည်းချင်းတက်လာမှာကို တွေ့နိုင်ပါတယ်။
အောက်မှာ Ink ကို ရောင်းဝယ်နိုင်တဲ့ Exchange နဲ့ Trading Volume တွေပြပေးထားပါတယ်-
__________________________________________
Ref : many resources
Tuesday, January 9, 2018
Bitcoin Hard Fork လုပ်တယ်ဆိုတာ
BTC Hard fork လုပ်တယ်ဆိုတာက Bitcoin Protocol ကို နှစ်ပိုင်းခွဲလိုက်တာပါပဲ။ Bitcoin နည်းပညာဟာ open source ဖြစ်တဲ့အတွက် လူတိုင်း အလွယ်တကူ ပြုပြင်မွမ်းမံလို့ရတယ်။ သို့ပေမယ့် Bitcoin ကို တိုက်ရိုက်ပြုပြင်ခွင့်မရှိဘူး။ တစ်ကမ္ဘာလုံးက Bitcoin ပညာရှင်တွေ စုပေါင်း အတည်ပြုမှ ပြုပြင်ခွင့်ရှိတယ်။ ပြုပြင်ခွင့်မရှိပေမယ့် သူ့ရဲ့ blockchain protocol ကို ခွဲထုတ်ပြီး အသစ်ဖန်တီးလို့ရတယ်။ မူလ btc ထက် ပိုကောင်းတဲ့နည်းပညာတွေ ထည့်သွင်းပြင်ဆင်ပြီး ခွဲထွက်လို့ရတယ်။ 
ဘယ်သူတွေလုပ်ကြလဲဆိုရင် Bitcoin miner တွေနဲ့ Bitcoin developer တွေ စုပေါင်းပါဝင်တဲ့ စီးပွားရေးအဖွဲ့အစည်းတွေဖြစ်တယ်။ သူတို့က မူလ Bitcoin ထက်ပိုကောင်းတဲ့ ငွေအလွှဲအပြောင်း ပိုမိုမြန်ဆန်တဲ့ Bitcoin တစ်မျိုးကို ထုတ်လိုကြတယ်။ ရှေ့အဆက်ဆက်ကလည်း Bitcoin ကို အဖွဲ့အစည်းအမျိုးမျိုးက ခွဲထုတ်ခဲ့ကြတယ်။ အောင်မြင်ပြီး ဆက်လက်တည်တံ့နေတာလည်းရှိသလို အစအန ရှာမရအောင် ပျောက်ကွယ်သွားတာလည်းရှိတယ်။
Bitcoin Hard fork လုပ်တဲ့အခါ လက်ရှိထွက်ရှိပြီးဖြစ်တဲ့ မူလ Bitcoin ပမာဏအတိုင်း ခွဲထုတ်မှာဖြစ်သလို တန်ဖိုးအနေနဲ့လည်း မူလ Bitcoin တန်ဖိုးထဲက % နဲ့ခွဲထုတ်လိုက်မှာဖြစ်တယ်။ တန်ဖိုးခွဲဝေမှုကလည်း ရင်းနှီးမတည်ငွေပေါ်မှာ မူတည်တွက်ချက်မှာဖြစ်တယ်။ ငွေကြေးသဘောတရားအတိုင်းပဲ ထုတ်ချင်တိုင်း ထုတ်မရပါဘူး။ ထုတ်ချင်တိုင်းထုတ်နေရင် ဖောင်းပွမှုကျိန်းသေဖြစ်မှာပါပဲ။
ဒီလို ခွဲထုတ်လိုက်တဲ့အခါ  မူလ Bitcoin (Bitcoin-A) နဲ့ Bitcoin-B ဆိုပြီး ထွက်လာမယ်။ သင့် Wallet ထဲမှာ 1 Bitcoin-A ရှိရင် 1 Bitcoin-B ရရှိမယ်။ ဒါဟာ wallet ထဲက မူလ Bitcoin ကို နှစ်ဆပွားပေးတာမဟုတ်ဘူး။ ဒီလိုရရှိဖို့ကလည်း Wallet က Support လုပ်မှရမယ်။ တကယ်လို့ Support မလုပ်တဲ့ Wallet ထဲ ထည့်ထားမိရင်၊ Exchange site ရဲ့ Wallet ထဲထည့်ထားမိရင် Forked coin ရမှာမဟုတ်ပါဘူး။ ဒီအခါ Support လုပ်တဲ့ Wallet ထဲ ပို့လိုက်ရင် Forked coin ရရှိနိုင်ပါတယ်။ မရဘူးဆိုတာဟာ မိမိ Bitcoin ဟာ Forked ပေးပြီးဖြစ်တဲ့ Bitcoin ဖြစ်နေလို့ပါပဲ။ ဘယ် Bitcoin ဟာ Forked လုပ်ပြီးပြီလဲဆိုတာ Blockchain protocol က ခွဲခြမ်းသိရှိပါတယ်။ တချို့က ဒါကို သဘောမပေါက်ကြတော့ ငါ့ Bitcoin တွေကျ မခွဲပေးပါလားဆိုပြီး ဆိုင်ရာ wallet ကို complain တက်ကြပါတယ်။
Bitcoin Hard fork လုပ်တဲ့အခါ မူလ Bitcoin တန်ဖိုးလည်း အထိုက်အလျောက်ကျပါလိမ့်မယ်။ Bitcoin-B ရဲ့ ရင်းနှီးမတည်ငွေအချိုးပေါ်မူတည်ပြီး ခွဲထုတ်လိုက်တဲ့ % လောက်သာ Bitcoin-A မှာ လျော့ကျမယ်။ ဒီ Bitcoin Hard forked coin တွေဟာလည်း ICO တွေရဲ့သဘောအတိုင်းပဲ ပထမအဆင့်မှာ ရင်းနှီးမတည်ငွေတွေပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်တယ်။ ဒုတိယအဆင့် ဈေးကွက်ရောက်တဲ့အခါမှာ Trader တွေရဲ့ ဈေးကစားမှုပေါ်မူတည်ပြီး အတက်အကျဖြစ်ပေါ်လာတယ်။ သူ့ရဲ့ Ecosystem ကောင်းရင်ကောင်းသလောက် လူသုံးများရင် များသလောက် သူ့တန်ဖိုးလည်း တက်လာနိုင်ပါတယ်။
written by Bitcoin Seeker
ICO တွေဝယ်ယူတဲ့အခါ
ပထမအဆင့် Pre-Sale နဲ့ ဒုတိယအဆင့် Crowdsale/Token sale ဆိုပြီး အဆင့်နှစ်ဆင့်ရှိတယ်။ pre-sale အဆင့်မှာ လူတိုင်းဝယ်ယူခွင့်မရဘူး။ အကြီးစား ရင်းနှီးမြှုပ်နှံသူတွေကိုသာရောင်းချတယ်။ အနည်းဆုံး $1000 မှစတယ်။ အချိန်ကာလအားဖြင့် တချို့က တစ်ပတ်၊ တချို့က နှစ်ပတ် အသီးသီးရှိတယ်။ ဒီပထမအဆင့်မှာ ICO တန်ဖိုးက အင်မတန်နည်းတယ်။ ဥပမာ- BTC နဲ့ဆိုရင် 0.00001 btcသတ်မှတ်ပြီးရောင်းပေးတယ်။ ဒီပထမအဆင့်ပြီးရင် အရင်းအနှီးနည်းနည်းနဲ့ဝယ်ယူမယ့် အသေးစား ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းချပေးတယ်။ အချိန်ကာလအားဖြင့် တစ်လ။ ဒီတစ်လအတွင်းမှာ အဆင့် ၃ ဆင့်၊ သို့မဟုတ် ၄ ဆင့် ခွဲရောင်းတယ်။ ဒီအခါမှာ token ဈေးနှုန်းက ပထမအဆင့် 0.00001 btc မဟုတ်တော့ဘဲ ပထမအဆင့်ကရတဲ့ ငွေအရင်းအနှီးပမာဏ၊ ဖြန့်ချိပေးမယ့် token ပမာဏတွေအပေါ်မူတည်တွက်ချက်ပြီး တန်ဖိုးတက်လာတယ်။ Token တွေကို တစ်ပတ်လျှင် ဈေးနှုန်းတစ်မျိုးနဲ့ လေးပတ်အတွက် လေးဆင့်ခွဲရောင်းမယ်ဆိုရင်-
ဥပမာအနေနဲ့
ပထမအပတ် - btc 0.0001
ဒုတိယအပတ် - btc 0.00015
တတိယအပတ် - btc 0.0002
စတုတ္ထအပတ် - btc 0.00025  စသဖြင့် အသီးသီးသတ်မှတ်ရောင်းချပေးမယ်ပေါ့။
နောက်ဆုံးအပတ်ပြီးရင် token ရောင်းချမှုပိတ်သိမ်းပြီး ဈေးကွက်ပို့ဖို့ လုပ်ပါမယ်။ ဈေးကွက်ပို့ဖို့အတွက် အလွန်ဆုံး နှစ်ပတ်အထိကြာပါတယ်။ ဈေးကွက်ပေါ်ရောက်တဲ့အခါ coin တန်ဖိုးဟာ နောက်ထပ် ရင်းနှီးရရှိလာတဲ့ငွေပမာဏပေါ်မူတည်တွက်ချက်ပြီး ဥပမာ- btc 0.0003 လောက်နဲ့ စ၀င် ပါလိမ့်မယ်။ ဈေးကွက်ရောက်ပြီဆိုတာနဲ့ coin တန်ဖိုးဟာ ပထမ pre-sale ပေါက်ဈေးအထိ (သို့မဟုတ်) သူ့ထက်ပို၍ ကျဆင်းပါမယ်။ ဘာကြောင့်ပါလဲ။ ဈေးကွက်ရောက်တဲ့အခါ မူလ၀ယ်ယူထားသူတွေ က ငွေပြန်ဖော်ကြတဲ့အတွက် အပြိုင်အဆိုင်ဈေးလျှော့ရောင်းကြလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစောဆုံးဝယ်ထားသူတွေဟာ အမြတ်ရဖို့ ကျိန်းသေပြီး နောက်ဆုံးမှ ၀ယ်မိသူတွေအနေနဲ့ အမြန်ရောင်းဖို့တောင် မမီဘဲ ပိုက်မိနေတတ်ပါတယ်။ ဒီ ICO တွေရဲ့ တန်ဖိုးဟာ ICO ဘ၀မှာ ရင်းနှီးမြှုပ်နှံသူတွေပေါ်မှီခိုပြီး၊ ဈေးကွက်ရောက်ပြီဆိုတာနဲ့ Trader တွေရဲ့ ဈေးကစားမှုပေါ် မှီခိုသွားပါတယ်။ (ဥပမာအနေနဲ့ Paragon(PRG) ဟာ token sale တုန်းက $1 နဲ့ရောင်းခဲ့ပေမယ့် ဈေးကွက်ထဲမှာ $1 အောက်ကျသွားတာတွေ့နိုင်ပါတယ်။) နောက်ခံ စီးပွားရေးအင်အား မကောင်းတဲ့ coin တွေဆိုရင် နာလန်ပြန်ထဖို့ အတော်ကြာတတ်ပါတယ်။
