Friday, February 10, 2017

EXMO Diary (part 3)



ပြီးခဲ့တဲ့ ဇန် ၂၄ လောက်ကစပြီး Blockchain overload သိသိသာသာဖြစ်လာပါတယ်။ transaction unconfirmed ပမာဏ 60000 ကျော်ရှိနေပြီး wallet တစ်ခုမှ အခြား wallet သို့ အလွှဲအပြောင်းကြန့်ကြာချိန် ၂ ရက်မှ ၃ ရက်ထိ ကြာလာပါတယ်။ ပုံမှန်ဆိုရင် မိနစ် ၂၀ မှ ၁ နာရီ လောက်သာ ကြာပါတယ်။ wallet service အချင်းချင်း အလွှဲအပြောင်းလုပ်ရင်တော့ ချက်ချင်းရပေမယ့် ပြင်ပ wallet သို့ လွှဲပြောင်းရာမှာ အလှည့်ကျစနစ်နဲ့ ကြန့်ကြာနေရပါတယ်။ Blockchain overload များနေတဲ့အချိန်မှာ ဈေးက အေးနေတတ်ပြီး နည်းသွားတဲ့အချိန် ဆို ဈေးအတက်အကျ မြန်ဆန်လာတတ်ပါတယ်။ ဒီနေ့ 10.2.2017 မှာတော့ transaction unconfirmed 10000 ကျော်သာရှိပါတော့တယ်။ overload ကြောင့်လည်း $1000 ဈေးကို နောက်ကျမှ ရောက်နိုင်ပါတယ်။  ပြီးခဲ့တဲ့ $800 ဈေးတုန်းက ၀ယ်စုထားသူတွေ၊ $1000 မရောက်ခင်စပ်ကြား ဈေးကစားနေသူတွေကတော့ တော်တော်လေးအမြတ်ရလိုက်ကြမှာပါ။ အရင်းများလေ အမြတ်များလေဖြစ်ပါတယ်။



အခုလည်း 1100 ထိ ဆက်တက်ဖို့အားယူနေရာမှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး Exchange center ၂ ခုက Bitcoin, litecoin exchange ကို ၁ လတိတိ ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်တာနဲ့ တပြိုင်တည်း ၀ယ်လိုအားကျပြီး ဈေးထိုးကျပါတော့တယ်။ ဆက်တက်မယ်လို့မှန်းပြီး ရောက်ဈေးမှာ ၀ယ်ထားတဲ့သူတွေ အများအပြားရှိနေပါတယ်။ Blockchain overload ဖြစ်တာတင်မကဘဲ cloud flare ဖြစ်တာမျိုးလည်း အလှည့်ကျ ကြုံနေရတဲ့အတွက် နှောင့်နှေးမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း အချိန်မမီလိုက်တဲ့သူတွေ အများအပြား တက်ဈေးမိနေပါတယ်။ (ကျွန်တော်ပါ အပါအ၀င်ပေါ့.. တစ်နေ့လုံး cloud flare ဖြစ်နေပြီး Buy Order မဖြုတ်လိုက်ရပါ).. ဒီလို blockchain overload, cloud flare တို့ကြောင့် တခြား coin တွေလည်းဈေးကစားမှု သိသိသာသာနည်းနေပါတယ်။

bitcoin ဟာ လက်ရှိ ဈေးမှာသာ ငြိမ်နေပြီး အတက်ကျပုံမှန်ဖြစ်နေမယ့် သဘောရှိပါတယ်။ ၀ယ်စုမယ်ဆိုရင်လည်း ပျော်ပျော်ကြီး ၀ယ်စုနိုင်ပါပြီ။ နောက် ၁ လကြာလို့ တရုတ်ဈေးကွက် ပြန်ဖွင့်မယ်ဆိုရင် ၀ယ်လိုအား ထောင်တက်လာမလားဆိုတာ??? ကိုယ်တိုင် စဉ်းစားကြည့်နိုင်ပါတယ်။ C-Cex မှာ bitcoin ဈေး $1000 မှာငြိမ်နေပြီး exmo မှာ $983 မှာရောက်နေပါတယ်။ blockchain market မှာတော့ $979.82 ဖြစ်ပါတယ်။ 900~1000 ကြား ပုံမှန်တက်ဆင်းနေမယ်ထင်ပါတယ်။

>> Visit to exmo

______________________________________________
Written by Bitcoin Seeker (10.2.2017)