Tuesday, January 9, 2018

Bitcoin Hard Fork လုပ်တယ်ဆိုတာ



BTC Hard fork လုပ်တယ်ဆိုတာက Bitcoin Protocol ကို နှစ်ပိုင်းခွဲလိုက်တာပါပဲ။ Bitcoin နည်းပညာဟာ open source ဖြစ်တဲ့အတွက် လူတိုင်း အလွယ်တကူ ပြုပြင်မွမ်းမံလို့ရတယ်။ သို့ပေမယ့် Bitcoin ကို တိုက်ရိုက်ပြုပြင်ခွင့်မရှိဘူး။ တစ်ကမ္ဘာလုံးက Bitcoin ပညာရှင်တွေ စုပေါင်း အတည်ပြုမှ ပြုပြင်ခွင့်ရှိတယ်။ ပြုပြင်ခွင့်မရှိပေမယ့် သူ့ရဲ့ blockchain protocol ကို ခွဲထုတ်ပြီး အသစ်ဖန်တီးလို့ရတယ်။ မူလ btc ထက် ပိုကောင်းတဲ့နည်းပညာတွေ ထည့်သွင်းပြင်ဆင်ပြီး ခွဲထွက်လို့ရတယ်။ 

ဘယ်သူတွေလုပ်ကြလဲဆိုရင် Bitcoin miner တွေနဲ့ Bitcoin developer တွေ စုပေါင်းပါဝင်တဲ့ စီးပွားရေးအဖွဲ့အစည်းတွေဖြစ်တယ်။ သူတို့က မူလ Bitcoin ထက်ပိုကောင်းတဲ့ ငွေအလွှဲအပြောင်း ပိုမိုမြန်ဆန်တဲ့ Bitcoin တစ်မျိုးကို ထုတ်လိုကြတယ်။ ရှေ့အဆက်ဆက်ကလည်း Bitcoin ကို အဖွဲ့အစည်းအမျိုးမျိုးက ခွဲထုတ်ခဲ့ကြတယ်။ အောင်မြင်ပြီး ဆက်လက်တည်တံ့နေတာလည်းရှိသလို အစအန ရှာမရအောင် ပျောက်ကွယ်သွားတာလည်းရှိတယ်။

Bitcoin Hard fork လုပ်တဲ့အခါ လက်ရှိထွက်ရှိပြီးဖြစ်တဲ့ မူလ Bitcoin ပမာဏအတိုင်း ခွဲထုတ်မှာဖြစ်သလို တန်ဖိုးအနေနဲ့လည်း မူလ Bitcoin တန်ဖိုးထဲက % နဲ့ခွဲထုတ်လိုက်မှာဖြစ်တယ်။ တန်ဖိုးခွဲဝေမှုကလည်း ရင်းနှီးမတည်ငွေပေါ်မှာ မူတည်တွက်ချက်မှာဖြစ်တယ်။ ငွေကြေးသဘောတရားအတိုင်းပဲ ထုတ်ချင်တိုင်း ထုတ်မရပါဘူး။ ထုတ်ချင်တိုင်းထုတ်နေရင် ဖောင်းပွမှုကျိန်းသေဖြစ်မှာပါပဲ။

ဒီလို ခွဲထုတ်လိုက်တဲ့အခါ  မူလ Bitcoin (Bitcoin-A) နဲ့ Bitcoin-B ဆိုပြီး ထွက်လာမယ်။ သင့် Wallet ထဲမှာ 1 Bitcoin-A ရှိရင် 1 Bitcoin-B ရရှိမယ်။ ဒါဟာ wallet ထဲက မူလ Bitcoin ကို နှစ်ဆပွားပေးတာမဟုတ်ဘူး။ ဒီလိုရရှိဖို့ကလည်း Wallet က Support လုပ်မှရမယ်။ တကယ်လို့ Support မလုပ်တဲ့ Wallet ထဲ ထည့်ထားမိရင်၊ Exchange site ရဲ့ Wallet ထဲထည့်ထားမိရင် Forked coin ရမှာမဟုတ်ပါဘူး။ ဒီအခါ Support လုပ်တဲ့ Wallet ထဲ ပို့လိုက်ရင် Forked coin ရရှိနိုင်ပါတယ်။ မရဘူးဆိုတာဟာ မိမိ Bitcoin ဟာ Forked ပေးပြီးဖြစ်တဲ့ Bitcoin ဖြစ်နေလို့ပါပဲ။ ဘယ် Bitcoin ဟာ Forked လုပ်ပြီးပြီလဲဆိုတာ Blockchain protocol က ခွဲခြမ်းသိရှိပါတယ်။ တချို့က ဒါကို သဘောမပေါက်ကြတော့ ငါ့ Bitcoin တွေကျ မခွဲပေးပါလားဆိုပြီး ဆိုင်ရာ wallet ကို complain တက်ကြပါတယ်။

