aaaaShowing posts with label Crypto Trading. Show all posts
Showing posts with label Crypto Trading. Show all posts

Thursday, September 6, 2018

What is TRON (TRX)?





Market Detail (6.9.2018)

Rank = 13
Price USD = 0.020575 USD
Price BTC = 0.020575 BTC
Market Cap = 1,352,777,982 USD / 210,834 BTC
Volume (24h) = 144,998,917 USD / 22,598 BTC
Circulating Supply = 65,748,111,645 TRX
Total Supply =  99,000,000,000 TRX

TRON origin

TRON OS


TRON Project မှာ
* BTRON (Business TRON)
* eTRON (Entity TRON)
* ITRON (Industrial TRON)


TRON coin / Tronix (TRX)







[Unicode]

Market Detail (6.9.2018)

Rank = 13
Price USD = 0.020575 USD
Price BTC = 0.020575 BTC
Market Cap = 1,352,777,982 USD / 210,834 BTC
Volume (24h) = 144,998,917 USD / 22,598 BTC
Circulating Supply = 65,748,111,645 TRX
Total Supply =  99,000,000,000 TRX

TRON origin
TRON ရဲ့ မူလဇာစ်မြစ်က 1982 ခုနှစ်မှာ ထွက်ခဲ့တဲ့ Walt Disney ရဲ့ ပထမဦးဆုံး CGI အသုံးပြု စိတ်ကူးယဉ်သိပ္ပံရုပ်ရှင် TRON ပါပဲ။ နာမည်လည်း ကြီးခဲ့ပါတယ်။ အဲ့နောက်ပိုင်း 1984 ခုနှစ်မှာ TRON OS ထွက်ပေါ်လာပါတယ်။

TRON OS
TRON OS ကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ပါမောက္ခ Dr. Ken Sakamura မှ 1984 ခုနှစ်မှာ ဖန်တီးခဲ့ပြီး The Real-time Operating system Nucleus လို့ခေါ်ပါတယ်။ သူ့ရဲ့အဓိကရည်ရွယ်ချက်က ဂျပန်ပြည်တွင်း စက်မှုလုပ်ငန်းတွေရဲ့ စက်ယန္တရားအသေးစားတွေအကြား distributed computing လုပ်ဆောင်နိုင်စေဖို့ဖြစ်ပါတယ်။

Real-time Operating System (RTOS) Kernel ဟာ မည်သည့် embedded system တွေကိုမဆို အံဝင်ခွင်ကျဖြစ်အောင် စီမံပေးနိုင်ပါတယ်။ Embedded System ဆိုတာ ကွန်ပျူတာ Hardware နဲ့ Software တွေ အသေပေါင်းစည်းမြှုပ်နှံထားတာမျိုးဖြစ်ပြီး စက်မှုလုပ်ငန်းသုံးစက်ကြီးတွေ၊ စိုက်ပျိုးရေးဆိုင်ရာစက်တွေ၊ Automobile မော်တော်ကားတွေ၊ ဆေးပစ္စည်း၊ ကင်မရာ၊ အိမ်သုံးကိရိယာတန်ဆာပလာတွေ၊ လေယာဉ်တွေ၊ ငွေအကြွေထည့်ရင် အစားအသောက်ထုတ်ပေးတဲ့စက်တွေ၊ အရုပ်တွေ အစရှိတဲ့စက်တွေထဲမှာ မြှုပ်နှံထည့်သွင်းထားပါတယ်။

TRON Project မှာ
* BTRON (Business TRON)
* CTRON (Communication and Central TRON)
* eTRON (Entity TRON)
* ITRON (Industrial TRON)
* JTRON (Industrial TRON adapted to JAVA)
* µITRON (Micro-Industrial TRON) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီအထဲက စက်မှုဆိုင်ရာ ITRON ဟာ ကမ္ဘာမှာ အသုံးပြုမှုအများဆုံးနဲ့ အတွင်ကျယ်ဆုံး ဖြစ်လာခဲ့ပါတယ်။

TRON coin / Tronix (TRX)

TRONIX (TRX) ဟာ TRON Foundation ရဲ့ Official currency ဖြစ်ပြီး တရုတ်လူမျိုး Justin Sun ဦးဆောင်တဲ့ စင်္ကာပူအခြေစိုက် TRON Foundation မှ ထုတ်လုပ်ခဲ့ပါတယ်။ Justin Sun ဟာ ယခင်က Ripple အဖွဲ့မှာ ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ TRON ဟာ ကမ္ဘာမှာအကြီးဆုံး Blockchain based OS တစ်ခုဖြစ်ပြီး JTRON (Java-tron) ကို အသုံးပြုထားတာတွေ့ရပါတယ်။ အဓိကရည်ရွယ်ချက်က Facebook, Youtube, Porn Hub တို့ကဲ့သို့ Digital Entertainment Industry တွေအတွက် ဖျော်ဖြေရေး အချက်အလက်တွေ လွတ်လပ်စွာဖြန့်ဝေနိုင်စေရန်ဖြစ်တယ်။  TRON က ဖွင့်ပေးလိုက်တဲ့ decentralized platform နဲ့ distributed storage နည်းပညာဟာ digital content ဖန်တီးသူတွေကို Apple Store, Google Play store တို့လို ကြားခံ platform ဘာမှမလိုဘဲ လွတ်လပ်စွာ ဖြန့်ဝေနိုင်စေမှာဖြစ်ပြီး အကျိုးအမြတ်အဖိုးအခကိုလည်း ဖန်တီးသူသာ အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။

TRON ရဲ့ အဓိကလုပ်ဆောင်မှုကလည်း Ethereum ရဲ့ ecosystem မှာပါတဲ့ Smart-contract လုပ်ဆောင်မှုလိုပါပဲ။ ဒါပေမယ့် Ethereum ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုကျယ်ပြန့်ပါတယ်။ Ethereum က ကိုယ်ပိုင်ရေးဆွဲထားတာဖြစ်ပြီး TRON က ကျယ်ပြန့်နှင့်ပြီးသား TRON Network ကို ချိတ်ဆက်လိုက်သလို ဖြစ်သွားတဲ့အတွက် ကမ္ဘာ့အကြီးဆုံး Blockchain Based OS ဖြစ်လာပုံရပါတယ်။ Ethereum Virtual Machine (EVM) လိုပဲ TRON Virtual Machine (TVM) ကိုလည်း ဖန်တီးတည်ဆောက်ပြီးဖြစ်ပါတယ်။

TRON ကို အသုံးပြုပြီး Online Entertainment, Online Game, CGI (Computer-Generated Imagery) စတဲ့ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့အပိုင်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ စက်ပစ္စည်းတွေအတွက် ငွေပေးချေမှု လွယ်ကူစေပါတယ်။  TRON OS သုံးထားတဲ့ automobile ကုမ္ပဏီတွေမှာလည်း သူတို့ထုတ်လုပ်တဲ့ ကားတွေကို TRON coin နဲ့ ဝယ်ယူခွင့်ပေးထားတာတွေ့ရပါတယ်။

နဂိုတည်းက ကြီးမားကျယ်ပြန့်နေခဲ့ပြီးဖြစ်တဲ့ TRON network အတွက် Payment တစ်ခုလိုလည်းဖြစ်လေတော့ ကမ္ဘာအရပ်ရပ်က TRON အဖွဲ့သားတွေကြား TRON ရေပန်းစားလာတာ ဖြစ်နိုင်ပါတယ်။ TRON ရဲ့ များပြားလှတဲ့ Total Supply ကြောင့် တန်ဖိုးမကြီးမြင့်တာဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က TRON ရဲ့ Total Supply ကို 100 Billion မှ 1 Billion နှုတ်ကာ 99 Billion အထိ လျှော့ချခဲ့ပါတယ်။ ဈေးကွက်ထဲ လက်ရှိဖြန့်ဝေပြီးဖြစ်တဲ့ Supply တွေကို လျှော့ချပစ်တာ မဟုတ်ဘဲ ဖြန့်ချိမယ့်အများဆုံး ပမာဏထဲက လျှော့ချပစ်တာဖြစ်ပါတယ်။  နောက်ပြီး 33,251,807,524 TRX (34 Billion ခန့်) ကိုလည်း TRON Foundaiton အဖွဲ့က 2020 ဇန်နဝါရီ ၁ ရက်နေ့အထိ အသေကိုင်ထားမယ်လို့ ပြောပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ ဈေးကွက်ထဲ ဖြန့်မယ်ပေါ့။ အဲ့ဒီအကျိုးဆက်က ဘာဖြစ်လာမလဲ၊ TRON coin ရဲ့ တန်ဖိုးကို မြင့်တက်လာစေပါလိမ့်မယ်။ ဖောင်ဒေးရှင်းက ကိုင်ထားတဲ့ TRON coin တွေကို ဈေးကွက်ထဲ ဖြန့်လိုက်တဲ့အချိန်ကျရင်တော့ တန်ဖိုးပြန်ကျကောင်း ပြန်ကျလိမ့်မယ်ပေါ့။

ဒီလောက်ဆိုရင် TRON အကြောင်းကို အကြမ်းဖျဉ်းသိလောက်ပြီဖြစ်ပြီး၊ ဝယ်ယူစုဆောင်းရန် သင့်မသင့်ကိုလည်း မိမိဘာသာ ဆုံးဖြတ်နိုင်မယ်ထင်ပါတယ်။

__________________________________________
Ref : many resources
Written by : Bitcoin Seeker
follow me on : facebook, twitter, VK
 

Monday, September 3, 2018

What is Ink (INK)?



Ink (INK) (Payment system for Cultural Industry)

Market Detail (3.9.2018)

Price USD = 0.023514 USD
Price BTC = 0.00000326 BTC
Price QTUM = 0.00503216 QTUM
Market Cap = 10,908,381 USD / 1,514 BTC / 2,334,474 QTUM
Volume (24h) = 296,336 USD / 41.13 BTC / 63,418 QTUM
Circulating Supply = 463,910,527 INK
Total Supply =  1,000,000,000 INK
Max Supply =  1,000,000,000 INK


INK Coin (INK) ဟာ စင်္ကာပူနိုင်ငံမှ ထုတ်လုပ်တဲ့ coin ဖြစ်ပြီး cultural industry အတွက် payment system ဖြစ်ပါတယ်။ ဒီဂျစ်တယ် အနုပညာဖန်တီးမှုတွေရဲ့ မူပိုင်ခွင့် (copy right) ကို ကာကွယ်ပေးရန် ရည်ရွယ်ပါတယ်။ QTUM blockchain ပေါ်မှာ ချိတ်ဆက်လုပ်ဆောင်ပြီး ကမ္ဘာအနှံ့ဖြန့်ကျက်ထားပါတယ်။
ကမ္ဘာမှာ စာရေးဆရာတွေ၊ အနုပညာရှင်တွေ အဓိကရင်ဆိုင်နေရတာက copy right ပြဿနာဖြစ်ပါတယ်။ ဘယ်လိုနည်းလမ်း ဥပဒေတွေနဲ့ ကာကွယ်ထားလည်း ချိုးဖောက်ခံနေရဆဲပါပဲ။ ဒီပြဿနာကို blockchain နည်းပညာက အပြည့်အဝကာကွယ်ပေးနိုင်ပါမယ်။  မိမိဖန်တီးမှု ဒီဂျစ်တယ်အနုပညာတွေကို အင်တာနက်မှတဆင့် တစ်စုံတစ်ယောက်ဆီ အခကြေးငွေယူပြီး ပို့ပေးလိုက်ရင် ဒီတစ်ဦးတစ်ယောက်ဆီကသာ အခကြေးငွေရရှိမှာပါ။ ထိုလူက copy ပွားပြီး တဆင့်ပြန်ရောင်းချသမျှ မရနိုင်တော့ပါဘူး။ သင့်အနုပညာဖန်တီးမှုတွေကို INK  မှာ မှတ်ပုံတင်ပေးခြင်းဖြင့် QTUM network ထဲ ချိတ်ဆက်ပေးလိုက်မှာဖြစ်ပြီး blockchain address, QRcode တို့ပါရှိတဲ့ certificate တစ်ခုရရှိပါမယ်။ certificate ရရှိပြီးတဲ့ digital culture တွေကို အင်တာနက်ပေါ်မှာ မည်သူမဆို ရယူသုံးစွဲတိုင်း blockchain address တွေကတဆင့် Ink token ပေးကာ ရယူရမှာဖြစ်ပြီး မူရင်းဖန်တီးသူကိုသာ အကျိုးအမြတ်ရရှိစေမှာဖြစ်ပါတယ်။