ဒါကြောင့်မို့ ICO token တွေ ၀ယ်ယူမယ်ဆိုရင် အစောဆုံးဝယ်နိုင်အောင် ကြိုးစားပါ။ အမြန်ဆုံးရောင်းနိုင်အောင် လုပ်ပါ။ နောက်ကျရင် နှေးနေရင်တော့ ခံရပါလိမ့်မယ်။
written by Bitcoin Seeker
Trading, Investing and Saving
Crypto အရောင်းအ၀ယ်လုပ်တာကို Trading လုပ်တယ်လို့ မခေါ်ဘူးဆိုပြီး ပြောတဲ့သူတချို့ကြောင့် Trading ဆိုတာဘာကိုခေါ်ပါသလဲလို့ လာမေးသူတချို့ရှိပါတယ်။ နောက်ထပ်မသိသေးသူတွေလည်း ရှိမယ်ထင်လို့ ယခင်ရေးထားတာလေးပြန်ရှာပြီး ဖြည့်စွက်ရေးပေးပါတယ်။
Trading ရဲ့ အဓိပ္ပာယ်က ဘာလဲ။ ကုန်သွယ်ရောင်းဝယ်ခြင်းဖြစ်ပါတယ်။ ဒါဆိုရင် Trading Law (ကုန်သွယ်မှုဥပဒေသ) ဆိုတာရော သိမယ်ထင်ပါတယ်။ ဒီဥပဒေသမှာ ရောင်းသူဝယ်သူ ရှိရမယ်၊ ရောင်းကုန်ပစ္စည်းရှိရမယ်၊ ဈေးကွက်ရှိရမယ်။ ဒီသုံးခုပြည့်စုံမှသာလျှင် ဒီဥပဒေသထဲ အကျုံးဝင်ပါမယ်။ ကိုယ်ဝယ်ထားတဲ့ ကုန်ပစ္စည်းကို ကိုယ်လိုချင်တဲ့ဈေး၊ ကိုယ်ရောင်းချင်တဲ့နေရာမှာ အချိန်မရွေး ရောင်းဝယ်နိုင်ခွင့်ရှိရမယ်။ ဒါသည်ပင် Trading လို့ခေါ်ပါတယ်။ ဈေးထဲမှာ ဟင်းရွက် ကန်စွန်းရွက်ရောင်းဝယ်ဖောက်ကားနေသူတွေလည်း Trader တွေပါပဲ။ အသေးစား၊ အလတ်စား၊ အကြီးစား ဆိုပြီးကွဲပြားပါတယ်။
Forex, Binary မှာ ဒီဥပဒေသအကျုံးဝင်ပါရဲ့လား သေချာကြည့်သင့်ပါတယ်။ တကယ်တော့ forex, binary တွေဟာ trading ဥပဒေသထဲ အကျုံးမ၀င်ပါဘူး။ gambler ဥပဒေသထဲ ပါဝင်သွားပါတယ်။ သူတို့ကိုကြည့်ရင် ပြင်ပလောကမှာ အချိန်နဲ့အမျှ အတက်အကျဖြစ်ပေါ်နေတဲ့ ငွေကြေးစီးကြောင်းတစ်ခုကို အတက်အကျခန့်မှန်းပြီး ကစားရတာဖြစ်ပါတယ်။ Buy/Sell တော့ ဟုတ်ပေမယ့် ကိုယ် buy သမျှ ကိုင်ထားလို့မရပါဘူး။ ဘယ်အချိန်မှာ ကျလိမ့်မယ်ဆိုပြီး ကျဈေးကိုရွေးလိုက်လို့ ကိုယ်ဝယ်ထားတာထက် ကျသွားခဲ့ရင် ကိုယ်မြတ်ပါတယ်။ တက်ရင်တော့ ရှုံးပါတယ်။ ဒါဟာ ကံစမ်း ပညာစမ်းကစားရတဲ့ ဒိုင်လက်ထဲ ကံတရားမရှိတဲ့ လောင်းကစား တစ်မျိုးပါပဲ။ ဘောလုံးပွဲလောင်းခြင်းဟာလည်း ဒီသဘောပါပဲ။
Trading လို့ဆိုလိုက်တာနဲ့ Investing ကလည်း ပါဝင်ပြီးဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုမရှိဘဲ Trading လုပ်လို့မရပါဘူး။ Investing ဆိုတာကရောဘာလဲ၊ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ စုဆောင်းခြင်း (Saving) မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အကျိုးအမြတ်ရှိပါတယ်။ ဒီတိုင်း မြှုပ်နှံထားရုံနဲ့ အကျိုးအမြတ်က တိုးပွားမလာပါဘူး။ အချိန်တန်ရင် ထုတ်ရောင်းပေးရပါမယ်။ ဒါမှသာလျှင် အကျိုးအမြတ်တိုးပွားလာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို အမြတ်များများရဖို့အတွက် အချိန်တော်တော်ကြာ ကိုင်ထားသင့်ရင် ကိုင်ထား စုထားရပါတယ်။ ပြန်မရောင်းဘဲ စုဆောင်းရုံပဲ စုဆောင်းနေမယ်ဆိုရင်တော့ Saving ပဲ ဖြစ်ပါလိမ့်မယ်။ ငွေကို အိပ်ခိုင်းထားတဲ့သဘောပါပဲ။ တချို့က ငွေကို ရှယ်ယာ ၀င်ပြီး အတိုးထုတ်စားနေတာကိုပဲ Investing လုပ်တယ်ထင်ကြပါတယ်။ တကယ်တော့ အဲ့ဒီငွေတွေဟာ အိပ်မနေပါဘူး။ ကိုယ်ရင်းနှီးထည့်ဝင်လိုက်တဲ့ အဲ့ဒီငွေတွေကို လက်ခံသူက အရောင်းအ၀ယ်လုပ်ပြီး အမြတ်ရှာရတာပါပဲ။ သူတို့လည်း အလှစုထားပြီး အတိုးမပေးနိုင်ပါဘူး။ Trader တွေဟာ Investing လည်းလုပ်ရသလို၊ Saving လည်းလုပ်ပေးရပါတယ်။
____________________________________
written by Bitcoin Seeker
Thursday, September 7, 2017
ICO (Initial Coin Offering)
ICO ဆိုတာ
Initial Coin Offering ဆိုတဲ့အတိုင်း Coin အသစ်ထုတ်မယ့်သူတွေက Coin ဈေးကွက်မတင်ခင် သုံးစွဲသူများလာအောင်၊ ရင်းနှီးမြှုပ်နှံသူများလာအောင် ICO တွေ ရောင်းချပေးပါတယ်။ ICO တွေကို ဆိုင်ရာ coin တစ်ခုရဲ့ Token အဖြစ်သဘောထားကြပါတယ်။ coin အသစ် ဈေးကွက်တင်ဖို့အတွက် သုံးစွဲသူအင်အား၊ ရင်းနှီးမြှုပ်နှံမှုအင်အား သတ်မှတ်ချက်ပြည့်မီဖို့လိုပါတယ်။ သတ်မှတ်ချက်ပြည့်မီပြီဆိုမှ coin ထုတ်လုပ်သူတွေဟာ exchange တွေနဲ့ ချိတ်ဆက်ပြီး ဈေးကွက်တင်ပါတယ်။ တချို့ကျတော့ သတ်မှတ်ချက်ပြည့်မီလည်း coin ကိုဈေးကွက်မပို့သေးဘဲ ICO ကို အရင်ပို့တာလည်းရှိပါတယ်။ coin အသစ်တွေအများဆုံး ချိတ်ဆက်တဲ့ exchange တွေက Bittrex, Kraken, Poloniex, Livecoin, SpaceBTC, Bitlish အစရှိတဲ့ exchange ကြီးတွေဖြစ်ပါတယ်။
ICO ဘ၀မှာ coin တစ်ခုရဲ့ ပေါက်ဈေးဟာ အဆမတန်နည်းပါတယ်။ ရင်းနှီးမြှုပ်နှံသူများလာလေ တန်ဖိုးတက်လာလေဖြစ်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံသူများလာအောင် ဆိုရှယ်မီဒီယာတွေကနေ ဖြန့်ပါတယ်။ ထုတ်လုပ်သူတချို့က သူတို့ coin သုံးစွဲသူပိုများလာစေဖို့အတွက် MLM စနစ်ကိုလည်း မဖြစ်မနေထည့်သွင်းကြတာလည်းရှိပါတယ်။ ICO ကို IPO (Initial Public Offering) လို့လည်း ခေါ်ပါသေးတယ်။ ICO ကိုဝယ်ယူရင်းနှီးမြှုပ်နှံ ထားသူတွေဟာ ဈေးကွက်တင်တဲ့အချိန်ပေါက်ဈေး နဲ့ တွက်ရင် အဆမတန် အမြတ်ရကြပါတယ်။ ဒါကြောင့်လည်း ICO တွေမှာ ရင်းနှီးမြှုပ်နှံသူ အင်မတန်များ ပါတယ်။
ICO လုပ်ဆောင်ပုံအဆင့်ဆင့်
အကြိုမိတ်ဆက် - ဒါကတော့ ထုတ်လုပ်သူဟာ ပရောဂျက်တစ်ခုအတွက် စက္ကူပေါ်မှာ ကြိုတင်ပြင်ဆင်ပြီး စက္ကူဖြူစီမံကိန်းအရင်စပါတယ်။ cryptocurrency investor တွေအများဆုံးရှိတတ်တဲ့ Site တွေကတဆင့် ရင်းနှီးမြှုပ်နှံသူ အကြီးစားတွေကို ရှယ်ယာခေါ်ပါတယ်။ စက္ကူပေါ်က ပရောဂျက်ကို ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားလာအောင် ရှင်းပြပါတယ်။  ကုမ္ပဏီလိပ်စာ၊ လုပ်ငန်းတည်နေရာတွေကိုလည်း အတိအကျ ဖော်ပြပေးပြီး အနည်းဆုံးထည့်ဝင်ရမယ့်ငွေပမာဏ၊ ပေးချေရမယ့် ငွေအမျိုးအစား စတာတွေကို ပါ ဖော်ပြပါတယ်။ စွန့်စားလိုတဲ့ ရင်းနှီးမြှုပ်နှံသူတွေအထိုက်အလျောက်ဝင်လာပြီဆိုရင် စက္ကူဖြူစီမံကိန်း ပြီးဆုံးပြီဖြစ်ပါတယ်။