Bitcoin Hard fork လုပ်တဲ့အခါ မူလ Bitcoin တန်ဖိုးလည်း အထိုက်အလျောက်ကျပါလိမ့်မယ်။ Bitcoin-B ရဲ့ ရင်းနှီးမတည်ငွေအချိုးပေါ်မူတည်ပြီး ခွဲထုတ်လိုက်တဲ့ % လောက်သာ Bitcoin-A မှာ လျော့ကျမယ်။ ဒီ Bitcoin Hard forked coin တွေဟာလည်း ICO တွေရဲ့သဘောအတိုင်းပဲ ပထမအဆင့်မှာ ရင်းနှီးမတည်ငွေတွေပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်တယ်။ ဒုတိယအဆင့် ဈေးကွက်ရောက်တဲ့အခါမှာ Trader တွေရဲ့ ဈေးကစားမှုပေါ်မူတည်ပြီး အတက်အကျဖြစ်ပေါ်လာတယ်။ သူ့ရဲ့ Ecosystem ကောင်းရင်ကောင်းသလောက် လူသုံးများရင် များသလောက် သူ့တန်ဖိုးလည်း တက်လာနိုင်ပါတယ်။

written by Bitcoin Seeker

ICO တွေဝယ်ယူတဲ့အခါ



ပထမအဆင့် Pre-Sale နဲ့ ဒုတိယအဆင့် Crowdsale/Token sale ဆိုပြီး အဆင့်နှစ်ဆင့်ရှိတယ်။ pre-sale အဆင့်မှာ လူတိုင်းဝယ်ယူခွင့်မရဘူး။ အကြီးစား ရင်းနှီးမြှုပ်နှံသူတွေကိုသာရောင်းချတယ်။ အနည်းဆုံး $1000 မှစတယ်။ အချိန်ကာလအားဖြင့် တချို့က တစ်ပတ်၊ တချို့က နှစ်ပတ် အသီးသီးရှိတယ်။ ဒီပထမအဆင့်မှာ ICO တန်ဖိုးက အင်မတန်နည်းတယ်။ ဥပမာ- BTC နဲ့ဆိုရင် 0.00001 btcသတ်မှတ်ပြီးရောင်းပေးတယ်။ ဒီပထမအဆင့်ပြီးရင် အရင်းအနှီးနည်းနည်းနဲ့ဝယ်ယူမယ့် အသေးစား ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းချပေးတယ်။ အချိန်ကာလအားဖြင့် တစ်လ။ ဒီတစ်လအတွင်းမှာ အဆင့် ၃ ဆင့်၊ သို့မဟုတ် ၄ ဆင့် ခွဲရောင်းတယ်။ ဒီအခါမှာ token ဈေးနှုန်းက ပထမအဆင့် 0.00001 btc မဟုတ်တော့ဘဲ ပထမအဆင့်ကရတဲ့ ငွေအရင်းအနှီးပမာဏ၊ ဖြန့်ချိပေးမယ့် token ပမာဏတွေအပေါ်မူတည်တွက်ချက်ပြီး တန်ဖိုးတက်လာတယ်။ Token တွေကို တစ်ပတ်လျှင် ဈေးနှုန်းတစ်မျိုးနဲ့ လေးပတ်အတွက် လေးဆင့်ခွဲရောင်းမယ်ဆိုရင်-
ဥပမာအနေနဲ့
ပထမအပတ် - btc 0.0001
ဒုတိယအပတ် - btc 0.00015
တတိယအပတ် - btc 0.0002
စတုတ္ထအပတ် - btc 0.00025  စသဖြင့် အသီးသီးသတ်မှတ်ရောင်းချပေးမယ်ပေါ့။