ကမ္ဘာမှာ အဓိကပြဿနာဖြစ်တဲ့ intellectual property (IP) တွေရဲ့ မူပိုင်ခွင့်ကို ကာကွယ်ပေးတာဖြစ်တဲ့အတွက် INK payment system ဟာ demand များလာနိုင်ပါတယ်။ လက်ရှိ Trading မှာလည်း buy order price ထက် sell order price က ပိုမြင့်နေလေ့ရှိပါတယ်။ ရောင်းလိုအားအချိုးထက် ဝယ်လိုအားအချိုးက ပိုများနေတာဖြစ်ပါတယ်။ ဒီထက် ပိုပြီး promotion ပိုလုပ်နိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ crypto investor တွေ မျက်စိကျတဲ့ coin ဖြစ်လာပါလိမ့်မယ်။  လောလောဆယ်မှာတော့ တစ်နှစ်အတွင်း 0.000001$ ထိကျပြီး သေသွားမယ်ပြောတဲ့အဖွဲ့နဲ့ လက်ရှိဈေးထက် ဖြည်းဖြည်းချင်း တက်လာလိမ့်မယ်လို့ ပြောတဲ့အဖွဲ့တွေကွဲနေပါတယ်။ လေ့လာချက်အရ တက်လာနိုင်ချေကပိုများပါတယ်။ လက်ရှိမှာလည်း နည်းပညာအပိုင်းမှာ တဖြည်းဖြည်း တိုးချဲ့လာနေပါတယ်။ သတင်းတွေလည်း အမြဲ update ဖြစ်နေတာတွေ့နိုင်ပါတယ်။ အောက်ပုံကိုကြည့်ရင် ဖြည်းဖြည်းချင်းတက်လာမှာကို တွေ့နိုင်ပါတယ်။

 

အောက်မှာ Ink ကို ရောင်းဝယ်နိုင်တဲ့ Exchange နဲ့ Trading Volume တွေပြပေးထားပါတယ်-
 

__________________________________________
Ref : many resources
 

Tuesday, January 9, 2018

Trading, Investing and Saving



Crypto အရောင်းအ၀ယ်လုပ်တာကို Trading လုပ်တယ်လို့ မခေါ်ဘူးဆိုပြီး ပြောတဲ့သူတချို့ကြောင့် Trading ဆိုတာဘာကိုခေါ်ပါသလဲလို့ လာမေးသူတချို့ရှိပါတယ်။ နောက်ထပ်မသိသေးသူတွေလည်း ရှိမယ်ထင်လို့ ယခင်ရေးထားတာလေးပြန်ရှာပြီး ဖြည့်စွက်ရေးပေးပါတယ်။

Trading ရဲ့ အဓိပ္ပာယ်က ဘာလဲ။ ကုန်သွယ်ရောင်းဝယ်ခြင်းဖြစ်ပါတယ်။ ဒါဆိုရင် Trading Law (ကုန်သွယ်မှုဥပဒေသ) ဆိုတာရော သိမယ်ထင်ပါတယ်။ ဒီဥပဒေသမှာ ရောင်းသူဝယ်သူ ရှိရမယ်၊ ရောင်းကုန်ပစ္စည်းရှိရမယ်၊ ဈေးကွက်ရှိရမယ်။ ဒီသုံးခုပြည့်စုံမှသာလျှင် ဒီဥပဒေသထဲ အကျုံးဝင်ပါမယ်။ ကိုယ်ဝယ်ထားတဲ့ ကုန်ပစ္စည်းကို ကိုယ်လိုချင်တဲ့ဈေး၊ ကိုယ်ရောင်းချင်တဲ့နေရာမှာ အချိန်မရွေး ရောင်းဝယ်နိုင်ခွင့်ရှိရမယ်။ ဒါသည်ပင် Trading လို့ခေါ်ပါတယ်။ ဈေးထဲမှာ ဟင်းရွက် ကန်စွန်းရွက်ရောင်းဝယ်ဖောက်ကားနေသူတွေလည်း Trader တွေပါပဲ။ အသေးစား၊ အလတ်စား၊ အကြီးစား ဆိုပြီးကွဲပြားပါတယ်။

Forex, Binary မှာ ဒီဥပဒေသအကျုံးဝင်ပါရဲ့လား သေချာကြည့်သင့်ပါတယ်။ တကယ်တော့ forex, binary တွေဟာ trading ဥပဒေသထဲ အကျုံးမ၀င်ပါဘူး။ gambler ဥပဒေသထဲ ပါဝင်သွားပါတယ်။ သူတို့ကိုကြည့်ရင် ပြင်ပလောကမှာ အချိန်နဲ့အမျှ အတက်အကျဖြစ်ပေါ်နေတဲ့ ငွေကြေးစီးကြောင်းတစ်ခုကို အတက်အကျခန့်မှန်းပြီး ကစားရတာဖြစ်ပါတယ်။ Buy/Sell တော့ ဟုတ်ပေမယ့် ကိုယ် buy သမျှ ကိုင်ထားလို့မရပါဘူး။ ဘယ်အချိန်မှာ ကျလိမ့်မယ်ဆိုပြီး ကျဈေးကိုရွေးလိုက်လို့ ကိုယ်ဝယ်ထားတာထက် ကျသွားခဲ့ရင် ကိုယ်မြတ်ပါတယ်။ တက်ရင်တော့ ရှုံးပါတယ်။ ဒါဟာ ကံစမ်း ပညာစမ်းကစားရတဲ့ ဒိုင်လက်ထဲ ကံတရားမရှိတဲ့ လောင်းကစား တစ်မျိုးပါပဲ။ ဘောလုံးပွဲလောင်းခြင်းဟာလည်း ဒီသဘောပါပဲ။

Trading လို့ဆိုလိုက်တာနဲ့ Investing ကလည်း ပါဝင်ပြီးဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုမရှိဘဲ Trading လုပ်လို့မရပါဘူး။ Investing ဆိုတာကရောဘာလဲ၊ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ စုဆောင်းခြင်း (Saving) မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အကျိုးအမြတ်ရှိပါတယ်။ ဒီတိုင်း မြှုပ်နှံထားရုံနဲ့ အကျိုးအမြတ်က တိုးပွားမလာပါဘူး။ အချိန်တန်ရင် ထုတ်ရောင်းပေးရပါမယ်။ ဒါမှသာလျှင် အကျိုးအမြတ်တိုးပွားလာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို အမြတ်များများရဖို့အတွက် အချိန်တော်တော်ကြာ ကိုင်ထားသင့်ရင် ကိုင်ထား စုထားရပါတယ်။ ပြန်မရောင်းဘဲ စုဆောင်းရုံပဲ စုဆောင်းနေမယ်ဆိုရင်တော့ Saving ပဲ ဖြစ်ပါလိမ့်မယ်။ ငွေကို အိပ်ခိုင်းထားတဲ့သဘောပါပဲ။ တချို့က ငွေကို ရှယ်ယာ ၀င်ပြီး အတိုးထုတ်စားနေတာကိုပဲ Investing လုပ်တယ်ထင်ကြပါတယ်။ တကယ်တော့ အဲ့ဒီငွေတွေဟာ အိပ်မနေပါဘူး။ ကိုယ်ရင်းနှီးထည့်ဝင်လိုက်တဲ့ အဲ့ဒီငွေတွေကို လက်ခံသူက အရောင်းအ၀ယ်လုပ်ပြီး အမြတ်ရှာရတာပါပဲ။ သူတို့လည်း အလှစုထားပြီး အတိုးမပေးနိုင်ပါဘူး။ Trader တွေဟာ Investing လည်းလုပ်ရသလို၊ Saving လည်းလုပ်ပေးရပါတယ်။
____________________________________
written by Bitcoin Seeker

Sunday, December 10, 2017

ZERO to HERO



သင့်မှာ အရင်းအနှီးတစ်ပြားမှ မရှိဘူးလား၊ သင်ဟာ နေ့စဉ် အင်တာနက်နဲ့ မကင်းနိုင်တဲ့ သူလား။ ငွေအရင်းအနှီးကလည်းမရှိ၊ အင်တာနက်နဲ့လည်းနေ့စဉ် မကင်းနိုင်၊ အင်တာနက်ဖိုး နေ့စဉ် အလဟဿကုန်နေမယ့်အတူတူ အင်တာနက်သုံးတိုင်း ကြားညပ်ပြီး နည်းနည်းစီ လုပ်သွားမယ် ဆိုရင် ငွေအရင်းအနှီးလေးတွေ စုမိလာနိုင်ပါတယ်။ လုံးဝမရှိ၊ မရတာထက် နည်းနည်းလေးရှိလာ ရလာတယ်ဆိုရင် ပိုမကောင်းဘူးလား။ ဒီ နည်းနည်းလေးကနေ နောက်ထပ် နည်းနည်း၊ နောက်ထပ် နည်းနည်းနဲ့ တိုးပွားလာမှာပါပဲ။ ရေစက် တစ်စက်နဲ့ ရာဝင်အိုး မပြည့်နိုင်ပေမယ့် ရေစက်တွေ တစ်ပေါက်ပေါက်ကျဖန်များရင် တစ်ချိန်ချိန် ပြည့်လာသလိုပါပဲ။

တစ်ခုသတိပြုဖို့က တစ်နေ့တစ်နေ့ facebook သုံးလို့ bill မကုန်ဘဲ ငွေရှာမှပဲ bill ကုန်တယ်ဆိုပြီး မဖြစ်ရအောင် အဆင်ပြေမယ့်နည်းကိုတော့ သင်ကိုယ်တိုင် သုံးသပ်ဆုံးဖြတ် အဖြေရှာရမှာပါ (ဥပမာ- wifi free ရတဲ့နေရာမှာလုပ်တာမျိုး၊ Internet package ဈေးသက်သာတဲ့ Operator ရွေးချယ်သုံးတာမျိုး)။ Free ရှာလို့ မကိုက်ရင် မိမိဘာသာ ငွေအရင်းအနှီးစုပြီး နောက်ဆုံးအဆင့်ကို တစ်ခါတည်း တက်လှမ်းသွား ရမှာပါ။

Zero to Hero ဖြစ်ဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာကတော့ သင့်ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာ မူတည်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ကြမလဲ။ အောက်မှာ ဆက်လေ့လာသွားပါ။ သူ့အောက်မှာ ခေါင်းစဉ် ၂ ခု ရှိပါတယ်။ ခေါင်းစဉ် ၂ ခုဆိုပေမယ့် ခေါင်းစဉ် တစ်ခုချင်းစီမှာ ရွေးချယ် လုပ်ဆောင်နိုင်တဲ့ ခေါင်းစဉ် ငယ်တွေ ထပ်တွေ့ရမှာပါ။ ဒီ ခေါင်းစဉ်ငယ်တွေဟာ အကုန်မဟုတ်သေးပါဘူး။ အွန်လိုင်းငွေရှာနည်းတွေ များစွာရှိပါတယ်။ ဒီအထဲက လွယ်ကူတဲ့ အခြေခံတချို့လောက်သာ ရွေးချယ်ပြသပေးထား တာဖြစ်ပါတယ်။ ခေါင်းစဉ်ငယ် တစ်ခုတိုင်းမှာ အခြေခံလောက်သိပြီဆိုရင် မိမိဉာဏ်ရှိသလို ချဲ့ထွင်လုပ်ဆောင်သွားပါ။