ထုတ်ပေးခြင်း - ဒါကတော့ စက္ကူဖြူစီမံကိန်းပြီးဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးခံစားခွင့် အမှန်တကယ်ရရှိအောင် စာချုပ်ချုပ်တဲ့သဘောအဖြစ် ကုမ္ပဏီကိုယ်စား ICO ထုတ်ပေးတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းစီ ထည့်ဝင်တဲ့ ငွေပမာဏနဲ့ညီမျှတဲ့ ICO တိုကင်တွေ ထုတ်ပေးပါတယ်။ ဒီတိုကင်တွေ မှာ မျှော်မှန်းအချိန်ကာလတစ်လျှောက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ရပိုင်ခွင့်နဲ့အတူ တန်ဖိုးတစ်ခု သတ်မှတ်ပေး ထားပြီး အကျိုးအမြတ်ကို ကုန်သွယ်နည်းအရ အချိုးကျခွဲဝေရရှိစေပါတယ်။ ထုတ်ပေးခြင်းပြီးဆုံးတဲ့အခါ ICO ရဲ့ Start Date ကို ကြေညာပြီး ဈေးကွက်ဆင်းခြင်းစီမံကိန်းကို ဆက်လုပ်ဆောင်ပါတယ်။
ဈေးကွက်ဆင်းခြင်းစီမံကိန်း - ဒါကတော့ ICO ရဲ့ အဓိကအခရာဖြစ်ပါတယ်။ ဈေးကွက်ဆင်းခြင်းဟာ ကုမ္ပဏီရဲ့လိုအပ်တဲ့ငွေအရင်းအနှီးကိုတိုးလာစေနိုင်တဲ့အဓိကအချက်ဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ အများအားဖြင့် အခြေတည်စသာရှိပြီး လူသိပ်မသိသေးပါဘူး။ ဈေးကွက်ရှာဖွေရေးကိုယ်စားလှယ်တွေက လိုအပ်တဲ့တင်ဆက်မှုတွေ၊ ကြော်ငြာတွေအသုံးပြုပြီး ဆိုရှယ်မီဒီယာများမှ တဆင့် ဈေးကွက်ဆင်းကြ ပါတယ်။ ကနဦး လက်ကြီးရင်းနှီးမြှုပ်နှံသူတွေလည်း ဆင်းကြပါတယ်။ ဒီအဆင့်မှာ အရင်းအနှီး နည်းနည်းနဲ့ရင်းနှီးမြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံသူအငယ်စားတွေကို ပစ်မှတ်ထားပါတယ်။ ဒီအဆင့် ပြီးဆုံးတဲ့အခါ ကုမ္ပဏီကဖွင့်ပေးတဲ့ Exchange မှာ ရင်းနှီးမြှုပ်နှံသူတွေရရှိထားတဲ့ တိုကင်တွေကို ရောင်းဝယ်ခွင့်ပေး ပါတယ်။
ပုံမှာ start date ကြေညာပြီးတဲ့ ICO တွေရဲ့စာရင်းဖြစ်ပါတယ်။
________________________________________
ref : fx empire, investopedia, coinschedule
written : bitcoin seeker
Tuesday, August 15, 2017
Bitcoin (BTC) Vs Bitcoin Cash (BCH)
Bitcoin ဟာ blockchain အတွင်း၊ ကွန်ပျူတာကွန်ရက်အတွင်းမှာရှိတဲ့ cryptocurrency တစ်ခုဖြစ် ပါတယ်။ လယ်ဂျာတွေထဲ ရေးသွင်းမှတ်တမ်းတင်ခြင်းကို တော်လှန်ပစ်တဲ့ နည်းပညာလည်း ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီထိန်းချုပ်ကိုင်တွယ် ဖြေရှင်းပေးတာမျိုးမဟုတ်ဘဲ ကမ္ဘာပေါ်မှာရှိသမျှ ကွန်ပျူတာတိုင်းရဲ့ ကွန်ရက်အတွင်း ဗဟိုထိန်းချုပ်ခြင်းမရှိ၊ မည်သူမျှ ထိန်းချုပ်ခြင်းမရှိ လုံးဝလွတ်လပ်စွာ ချိတ်ဆက်ဖြေရှင်းပေး တဲ့ ကွန်ရက်နည်းပညာတစ်ခုဖြစ်ပါတယ်။
ဒီနည်းပညာမှာ ငွေအလွှဲအပြောင်း (transaction) နှေးကွေးတဲ့ပြဿနာရှိနေပါတယ်။ အထူးသဖြင့် ဘဏ်တွေ ရဲ့ credit card ငွေအလွှဲပြောင်းနဲ့နှိုင်းယှဉ်ရင် အလွန့်အလွန်ကို နှေးနေပါတယ်။ Visa card ငွေ အလွှဲပြောင်းနှုန်းဟာ တစ်နေ့ကို သန်း ၁၅၀ ရှိပြီး ပျမ်းမျှ တစ်စက္ကန့်မှာ 1700 နှုန်းလောက် အလွှဲအပြောင်း လုပ်နေပါတယ်။ ဒါ့အပြင် သူတို့ရဲ့တစ်စက္ကန့်အတွင်းလုပ်ဆောင်နိုင်တဲ့ပမာဏဟာလည်း 24000 နှုန်း ရှိပါတယ်။
Bitcoin network ကရော တစ်စက္ကန့်မှာ transaction ဘယ်လောက်လုပ်နိုင်လဲဆိုရင် 7 ခုလောက်ပါပဲ။ Bitcoin transaction တွေဟာ ဖြစ်စဉ်ပြီးမြောက်ဖို့ 10 မိနစ်လောက် အချိန်ယူရပါတယ်။ ဒါ့အပြင် Bitcoin သုံးစွဲသူပမာဏကလည်း တိုးပွားများပြားလာတော့ transaction time ကလည်း ပို ပိုပြီး ကြန့်ကြာ လာပါတယ်။transaction လုပ်ငန်းစဉ်ကို ကိုင်တွယ်ပေးတဲ့ ပင်မနည်းပညာကို ပြောင်းလဲမှု မလုပ်ဘဲနဲ့တော့ transaction time ကိုလျှော့ချဖို့မဖြစ်နိုင်ပါဘူး။
Bitcoin နည်းပညာလောကမှာ Bitcoin ရဲ့ transaction စိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်အမြန်နှုန်း တိုင်းတာခြင်း၊ တိုးမြှင့်ခြင်းနဲ့ပတ်သက်ပြီးအဓိကပြဿနာအဖြစ် ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ ဒီအဓိကပြဿနာ ကို ဖြေရှင်းရာမှာ transaction တွေကို ပိုမိုမြန်ဆန်ပြီး ပိုမိုဈေးသက်သာစေမယ့် သေးငယ်တဲ့ block တစ်ခုတိုင်းမှာ စိစစ်အတည်ပြုဖို့လိုအပ်တဲ့ ဒေတာပမာဏကို ဖြေရှင်းပေးဖို့ရော၊ သတင်းအချက်အလက် များစွာ တစ်ချိန်တည်း လုပ်ဆောင်ပြီးမြောက်စေနိုင်မယ့် data block ကြီးတွေကို ဖြေရှင်းပေးဖို့ရော လုပ်ရမှာဖြစ်ပါတယ်။
2017 ဇူလိုင်လလယ်လောက်မှာ မိုင်းတွင်းတွေနဲ့ ကုမ္ပဏီတွေက segregated witness (SegWit2x) နည်းပညာကို Bitcoin နည်းပညာထဲပေါင်းထည့်ဖို့ 80-90% လောက် ဆန္ဒပြုခဲ့ကြပါတယ်။ SegWit2x ဟာ အတည်ပြုပြီးသားဒေတာကို transaction တစ်ခုတိုင်းမှာ စိစစ်အတည်ပြုဖို့လိုအပ်တဲ့ data block ကနေ ခွဲထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ ချဲ့ထွင်ထားတဲ့ block တစ်ခုမှာ တွဲချိတ်ပေးခြင်းဖြင့် လည်းကောင်း သေးငယ်တဲ့ block တစ်ခုတိုင်းမှာ စိစစ်အတည်ပြုဖို့လိုအပ်တဲ့ ဒေတာပမာဏ ကို ဖြေရှင်းပေးပါတယ်။ အတည်ပြုပြီးသား ဒေတာဟာ block တစ်ခုစီမှာ data process 65% ထိ ခန့်မှန်းခြေလုပ်ဆောင်ပေးပါတယ်။ အတည်မပြုရသေးတဲ့ နည်းပညာမြှင့်တင်မှုတစ်ခုမဟုတ်ပါ ဘူး။ နိုဝင်ဘာလမှာ block size ကို 1mb ကနေ 2mb အထိ နှစ်ဆ တိုးမြင့်လာမယ်ပြောခဲ့ကြပါတယ်။ SegWit2x ဟာ Bitcoin ကို တန်ဖိုးပိုတက်လာစေမယ်လို့လည်း မျှော်လင့်ခဲ့ကြပါတယ်။ ဒါကတော့ Bitcoin အပိုင်းဖြစ်ပါတယ်။
Bitcoin Cash ဟာ Bitcoin နဲ့တခြားစီပါပဲ။ Bitcoin Cash ကို Bitcoin miner တွေနဲ့ developer တွေက အနာဂတ် cryptocurrency အဖြစ် အတူတကွ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ယင်းဟာ Bitcoin ထက် ပိုမိုထိရောက်စွာ စကေးကိုက်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်လည်း ဒီ Bitcoin Cash ဟာ SegWit2x နည်းပညာက မွေးစားထားရတာပါပဲ။ SegWit2x ဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ လမ်းကြောင်းတစ်ခုမှာစကေးကိုက်လုပ်ဆောင်နိုင်စွမ်းရဲ့ အခြေခံပြဿနာကို လိပ်စာတပ်မထားသလို ဆာတိုရှီနာကာမိုတို (cryptocurrency နောက်ကွယ်က blockchain နည်းပညာကို တီထွင်ခဲ့သူ အမည်မသိအဖွဲ့အစည်း (သို့မဟုတ်) လူတစ်ဦး) ကနဦးဖောက်ခဲ့တဲ့ လမ်းကြောင်းအတိုင်း မလိုက်ဘူးဆိုတာ ပညာရှင်တွေ၊ မိုင်းသမားတွေ သတိပြုမိခဲ့ကြပါတယ်။ ဒါ့အပြင် ရှေ့ဆက်မယ့် လမ်းကြောင်းအဖြစ် SegWit2x စတင် လမ်းဖောက်ခြင်းဟာ အရာရာတိုင်းအတွက်ပါပဲ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိတယ်။ ပြီးတော့ ငွေကြေးရဲ့ ဗဟိုထိန်းချုပ်မှုမရှိခြင်းစနစ်နဲ့ ဒီမိုကရေစီကျင့်သုံးခြင်း စနစ်ကို အောက်ခြေကလှိုက်စားသွားတာကိုလည်း အလေးထားစရာဖြစ်လာစေပါတယ်။