နောက်ဆုံးအပတ်ပြီးရင် token ရောင်းချမှုပိတ်သိမ်းပြီး ဈေးကွက်ပို့ဖို့ လုပ်ပါမယ်။ ဈေးကွက်ပို့ဖို့အတွက် အလွန်ဆုံး နှစ်ပတ်အထိကြာပါတယ်။ ဈေးကွက်ပေါ်ရောက်တဲ့အခါ coin တန်ဖိုးဟာ နောက်ထပ် ရင်းနှီးရရှိလာတဲ့ငွေပမာဏပေါ်မူတည်တွက်ချက်ပြီး ဥပမာ- btc 0.0003 လောက်နဲ့ စ၀င် ပါလိမ့်မယ်။ ဈေးကွက်ရောက်ပြီဆိုတာနဲ့ coin တန်ဖိုးဟာ ပထမ pre-sale ပေါက်ဈေးအထိ (သို့မဟုတ်) သူ့ထက်ပို၍ ကျဆင်းပါမယ်။ ဘာကြောင့်ပါလဲ။ ဈေးကွက်ရောက်တဲ့အခါ မူလ၀ယ်ယူထားသူတွေ က ငွေပြန်ဖော်ကြတဲ့အတွက် အပြိုင်အဆိုင်ဈေးလျှော့ရောင်းကြလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစောဆုံးဝယ်ထားသူတွေဟာ အမြတ်ရဖို့ ကျိန်းသေပြီး နောက်ဆုံးမှ ၀ယ်မိသူတွေအနေနဲ့ အမြန်ရောင်းဖို့တောင် မမီဘဲ ပိုက်မိနေတတ်ပါတယ်။ ဒီ ICO တွေရဲ့ တန်ဖိုးဟာ ICO ဘ၀မှာ ရင်းနှီးမြှုပ်နှံသူတွေပေါ်မှီခိုပြီး၊ ဈေးကွက်ရောက်ပြီဆိုတာနဲ့ Trader တွေရဲ့ ဈေးကစားမှုပေါ် မှီခိုသွားပါတယ်။ (ဥပမာအနေနဲ့ Paragon(PRG) ဟာ token sale တုန်းက $1 နဲ့ရောင်းခဲ့ပေမယ့် ဈေးကွက်ထဲမှာ $1 အောက်ကျသွားတာတွေ့နိုင်ပါတယ်။) နောက်ခံ စီးပွားရေးအင်အား မကောင်းတဲ့ coin တွေဆိုရင် နာလန်ပြန်ထဖို့ အတော်ကြာတတ်ပါတယ်။

ဒါကြောင့်မို့ ICO token တွေ ၀ယ်ယူမယ်ဆိုရင် အစောဆုံးဝယ်နိုင်အောင် ကြိုးစားပါ။ အမြန်ဆုံးရောင်းနိုင်အောင် လုပ်ပါ။ နောက်ကျရင် နှေးနေရင်တော့ ခံရပါလိမ့်မယ်။

written by Bitcoin Seeker

Trading, Investing and Saving



Crypto အရောင်းအ၀ယ်လုပ်တာကို Trading လုပ်တယ်လို့ မခေါ်ဘူးဆိုပြီး ပြောတဲ့သူတချို့ကြောင့် Trading ဆိုတာဘာကိုခေါ်ပါသလဲလို့ လာမေးသူတချို့ရှိပါတယ်။ နောက်ထပ်မသိသေးသူတွေလည်း ရှိမယ်ထင်လို့ ယခင်ရေးထားတာလေးပြန်ရှာပြီး ဖြည့်စွက်ရေးပေးပါတယ်။

Trading ရဲ့ အဓိပ္ပာယ်က ဘာလဲ။ ကုန်သွယ်ရောင်းဝယ်ခြင်းဖြစ်ပါတယ်။ ဒါဆိုရင် Trading Law (ကုန်သွယ်မှုဥပဒေသ) ဆိုတာရော သိမယ်ထင်ပါတယ်။ ဒီဥပဒေသမှာ ရောင်းသူဝယ်သူ ရှိရမယ်၊ ရောင်းကုန်ပစ္စည်းရှိရမယ်၊ ဈေးကွက်ရှိရမယ်။ ဒီသုံးခုပြည့်စုံမှသာလျှင် ဒီဥပဒေသထဲ အကျုံးဝင်ပါမယ်။ ကိုယ်ဝယ်ထားတဲ့ ကုန်ပစ္စည်းကို ကိုယ်လိုချင်တဲ့ဈေး၊ ကိုယ်ရောင်းချင်တဲ့နေရာမှာ အချိန်မရွေး ရောင်းဝယ်နိုင်ခွင့်ရှိရမယ်။ ဒါသည်ပင် Trading လို့ခေါ်ပါတယ်။ ဈေးထဲမှာ ဟင်းရွက် ကန်စွန်းရွက်ရောင်းဝယ်ဖောက်ကားနေသူတွေလည်း Trader တွေပါပဲ။ အသေးစား၊ အလတ်စား၊ အကြီးစား ဆိုပြီးကွဲပြားပါတယ်။