How to make zero to hero from online

တကယ့်ပြင်ပကမ္ဘာမှာ ကိုယ်ထိလက်ရောက်လုပ်ကိုင်ရတဲ့အလုပ်တွေကို (Offline Job) လို့မှတ်ယူပြီး ထိတွေ့ကိုင်တွယ်လို့မရတဲ့ လေထဲကအလုပ်တွေကို အွန်လိုင်းအလုပ် (Online Job) လို့မှတ်ယူပါ။

Online Job တွေဟာ ခုလုပ်ခုရ သဘောထားလို့မရပါဘူး။ ဒီနေ့လုပ် ဒီနေ့စားရမယ်လို့ လည်း မျှော်လင့်လို့မရပါဘူး။ ဒါကြောင့် Zero ဘ၀မှာ မိမိစားဝတ်နေရေးကို Offline Job လုပ်ပြီး မိမိဘာသာ ဖန်တီးထားရပါမယ်။ Online Job တွေကို အားချိန် နားချိန်တွေမှာ ကြားညှပ်လုပ်ဆောင်ပေးရ မှာပါ။ အောက်ပါ ဥပဒေသတွေကို လိုက်နာလုပ်ဆောင်သွားပါ-

ဥပဒေသ(၁) အချိန်နှင့်လုပ်အားကိုရင်းနှီးပါ
သင့်ပိုက်ဆံအိတ်ထဲမှာ တစ်ပြားမှ မရှိတဲ့အတွက် သင့်ရဲ့အချိန်နဲ့လုပ်အားကို အသုံးပြုပြီး ငွေတိုငွေစ ရွှေတိုရွှေစတွေ ရှာဖွေစုဆောင်းရပါမယ်။ (Offline Job က ရတဲ့ဝင်ငွေထဲကလည်း ဆယ်ပုံတစ်ပုံ ပုံမှန် စုဆောင်းသွားပါ။ ဒီနေရာမှာတော့ Online Job ပဲပြောမှာဖြစ်ပါတယ်။) အဆင့် (၁) ခေါင်းစဉ်အောက်မှာပါတဲ့ ခေါင်းစဉ်ငယ်တွေထဲက မိမိနှစ်သက်ရာအလုပ်တွေကို မိမိလုပ်နိုင် သလောက်လုပ်ကိုင်ပြီး ရှာဖွေစုဆောင်းရပါမယ်။ မိမိလုပ်ဆောင်သမျှ အလုပ်တိုင်းရဲ့ web address, user name, email, password တွေကအစ စာအုပ်တစ်အုပ်မှာ သေချာစွာ ရေးမှတ်ပြီး မှတ်တမ်းထားရပါမယ်။

ခေါင်းစဉ်ငယ်တစ်ခုမှာ လုပ်နိုင်တဲ့အလုပ်တွေ များစွာရှိပါတယ်။ များများ လုပ်နိုင်လေ မြန်မြန်နဲ့ များများရလေ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ ခိုင်မာစွာရပ်တည်နေဆဲ အလုပ်အကိုင်များကို ရွေးချယ် ပြသပေးထားပါတယ်။ ဒါလည်း အကုန်မဟုတ်သေးပါဘူး။ အခြေခံအချို့လောက်သာဖြစ်ပါတယ်။

ဥပဒေသ(၂) ရှာဖွေရရှိလာသမျှထိန်းသိမ်းပါ
ရှာဖွေရရှိလာတဲ့ သင့်ပိုက်ဆံအိတ်ထဲက ငွေတိုငွေစ ရွှေတိုရွှေစတွေကို မပျောက်ပျက်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းသုံးပြီး ကာကွယ်ထိန်းသိမ်းရပါမယ်။ လူတော်တော်များများဟာ လက်ထဲငွေလေး နည်းနည်းစုမိလာရင် ဟိုဟာလေးသုံးချင်၊ ဒီဟာလေးစမ်းချင်၊ အံစာလေးခေါက်ချင်၊ ချဲလေးထိုးချင်၊ ဘောလုံးပွဲလေးလောင်းချင်ဖြစ်တတ်ကြပါတယ်။ ဒီလိုမဖြစ်အောင်လည်း မိမိကိုယ်ကို ထိန်းသိမ်းရပါမယ်။ ဘယ်တော့မှ ဖြတ်လမ်းမလိုက်ပါနဲ့၊ အချောင်မလိုချင်ပါနဲ့။ ရတယ်ဆိုလည်း တစ်နပ်စားပဲရပါမယ်။ မိမိကိုမိမိ အမြဲ ရိုးသားပါ။

ဥပဒေသ(၃) ငွေကိုပိုမိုတိုးပွားအောင် ရင်းနှီးမြှုပ်နှံပါ
သင့်ပိုက်ဆံအိတ်ထဲမှာ ငွေရင်းလေး အတော်အတန်စုမိဆောင်းမိလာပြီဆိုရင် သူတို့ကို ဒီတိုင်းမထား ရပါဘူး။ ငွေကြေးအသိုင်းအ၀ိုင်းထဲပို့ပြီး သူတို့အချင်းချင်း ချစ်ကြကြိုက်ကြ၊ ကလေးတွေမွေးကြအောင် လုပ်ပေးရပါမယ်။  ငွေကို ဘယ်တော့မှ မအိပ်ခိုင်းရပါဘူး။

စုမိလာတဲ့ငွေတိုငွေစတွေကို သင့်တော်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသေးလေးများသို့ပို့ပြီး တိုးပွားအောင် လုပ်ရပါမယ်။ ဒီအွန်လိုင်းအလုပ်မှာတော့ အဆင့်(၂) ခေါင်းစဉ်အောက်မှာပါတဲ့ Crypto Trading Exmo ထဲပို့ပြီး ရင်းနှီးမြှုပ်နှံ အရောင်းအ၀ယ်ပြုလုပ်ပေးရပါမယ်။

ဒီ ဥပဒေသ(၃)ခုအတိုင်း လိုက်နာပြီး စနစ်တကျလုပ်ဆောင်သွားရင် တစ်ချိန်မှာ Hero ဖြစ်လာမှာအမှန်ပါပဲ။ တကယ်လို့သင်ဟာ ဒီနည်းတွေကို မဖြစ်နိုင်ဘူးလို့တွေးနေသူဆိုရင် ဒီနေရာကနေ လှည့်ပြန်သွားလိုက်ပါ။ Negative အမြင်ရှိနေသရွေ့ ရလာမယ့်ဆုလာဘ်ကလည်း Negative ပဲဖြစ်နေမှာမို့လို့ပါပဲ။

အောက်ပါအဆင့်များကို မိမိနှစ်သက်ရာ နှိပ်ပြီး ဆက်လက်လေ့လာနိုင်ပါတယ်-

1. Making free money from online by using your work and time
       1.1 Free earning from FaucetHUB faucets
       1.2 Free earning from Paidverts and Other PTC sites
       1.3 Free earning from Offers, Surveys and Tasks
       1.4 Free earning from Online Typing Jobs
       1.5 Free earning from PTPs by using Traffic Exchanges

2. Investing and trading from online by using your money
       2.1 Investing and trading in Crypto Trading with EXMO
       2.2 Investing in Online Businesses
       2.3 Investing in Crypto Cloud Minings


ဒီအစီအစဉ်ထဲမှာပါသမျှ website တွေဟာ SCAM ဖြစ်နိုင်ခြေနည်းတဲ့ သက်တမ်းရင့် website တွေဖြစ်ပါတယ်။ အင်တာနက်ကြီးရှိနေသမျှ သင့်အတွက် ငွေရဖို့က လက်တစ်ကမ်းလေးမှာပါ။ အစီအစဉ်တကျ စနစ်တကျနဲ့ လုပ်ဆောင်သွားရင် နှစ်များစွာမကြာဘဲ အချိန်တိုတိုနဲ့ ဖြစ်လာနိုင်ပါတယ်။ တစ်ပြားမှမရှိလို့၊ လူမရှာနိုင်လို့ဆိုပြီး အားမငယ်ပါနဲ့။ လုပ်ချင်စိတ်နဲ့ ကြိုးစားချင်စိတ်ရှိရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ ဘာမှမလုပ်ဘဲ အချောင်လိုချင်လို့တော့ ဘယ်ရမလဲ။ တစ်ခုလိုချင် တစ်ခုပေးဆပ်ရတာ ဓမ္မတာပါပဲ။

ဒီကျူတိုကိုရေးရတဲ့ ရည်ရွယ်ချက်ဟာ ခုမှတက်လာဆဲ၊ နောင်လည်းတက်လာ မယ့် နောင်လာနောက်သားတွေ အတွက် ရည်ရွယ်ပြီး ရေးသားပေးခြင်းဖြစ်ပါတယ်။ အွန်လိုင်းငွေရှာနည်းနဲ့ ပတ်သက်ပြီး positive အမြင်သမားထက် negative အမြင်သမားတွေက ပိုများနေပါသေးတယ်။

______________________________________________
Written by Bitcoin Seeker (15.11.2017)

Thursday, December 7, 2017

EXMO Diary (part 9)



အလုပ်တွေကတစ်ဖက်၊ Trading EXMO မှာ crypto pair များလာတာကတစ်ဖက်၊ တခြား Trading platform မှာလည်း coin အသစ်တွေ ဈေးကစားနေရတာကတစ်ဖက်၊ ခရီးထွက်နေတာကတစ်ဖက် အဖက်ဖက်မအားလပ်တာကြောင့် Diary လည်း မရေးဖြစ်တော့ပါဘူး။ အခုဆိုရင် BTC လည်း $16000 နားကပ်နေပါပြီ။

ဒီတစ်ခေါက်ရေးမှာက KICK/BTC ဖြစ်ပါတယ်။  Exmo ပေါ်ကို ဒီ KICK coin စရောက်ပြီး သိပ်မကြာခင်မှာ သူ့ကို ကစားဖို့အတွက် BTC ကို 15 usd ဖိုး ဖဲ့ပေးပါတယ်။ ပုံ(၁)မှာ 2.9.2017 ရက်နေ့က 4780 ဈေးနဲ့ ၀ယ်ထားတာတွေ့ရပါမယ်။ btc 0.0029815 ရပါတယ်။


ပုံ-၁

အဲ့ဒီအစုလေးနဲ့ပဲ KICK/BTC ကို 10.11.2017 ရက်နေ့မှာ စကစားပါတယ်။ ပုံ(၂)က KICK/BTC Trading မှတ်တမ်းဖြစ်ပါတယ်။ screen shot ကို ခုမှ ယူမိတဲ့အတွက် 10.11.2017 မှ 27.11.2017 ကြား မှတ်တမ်းတွေ ပျက်ကုန်ပါတယ်။ 

ပုံ-၂

KICK ဟာ 0.0000069 ထိ တက်ရာကနေ ထိုးကျခဲ့တော့ 0.000005 လောက်အထိ ၀ယ်ထားတဲ့ အစုတွေ တက်ဈေးကျန်ခဲ့ပါတယ်။ ထိုးကျတဲ့အချိန်မှာ ကောက်ဝယ်ဖို့ ချန်ထားတဲ့ အစုတစ်စုကို 28.11.2017 မှာ 0.0000023 ဈေးနဲ့ ၀ယ်ထားပါတယ်။ ၀ယ်ပြီး ဆက်ကျပါတယ်။ တော်တော်နဲ့ပြန်မတက်နိုင်ဘဲ ဈေးအေးနေ ခဲ့ပါတယ်။ ဒီနေ့ 7.12.2017 မှာ 0.00001 ထိ ထိုးတက်သွားတာကို အောက်ပုံ (၃) အတိုင်းတွေ့မြင်နိုင် ပါတယ်။ ဒီတော့ အရင်တက်ဈေးမိလို့ Sell order တင်ထားခဲ့တဲ့ အစုစုတွေ အကုန် sell ထွက်ကုန်တာ Trading history ထဲတွေ့ရမှာပါ။