သြဂုတ် ၁ရက်နေ့မှာ miner အချို့နဲ့ developer အချို့ hard fork စတင်လုပ်ခဲ့ကြပြီး ငွေကြေး အသစ်တစ်ခုဖြစ်တဲ့ Bitcoin Cash ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ Bitcoin Cash မှာ block size ကို 8 mb ထိ တိုးမြှင့်ထားတဲ့အတွက် transaction စိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေပါတယ်။ ဒါ့အပြင် Bitcoin Cash ကို ထောက်ပံ့ပေးနေတဲ့ miner တွေ သတိမမူမိဘဲကြွင်းကျန်ရစ်တဲ့ chain အကြွင်းအကျန်တွေ၊ transaction စိစစ်အတည်ပြုခြင်းမြန်နှုန်းတွေကို ပိုသေချာအောင်လုပ်ဖို့ ခက်ခဲမှုအဆင့် (difficulty level)ချိန်ညှိပေးနိုင်စွမ်းလည်းရှိတဲ့အတွက် ငွေလွှဲပြောင်းမှု မြန်ဆန်စေပါတယ်။ ဒါဟာ Bitcoin Cash ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ပူပန်မှုမြင့်တက်စေပါတယ်။
Bitcoin ဟာ မြင့်မားတဲ့လုံခြုံရေးနဲ့ ဆက်သွားနေပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ ငွေလွှဲပြောင်းမှုအမြန်နှုန်း ဟာဘယ်လောက်အထိ တိုးလာမယ်ဆိုတာတော့ မရေရာပါဘူး။ Bitcoin Cash က ခက်ခဲမှုကို ချိန်ညှိပေးနိုင်တဲ့အတွက် ငွေလွှဲပြောင်းမှုလုပ်ငန်းစဉ်ကို ၂ မိနစ်နဲ့ ၃၀ စက္ကန့်အတွင်း လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်စွမ်းရှိပေမယ့် Bitcoin Cash blockchain လုံခြုံရေးကတော့ သိပ်မရေရာဘူးပေါ့။ ဒါတွေကလည်း မိုင်းသမားတွေနဲ့ အသုံးပြုသူတွေရဲ့ အမြင်ပေါ်မှာလည်း မူတည်ပါသေးတယ်။
______________________________________________
Written by : Jake Frankenfield
Translated by : Bitcoin Seeker
Friday, April 14, 2017
ငွေကြေးဖြစ်ပေါ်လာပုံနှင့် အနာဂတ်ငွေကြေး (Crypto Currency)
ငွေကြေးဖြစ်ပေါ်လာပုံအကျဉ်း
ငွေကြေးဆိုတာ ကြားခံလဲလှယ်ရေးပစ္စည်း (medium of exchange) တစ်ခုဖြစ်ပါတယ်။ ကမ္ဘာဦးအစ ငွေကြေး မပေါ်ခင်က လူသားတွေဟာ သူ့ပစ္စည်းနဲ့ ကိုယ့်ပစ္စည်း တိုက်ရိုက်လဲလှယ်ကြပါတယ်။ ဥပမာအားဖြင့် ကြက်ပိုင်ရှင် ဟာ ပြောင်းဖူးလိုချင်တဲ့အခါ ပြောင်းဖူးရှိသူထံမှာ ကြက် နဲ့ပြောင်းဖူးကို သူတို့အချင်းချင်း သဘောတူ သတ်မှတ်ထား တဲ့နည်း (သို့မဟုတ်) အညီအမျှချိန်တွယ်တဲ့နည်းနဲ့ လဲယူပါတယ်။ ကြက်ရဲ့အလေးချိန်နဲ့ညီမျှတဲ့ ပြောင်းဖူးအရေအတွက်ဟာ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေ ပါတယ်။ ဒါပေမယ့် နွားပိုင်ရှင်က ပြောင်းဖူးလိုချင်တဲ့အခါကျတော့ နွားရဲ့အလေးချိန်အတိုင်းပေးဖို့ ပြောင်းဖူး မရှိရင်ဖြစ်စေ၊ ရှိခဲ့ရင်လည်း နွားပိုင်ရှင်အတွက် စားမလောက်အောင် ပိုလျှံနေမှာဖြစ်တဲ့ အတွက် နှစ်ဦးနှစ်ဖက်အဆင်မပြေတော့ပါဘူး။ နွားပိုင်ရှင်ကလည်း သူလိုချင်တဲ့ ပြောင်းဖူး အရေအတွက်ရဲ့ အလေးချိန်အတိုင်း နွားကို ခုတ်ထစ်ပိုင်းဖြတ်ပေးဖို့ မဖြစ်နိုင်ပြန်ဘူး။ ဒီအခါ နွားပိုင်ရှင် ဟာ ကျောက်သံပတ္တမြားရှိသူထံမှာ နွားအလေးချိန်အတိုင်း သွားလဲပါတယ်။ ရလာတဲ့ ကျောက်သံ ပတ္တမြားထဲက သူလိုချင်တဲ့ပြောင်းဖူးအရေအတွက်ရဲ့အလေးချိန်အတိုင်း လဲယူပါတယ်။ ဒီလိုနဲ့ ရွှေငွေကျောက်သံပတ္တမြားတွေကို လဲလှယ်ရေးပစ္စည်းအဖြစ် သုံးစွဲလာကြပါတယ်။ တစ်စတစ်စ ယဉ်ကျေးလာတာနဲ့အမျှ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး (coins) တွေ သွန်းလုပ်ပြီး သုံးစွဲလာကြပါတယ်။ နောက်ပိုင်း မှာ ငွေစက္ကူ (paper money) တွေထုတ်လုပ် သုံးစွဲလာကြတာ ယနေ့အထိ ပါပဲ။ ငွေကြေးကို ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝမှုပေါ်အခြေခံပြီး ကန့်သတ်ချက် (limit) နဲ့ ထုတ်လုပ်ရပါတယ်။ နိုင်ငံတစ်ခု၊ ဒေသတစ်ခုရဲ့ ကြွယ်ဝမှုကို ဒေသတွင်း သယံဇာတ၊ ပို့ကုန်သွင်းကုန် (သို့မဟုတ်) ရောင်းလိုအား ၀ယ်လိုအား ဥပဒေသ (supply and demand law) နဲ့ တိုင်းတာပါတယ်။ ဒီကြွယ်ဝမှုဟာ ငွေကြေးရဲ့ ရင်းမြစ် (resource) ဖြစ်ပါတယ်။  နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝမှုထက် ပိုပြီး ငွေကြေးကိုထုတ်လုပ်ရင် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာပါတယ်။ ယနေ့ခေတ်မှာ cryptocurrency (Digital money) သို့ ခေတ်ပြောင်းလာနေပြီဖြစ်ပါတယ်။
Cryptocurrency (Digital money)
Cryptocurrency ရဲ့ အစဟာ Bitcoin ဖြစ်ပါတယ်။ ဒါပေမယ့် Bitcoin မပေါ်ခင်က စဦး Digital money အဖြစ် E-Gold (1996) အရင်ပေါ်ပါတယ်။ နောက်တော့ Hacker တွေတိုက်ခိုက်ခံရပြီး ပျောက်ကွယ် သွားပါတယ်။ သူ့နောက်မှာ Digital Money ထဲအကျုံးဝင်တဲ့ Web Money (1998) (ခုထိရှင်သန်ဆဲ), Liberty Reserve (2006) (ဥပဒေနဲ့ညိလို့ဆိုပြီး ဖျက်သိမ်းခံရ), Perfect Money (2007) (လက်ရှိအချိန်ထိ) တို့အသီးသီး ထွက်ပေါ်ပါတယ်။
Bitcoin (the gold)
Bitcoin ကို Satoshi Nakamoto ခေါ် အမည်ရင်းမသိ၊ ဘယ်သူမှန်းမသိတဲ့ ဂျပန်လူမျိုး programmer သို့မဟုတ် programmer များအဖွဲ့က 2008 ခုနှစ် အောက်တိုဘာ 31 မှာ C++ language နဲ့ ရေးသားခဲ့ပြီး 2009 ဇန်န၀ါရီမှာ Open-source အဖြစ် ဖွင့်ချပေးခဲ့ပါတယ်။ ခုချိန်ထိ Satoshi Nakamoto ကို ဘယ်သူမှန်းမသိကြပါဘူး။ သူဟာ ဂျပန်လူမျိုးဖြစ်ပြီး 5.4.1975 ခုနှစ်မှာ မွေးဖွားခဲ့တာလောက်ပဲ သိကြပါတယ်။ သူ (သို့မဟုတ်) သူတို့ရဲ့ နည်းပညာကို open-source ချပေးလိုက်တဲ့အတွက် Bitcoin ကို ဘယ်သူမှ တစ်ဦးတည်းမူပိုင် ထိန်းချုပ်ခွင့်မရှိတော့ဘဲ ကမ္ဘာအနှံ့ လွတ်လပ်စွာကျယ်ပြန့်လာစေပါတယ်။
Bitcoin mining (Bitcoin ကို ထုတ်လုပ်ခြင်း)
Bitcoin ကို မိုင်းတူးခြင်းဖြစ်စဉ်နဲ့ ထွက်ရှိစေပါတယ်။ Bitcoin mining ဆိုတာ network လုံခြုံရေး၊ ငွေလွှဲပြောင်းမှု (transaction) လုပ်ငန်းစဉ်အတွက် တွက်ချက်မှုစွမ်းအား အသုံးပြုခြင်းနဲ့ စနစ်အတွင်း လူတွေ တစ်ပြိုင်တည်း double လုပ်ဆောင်မှုကို ထိန်းပေးခြင်းလို့ဆိုပါတယ်။ မိုင်းတူးခြင်းလို့ရည်ညွှန်းတာကလည်း ပြင်ပမှာတကယ်မိုင်းတူးပုံနဲ့တူလို့ဖြစ်တယ်။
