Tuesday, January 9, 2018

ICO တွေဝယ်ယူတဲ့အခါ



ပထမအဆင့် Pre-Sale နဲ့ ဒုတိယအဆင့် Crowdsale/Token sale ဆိုပြီး အဆင့်နှစ်ဆင့်ရှိတယ်။ pre-sale အဆင့်မှာ လူတိုင်းဝယ်ယူခွင့်မရဘူး။ အကြီးစား ရင်းနှီးမြှုပ်နှံသူတွေကိုသာရောင်းချတယ်။ အနည်းဆုံး $1000 မှစတယ်။ အချိန်ကာလအားဖြင့် တချို့က တစ်ပတ်၊ တချို့က နှစ်ပတ် အသီးသီးရှိတယ်။ ဒီပထမအဆင့်မှာ ICO တန်ဖိုးက အင်မတန်နည်းတယ်။ ဥပမာ- BTC နဲ့ဆိုရင် 0.00001 btcသတ်မှတ်ပြီးရောင်းပေးတယ်။ ဒီပထမအဆင့်ပြီးရင် အရင်းအနှီးနည်းနည်းနဲ့ဝယ်ယူမယ့် အသေးစား ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းချပေးတယ်။ အချိန်ကာလအားဖြင့် တစ်လ။ ဒီတစ်လအတွင်းမှာ အဆင့် ၃ ဆင့်၊ သို့မဟုတ် ၄ ဆင့် ခွဲရောင်းတယ်။ ဒီအခါမှာ token ဈေးနှုန်းက ပထမအဆင့် 0.00001 btc မဟုတ်တော့ဘဲ ပထမအဆင့်ကရတဲ့ ငွေအရင်းအနှီးပမာဏ၊ ဖြန့်ချိပေးမယ့် token ပမာဏတွေအပေါ်မူတည်တွက်ချက်ပြီး တန်ဖိုးတက်လာတယ်။ Token တွေကို တစ်ပတ်လျှင် ဈေးနှုန်းတစ်မျိုးနဲ့ လေးပတ်အတွက် လေးဆင့်ခွဲရောင်းမယ်ဆိုရင်-
ဥပမာအနေနဲ့
ပထမအပတ် - btc 0.0001
ဒုတိယအပတ် - btc 0.00015
တတိယအပတ် - btc 0.0002
စတုတ္ထအပတ် - btc 0.00025  စသဖြင့် အသီးသီးသတ်မှတ်ရောင်းချပေးမယ်ပေါ့။

နောက်ဆုံးအပတ်ပြီးရင် token ရောင်းချမှုပိတ်သိမ်းပြီး ဈေးကွက်ပို့ဖို့ လုပ်ပါမယ်။ ဈေးကွက်ပို့ဖို့အတွက် အလွန်ဆုံး နှစ်ပတ်အထိကြာပါတယ်။ ဈေးကွက်ပေါ်ရောက်တဲ့အခါ coin တန်ဖိုးဟာ နောက်ထပ် ရင်းနှီးရရှိလာတဲ့ငွေပမာဏပေါ်မူတည်တွက်ချက်ပြီး ဥပမာ- btc 0.0003 လောက်နဲ့ စ၀င် ပါလိမ့်မယ်။ ဈေးကွက်ရောက်ပြီဆိုတာနဲ့ coin တန်ဖိုးဟာ ပထမ pre-sale ပေါက်ဈေးအထိ (သို့မဟုတ်) သူ့ထက်ပို၍ ကျဆင်းပါမယ်။ ဘာကြောင့်ပါလဲ။ ဈေးကွက်ရောက်တဲ့အခါ မူလ၀ယ်ယူထားသူတွေ က ငွေပြန်ဖော်ကြတဲ့အတွက် အပြိုင်အဆိုင်ဈေးလျှော့ရောင်းကြလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစောဆုံးဝယ်ထားသူတွေဟာ အမြတ်ရဖို့ ကျိန်းသေပြီး နောက်ဆုံးမှ ၀ယ်မိသူတွေအနေနဲ့ အမြန်ရောင်းဖို့တောင် မမီဘဲ ပိုက်မိနေတတ်ပါတယ်။ ဒီ ICO တွေရဲ့ တန်ဖိုးဟာ ICO ဘ၀မှာ ရင်းနှီးမြှုပ်နှံသူတွေပေါ်မှီခိုပြီး၊ ဈေးကွက်ရောက်ပြီဆိုတာနဲ့ Trader တွေရဲ့ ဈေးကစားမှုပေါ် မှီခိုသွားပါတယ်။ (ဥပမာအနေနဲ့ Paragon(PRG) ဟာ token sale တုန်းက $1 နဲ့ရောင်းခဲ့ပေမယ့် ဈေးကွက်ထဲမှာ $1 အောက်ကျသွားတာတွေ့နိုင်ပါတယ်။) နောက်ခံ စီးပွားရေးအင်အား မကောင်းတဲ့ coin တွေဆိုရင် နာလန်ပြန်ထဖို့ အတော်ကြာတတ်ပါတယ်။

ဒါကြောင့်မို့ ICO token တွေ ၀ယ်ယူမယ်ဆိုရင် အစောဆုံးဝယ်နိုင်အောင် ကြိုးစားပါ။ အမြန်ဆုံးရောင်းနိုင်အောင် လုပ်ပါ။ နောက်ကျရင် နှေးနေရင်တော့ ခံရပါလိမ့်မယ်။

written by Bitcoin Seeker

0 comments:

Post a Comment