ပုံ-၃

ဒီတော့ စုစုပေါင်း btc 0.00642903 ပြန်ရပါတယ်။ ၀ယ်စဉ်က အရင်းဟာ btc 0.0029815 ဖြစ်ပါတယ်။ ခု တိုးပွားလာတဲ့ btc 0.00642903 ကို လက်ရှိပေါက်ဈေး $15600 နဲ့ ရောင်းဖို့ တင်ကြည့်ပါ တယ်။  အောက်ပုံ(၄) အတိုင်းပါပဲ။ $100 ကျော်ရနေတာတွေ့ရပါမယ်။ မူလအရင်း 15$ ဖြစ်ပါတယ်။ စတင်ချိန် 10.11.2017 မှ ပြီးဆုံးချိန် 7.12.2017 အထိ(1)လကြာပါတယ်။

ပုံ-၎

______________________________________________
Written by Bitcoin Seeker (7.12.2017)

Thursday, April 20, 2017

EXMO Diary (part 8)



အရှုံးမရှိတဲ့ Bitcoin, Altcoins

>> Visit to exmo

ခုချိန်မှာ တခြား coin တွေ ဈေးငြိမ်နေကြပေမယ့် BTC/USD ကတော့ အရောင်းအ၀ယ်သမားတွေကို အလုပ်အကျွေးပြုနေဆဲပဲ။ ယခင် $1100 မှာ တက်ဈေးမိနေခဲ့သူတွေ ထုတ်မရောင်းခဲ့ရင်တောင် အခု အမြတ်ရနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း bitcoin ကိုင်ထားလို့ အရှုံးမရှိဘူးပြောတာပါ။ ဒါပေမယ့်လို့ ခုချိန်မှာ 1BTC ကို $1100 ကျော်နေပြီဆိုတော့ 1BTC ရဖို့ လူတိုင်း မတတ်နိုင်တော့ပါဘူး။ အခုမှ အရင်းနည်းနည်းနဲ့ စမယ့်သူတွေကတော့ bitcoin နဲ့ လိုက်ဖို့ မလွယ်တော့ပါဘူး။ ဒါဆို ဘာနဲ့လိုက်ကြမလဲ။

coinmarketcap မှာဝင်ကြည့်ရင် altcoin ပေါင်း 700 ကျော်ရှိပါတယ်။ (altcoin ဆိုတာ bitcoin alternative coin ဖြစ်ပြီး bitcoin ကလွဲလို့ ကျန် coin အားလုံးကို ရည်ညွှန်းခေါ်ဆိုတာပါ။) လူတိုင်းလက်လှမ်းမီတဲ့ တန်ဖိုးနည်း coin တွေ အများကြီးပါ။ cryptocurrency တွေနဲ့ invest လုပ်မယ်ဆိုရင် ကိုယ်ကိုင်မယ့် crypto အကြောင်းကို ခရေစေ့တွင်းကျ သိအောင် လေ့လာရပါတယ်။ ကြိုက်တဲ့ coin တွေကို လေ့လာ၊ ကြိုက်တဲ့ coin တွေကို ၀ယ်စု၊ နောက် နှစ်ပေါင်းများစွာကြာရင် မီလျံနာ၊ ဘီလျံနာ ဖြစ်နိုင်ပါတယ်။ အချိန်ကြာတာ မြန်တာဟာ ကိုယ်ရွေးချယ်တဲ့ coin တွေပေါ်မှာ မူတည်ပါတယ်။ သေချာတာကတော့ ဘယ်သူမှ နှစ်ပေါင်းများစွာကြာအောင် စောင့်ချင်မယ်မထင်ပါဘူး။

ဘယ် coin ကို ရွေးချယ်ရမှန်းမသိရင် top 5 altcoin ထဲက တစ်ခုခုကို ရွေးချယ်လိုက်ပါ။ top 5 altcoin ဆိုတာ အဆင့်၂ ကနေ အဆင့် ၆ ထိ coin တွေကို ဆိုလိုပါတယ်။ ရွေးချယ်ဖို့ အကောင်းဆုံးကတော့ ETH, DASH, LTC ပဲဖြစ်ပါတယ်။ ဒီ coin တွေရဲ့ usd တန်ဖိုးကိုကြည့်ရင်လည်း လူတိုင်း လက်လှမ်းမီပါသေးတယ်။ သူတို့ဟာ plan ခိုင်မာတယ်၊ သုံးစွဲသူများတယ်၊ ကိုယ်ပိုင် ဈေးကွက်ရှိတယ်၊ (ကိုယ်ပိုင်ဈေးကွက်ဆိုတာ သူတို့ကိုမှီပြီး တခြား coin တွေ အရောင်းအ၀ယ်ပြုတာဖြစ်တယ်)။ ETH ကတော့ ကိုယ်ပိုင်ဈေးကွက် ကျယ်ပြန့်လာနေပါပြီ။ ခုချိန်မှာ DASH, ETH တို့တန်ဖိုးဟာ ဒီထက်မကျတော့ဘဲ ငြိမ်နေတယ်။ ၀ယ်စုထားဖို့ အကောင်းဆုံးအချိန်ဆိုလည်း မမှားဘူး။

DASH, ETH တို့ ဈေးကျသွားတော့ စိုးရိမ်မကင်းသူတွေက ထုတ်ရောင်းကြတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာတော့ တန်ဖိုးနည်းနဲ့ စောင့်ဝယ်သူလက်ထဲရောက်သွားတာဖြစ်တယ်။ EXMO မှာ DASH, ETH ပဲ USD အတွဲရှိပြီး LTC ကတော့ Bitcoin အတွဲပဲရှိသေးတယ်။ ကျန်တဲ့ platform တွေမှာတော့ BTC အတွဲတွေပိုများတာမို့ USD သမားတွေအတွက် EXMO ဟာ နေရာကောင်းတစ်ခုဆိုလည်း မမှားဘူး။ LTC, DOGE တို့ ဈေးတက်တုန်းကလည်း အရောင်းအ၀ယ်ဖြစ်လို့ အမြတ်ရလိုက်ပါတယ်။ ခုတော့ ဈေးငြိမ်သွားပြီဖြစ်တယ်။ LTC, DOGE တို့ဟာ တန်ဖိုးတက်ဖို့ ကြာတတ်လို့ BTC ပြီးရင် ETH, DASH တို့ကိုပဲ long term, mid term ရွေးချယ်ပါတယ်။

EXMO affiliate program


______________________________________________
Written by Bitcoin Seeker (20.4.2017)

Thursday, April 13, 2017

EXMO Diary (part 7)

Dash ကို အရင်က Dark coin လို့ ခေါ်ပါတယ်။  Bitcoin software ပေါ်မှာအခြေခံပြီး ဖန်တီးပါတယ်။ Bitcoin network ကို အသုံးပြုပါတယ်။ ယေဘူယျအားဖြင့် Bitcoin တက်ရင် Dash ကျလေ့ရှိပြီး Bitcoin ကျရင် Dash တက်လေ့ရှိတယ်။ ETH လည်း Dash တက်ပြီဆိုရင် လိုက်တက်လေ့ရှိပါတယ်။



Exmo မှာ မနေ့ (12.4.2017)ရက်နေ့က Dash ကို $59.91 မှာ 1 coin ထပ်ဝယ်ပါတယ်။ BTC/USD မှာလည်း 1208.1 ဈေးနဲ့ကိုင်ပြီး 1% လောက်သာ အမြတ်တင်ပါတယ်။ BTC ၀ယ်ရတာက LTC ကိုင်ချင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် LTC က ကျရိပ်သန်းနေပြီး BTC က တက်ရိပ်ပြနေလို့သာ BTC/USD မှာ 1% တင်ထားလိုက်ပါတယ်။ သိပ်မကြာခင် btc 1% ကျော်ကျော်လေးသာတက်ပြီး ပြန်ကျပါတယ်။ Dash ကတော့ ပုံပါအတိုင်း 10% ထိ တက်ပါတယ်။ ဒါပေမယ့် Dash မှာ 6% လောက်သာ အမြတ်တင်ထားခဲ့လို့ စုစုပေါင်း 7% သာ အမြတ်ရပါတယ်။ အလုပ်တစ်ဖက်နဲ့မို့ ETH ကို ကိုင်ဖို့ အချိန်မရလိုက်ပါ။ တကယ်လို့ ETH ပါ ထပ်ကိုင်ဖြစ်ရင် တစ်နေ့အတွင်း 10% ထက်မက ရနိုင်ပါတယ်။ ဒါဟာ ဈေးငြိမ်နေတဲ့ အခြေအနေမှာဖြစ်ပါတယ်။ အရင်လို ဈေးသွက်တဲ့ အခြေအနေမျိုးဆို ဘာပြောကောင်းမလဲ။

Huobi, BitStamp, Bitfinex, Magnr, Btcc, Kraken, C-CEX, Poloniex, Livecoin, nova အစရှိသဖြင့် crypto market platform တွေများစွာရှိပါတယ်။ BTC ဈေးကွက်ကျယ်ပြန့်တဲ့အတွက် နေ့စဉ်အမြတ်ရှာနိုင်ပါတယ်။ အဲ့ဒီ platform တွေမှာက USD အထုတ်အသွင်း သိပ်အဆင်မပြေပါဘူး။ BTC, DASH, ETH  တို့ကိုသာ ပွားတဲ့သဘောမျိုးကစားရပါတယ်။ cryptocurrency တွေ အဆမတန်များပြားပြီး ရှုပ်ထွေးလှတဲ့အတွက် လူသစ်တွေလုပ်ဖို့ အဆင်မပြေပါဘူး။ EXMO မှာ နားလည်အောင် အရင်လေ့လာပြီး အတွေ့အကြုံရလာရင် တခြား platform တွေမှာလည်း ခွဲကစားခြင်းဖြင့် အမြတ်ပိုမိုရရှိပါလိမ့်မယ်။

ခုမှ စလုပ်မယ့်သူတွေ အနည်းဆုံး 1$ က စသွင်းပြီး နားလည်အောင် စမ်းသပ်လေ့လာပါ။ fee ဖိုးနဲ့ဆိုရင် ကိုယ့်မှာ $2 လောက်ရှိရင် စလုပ်လို့ရပါပြီ။ မလုပ်မချင်းတော့ နားလည်မှာမဟုတ်ပါဘူး။ လုပ်ရင်းနဲ့ နားလည်သွားပါမယ်။ နားလည်ပြီဆိုရင် ကြိုက်သလောက်ရင်းလို့ရပါပြီ။ အရင်းများမှ အမြတ်မြန်ပါမယ်။ တကယ်လို့ တက်ဈေးမိခဲ့ရင် သိထားရမှာက တက်ဈေးမိလို့ စောင့်နေရတဲ့သူဟာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာပါ။ ၀ါရင့်သမ္ဘာရင့်တွေလည်း တက်ဈေးကို မရှောင်နိုင်တာရှိပါတယ်။ တက်ဈေးမိရင် ထိုးရောင်းတာမျိုးမလုပ်ဖို့ ပြောလိုရင်းဖြစ်ပါတယ်။

EXMO affiliate program

______________________________________________
Written by Bitcoin Seeker (13.4.2017)

Wednesday, March 29, 2017

EXMO Diary (part 6)

 