ပြင်ပမှာ တကယ်မိုင်းတူးတာမျိုးမဟုတ်ဘဲ Computer, Hardware, Software တွေနဲ့ Bitcoin ကို မိုင်းတူးစေပါတယ်။ အဲ့ဒီ hardware, software တွေဟာ မိုင်းတူးသမား (miner) တွေဖြစ်ပါတယ်။ (Bitcoin Mining စက်ထောင်ထားတဲ့လူတိုင်းကို Bitcoin Miner လို့ အလွယ်ခေါ်ပေမယ့် ဒီနေရာမှာတော့ Bitcoin Mine Owner လို့မှတ်ထားပါ။) တကယ့်လောကမှာ မိုင်းတူးသမား(လူ)တွေ မိုင်းတူးရင် ရွှေ၊ သတ္တု တစ်တုံးစ နှစ်တုံးစ ရသလို Bitcoin miner တွေမှာက Block တစ်တုံးစ နှစ်တုံးစ ရပါတယ်။ ရလာတဲ့ Block တစ်ခုကို 50 Bitcoins နှုန်းနဲ့ စထွက်စေပါတယ်။ Block ပေါင်း 210,000 ပြည့်တိုင်း Bitcoin တစ်ဝက်လျော့ကျလာပါတယ်။ ဥပမာ- Block ပေါင်း 210,000 ရောက်တဲ့အထိ Block တစ်ခုကို 50 Bitcoins နှုန်းပေးပါမယ်။ 210,001 ကစပြီး Block တစ်ခုကို 25 Bitcoins သာ ထုတ်ပေးပါမယ်။ ဒီလိုနဲ့ Block တွေများလာတိုင်း တဖြည်းဖြည်းလျော့လာပြီး နောက်ဆုံး Bitcoin Zero ဖြစ်သွားပါမယ်။ အသစ်မထုတ်နိုင်တော့ပါဘူး။ Block တစ်ခုတွေ့ရှိဖို့ ပျမ်းမျှ 10 မိနစ်သတ်မှတ်ထားပါတယ်။ ဒါဆိုရင် ပျမ်းမျှအားဖြင့် Block တစ်ခုအတွက် Bitcoin ရရှိမှုနှုန်းဟာ ၄ နှစ်မှာတစ်ကြိမ် တစ်ဝက်နှုန်း လျော့ကျလာမယ်။ July 2016 ကစပြီး Block တစ်ခုကို 12.5 Bitcoin သာရရှိတော့တယ်။
မိုင်းတူးသမား(လူ)တွေများရင် ရွှေ၊ သတ္တုတွေ မြန်မြန်နဲ့များများရသလို Bitcoin miner များရင် block တွေ မြန်မြန်နဲ့များများရပါမယ်။ Bitcoin miner အရေအတွက်ဟာ Mining Power ပေါ်မှာမူတည်ပါတယ်။ Mining Power ကို စက်မှာတပ်ဆင်ထားတဲ့ CPU (Central Processing Unit), GPU (Graphics Processing Unit) ပမာဏပေါ်မူတည်ပြီး Hash rate နဲ့ တိုင်းတာပါတယ်။ Bitcoin miner တွေများလာတဲ့အခါ Block တစ်ခုကို 10 မိနစ်ထက်စောပြီး မြန်မြန်တွေ့လာရင် Bitcoin difficulty စတင်ပါမယ်။ (ပြင်ပမှာလည်းပဲ မိုင်းလုပ်သားများလို့ မြန်မြန်ထွက်ရှိတဲ့အခါ မိုင်းတူးရခက်လာသလိုပေါ့။) Bitcoin difficulty စတင်တဲ့အခါ Block တွေ့ရှိမှု နှေးသွားပြီး Block တစ်ခု 10 မိနစ်နှုန်းကို ပြန်ရောက်လာပါမယ်။ ပြီးရင် တစ်ဖန် looping ထပ်ပတ်ပါမယ်။ ဒီလိုနည်းနဲ့ Bitcoin ကို အလွယ်တကူ မထွက်ရှိအောင် looping ပတ်ထားပါတယ်။ မိုင်းတူးပုံသဘောတရားအတိုင်းပါပဲ။  ဒါကြောင့်လည်း သူ့ကို crypto-gold လို့တင်စားခေါ်ဝေါ်ပါတယ်။
အစကပြောခဲ့သလို ငွေကြေးဆိုတာ ကြားခံလဲလှယ်ရေးပစ္စည်း ဖြစ်တဲ့အတွက် ငွေကြေးရင်းမြစ်ဆိုတာရှိရ ပါတယ်။ ဒီရင်းမြစ်နဲ့ညီမျှတဲ့ ငွေကြေးကိုပဲ ထုတ်ခွင့်ရှိတယ်။ အသစ်ထုတ်ခွင့်မရှိဘူး။ global currency ဖြစ်တဲ့ Bitcoin ဟာ ကမ္ဘာအရပ်ရပ်က paper money (or) hard money ကနေ digital money (or) soft money အဖြစ်ကို ပြောင်းလဲစေချင်တာဖြစ်တဲ့အတွက် ကမ္ဘာအရပ်ရပ်ရဲ့ ပို့ကုန်သွင်းကုန် (သို့မဟုတ်) ရောင်းလိုအားဝယ်လိုအား အပေါ်အခြေခံပြီး Bitcoin အသစ်ထွက်ရှိခွင့် 21 မီလီယံ သတ်မှတ်ပေးထားပါတယ်။ အမှန်တကယ်ရှိတဲ့ ရင်းမြစ်ဟာ Bitcoin ထွက်ရှိတဲ့ပမာဏထက်နည်းတဲ့အခါ Bitcoin တန်ဖိုးကျမယ်၊ ဖောင်းပွမယ်။ ရင်းမြစ်ကများလာရင် Bitcoin တန်ဖိုးတက်မယ်။ ဒါပါပဲ။
Bitcoin ကို စထွက်စေတဲ့အခါ Mining Power ပေါ်မူတည်ပြီး တွက်ချက်ထွက်ရှိစေတယ်။ Mining Power မြင့်လေ Miner များလေဖြစ်သလို Mining စက်ရဲ့ တန်ဖိုးကလည်း မြင့်တက်လေဖြစ်လာ ပါတယ်။ ငွေကြေးသဘောတရားအရ Bitcoin ကိုလည်း ရှိပြီးသား ငွေကြေးနဲ့လဲယူရမှာဖြစ်လို့ စက်ရဲ့တန်ဖိုးအတွက် သုံးလိုက်ရတဲ့ ငွေအရင်းအနှီးကို ရင်းမြစ်အဖြစ်ယူပြီး coin အရေအတွက်ကို တွက်ချက် ထွက်ရှိစေတယ်။ Bitcoin software ကတော့ ငွေပမာဏဘယ်လောက်ဆိုတာ မသိပါဘူး။ သူ့ကိုခိုင်းစေထားတဲ့အတိုင်း Mining power ပေါ်မူတည်ပြီး ထုတ်ပေးမှာဖြစ်တယ်။ ဥပမာ- စက်တန်ဖိုးဟာ $1000 ဖြစ်ရင် အဲ့ဒီ $1000 စက်ရဲ့ Mining power အလိုက် coin အရေအတွက်ကို ထွက်ရှိစေမှာဖြစ်တယ်။ ပထမဦးဆုံးထွက်လာတဲ့ coin အရေအတွက်ဟာ $1000 နဲ့ညီမျှတယ် လို့ ယေဘူယျယူဆနိုင်တယ်။
Program ရေးဆွဲထားတဲ့ looping အတိုင်း Bitcoin difficulty ဖြစ်စဉ်ကို ရောက်တဲ့အခါ Bitcoin ထွက်ရှိမှု နှေးသွား၊ ရပ်သွားမယ်။ တကယ့်လောကမိုင်းတွင်းမှာ ရွှေ၊ သတ္တုတွေ နည်းသွား ကုန်သွားသလိုပေါ့။ မိုင်းလုပ်သားတွေရရှိလာတဲ့ ရွှေတွေကို မိုင်းပိုင်ရှင်ကုမ္ပဏီ (Mine owner) သို့သွင်းပြီး Mine owner ဟာ ရရှိလာတဲ့ ရွှေ၊ သတ္တုတွေကို သူ့ရဲ့အရင်းအနှီး၊ သုံးစွဲရတဲ့အချိန်၊ ကုန်ကျစရိတ်တွေနဲ့ တွက်ချက်ပြီး တန်ဖိုးသတ်မှတ်ကာ ဈေးကွက်ပို့မယ်။ ဒီလိုသဘောအတိုင်း Bitcoin Mine owner တွေက လည်း ထွက်ရှိလာတဲ့ coin တွေကို ကနဦးတန်ဖိုး သတ်မှတ်ပြီး ဈေးကွက်ပို့တဲ့အခါ နောက်ထပ်ငွေ အရင်းအမြစ်တွေနဲ့ လဲယူကြတဲ့အတွက် ၀ယ်လိုအားတက်လာပြီး Bitcoin တန်ဖိုးလည်း လိုက်တက်လာတယ်။
Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ် နောက်တစ်ဖန် မစမချင်း ၀ယ်လိုအားရောင်းလိုအားပေါ်မူတည်ပြီး Bitcoin တန်ဖိုး အတက်အကျဖြစ်ပေါ်လာတယ်။ Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ် မစသေးတဲ့အခါ Mine owner တွေဟာ user အချင်းချင်း ငွေပေးငွေယူမှု (transaction) ကြောင့်ဖြစ်ပေါ်လာတဲ့ Block တွေကို ဖြေရှင်းချိတ်ဆက်ပေးရ၊ ကွန်ရက်ကို ထိန်းသိမ်းပေးရတဲ့အတွက် Blockchain network မှတဆင့် ၀န်ဆောင်ခအဖြစ် ရှိပြီးသား Bitcoin ကနေပြန်လည်ရရှိတယ်။ Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ်ပြန်စတဲ့အခါလည်းပဲ Bitcoin အသစ်လည်းရမယ်၊ ငွေအလွှဲအပြောင်းကြောင့် ၀န်ဆောင်ခလည်းရမယ်။ ဒီအခါ Bitcoin တန်ဖိုးလည်း အထိုက်အလျောက်ကျ မယ်။ ပြင်ပလောက ရဲ့ ငွေကြေးသံသရာလည်ပုံသဘောတရားအတိုင်းပါပဲ။
Ethereum (the gas or ether: crypto-fuel)