Forex, Binary မှာ ဒီဥပဒေသအကျုံးဝင်ပါရဲ့လား သေချာကြည့်သင့်ပါတယ်။ တကယ်တော့ forex, binary တွေဟာ trading ဥပဒေသထဲ အကျုံးမ၀င်ပါဘူး။ gambler ဥပဒေသထဲ ပါဝင်သွားပါတယ်။ သူတို့ကိုကြည့်ရင် ပြင်ပလောကမှာ အချိန်နဲ့အမျှ အတက်အကျဖြစ်ပေါ်နေတဲ့ ငွေကြေးစီးကြောင်းတစ်ခုကို အတက်အကျခန့်မှန်းပြီး ကစားရတာဖြစ်ပါတယ်။ Buy/Sell တော့ ဟုတ်ပေမယ့် ကိုယ် buy သမျှ ကိုင်ထားလို့မရပါဘူး။ ဘယ်အချိန်မှာ ကျလိမ့်မယ်ဆိုပြီး ကျဈေးကိုရွေးလိုက်လို့ ကိုယ်ဝယ်ထားတာထက် ကျသွားခဲ့ရင် ကိုယ်မြတ်ပါတယ်။ တက်ရင်တော့ ရှုံးပါတယ်။ ဒါဟာ ကံစမ်း ပညာစမ်းကစားရတဲ့ ဒိုင်လက်ထဲ ကံတရားမရှိတဲ့ လောင်းကစား တစ်မျိုးပါပဲ။ ဘောလုံးပွဲလောင်းခြင်းဟာလည်း ဒီသဘောပါပဲ။

Trading လို့ဆိုလိုက်တာနဲ့ Investing ကလည်း ပါဝင်ပြီးဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုမရှိဘဲ Trading လုပ်လို့မရပါဘူး။ Investing ဆိုတာကရောဘာလဲ၊ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ စုဆောင်းခြင်း (Saving) မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အကျိုးအမြတ်ရှိပါတယ်။ ဒီတိုင်း မြှုပ်နှံထားရုံနဲ့ အကျိုးအမြတ်က တိုးပွားမလာပါဘူး။ အချိန်တန်ရင် ထုတ်ရောင်းပေးရပါမယ်။ ဒါမှသာလျှင် အကျိုးအမြတ်တိုးပွားလာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို အမြတ်များများရဖို့အတွက် အချိန်တော်တော်ကြာ ကိုင်ထားသင့်ရင် ကိုင်ထား စုထားရပါတယ်။ ပြန်မရောင်းဘဲ စုဆောင်းရုံပဲ စုဆောင်းနေမယ်ဆိုရင်တော့ Saving ပဲ ဖြစ်ပါလိမ့်မယ်။ ငွေကို အိပ်ခိုင်းထားတဲ့သဘောပါပဲ။ တချို့က ငွေကို ရှယ်ယာ ၀င်ပြီး အတိုးထုတ်စားနေတာကိုပဲ Investing လုပ်တယ်ထင်ကြပါတယ်။ တကယ်တော့ အဲ့ဒီငွေတွေဟာ အိပ်မနေပါဘူး။ ကိုယ်ရင်းနှီးထည့်ဝင်လိုက်တဲ့ အဲ့ဒီငွေတွေကို လက်ခံသူက အရောင်းအ၀ယ်လုပ်ပြီး အမြတ်ရှာရတာပါပဲ။ သူတို့လည်း အလှစုထားပြီး အတိုးမပေးနိုင်ပါဘူး။ Trader တွေဟာ Investing လည်းလုပ်ရသလို၊ Saving လည်းလုပ်ပေးရပါတယ်။
____________________________________
written by Bitcoin Seeker