မနေ့ (28.3.2017) မနက်က DASH/USD မှာ $96 ထိ ဈေးတက်လို့ အမြတ်ရလိုက်ပြီး တဖန်ကျဈေး $83 လောက်မှာ buy limit ထပ်တင်ပါတယ်။ သူ့အရင်းအတိုင်းဆိုရင် 1 coin အတွက် fee အပါအ၀င် $83.249 အရင်းပါ။ မနေ့တစ်နေ့လုံး နည်းနည်းတက် နည်းနည်းကျနဲ့ ဈေးငြိမ်နေပါတယ်။ ညလောက်ကျမှ $81.23651 ထိ ကျပါတယ်။ ကိုယ့်ရဲ့ buy limit လည်းရပါတယ်။ ဆက်ပြီး 10$ ဈေးအကွာကိုတွက်ချက်ပြီး $91.5 လောက်တင်ပါတယ်။ graph ကိုကြည့်ရင် အမြင့်ဆုံး $92.397086 ရောက်ပြီး ပြန်ကျတာတွေ့ပါမယ်။ ဒီတော့လည်း တစ်ရက်တည်းနဲ့ နောက်ထပ် အမြတ်ရလိုက်ပါတယ်။ (BTC မှာလည်း $1061.01 ထိတက်ခဲ့လို့ နောက်ထပ် 10% စောင့်နေတဲ့ အစု အမြတ်ရလိုက်ပါတယ်။)



dash မှာ 10$ ဈေးအကွာကို သူ့အနိမ့်ဆုံးကျသွားတဲ့ ကြမ်းခင်းဈေးနဲ့ တွက်တာပါ။ ကိုယ့်အတွက် အမြတ်ကတော့ 10$ မပြည့်ဘူးပေါ့။ 10$ လိုချင်လို့ တင်မယ်ဆိုလည်းရပါတယ်။ အဲ့ဒီလို ကိုယ်လိုချင်တဲ့ဈေးတွေအတွက် အမြတ်တင်ထားပြီး ၀ယ်ဈေးထက် မြတ်နေတဲ့ အခြေအနေရောက်လည်း ကိုယ်လိုချင်တဲ့ဈေးမရောက်မချင်း မရောင်းဘဲထားတဲ့ အစုတွေရှိပါတယ်။ ဒါတွေကို long term အစုတွေအဖြစ် သတ်မှတ်ပါတယ်။ long term အစုတွေမှာ dash ရောက်ခဲ့ဖူးတဲ့ အမြင့်ဆုံးတန်ဖိုးထက် လျော့ပြီးတင်တဲ့အစုရယ်၊ ရှေ့ဆက်တက်မယ့် မရောက်သေးတဲ့ တန်ဖိုးအတွက် ခန့်မှန်းတင်ထားတဲ့အစုရယ် ရှိပါတယ်။ ဒါတွေ မြတ်ခဲ့ရင် ၄-၅ ဆလောက် အမြတ်ရပါမယ်။ Exmo မှာ dash အမြင့်ဆုံးတန်ဖိုးဟာ  $129.57 ဖြစ်ပါတယ်။

ကိုယ့်ရဲ့ လက်ရှိအစုဟာ short term သတ်မှတ်ထားတဲ့အတွက် ရသလောက်အမြတ်နဲ့ ရောင့်ရဲနိုင်ရပါတယ်။ မဟုတ်ရင် long term အဖြစ်နဲ့ ထပ်စောင့်ရတတ်ပါတယ်။ ဒီလိုင်းမှာ စောင့်နိုင်ရင် အမြဲ အမြတ်ရပါတယ်။ မရှုံးပါဘူး။ စိတ်ရှည်ရှည် စောင့်နိုင်ဖို့ပဲ လိုတာပါ။ ကိုယ်လုပ်တဲ့ cryptocurrency တွေဟာ ခိုင်မာမှုရှိပြီးသားတွေမို့ စိတ်ပူစရာမရှိပါဘူး။ Exmo မှာ ခိုင်မာမှုရှိတဲ့ ငွေကြေးတွေကိုသာ ရွေးထုတ်ပေးထားပါတယ်။ နောက်ထပ်လည်း အသစ်တွေ ထပ်သွင်းလာဖို့ရှိပါတယ်။

 ______________________________________________
Written by Bitcoin Seeker (29.3.2017)

Tuesday, March 28, 2017

EXMO Diary (part 5)





အရှုံး/အမြတ်ဆိုတာ ကိုယ့်လက်ထဲမှာပါ...

BTC နောက်တစ်ကြိမ်ဈေးပြန်ကျတော့ $935 price လောက်မှန်းပြီး buy limit နောက်တစ်စု တင်ထားတယ်။ ပုံ(၁)ပါအတိုင်း 25.3.2017 ရက်နေ့မှာ အနိမ့်ဆုံး $905 ထိ ဆင်းတယ်။ $935 နဲ့ဝယ်ထားတော့ အမြတ် 10% ကို buy/sell fee ဖိုးပါတွက်ပြီး ပိုပိုသာသာ $1042 လောက် sell limit တင်တယ်။ ပုံပါအတိုင်းဆိုရင် ဒီနေ့ 28.3.2017 မှာ အမြင့်ဆုံး $1045.999999 ထိရောက်တာတွေ့ရမယ်။ ဒီတော့ ၀ယ်တဲ့နေ့ကနေတွက်ရင် ၃ ရက်နဲ့ 10% ပိုပိုသာသာ မြတ်လိုက်တယ်။ နောက်တစ်ကြိမ် ဈေးအကျကိုပြန်စောင့်ရမယ်။ တကယ်လို့ သိပ်မကျဘဲ ဆက်တက်မယ်ဆိုရင်လည်း နောက်ထပ် 10% စောင့်နေတဲ့ အစုစုတွေ ရှိသေးတယ်။



ပုံ(၂)မှာက DASH/USD ပါ။ $98.5 လောက်မှာ ၀ယ်ထားတဲ့အစုတွေအတွက် အမြတ်စောင့်ရင်း ဈေးထိုးကျပါတယ်။ အခြေအနေကိုကြည့်ပြီး နောက်ထပ်တစ်စုကို $80 လောက်ကျဈေးမှန်းပြီး သူ့အရင်းအတိုင်း buy limit တင်ပါတယ်။ ပုံပါအတိုင်း 27.3.2017 မှာ အနိမ့်ဆုံးဈေး $79 ထိဆင်းတယ်။ 10%+ fee ဖိုးပါတွက်ပြီး ပိုပိုသာသာ $94 လောက် sell limit တင်တယ်။ တစ်ရက်တည်း $96 ထိတက်ပြီး ပြန်ကျတာတွေ့ရမယ်။ တစ်ရက်တည်းနဲ့ 10$ အသားတင်မြတ်လိုက်ပါတယ်။ ဆက်တက်ရင်လည်း တက်ဈေးစောင့်နေတဲ့ အစုတွေရှိသေးတယ်။

ETH ကတော့ သိပ်မကျဘူး။ အတက်အကျ အေးတယ်။ သူ့ကို hold ထားတာများပါတယ်။ နောက်ထပ် platform တစ်ခုမှာလည်း btc ကို ငွေကြေးအဖြစ်ဘုံထားပြီး ပွားနေပါတယ်။ btc-eth, btc-dash, btc-edr, btc-xmr, btc-arc, btc-lsk, btc-leo အစရှိသဖြင့် လှည့်ပတ်ကစားရပါတယ်။

ဒီလိုင်းမှာ ကျွန်တော့်ငွေတွေ တစ်ခါမှ ဆုံးရှုံးတယ်မရှိဘဲ တိုးပွားပြီးရင်း တိုးပွားလာပါတယ်။ အရှုံး/အမြတ်ဆိုတာ ကိုယ့်လက်ထဲမှာပါ။ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ရှုံးစေ၊ မြတ်စေမယ်။

ကိုယ်ဝယ်တဲ့ဈေးထက် ကျနေတာကို မစောင့်နိုင်လို့ ထိုးရောင်းရင်တော့ ရှုံးမှာပါပဲ။ မရောင်းဘဲ စောင့်နိုင်ရင်လည်း အချိန်တန်ရင် အမြတ်ရတာပါပဲ။ နောက်ပြီး တက်ဈေးမိလို့ ဈေးကျတဲ့အခါ ထိုးရောင်းပစ်ပြီး ကိုယ်ရောင်းတဲ့ဈေးထက် ဆက်ကျသွားရင် အကျကနေ အမြတ်ပြန်ရှာလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ရောင်းလိုက်တဲ့ဈေးက floor ဖြစ်သွားပြီး ဆက်မကျဘဲ တက်ရင်တော့ ကိုယ်ပဲ နှစ်ခါနာမှာဖြစ်တယ်။ ခိုင်မာတဲ့ သတင်းရပ်ကွက်မရှိဘဲ ဘယ်သူမှ ဈေးအတက်အကျ ကြိုတင်ခန့်မှန်းလို့မရပါဘူး။

ဒါကြောင့်မို့ တစ်ခုတည်းကို အလုံးအရင်းလုပ်လိုက်လို့ရှိရင် တက်ဈေးမိပြီး ထိုးကျတဲ့အခါ ကိုယ့်ငွေရင်း ပြန်ပေါ်ဖို့ အချိန်တော်တော်ကြာစောင့်ရတော့မယ်။ ကျဈေး ကောက်ဝယ်ချင်စိတ်က တဖွားဖွား၊ လက်ကျန်ငွေကမရှိဆိုရင် နေမထိထိုင်မသာဖြစ်တတ်တယ်။ တက်ဈေးမိလည်း ထုတ်မရောင်းဘဲ အမြတ်တင်ထားတဲ့ဈေးအတိုင်း ဆက်တင်ထားပါ။ ကျဈေးထပ်ကိုင်ချင်ရင် နောက်ထပ်ငွေထပ်သွင်းပါ။ ငွေထပ်မသွင်းနိုင်ဘူးဆိုရင် စကတည်းက အစုစုခွဲကစားပါ။

______________________________________________
Written by Bitcoin Seeker (28.3.2017)

Saturday, March 25, 2017

EXMO Diary (part 4)



Exmo မှာ btc အမြင့်ဆုံးရောက်ခဲ့တဲ့ဈေးက $1280 ပါ။ $1300 ကို စောင့်နေခဲ့ပေမယ့် ဒီထက်ဆက်မတက်သေးဘူးတွေးမိလို့ $1280 နဲ့ ရောင်းဖြစ်ခဲ့ပါတယ်။ အဲ့ဒီအမြင့်ဆုံးဈေးမှာ အကုန်ရောင်းထုတ်ခဲ့ပြီး သိပ်မကြာခင် btc ဈေးထိုးကျပါတော့တယ်။ ဈေးအကျစောင့်ရင်း dash, eth, rub တို့ကို ကစားဖြစ်ပါတယ်။ btc ဟာ အတက်အကျကြမ်းတာမှန်ပေမယ့် သူ့တန်ဖိုးအတိုင်း အရင်းလိုက်နိုင်မှ အမြတ်မြန်မှာပါ။ သူ့တန်ဖိုးဟာ ထောင်ဂဏန်းဆိုရင် ကိုယ့်အရင်းကလည်း ထောင်ဂဏန်းဖြစ်ဖို့လိုပါတယ်။ ဒါမှ သူတက်တဲ့ဈေးအတိုင်း အမြတ်ရမှာဖြစ်ပါတယ်။ btc-usd မှာ တစ်ကြိမ်ကို $20 လောက် တက်ဖို့ ကျဖို့ဆိုတာ အသာလေးပါ။ ဒါပေမယ့် ကိုယ့်အရင်းက ရာဂဏန်းသာဆိုရင်တော့ တစ်ကြိမ်တက်တိုင်း ခုဂဏန်းသာမြတ်ပါမယ်။ ဆယ်ဂဏန်းလေးပဲဆိုရင်တော့ PTC မှာ တစ်ကြိမ် click တဲ့နှုန်းပဲ မြတ်မှာပါ။ ဒါကြောင့် အမြတ်မြန်ချင်ရင် သူ့တန်ဖိုးအတိုင်းရင်းပါ။