Ethereum ကို crypto-fuel လို့ တင်စားခေါ်ဝေါ်ပါတယ်။ သူ့ရဲ့ မူလရင်းမြစ်ဟာ ရေနံနှင့်သဘာဝ ဓါတ်ငွေ့ရောင်းဝယ်မှုပေါ်မှာ အခြေခံထားပါတယ်။ ဒါကြောင့်ပဲ သူ့ကို ရေနံတူးဖော်ခြင်းဖြင့်ထုတ်ပါတယ် လို့ အလွယ်ပြောခဲ့ပါတယ်။ Ethereum ကို အသက် ၂၃ နှစ်သာရှိသေးတဲ့ ရုရှားလူမျိုး programmer Vitalik Buterin (ဗစ်တလစ် ဘုတရင်) မှ C++, Go, Rust စတဲ့ programming language များနဲ့ ရေးသားပါတယ်။ Bitcoin Blockchain နည်းပညာကိုအခြေခံပြီး သူ့ထက်ပိုကောင်းတဲ့ Ethereum Blockchain ကို ရေးသားပါတယ်။ Bitcoin Blockchain က လွတ်လပ်စွာငွေပေးချေမှုတစ်ခုတည်းကိုပဲ အာရုံစိုက်ထားပြီး Ethereum Blockchain က Smart contract တွေမှာပါ ချိတ်ဆက်လို့ရအောင်၊ အရာအားလုံး decentralized ဖြစ်အောင် ရေးသားထားပါတယ်။ Smart Money အဖြစ် လုပ်ဆောင်စေဖို့ပေါ့။ Smart contract ဆိုတာ လူအများလက်ရှိရင်းနှီးနေကြပြီဖြစ်တဲ့ Smart card, Smart phone တွေကို နားလည်ရင် ရှင်းပြဖို့လိုမယ်မထင်ပါဘူး။ ကိုယ်တိုင်ဖြေရှင်းဆုံးဖြတ်ပြီး အလိုအလျောက် လုပ်ဆောင်စေတဲ့ နည်းပညာပါ။ ဒီနည်းပညာသုံးထားတဲ့ စက်တွေ၊ application တွေနဲ့ချိတ်ဆက်ဖို့ Ethereum Virtual Machine (EVM) ကို ရေးသားထားပြီးဖြစ်တယ်။ ဒီ EVM ကို စက်ထဲသွင်းလိုက်ရုံနဲ့ Ethereum network ထဲ အလိုအလျောက်ချိတ်ဆက်သွားစေမှာဖြစ်တယ်။ သူ့ရဲ့ Ecosystem အကြောင်းကို ဒီလင့်မှာ ရှင်းပြပြီးပါပြီ။ Ethereum ကိုလည်း Bitcoin လို မိုင်းတူးခြင်းဖြစ်စဉ်နဲ့ ထွက်ရှိစေပါတယ်။ ဒါပေမယ့် Bitcoin လို လူတိုင်း မိုင်းတူးဖို့မလွယ်ပါဘူး။ Ethereum ကို 2013 မှာရေးဆွဲပြီး 2015 လောက်ကမှ relase လုပ်ခဲ့ပေမယ့် သူ့အရင်ထွက်ရှိနှင့်တဲ့ cyptocurrency တွေကို ဘာကြောင့်ကျော်တက်လာခဲ့သလဲ။ အဖြေကရှင်းပါတယ်။ သူ့ရဲ့ ရင်းမြစ်ကြောင့်ပါပဲ။
ဒီလို ငွေကြေးသဘောတရားကိုနားလည်ရင် ငွေကြေးဆိုတာ အသစ်ဖန်တီးပြီး ထုတ်ချင်တိုင်း ထုတ်လို့ မရကြောင်း နားလည်ပါမယ်။ အခု cryptocurrency တွေ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အလျှိုလျှိုထွက်လာကြ တယ်။ ဈေးကွက်မရှိသေးတဲ့ coin တွေလည်း ထုတ်နေကြတယ်။ သူတို့အားလုံးရဲ့အခြေခံရင်းမြစ်က Bitcoin ပဲ။ နောက်ပိုင်းမှာတော့ Ethereum system ကိုအခြေခံတဲ့ coin တွေထွက်လာတယ်။ Ethereum ကလည်းပဲ Bitcoin ကို အခြေခံထားရတာပါပဲ။
အရာအားလုံးဟာ ရောင်းလိုအားဝယ်လိုအားပေါ်မှာ ရင်းမြစ်ယူကြတာမှန်ပေမယ့် လူသုံးများတဲ့ ရင်းမြစ် ကသာ လူတွေကို ပိုမိုဆွဲဆောင်နိုင်လိမ့်မယ်။ လူတွေပိုမိုလက်ခံသုံးစွဲလာရင်ကိုပဲ ဒီငွေကြေးဟာ global currency အလိုလိုဖြစ်သွားမှာပဲ။ Bitcoin ဟာ အထင်ရှားဆုံး ဥပမာဖြစ်တယ်။ MLM လို လူများလာအောင် မက်လုံးပေးပြီး လိုက်ဆွယ်နေစရာမလိုဘူး။  ဒါဆိုရင် နောက်ထွက်လာတဲ့ coin တွေမှာ သူတို့ရဲ့ Ecosystem ကိုကြည့်ပြီး ဒီ ငွေကြေးကို ရင်းနှီးမြှုပ်နှံလို့ အကျိုးအမြတ်မြန်မလား၊ ကြာမလား၊ ဆုံးရှုံးသွားမလား ခွဲခြမ်းစိတ်ဖြာနိုင်ပါမယ်။
________________________________________
ref : many resources
written : bitcoin seeker
Wednesday, April 12, 2017
Ecosystem of Ethereum (ETH)
Bitcoin ဟာ ဘဏ်စနစ်ကိုတော်လှန်ပစ်ရန်ရည်ရွယ်ပြီး တီထွင်ထုတ်လုပ်ခဲ့တဲ့ ဒီဂျစ်တယ်ငွေကြေး တစ်ခုပါ။ blockchain နည်းပညာကို အသုံးပြုပြီး ကမ္ဘာ့တစ်ဖက်ခြမ်း လူတစ်ဦးမှ အခြားတစ်ဖက်ခြမ်းရှိ လူတစ်ဦးသို့ မည်သည့်ကြားခံဝန်ဆောင်မှုမှမလိုဘဲ ကုန်ကျစရိတ်နည်းနည်းနဲ့ လွယ်ကူလျင်မြန်စွာ လွှဲပြောင်းပေးချေလို့ရစေပါတယ်။ အစိုးရထိန်းချုပ်မှု၊ မည်သည့်ထိန်းချုပ်မှုမှ မရှိပါဘူး။ ဒါကို decentralized ဖြစ်တယ်လို့ခေါ်ပါတယ်။ ဥပမာ - ကျွန်တော်တို့ ငွေစက္ကူကို တစ်မြို့မှ အခြားတစ်မြို့သို့ လွှဲပြောင်းပေးချေဖို့အတွက် ကြားခံ ဘဏ်၊ လူကိုယ်စားလှယ်၊ ကား၊ ရထား၊ လေယာဉ် အစရှိသည်တို့ဖြင့် လွှဲပြောင်းပေးချေရသလို အစိုးရထိန်းချုပ်မှု၊ တစ်စုံတစ်ဦးထိန်းချုပ်မှုတွေရှိပါတယ်။ centralized ပေါ့။ Bitcoin ဟာ အဲ့ဒီ ကြားခံဝန်ဆောင်မှုတွေမလိုအပ်ဘဲ၊ မည်သည့် ထိန်းချုပ်မှုမှ မလိုအပ်ဘဲ Blockchain network မှတဆင့် တစ်ဦးမှ တစ်ဦးသို့ လွတ်လပ်စွာတိုက်ရိုက်ပေးချေနိုင်စေပါတယ်။ ဒါကို peer to peer network လို့ခေါ်ပါတယ်။
-
Ether ခေါ် ရေနံနှင့်သဘာဝဓါတ်ငွေ့ဟာ Ethereum ရဲ့ အဓိကအမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ Bitcoin ကို မိုင်းတူးပြီးထုတ်သလို Ethereum ကို ရေနံတူးဖော်ခြင်းဖြင့် ထုတ်ပါတယ်။ Bitcoin ရဲ့ blockchain နည်းပညာကိုအခြေခံပြီး မျိုးဆက်သစ် Ethereum network ကို တည်ဆောက်ပါတယ်။ Ethereum network ဟာလည်း blockchain network လို peer to peer network ပါပဲ။ ဒါပေမယ့် Ethereum network မှာ ရေနံ၊ စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ အစားအသောက်ဝန်ဆောင်မှု အစရှိတဲ့ ရှိနှင့်ပြီးသား ၀န်ဆောင်မှုအားလုံး ပါဝင်ချိတ်ဆက်နိုင်ပါတယ်။ Bitcoin ကဲ့သို့ မည်သည့်ကြားခံဝန်ဆောင်မှုမှမပါဘဲ တစ်ဦးမှ တစ်ဦး လွတ်လပ်စွာ ငွေပေးချေနိုင်စေရုံသက်သက်ပဲ မဟုတ်ဘူး။ မည်သည့်အရာကိုမဆို ကြားခံဝန်ဆောင်မှုမလို၊ တစ်စုံတစ်ဦး ထိန်းချုပ်ဆောင်ရွက်ပေးမှုမလိုဘဲ ကုန်ကျစရိတ်နည်းနည်းနဲ့ လျင်မြန်လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေပါတယ်။
-
ဥပမာ- သင်ဟာ Ethereum network မှာပါဝင်ချိတ်ဆက်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်မှာ ဆီဝင်ဖြည့်တဲ့အခါ ကျသင့်ငွေကို သင့် ဖုန်းမှတဆင့် Ethereum ပေးချေလိုက်ရုံဖြင့် ကိုယ်တိုင်ဆီဖြည့်နိုင်ပါတယ်။ ငွေကြေးကို အမှန်တကယ် ကိုင်တွယ်ပေးချေစရာမလိုဘဲ software program မှတဆင့် ချိတ်ဆက် ဆောင်ရွက်စေခြင်းဖြစ်ပါတယ်။ အကြွေစေ့ထည့်ပြီး အစားအသောက်ယူရတဲ့ စက်တွေ၊ ကား၊ ရထားလက်မှတ်ခတွေ နေရာမှာ အစားထိုး တိုကင်အဖြစ် Ethereum က လုပ်ဆောင်ပါမယ်။ ကြားခံလူတစ်ဦးဦး ထိန်းချုပ်ဆောင်ရွက်ပေးတာမျိုး မလိုတော့ပါဘူး။ ဒါဟာ Ethereum ရဲ့ ecosystem ဖြစ်ပါတယ်။ ပြင်ပမှာ လက်တွေ့လုပ်ဆောင်နေတဲ့ ၀န်ဆောင်မှုအားလုံး၊ အရာအားလုံးကို decentralized ဖြစ်စေပါတယ်။ ကိုယ်တိုင်ပေး ကိုယ်တိုင်ယူစနစ်ပါ။ ဘာကြောင့် Ethereum ဟာ အချိန်တိုအတွင်း ဒုတိယနေရာရောက်လာရသလဲဆိုတာရဲ့ အဖြေတစ်ခုဆိုလည်း မမှားပါဘူး။