စလုပ်တဲ့သူတွေကတော့ ဆယ်ဂဏန်း၊ ရာဂဏန်းသာ သုံးကြမှာပါ။ အရင်း ဆယ်ဂဏန်းဆိုရင် eth ကိုလုပ်ပါ။ eth ဟာ ခုဆို $50 ကျော်နေပါပြီ.. ဒီတစ်ကြိမ်ထပ်တက်မယ့်ဈေးက $60 ဖြစ်ပါတယ်။ eth အတွက် ကျွန်တော် ပေးထားတဲ့အရင်းက $20 ပါ။ $16 ဈေးကတည်းက $20 ဖိုးဝယ်ထားခဲ့ပြီး ပြီးခဲ့တဲ့အပတ်က $42 နဲ့ရောင်းထွက်ခဲ့ပါတယ်။ ပြန်ရတာလည်း $45 လောက်ရခဲ့ပါတယ်။ ဘယ်လောက်ကြာလဲဆိုရင် ၅ ရက်သာကြာပါတယ်။ (တစ်ခါတစ်ရံ ၁၀ ရက်ကြာတာလည်းရှိပါတယ်)။ eth ဟာ $50 ကနေ 35 ထိထိုးကျခဲ့ပြီး ကြားထဲမှာ အတက်အကျဖြစ်နေခဲ့ပါတယ်..  ခုတစ်ကြိမ် eth ဟာ $60 ဈေးဘက်ကို ဦးတည်ပါပြီ။ $60 ရောက်ပြီးရင် တစ်ဖန် ထပ်ကျပါမယ်.. သံသရာတစ်ပတ်လည်ပါဦးမယ်..။ 



dash ဟာ btc လိုပဲ အတက်အကျကြမ်းပါတယ်။ ဈေးခန့်မှန်းရခက်ပါတယ်။ dash ဟာလည်း အမြင့်ဆုံးဈေး $129 ထိတက်ခဲ့ပြီး နောက်တစ်ကြိမ်ရောက်မယ့်ဈေးက $140 ခန့်မှန်းပါတယ်။ ဘယ်လောက်ကြာမယ်ဆိုတာကတော့ ဈေးကွက် အခြေအနေပေါ်မူတည်ပါတယ်။ btc ဟာလည်း $1400 ရောက်ပါမယ်။ btc ဟာ သူ့အမြင့်ဆုံးဈေးထက် တက်ပြီဆိုရင် $100 နီးပါးတက်လေ့ရှိပြီး၊ dash ဟာ $20, eth ဟာ $10 တက်လေ့ရှိပါတယ်။ ဒါဟာ ယေဘူယျခန့်မှန်းချက်ပါ။ 

နောက်တစ်ခုကတော့ usd-rub ဖြစ်ပါတယ်။ rub ရဲ့ အမြင့်ဆုံး usd ဈေးဟာ $61 ပါ။ ဒါပေမယ့် $61 ကို မရောက်ဘဲ $60 ကျော်သာရောက်လေ့ရှိပါတယ်။ ပြီးရင် တစ်ရက် နှစ်ရက်အတွင်း $58, $57 လောက်ပြန်ကျလေ့ရှိပါတယ်။ ဒီတော့ usd-rub မှာ $60 ဈေးရောက်နေရင် ကိုယ့် usd ကို ဖဲ့ရောင်းထားပါ။ ပြီးရင် $58, $57 လောက်မှာ ပြန်ဝယ်ဖို့တင်ထားပါ။ တစ်ရက်နှစ်ရက်အတွင်း အမြတ်ရပါတယ်။

usd ကို ငွေကြေးအဖြစ် ဘုံထားပြီး trade မယ်ဆိုရင် btc, dash, eth အစရှိသည်တို့ဟာ usd အတွက် ကုန်ပစ္စည်းဖြစ်ပါတယ်။

btc ကို ငွေကြေးအဖြစ် ဘုံထားပြီး trade မယ်ဆိုရင် usd, dash, eth အစရှိသည်တို့ဟာ btc အတွက် ကုန်ပစ္စည်းဖြစ်ပါတယ်။

>> Visit to exmo

______________________________________________
Written by Bitcoin Seeker (25.3.2017)

Friday, February 10, 2017

EXMO Diary (part 3)



ပြီးခဲ့တဲ့ ဇန် ၂၄ လောက်ကစပြီး Blockchain overload သိသိသာသာဖြစ်လာပါတယ်။ transaction unconfirmed ပမာဏ 60000 ကျော်ရှိနေပြီး wallet တစ်ခုမှ အခြား wallet သို့ အလွှဲအပြောင်းကြန့်ကြာချိန် ၂ ရက်မှ ၃ ရက်ထိ ကြာလာပါတယ်။ ပုံမှန်ဆိုရင် မိနစ် ၂၀ မှ ၁ နာရီ လောက်သာ ကြာပါတယ်။ wallet service အချင်းချင်း အလွှဲအပြောင်းလုပ်ရင်တော့ ချက်ချင်းရပေမယ့် ပြင်ပ wallet သို့ လွှဲပြောင်းရာမှာ အလှည့်ကျစနစ်နဲ့ ကြန့်ကြာနေရပါတယ်။ Blockchain overload များနေတဲ့အချိန်မှာ ဈေးက အေးနေတတ်ပြီး နည်းသွားတဲ့အချိန် ဆို ဈေးအတက်အကျ မြန်ဆန်လာတတ်ပါတယ်။ ဒီနေ့ 10.2.2017 မှာတော့ transaction unconfirmed 10000 ကျော်သာရှိပါတော့တယ်။ overload ကြောင့်လည်း $1000 ဈေးကို နောက်ကျမှ ရောက်နိုင်ပါတယ်။  ပြီးခဲ့တဲ့ $800 ဈေးတုန်းက ၀ယ်စုထားသူတွေ၊ $1000 မရောက်ခင်စပ်ကြား ဈေးကစားနေသူတွေကတော့ တော်တော်လေးအမြတ်ရလိုက်ကြမှာပါ။ အရင်းများလေ အမြတ်များလေဖြစ်ပါတယ်။



အခုလည်း 1100 ထိ ဆက်တက်ဖို့အားယူနေရာမှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး Exchange center ၂ ခုက Bitcoin, litecoin exchange ကို ၁ လတိတိ ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်တာနဲ့ တပြိုင်တည်း ၀ယ်လိုအားကျပြီး ဈေးထိုးကျပါတော့တယ်။ ဆက်တက်မယ်လို့မှန်းပြီး ရောက်ဈေးမှာ ၀ယ်ထားတဲ့သူတွေ အများအပြားရှိနေပါတယ်။ Blockchain overload ဖြစ်တာတင်မကဘဲ cloud flare ဖြစ်တာမျိုးလည်း အလှည့်ကျ ကြုံနေရတဲ့အတွက် နှောင့်နှေးမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း အချိန်မမီလိုက်တဲ့သူတွေ အများအပြား တက်ဈေးမိနေပါတယ်။ (ကျွန်တော်ပါ အပါအ၀င်ပေါ့.. တစ်နေ့လုံး cloud flare ဖြစ်နေပြီး Buy Order မဖြုတ်လိုက်ရပါ).. ဒီလို blockchain overload, cloud flare တို့ကြောင့် တခြား coin တွေလည်းဈေးကစားမှု သိသိသာသာနည်းနေပါတယ်။

bitcoin ဟာ လက်ရှိ ဈေးမှာသာ ငြိမ်နေပြီး အတက်ကျပုံမှန်ဖြစ်နေမယ့် သဘောရှိပါတယ်။ ၀ယ်စုမယ်ဆိုရင်လည်း ပျော်ပျော်ကြီး ၀ယ်စုနိုင်ပါပြီ။ နောက် ၁ လကြာလို့ တရုတ်ဈေးကွက် ပြန်ဖွင့်မယ်ဆိုရင် ၀ယ်လိုအား ထောင်တက်လာမလားဆိုတာ??? ကိုယ်တိုင် စဉ်းစားကြည့်နိုင်ပါတယ်။ C-Cex မှာ bitcoin ဈေး $1000 မှာငြိမ်နေပြီး exmo မှာ $983 မှာရောက်နေပါတယ်။ blockchain market မှာတော့ $979.82 ဖြစ်ပါတယ်။ 900~1000 ကြား ပုံမှန်တက်ဆင်းနေမယ်ထင်ပါတယ်။

>> Visit to exmo

______________________________________________
Written by Bitcoin Seeker (10.2.2017)

Saturday, January 21, 2017

EXMO Diary (part 2)



Exmo မှာ bitcoin ဈေးဟာ ပုံပါအတိုင်း လှေကားထစ်လေးလို တဖြည်းဖြည်းတက်လာနေပါတယ်.. ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်ကစပြီး 800~900 ကြား မျှခြေတစ်ခုမှာ ပုံမှန်အတက်အကျဖြစ်နေခဲ့ပါတယ်.. ဒီလို မျှခြေတစ်ခုကနေ ဆက်ကျဖို့ ဆက်တက်ဖို့ အနည်းဆုံး တစ်ပတ်လောက်ကြာတတ်တယ်ဆိုတာလည်း မမှားခဲ့ပါဘူး.. ခုတော့ 800 အောက်ကို ကျဖို့နေနေသာသာ 900 အထက်ကို ဖောက်ထွက်လာပြီဖြစ်ပါတယ်.. နောက်အပတ်ဆိုရင် တရုတ်နှစ်သစ်ကူးရောက်တော့မှာပါ.. ၀ါရင့် bitcoin ပညာရှင်တွေ ခန့်မှန်းထားသလို $1000 ထိ ပြန်ရောက်နိုင်မလား.. အခြေအနေကိုကြည့်ခြင်းအားဖြင့် အကျဘက်မရှိဘဲ အတက်ဘက်ချည်းဖြစ်နေပါတယ်.. ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ 800 ဈေးလောက်ကတည်းက ၀ယ်ထားပြီး လုံးဝမရောင်းရသေးတဲ့သူတွေအတွက်တော့ ခုနေရောင်းမယ်ဆိုရင်တောင် $100 ကျော်လောက် ဈေးကွာနေပါပြီ.. မရောင်းဘဲ ဆက်ကိုင်ထားမယ်ဆိုလည်း အမြတ်တိုးပွားဖို့သာရှိပါတယ်..

ဒီလို လှေကားထစ်လေးနဲ့ တဖြည်းဖြည်းတက်လာရင် ပြန်ဆင်းတဲ့အခါလည်း အများအားဖြင့် တဖြည်းဖြည်းသာဆင်းတတ်ပါတယ်.. တောင်တစ်တောင်လို ထောင်တက်သွားရင်တော့ တက်ဈေးမမိအောင် သတိထားပါ.. ပြန်ဆင်းတဲ့အခါ လျှောစီးပြီး ဆင်းတတ်ပါတယ်.. လျှောစောက်မတ်လွန်းရင် အမြန်ရောင်းဖို့တောင် မမီပါဘူး.. ဒါက ယေဘူယျ သဘောတရားတစ်ခုပါ.. တစ်ခါတစ်ရံ ခြွင်းချက်ရှိတတ် ပါတယ်.. တောင်လိုတက်ပြီး လှေကားလိုဆင်းတယ်.. လှေကားလိုတက်ပြီး လျှောစီးဆင်းတယ်.. ဒါပေမယ့် အများအားဖြင့်တော့ ယေဘူယျသဘောတရားကိုပဲ တွေ့နေရပါသေးတယ်.. ဒါက Exmo မှာဖြစ်ပါတယ်..

>> Visit to exmo


သင့်လက်ထဲမှာ bitcoin ရှိနေလို့ အရှုံးမရှိပါ.. ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ရောင်းလို့ရပါတယ်.. သူများလက်ထဲ ငွေ ပုံအပ်၊ သူပေးမယ့် နေ့စဉ်အတိုးလေးမျှော်ကိုးပြီး ၆ လ၊ ၁ နှစ်လောက် ကြာမှ 150%, 200% ပြန်ရမယ့် Investment လုပ်ငန်းတွေမှာ သင့်ငွေပြန်ရဖို့ ရာနှုန်းပြည့် အာမခံနိုင်ပါသလား.. 90% မသေချာပါ.. 10% ကလည်း Site ပိုင်ရှင် သဘောလေးကောင်းနေမှပါ.. လူကိုသာ ယုံကြည်လို့ရချင်ရမယ်.. အခြေအနေဆိုတာ လုံးဝ ယုံကြည်လို့မရပါ.. ဒါကြောင့် အပိုငွေကိုသာ သုံးသင့်ပါတယ်.. ပေးလိုက်ပြီးရင်လည်း ပြန်ရဖို့ မမျှော်လင့်ပါနဲ့.. တကယ်ပြန်မရတော့ရင် ဖြေသာစေပါတယ်.. Investment လုပ်ငန်းအများစုဟာ ကိုယ့်ငွေနဲ့ ကိုယ့်ကို အတိုးပြန်ပေးနေတယ်ဆိုတာ စဉ်းစားမိပါသလား.. တကယ်အမှန်အကန်ပေးတဲ့ ဆိုက်တွေ ရှိတော့ရှိပါတယ်.. အချိန်ကြာကြာ ငွေမြုပ်ထားပြီးမှ အမြတ်ရတာပါ.. ဒီလို မသေချာတဲ့လုပ်ငန်းတွေမှာ သွားရင်းလို့ကုန်မယ့်ငွေကို သေချာတဲ့ bitcoin တွေသာ ၀ယ်စုထားပါ.. 2018 ဆိုတာ.. မကြာပါဘူးလေ..
______________________________________________
Written by Bitcoin Seeker (21.1.2017)

Thursday, January 19, 2017

EXMO Diary (part 1)



ပုံမှာ မနေ့(18.1.2017)က ကျွန်တော်အရောင်းအ၀ယ်လုပ်ခဲ့တဲ့ buy/sell မှတ်တမ်းပါ..