-
ဒီ ecosystem ကျယ်ပြန့်လာတာနဲ့အမျှ Ethereum network ကျယ်ပြန့်လာပါမယ်။ Ethereum network ကျယ်ပြန့်လာတာနဲ့အမျှ တစ်ကမ္ဘာလုံးမှာ Ethereum ဖြစ်လာပါမယ်။ Ethereum ဟာ ဒီအချက်ကို အဓိကလုပ်ဆောင်နေတာဖြစ်ပါတယ်။
________________________________________
ref : ecosystem of ethereum
written : bitcoin seeker
Saturday, March 19, 2016
Bitcoin ကို ဘယ်လိုရှာမလဲ
Bitcoin Wallet ရှိပြီလား။ မရှိသေးရင်.. အရင်လုပ်ပါ။ မလုပ်တတ်ရင် ဒီလင့်မှာ သွားလေ့လာပါ။
Bitcoin ကိုရှာရ မလွယ်ပါဘူး။ ၀ယ်မယ်ဆိုရင် သိန်းချီပေးရပါမယ်။ ဒါပေမယ့် ရွှေတိုရွှေစ Satoshi တွေကိုတော့ ရှာရလွယ်ပါတယ်။ ကိုယ်တတ်နိုင်သလောက် ဖဲ့ပြီး ၀ယ်လို့လည်း ရပါတယ်။ ငွေရင်းလေးရှိရင် ၀ယ်စုထားလို့ရပါတယ်။ အင်တာနက်မိုင်းတွင်းတွေမှာ မိုင်းတူးစက်ဝယ်ပြီး မိုင်းတူးလို့ရပါတယ်။ အံစာခေါက်တဲ့ဆိုက်တွေမှာ ငွေထည့်ပြီး အံစာသွားခေါက်လို့ ရပါ တယ်။ လောင်းကစားဆိုက်တွေဆိုလည်း ပေါမှပေါ..။  ဒီနေရာမှာတော့ လောင်းကစားနဲ့ပတ်သက်ပြီး မပြောပါဘူး။ ခုမှ စလုပ်မယ့်သူတွေအတွက် ရွှေတိုရွှေစတွေကို အလကား ဘယ်လိုစုမလဲ။ အတော်အတန်စုမိဆောင်းမိလာတဲ့ ရွှေတွေကို တိုးပွားအောင် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ ဆိုတာလောက်ပဲ ပြောပါမယ်။ ဒါလေးတွေ အခြေခံသိသွားရင် ကျန်တာတွေ ကိုယ့်ဘာသာ ရှာဖွေ လုပ်တတ်သွားမှာပါ။
ရွှေတိုရွှေစ အလကားလိုက်ကောက်ခြင်း (Claim Satoshi for FREE)
တစ်ပြားမှ မရှိ၊ ငွေရင်းပြီးမ၀ယ်ချင်ဘူးဆိုရင်လည်း Satoshi အလကားပေးတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်။ အလကားပေးတဲ့ဆိုက်တွေက ၅ မိနစ် တစ်ခါ၊ ၁၀ မိနစ် တစ်ခါ၊ ၁နာရီ တစ်ခါ၊ ၁ ရက် တစ်ခါ အစားစားနဲ့ ပေးကြပါတယ်။ အဲ့ဒီဆိုက်တွေကို Faucet ဆိုက်တွေလို့ ခေါ်ပါတယ်။ တစ်ခါပေးရင် 0.00000020 ကနေ 0.00000600 အထိသာ ပေးလေ့ရှိပါတယ်။ ပြီးရင် သူ့သတ်မှတ်ချိန်အထိ စောင့်ရ ပါတယ်။ အဲ့ဒီတော့ အဲ့လိုအလကားပေးတဲ့ ဆိုက်ပေါင်း ၂၀၊ ၃၀ ကျော်လောက်ကို လှည့်ပတ် လိုက်ကောက်(Claim) ပြီး စုရပါတယ်။ ဆိုက် များများကောက်နိုင်လေ တစ်နေ့ ရတဲ့ ဆာတိုရှီ ပမာဏ များလေလေပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်နေ့တစ်နေ့ အင်တာနက်မှာ အလကား အချိန်ကုန် ဘေလ်ကုန်နေ မယ့်အစား အချိန်နည်းနည်းလေးဖဲ့ ကြားညှပ်ပြီး Claim ခြင်းဖြင့် အလကားနေရင်း ရွှေတိုရွှေစတွေ စုမိဆောင်းမိလာနိုင်ပါတယ်။
ရရှိလာတဲ့ Bitcoin တွေကို ပိုမိုတိုးပွားအောင် အရောင်းအ၀ယ် (Trading) ပြုလုပ်ဖို့အတွက်-
> 2.1 EXMO တွင် Trading ပြုလုပ်ခြင်း (အခြေခံ)
အင်တာနက်မိုင်းတွင်းမှ ရွှေထုတ်ခြင်း (Cloud Mining)
Satoshi တွေကို အင်တာနက်မိုင်းတွင်းတွေထောင်ပြီး ထုတ်လုပ်ကြပါတယ်။ တကယ့် မိုင်းတွင်းတွေ မှာ ရွှေတူးသလိုမျိုး အင်တာနက်မိုင်းတွင်းမှာ ရွှေတူးနေကြတဲ့သူတွေအများကြီးရှိပါတယ်။ အင်တာနက် Mining Site တွေမှာ မိုင်းတူးဝယ်ပြီး ရင်းနှီးနိုင်ပါတယ်။ မိုင်းတူးစက်တစ်ခုရဲ့ လုပ်ဆောင်နိုင်စွမ်းကို KH/s နဲ့တိုင်းတာပါတယ်။ အနည်းဆုံး 20 KH/s ကနေ စတင်ဝယ်ယူနိုင်ပါတယ်။ 1MH/s ကို 1000 KH/s ရှိပြီး 1GH/s ကို 10000 KH/s ရှိပါတယ်။ KH/s မြင့်လေ တစ်စက္ကန့်ထုတ်လုပ်နိုင်မှု များလေဖြစ်ပါတယ်။ မိုင်းတွင်းတွေမှာ စက်ဝယ်ပြီး ထုတ်လုပ်တာဟာ မြတ်တာများတဲ့အတွက် မိုင်းတွင်းမှာ ရင်းနှီးမြှုပ်နှံသူ အလွန်များပါတယ်။ ဘာမှ လုပ်စရာမလိုဘဲ စက်ဝယ်ပြီး ပစ်ထားရုံပါပဲ။
မိုင်းတွင်းတွေက အလျှံပယ်ရှိပါတယ်..။ အတုအယောင် အလိမ်အညာတွေကလည်း ပေါပါတယ်..။ ဒါကြောင့် လုပ်ချင်တယ်ဆိုရင် Mining Monitor site တွေမှာ ၀င်ကြည့်ပြီးမှ လုပ်သင့်ပါတယ်။ Google မှာ Mining Monitor လို့ ရိုက်ပြီးရှာလိုက်ရင် တွေ့ပါလိမ့်မယ်။ အဲ့မှာ user rating အများဆုံးကို ရွေးလုပ်ပါ။
ရှာဖွေလို့ရတဲ့ Bitcoin တွေကို မြန်မာငွေ ဘယ်လိုပြောင်းမလဲ
မြန်မာငွေပြောင်းချင်ရင် အရင်ဆုံး ကိုယ့်ဆီကို ငွေလွှဲပေးလို့အဆင်ပြေမယ့် ဘဏ်အကောင့်တစ်ခု ရှိဖို့လိုပါတယ်။ CB Bank, Aya Bank, KBZ Bank အကောင့် တစ်ခုခု လုပ်ထားရပါမယ်။ ရှိပြီဆိုရင် မြန်မာ Exchanger တွေကတဆင့် ရောင်းဝယ်ရပါတယ်။ သူတို့ဆီကို Bitcoin ပေးလိုက်ပြီးရင် သူတို့ဘက်က ကာလပေါက်ဈေးအတိုင်းတွက်ချက်ပြီး သင့် ဘဏ်အကောင့်ထဲ မြန်မာငွေ လွှဲပေးပါလိမ့်မယ်။ 
ဒီလိုမဟုတ်ရင်လည်း Bitcoin နဲ့ပတ်သက်တဲ့ မြန်မာ facebook group တွေ အများကြီးရှိပါတယ်။ Group တွေနဲ့ ချိတ်ဆက်ပြီး ကိုယ်တိုင် ရောင်းချနိုင်ပါတယ်။ ရောင်းလိုသူ ၀ယ်လိုသူ အင်မတန်များတဲ့ Bitcoin ဖြစ်ပါတယ်။ ဘယ်တော့မှ အရှုံးမရှိတဲ့ ငွေကြေးတစ်ခုပါပဲ။ အလိမ်အညာမခံရအောင်တော့ ကိုယ်တိုင် လေ့လာ ဆင်ခြင်သုံးသပ်ပါ။ ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ ချိတ်ဆက်ရောင်းဝယ်ပါ။
 http://makemmore.blogspot.com/2016/03/find-bitcoin.html
Bitcoin ဆိုတာဘာလဲ
Bitcoin ဆိုတာ သင်္ချာဖော်မြူလာပေါ်အခြေခံပြီး ထုတ်လုပ်ထားတဲ့ Digital currency ၊ လက်ဆုပ် လက်ကိုင်မပြနိုင်တဲ့ Soft currency ငွေကြေးတစ်မျိုး ဖြစ်ပါတယ်။ အင်တာနက်ရွှေဒင်္ဂါးလို့လည်း အလွယ် မှတ်နိုင်ပါတယ်။ တကယ်လည်း ရွှေထက် တန်ဖိုးရှိတဲ့ တန်ဖိုးမြင့်ငွေကြေးတစ်ခုဖြစ်ပါတယ်။ Bitcoin ဟာ တခြား Currency တွေဖြစ်တဲ့ ဒေါ်လာ၊ ယူရို အစရှိတဲ့ ငွေစက္ကူ၊ ငွေဒင်္ဂါးတွေလို ဗဟိုဘဏ်ထိန်းချုပ်မှုမျိုး၊ တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာမျိုး မရှိပါဘူး။ မည်သူမဆို လွတ်လပ်စွာ သုံးစွဲနိုင်တယ်၊ Bitcoin logo ရှိတဲ့ ဘယ် အွန်လိုင်းရှော့ပင်းမှာမဆို ဈေးဝယ်နိုင်တယ်၊ ၀န်ဆောင်မှုတွေကို ငွေပေးချေနိုင်တယ်၊ အရောင်းအ၀ယ်လုပ်နိုင်တယ်။ ရွှေစုသလိုမျိုး ဈေးကျချိန်ဝယ်စုပြီး ဈေးတက်ရင် ပြန်ရောင်းနိုင်တယ်။
Bitcoin ရဲ့ unit က BTC ဖြစ်ပါတယ်။ ဒီစာရေးနေစဉ် 1BTC = 420 USD ဈေးပေါက်နေပါတယ်။ ဈေး အတက်အကျကို preev.com မှာ အလွယ်တကူ ကြည့်နိုင်ပါတယ်။ တခြားငွေကြေး ဈေးအတက်အကျ ဟာ ရွှေတို့၊ ရေနံတို့ အစရှိတဲ့ ရောင်းလိုအားဝယ်လိုအား ရင်းမြစ်တွေပေါ် မူတည်ပြီး အတက်အကျ ဖြစ်သလို BTC ဟာလည်း သူ့အပေါ်ရင်းနှီးမြှုပ်နှံမှု၊ ရောင်းလိုအားဝယ်လိုအားပေါ် မူတည်ပြီး အတက်အကျ ဖြစ်ပေါ်ပါတယ်။ BTC ကို ဘယ်သူမှ ထိန်းချုပ်မထားဘူး ဆိုပေမယ့် ငွေကြေးဖောင်းပွမှု မဖြစ်အောင်တော့ သင်္ချာဖော်မြူလာနဲ့ ထိန်းချုပ်ပေးထားပါတယ်။ ဈေးကွက်ထဲကို အများဆုံးပို့မယ့် ပမာဏက 21 သန်းသာ သတ်မှတ်ထားပါတယ်။ ခုချိန်မှာ ဈေးကွက်ထဲရောက်နေတဲ့ BTC ပမာဏက ဒီစာရေးနေစဉ် 14 သန်းကျော်ပဲရှိပါသေးတယ်။
Bitcoin ကို 2009 ခုနှစ်မှာ ဂျပန်လူမျိုး ပရိုဂရမ်မာ ဆာတိုရှီ နာကာမိုတို (Satoshi Nakamoto) က တီထွင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ bitcoin ရဲ့ ရွှေတိုရွှေစလေးတွေကို ဆာတိုရှီ လို့ ခေါ်ကြပါတယ်။ 1 BTC ရဖို့အတွက် satoshi ပေါင်း သိန်း ၁ ထောင်ရှိပါတယ်။  1.00000000 Satoshis ဖြစ်ပါတယ်။ 0.001 ကို ဆာတိုရှီ ၁ သိန်း၊ 0.0001 ကို ဆာတိုရှီ ၁ သောင်း စသည်ဖြင့်မှတ်နိုင်ပါတယ်။
ယနေ့ခေတ်မှာ Bitcion ဟာ အရင်လို လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ Soft Currency မဟုတ်တော့ပါဘူး။ ကမ္ဘာ့နိုင်ငံအချို့မှာ Bitcoin ATM စက်တွေရှိနေပြီဖြစ်ပါတယ်။ ATM ကဒ်အသုံးပြုပြီး bitcoin ကို လက်ဆုပ်လက်ကိုင် ထုတ်ယူသုံးစွဲနိုင်နေပြီဖြစ်ပါတယ်။
မြန်မာပြည်မှာလည်း Bitcoin ကို တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားနေကြပါပြီ။ Bitcoin ကြောင့် ချမ်းသာလာတဲ့သူတွေလည်း ရှိလာပါပြီ။ Bitcoin ဟာ ခေတ်သစ် ငွေကြေးစနစ်တစ်ခု တစ်စစ ဖြစ်လာနေပါပြီ။ သင်ကိုယ်တိုင်လည်း Bitcoin ကို ရှာဖွေစုဆောင်းနိုင်နေပါပြီ။ နေ့စဉ် အင်တာနက်နဲ့ မကင်းသမျှ အင်တာနက်သုံးတိုင်း Bitcoin ကို ရှာဖွေ စုဆောင်းထားသင့်ပါတယ်။
Bitcoin ကို ဘယ်လိုရှာမလဲဆိုတာကို ဒီလင့်မှာ လေ့လာနိုင်ပါတယ်။
http://makemmore.blogspot.com/2016/03/what-is-bitcoin.html
Friday, February 19, 2016
Free earning from Online Freelancing
Offline Job ရယူလုပ်ကိုင်နိုင်မယ့် Freelance website များ
ဒီအလုပ်များဟာ ကိုယ်ကျွမ်းကျင်ရာပညာကိုအသုံးချပြီး အချိန်ပိုင်းအလုပ်တွေ ရယူလုပ်ဆောင်နိုင်ပါတယ်။ လုပ်ခကိုလည်း PayPal, BankWire, MasterCard, Visa တို့နဲ့ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အောက်ပါ Website များကို ၀င်ရောက်လေ့လာနိုင်ပါတယ်..။
1. People Per Hour
https://www.peopleperhour.com
သင်ဟာ စာရေးဆရာ၊ web developer နဲ့ ဒီဇိုင်းနာတစ်ယောက် ဆိုရင်တော့ ဒီ people per hour မှာ အလုပ်ရှာဖွေ နိုင်ပါတယ်။
2. Up Work
https://www.upwork.com
Up work မှာ အလုပ်အကိုင်ပေးနိုင်သူ တစ်သန်းခွဲလောက် ရှိတာမို့ သင့်အတွက် အဆင်ပြေမှာပါ။ ဒီဝက်ဆိုဒ်မှာတော့ ကျွမ်းကျင်သူတွေရော အခုမှ စလုပ်မယ့်သူတွေ အတွက်ရော အလုပ်မျိုးစုံ ရှိပါတယ်။ အချို့အလုပ်တွေက နာရီပိုင်းအတွက် ငှားရမ်းတာဖြစ်ပြီး၊ အချို့အလုပ်တွေ ကတော့ ရေရှည် လုပ်ကိုင်ပေးရမှာပါ။ Up work ရဲ့ အားသာချက်က ခြောက်လထက်မက လုပ်ကိုင်နိုင် မယ့် ရေရှည် အလုပ်တွေ ရရှိနိုင်တာပါ။
3. Craigslist.org
https://www.craigslist.org
များစွာသော လူတွေက ဒီ website ကို အရောင်းအဝယ်ဆိုဒ်လို့သာ သိထားကြပေမယ့်၊ Freelancers တွေ အတွက် အရမ်းလန်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။ သင့်အနေနဲ့ ဒီဆိုဒ် မှာတော့ ဒေသတွင်းက အလုပ်အကိုင်တွေကို ရှာဖွေနိုင်ပြီး အခြားမြို့ကြီးပြကြီးတွေက အလုပ်အကိုင် ကမ်းလှမ်းမှုတွေကိုလည်း တွေ့ရမှာပါ။
4. Toptal
http://www.toptal.com
Toptal ကတော့ အခုစာရင်းထဲက ဘယ်အလုပ်အကိုင် ဝက်ဆိုဒ်နဲ့မှ မတူပါဘူး။ ဒီမှာတော့ ကျွမ်းကျင်သူတွေကိုသာ လုပ်ကိုင်ခွင့် ပေးထားပါတယ်။ သင်ဟာ အလုပ်ဝင်ခွင့် စာမေးပွဲတွေ ဖြေရမှာ ဖြစ်ပြီး၊ သင့်အရည်အချင်းက ကိုက်ညီတယ်ဆိုရင်တော့ သင်ကို အလုပ်ခန့်မှာပါ။ ဒါ့အပြင် သင်ဟာ Toptal ရဲ. meet-ups နဲ့ events တွေကိုလည်း တက်ရောက်ဖို့ လိုပါလိမ့်မယ်။
5. Demand Media
http://www.demandmedia.com
Demand Media ကတော့ ဖန်တီးမှုစွမ်းရည်ရှိသူတွေ အတွက်ပါ။ ဒီနေရာကတော့ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာနဲ့ ဓါတ်ပုံဆရာတွေအတွက် နေရာကောင်းပါ။ ဒီဆိုဒ်ကတော့ သင့်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး ပြနိုင်မယ့် နေရာတစ်ခုပါပဲ။
6. 99 Designs
http://99designs.com
99designs ကတော့ ဒီဇိုင်းနာတွေအတွက် တကယ့်ကို နေရာကောင်း တစ်ခုပါ။
7. College Recruiter
https://www.collegerecruiter.com
သင်ဟာ ကျောင်းသား ဒါမှမဟုတ် ဘွဲ့ရာကာစဆိုရင်တော့ ဒီဆိုဒ်က သင့်အတွက် အသုံးဝင်တဲ့ အလုပ်အကိုင် ရှာဖွေရေး ဆိုဒ်ဖြစ်မှာပါ။ ဒီဆိုဒ်မှာတော့ accounting, marketing, business, education, computer science နဲ့ အခြားအလုပ်တွေ ရှိပါတယ်။
8. Freelancer
https://www.freelancer.com
Freelancer ကတော့ သက်တမ်းရင့် အလုပ်အကိုင် ရှာဖွေရေး ဝက်ဆိုဒ်တစ်ခုပါပဲ။ ဒီမှာလည်း များစွာသော အလုပ်အကိုင်တွေ ရှိနေပါတယ်။
9. Freelance Writing Gigs
http://www.freelancewritinggigs.com
Freelance Writing Gigs  မှာတော့ စာရေးဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေသူ နဲ့ ဘလော့ဂ်တွေ တကယ်ကို လုပ်ပျော်မယ့် နေရာတစ်ခုပါပဲ။
__________________________________________
ref : Lifehack