886.1 (buy)/ 891.1(sell) တစ်ကြိမ်.. ပြီးပြီးချင်းပဲ 886.1(buy)/893(sell) နောက်တစ်ကြိမ်.. (ဒါက server time အရ 17 ရက်ဆိုပေမယ့် မြန်မာမှာတော့ 18 ရက်မနက်ပိုင်းပါ..) တစ်ဖန် 882.1(buy)ပြီး 867 ထိဈေးထိုးကျသွားချိန်မှာ နောက်တစ်ခု 868.0399999(buy) ဈေးနဲ့ဝယ်ပြီး 873(sell) ဈေးနဲ့ ရောင်းထားတာတွေ့မှာပါ။ ရောင်းပြီးပြီးချင်းပဲ နောက်တစ်ကြိမ် 872.1(buy) ဈေးနဲ့ ၀ယ်ပြီး မအိပ်ခင် 890(sell) ဈေးနဲ့ တင်ထားခဲ့သလို 882.1(buy) ဈေးအတွက် 892.5 မှာတင်ထားခဲ့ပါတယ်.. ဒီနေ့မနက် graph ကိုကြည့်လိုက်တဲ့အခါ ပုံ၂ အတိုင်း 892.888 ထိ အမြင့်ဆုံးရောက်ခဲ့တာ တွေ့မှာဖြစ်ပါတယ်..



Bitcoin ဈေးဟာ 800~900 ကြား မျှခြေတစ်ခုမှာ ပုံမှန်အတက်အကျဖြစ်နေရာကနေ 850 ထိရောက်လာပြီး 850~900 ကြားမှာ ပုံမှန်အတက်အကျ ဖြစ်နေပါတယ်.. ဒီလို မျှခြေတစ်ခုမှာ အတက်အကျဖြစ်နေရင် အတက်အကျနှေးတဲ့အတွက် တက်ဈေးမိခဲ့ရင် စောင့်ရတာ ပျင်းဖို့ကောင်းပါတယ်.. ဒါကြောင့် နောက်ငွေတစ်စုနဲ့ ရောက်ရာအရပ်ကနေဆက်လိုက်ရတာဖြစ်ပါတယ်.. ဒီလိုမျိုး မျှခြေတစ်ခုမှာ ပုံမှန်အတက်အကျဖြစ်နေတဲ့အခြေအနေမျိုးမှာ တက်ဈေးမိလည်း တစ်ရက်တည်း ပြန်ထွက်တတ်ပါတယ်.. ဒီတော့ဘယ်လိုပဲလုပ်လုပ် အရှုံးမရှိတာတွေ့မှာဖြစ်ပါတယ်.. လောဘကြီးပြီး များများမြတ်ချင်ရင်တော့ အချိန်ကြာကြာစောင့်နိုင်ရပါမယ်.. ငွေကို အစုစုခွဲပြီး တစ်စုကို အမြတ်များများယူဖို့ထားပါ.. ကျန်အစုစုတွေနဲ့ ကိုယ်ဉာဏ်ရှိသလို ဈေးကစားပါ..

>> Visit to exmo

Bitcoin ပညာရှင်တွေက 2016 နှစ်ကုန်ပိုင်းမှာ bitcoin ဈေး $1000 ဖြစ်လိမ့်မယ်လို့ 2015 နှစ်စကတည်းက ကြိုတင်တွက်ဆထားခဲ့ကြပါတယ်.. $1000 ကျော်သွားတာ အများအသိပါ.. နောက် 2017 နှစ်ကုန်ပိုင်းလောက်မှာလည်း $2000~$3000 ကြားရောက်မယ်လို့ ခန့်မှန်းထားသလို 2020 မှာ $4400~$5000 ပေါက်မယ်လို့ ခန့်မှန်းထားကြပါတယ်.. ဒါဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို Crypto-Currency Market Capitalizations ကို https://coinmarketcap.com/all/views/all/ မှာ လေ့လာကြည့်ရင် သိနိုင်ပါတယ်.. အဲ့ဒီမှာ တရားဝင်ဈေးကွက်ရှိပြီးသား coin ပေါင်း 700 ကျော်ရှိပါ တယ်.. ဈေးကွက်မဖွင့်သေးတဲ့ coin အသစ်တွေလည်း ထပ်ထုတ်နေကြပါတယ်.. အားလုံးဟာ bitcoin ကိုပဲ ဗဟိုပြုကြရပါတယ်.. ဒီလို coin အသစ်တွေများလာတာဟာ bitcoin ရဲ့ ရောင်းလိုအား ၀ယ်လိုအားကို တက်လာစေပြီး bitcoin တန်ဖိုး ပိုတက်လာပါတယ်.. bitcoin ဈေးကျတာနဲ့ ကျန်တာအားလုံးလည်း ဈေးကျရတာပါပဲ.. သူ တက်မှ လိုက်တက်ရပါတယ်.. bitcoin ကို ဘယ် coin မှ ကျော်လို့မရပါဘူး..

bitcoin ရဲ့ ဈေးအတက်အကျ ဘယ်အပေါ်မှာ မှီခိုနေသလဲ လေ့လာကြည့်ရာမှာ china market ကလည်း ဒုတိယနေရာမှာ ပါဝင်နေပြန်တယ်.. ဒီတော့ china တွေရဲ့ activities တွေကိုကြည့်ပြီးလည်း ဈေးအတက်အကျကို ခန့်မှန်းနိုင်ပါသေးတယ်.. အခု bitcoin ဈေးက $800 ထိပြန်ကျသွားရာကနေ $930 ထိ ခဏတဖြုတ်ပြန်တက်လာပြီး တဖန် $750 ထိ ပြန်ကျသွားပါတယ်.. ခု $800 ထိပြန်တက်လာပါတယ်.. ခုလို ကျတုန်းမှာ ၀ယ်စုထားတာ အကောင်းဆုံးပါ.. တရုတ်နှစ်သစ်ကူးရောက်ရင် ယခင်ဈေးလောက် ပြန်တက်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်.. ဘာပဲဖြစ်ဖြစ် $2000 မဖြစ်နိုင်ဘူးထင်ရင်တောင် $1000 ကတော့ တကယ်ဖြစ်ပြီးဖြစ်လို့ ကျိန်းသေတယ်.. ဒါကြောင့် အသေချာအခိုင်မာဆုံးဖြစ်တဲ့ bitcoin ကို နားလည်သလောက်နားလည်အောင်လေ့လာပြီး ရှာဖွေစုဆောင်းသင့်ပါတယ်.. free ရှာဖို့အတွက် faucet site တွေအများအပြားရှိပါတယ်..

>> Visit to exmo

______________________________________________
Written by Bitcoin Seeker (19.1.2017)

Saturday, January 14, 2017

EXMO တွင် Trading ပြုလုပ်ခြင်း (အခြေခံ)

2.1  Crypto Trading with EXMO

EXMO affiliate program Visit to exmo

Blockchain market မှာ bitcoin ဈေးကတော့ တောက်လျှောက်တက်နေဆဲပါပဲ။ ဒီလိုဈေးတက်နေတဲ့ အချိန်မှာ free ရှာနေမယ့်အစား trade တာက ပိုအဆင်ပြေတယ်။ လက်ရှိ အများဆုံး trade နေကြတဲ့ trading platform တွေကတော့ bitfinex, exmo, localbitcoins တို့ပဲဖြစ်ပါတယ်။ အဲ့ဒီထဲက ကျွန်တော်တို့ exmo မှာ trade ဖို့ ဖိတ်ခေါ်ပါတယ်။ 2013 ခုနှစ်မှ စတင်လာတဲ့ UK အခြေစိုက် exmo ကို 2013 နှစ်ကုန်ပိုင်းလောက်မှာ လက်တွဲခဲ့ပါတယ်။ ဒီချိန်ထိ ဘာပြဿနာမှ မရှိ၊ ထည့်ထားတဲ့ငွေတွေလည်း ဆုံးရှုံးတယ်မရှိဘဲ အဆင်ပြေပြေ trade လာခဲ့တာ ဒီနေ့အထိပါပဲ။ သူ့ကို ဘာလို့ ပိုကြိုက်ရသလဲဆိုတော့ လုံခြုံရေးအားကောင်းပြီး၊ ရှင်းလင်းလွယ်ကူလို့ရယ် လက်ရှိ blockchain market ပေါက်ဈေးထက် အမြဲ နောက်ကျလို့ရယ်ပဲ ဖြစ်ပါတယ်။ လက်ရှိ ပေါက်ဈေး $1116 မှာ exmo က $1095 လောက် သာရှိပါတယ်။ ဒီလိုနောက်ကျတာက ဈေးအတက်အကျကို ကြိုတင်ခန့်မှန်းရ လွယ်စေ ပါတယ်။ ရောက်နေ တဲ့ဈေးမှာ ၀ယ်သင့် မ၀ယ်သင့် စဉ်းစားလို့ ရစေပါတယ်။ လက်ရှိဈေးထက် နောက်ကျ လို့လည်းပဲ exmo မှာ အလုအယက် ၀ယ်ကြတဲ့သူတွေများလို့ လက်ရှိပေါက်ဈေးကို အချိန်တို အတွင်းရောက်တာပါပဲ။ ခုလို ဈေး တက်နေချိန်မှာ live trade လို့ အကောင်းဆုံးပါ။ $10 ဖိုး trade ရင် တစ်နေ့ကို $5 အသာလေးမြတ်ပါတယ်။ $100 ဖိုးဆို $50 မြတ်ပါတယ်။ PM အနည်းဆုံး $1, Btc အနည်းဆုံး 0.001 မှစတင် ငွေသွင်းပြီး trade နိုင်ပါတယ်။

အောက်ပုံကိုနှိပ်ပြီး exmo သို့ ၀င်ရောက်လုပ်ကိုင်နိုင်ပါတယ်။ Register လုပ်နည်းကလွယ်ကူတဲ့အတွက် မရေးပြတော့ပါဘူး။

EXMO affiliate program

>> Visit to exmo


How to deposit and withdraw in exmo


ပုံ(၁)

အကောင့်ထဲကို ငွေဖြည့်ဖို့ Finance ထဲသွားပါ.. USD ဖြည့်မယ်ဆို USD ဘေးက Deposit ကိုနှိပ်လိုက်ပါ..
သူလက်ခံတဲ့ payment တွေကို ပြထားပါတယ်.. PM နဲ့ဖြည့်မယ်ဆို Perfect Money ရွေးပါ.. 1$ အနည်းဆုံး သွင်းလို့ရတယ်.. fee 4% ဖြတ်ပါမယ်..  ညာဘက်ခြမ်းက Amount: မှာ ကိုယ်သွင်းလိုတဲ့ ငွေပမာဏ ရိုက်ထည့်ပါ.. ဂဏာန်းသာရိုက်ပါ.. ပြီးရင် REFILL MY ACCOUNT ဆိုတဲ့ အပြာရောင်ဘားကို နှိပ်ပေးလိုက်ပါ..

btc နဲ့ ငွေဖြည့်ရင် fee 0% ပါ.. btc နဲ့ ငွေထုတ်ရင် fee ဖြတ်ပါတယ်.. 0.01 မှ ထုတ်လို့ရပါတယ်.. btc နဲ့ ငွေဖြည့်ရင် transaction time ကြာတဲ့အတွက် ၁ နာရီလောက် စောင့်ရတတ်ပါတယ်.. btc သွင်းချင်ရင် deposit ကိုနှိပ်လိုက်ပါ.. သူပေးတဲ့ address ကို copy ယူပြီး ကိုယ်ပို့ချင်တဲ့ပမာဏ ပို့လိုက်ပါ..


ပုံ(၂)

ငွေထုတ်ဖို့ကိုလည်း USD ထုတ်မယ်ဆိုရင် သူ့ဘေးက Withdraw ကိုနှိပ်ပါ.. ကိုယ်ထုတ်မယ့် system ကိုရွေးပါ.. ဥပမာ Perfect Money ပေါ့..  fee 0.5% ပါ.. အနည်းဆုံး 10 USD ထုတ်ရပါမယ်.. သူ့ညာဘက်ခြမ်းကိုကြည့်ပါ.. withdrawal amount: မှာ ကိုယ်ထုတ်ချင်တဲ့ပမာဏ ရိုက်ထည့်ပါ.. ဒီအခါ fee ဖြတ်တာမို့ You will get: မှာ သင်ရမယ့်ငွေတွက်ချက်ပေးပါမယ်.. Perfect Money wallet: မှာတော့ ကိုယ့်ရဲ့ PM USD အကောင့်ကိုထည့်ပါ.. save info to my accounts ကို မနှိပ်လည်းရပါတယ်.. အမှန်ခြစ်ထားရင်တော့ ငွေထုတ်တဲ့ info ကိုမှတ်တမ်းထားပေးရုံပါ..

ပြီးရင် အောက်ဆုံးက WITHDRAW FUNDS ဆိုတဲ့အပြာရောင်ဘား ကိုနှိပ်ပါ.. ဒီအခါ email ထဲကို confirmation link ပို့ပါမယ် email ကိုဖွင့်ပါ.. တွေ့ရင် ဖွင့်လိုက်ပါ.. မေးလ်ကို သေချာကြည့်ပါ.. လင့် က ၂ ခုပါ.. အပေါ်ကလင့်က confirm အတွက်ဖြစ်ပြီး.. အောက်ကလင့်က cancel လုပ်ဖို့ဖြစ်ပါတယ်.. ဒီ confirmation link ကိုမနှိပ်ခင် exmo ကို logout အရင်လုပ်ပါ၊ login ပြန်ဝင်ပြီးမှ နှိပ်ပါ။  IP protection ရှိတာမို့ IP မတူရင် error ပြတတ်ပါတယ်။ ပြခဲ့ရင်လည်း ပူစရာမလိုပါ.. logout/login ပြန်လုပ်ပါ.. confirm ဖြစ်တာနဲ့ ချက်ချင်းရောက်ပါတယ်.. btc ကတော့ ပုံမှန် transaction ကြန့်ကြာချိန်အတိုင်း အနည်းငယ်ကြာပါတယ်။


How to trade (buy/sell) in exmo


ပုံ(၃)

ငွေဖြည့်ပြီးရင် Trade ကို နှိပ်ပါ.. BTC/USD ကိုကြည့်ပါ.. အပေါ်က ဈေးက Sell order ဈေးပါ.. အောက်ကဈေးက buy order ဈေးပါ.. နားမလည်ရင် ခဏထားပါ.. သူ့အောက်ဆက်ကြည့်ပါ.. အပြာနဲ့ အနီတွေပြနေတဲ့ graph ကိုတွေ့ပါမယ်.. အပြာက တက်ဈေးဖြစ်ပြီး အနီက ကျဈေးပါ.. အဲ့ဒီ graph ကွက်ရဲ့ ထိပ်မှာ D,W,M,Y ကိုတွေ့ပါမယ်.. D=day, W=week, M=month, Y=year ဖြစ်ပါတယ်.. live trade မယ်ဆို D ကိုနှိပ်ပြီး အတက်အကျကို ကြည့်ပါတယ်.. blockchain market ကိုလည်း ဖွင့်ထားပါ.. လက်ရှိပေါက်ဈေးထက် exmo မှာ ၀ယ်ဈေးရောင်းဈေး နောက်ကျတာတွေ့ပါမယ်.. ဒါကြောင့်မို့ ကြိုတင်စဉ်းစားလို့ရစေပါတယ်..

သူ့ရဲ့ဘေးကတော့ members chat box ပါ.. သိချင်တာ နားမလည်တာရှိရင် မေးလို့ရပါတယ်..

သူ့အောက်ဆက်ကြည့်ရင် Instant order နဲ့ Limit order ကိုတွေ့ပါမယ်..
Instant order နဲ့ ၀ယ်မယ်ဆိုရင် Instant order ကို နှိပ်ပါ.. Buy ဘက်ခြမ်းက Amount မှာ ၀ယ်လိုတဲ့ btc ပမာဏ ရိုက်ထည့်ပါ.. ဒါမှမဟုတ် အောက်ကအကွက်မှာ USD ရိုက်ထည့်ပါ.. ဒီ Instant order နဲ့ ၀ယ်မယ်ဆို ချက်ချင်းရပါတယ်.. အပေါ်မှာပြောခဲ့တဲ့ BTC/USD ဈေးက အပေါ်ဈေးနဲ့ ရပါမယ်.. ရောင်းရင်လည်း အောက်ဈေးနဲ့ ရောင်းထွက်ပါမယ်..


ပုံ(၄)

Limit order မှာက ကိုယ်ဝယ်ချင်တဲ့ဈေးကို Buy ဘက်ခြမ်းက Price မှာ အရင်ရိုက်ထည့် ဥပမာ=816.1 ပေါ့..  ဒါက အောက်က Buy orders မှာ ထိပ်ဆုံးက သူများတင်ထားတဲ့ 816.06 ဈေးထက် ပိုပေးတဲ့ဈေးပါ.. ပြီးရင် amount အကွက်မှာ ကိုယ်ဝယ်လိုတဲ့ btc ကို ရိုက်ထည့်ပါ.. 10$ ဖိုးအတွက် 0.0122 ရိုက်ပါ.. ဒီအခါ Total အကွက်မှာ 9.95642 USD လို့ပြပါမယ်.. သူ့အောက်က commission ဟာ fee ပါ.. 0.0000244 BTC ပေးရပါမယ်.. အဲဒီတော့ နှုတ်ကြည့်ရင် 0.0122 အပြည့်မရဘူးပေါ့.. ဒီတော့ ကျွန်တော်တို့က အဲ့ဒီ fee ကိုပါ ထည့်တွက်ပြီး 0.01223 လို့ ရိုက်ထည့်ပါတယ်.. ဒီအခါ total မှာ 9.980903 USD ဖြစ်သွားပါတယ်.. ဒါ အရင်းပါ..

ရောင်းချင်တယ်ဆိုရင် Sell ဘက်ခြမ်းက Price မှာ ကိုယ်ရောင်းချင်တဲ့ဈေးအရင်ရိုက်ထည့်ပါ.. ဥပမာ.. 825. Amount မှာ ခုန ၀ယ်ခဲ့တဲ့ 0.0122 ကို ထည့်ပါ.. ဒီအခါ Total မှာ 10.065 USD လို့ပြပါမယ်.. commission မှာ 0.02013 USD ဖြတ်ဦးမှာပါ.. ဒါကြောင့်နှုတ်လိုက်ရင် 10.04487 USD အသားတင်ရပါမယ်.. ခုန အရင်းနဲ့ နှုတ်ရင် ရတာ အသားတင်အမြတ်ပါ.. အဲ့ဒီလို တွက်ချက်ပြီး trade ပါ.. Limit order မှာ ရောင်းရင် Sell orders ကို ကြည့်ပါ.. ကိုယ်က သူများထက် ဈေးလျှော့ပေးနိုင်ရင် ကိုယ် ထိပ်ဆုံးရပြီး မြန်မြန်ရောင်းထွက်ပါတယ်.. ကိုယ် မြတ်မယ့် ဈေးမရောက်သေးရင်တော့ မြတ်မယ့်/ အမြတ်ယူမယ့် ဈေးမှာ တင်ထားခဲ့ပါ.. ပြီးရင် တခြား အလုပ်တွေ အေးဆေး လုပ်နေရုံပါပဲ.. ဈေးတက်တဲ့အချိန်မှာသာ live trade လို့ကောင်းပါတယ်..

========**========
Beware!!
EXMO မှာပဲဖြစ်ဖြစ် ဘယ် platform မှာပဲဖြစ်ဖြစ် Instant Order ကို မသုံးပါနဲ့။ လိုင်းမကောင်းရင်ဖြစ်ဖြစ်၊ ကိုယ်က နှေးနေရင်ဖြစ်ဖြစ် ခံရတတ်ပါတယ်။ Limit Order ကနေပဲ Instant Buy/Sell လို့ရပါတယ်။ ပုံမှာ Limit Order က အညိုရောင်ဖြစ်နေတာဟာ Limit order ကို ဖွင့်ထားတဲ့သဘောပါပဲ။ Instant Buy ချင်ရင် အောက်ဆုံးက Sell orders ရဲ့ ထိပ်ဆုံးဈေးကို နှိပ်ပေးလိုက်ပါ။ ဒါဆို အပေါ်က Buy ဘက်ခြမ်းမှာ ဖြည့်ပြီးသားဖြစ်နေပါမယ်။ သေချာပြီဆိုရင် Buy BTC ကို နှိပ်လိုက်ပါ။ Instant Sell ဆိုလည်း Buy orders ရဲ့ ထိပ်ဆုံးဈေးကိုနှိပ်ပါ။ Sell ဘက်ခြမ်းမှာ ပေါ်လာပါလိမ့်မယ်။

နောက်ပြီး Limit order မှာ အကြို Sell order/Buy order ဖွင့်တဲ့အခါ ကိုယ်ရောင်း/၀ယ်ချင်တဲ့ ဈေးနှုန်းကို အရင်ရိုက်ပါ။ ပြီးတော့မှ Amount ကိုရိုက်ပါ။ ဈေးနှုန်းရိုက်တဲ့အခါ သတိထားပါ။ မှားရိုက်မိတတ်ပါတယ်။ ဥပမာ- ကိုယ်က 1310 နဲ့ Sell order ဖွင့်ချင်တယ်ဆိုပါစို့၊ Price မှာ 1310 လို့ရိုက်ရာမှာ 131.0 ဖြစ်နေတာ သတိမထားမိဘဲ Sell ဖွင့်လိုက်မိရင် တွေ့တဲ့သူက ပျော်ပျော်ကြီး ၀ယ်သွားမှာပါ။ ဒါလေး မှားတတ်တာ သတိထားပါ။ ဘာပဲလုပ်လုပ် Order မဖွင့်ခင် သေချာစစ်ပါ။

အကောင်းဆုံးကတော့ ကိုယ်လိုချင်တဲ့ဈေးကို Sell Orders/Buy orders မှာရှိတဲ့ ဈေးနှုန်းတစ်ခုခုကိုနှိပ်ပြီး Available balance ကို နှိပ်ပေးလိုက်ပါ။ ဒါဆို ကိုယ့်မှာရှိသမျှ ငွေအကုန်လုံးနဲ့ တွက်ချက်ပေးပါလိမ့်မယ်။ သေချာပြန်စစ်ပြီး order ဖွင့်ပေးလိုက်ပါ။ Balance ထဲရှိသမျှအကုန် မ၀ယ် မရောင်းချင်ဘူးဆိုရင်တော့ Amount မှာ ကိုယ်ရောင်းဝယ်ချင်တဲ့ ပမာဏ ရိုက်ထည့်ပေါ့။

========**========
Learn more ...
EXMO Diary (part 1)  |  EXMO Diary (part 2)  |  EXMO Diary (part 3)
EXMO Diary (part 4)  |  EXMO Diary (part 5)  |  EXMO Diary (part 6)
EXMO Diary (part 7)  |  EXMO Diary (part 8)  |
EXMO EX-CODE

______________________________________________
Written by Bitcoin Seeker (14.1.2017)