aaaaShowing posts with label FaucetHUB. Show all posts
Showing posts with label FaucetHUB. Show all posts

Sunday, November 12, 2017

FaucetHUB ဖြင့် Bitcoin အပါအ၀င် Altcoin များ Free ရယူခြင်း


 faucethub

1.1 Free earning from FaucetHUB faucets

FaucetHUB အကြောင်း 
FaucetHUB ဆိုတာ Faucet site ထောင်ချင်တဲ့ faucet owner တွေနဲ့ bitcoin, altcoin တွေ free ရယူလိုတဲ့ faucet claimer တွေကြား ငွေပေးငွေယူမှု လွယ်ကူအောင် ကြားခံလုပ်ဆောင်ပေးတဲ့ micro wallet တစ်ခုဖြစ်ပါတယ်။ Faucet တွေမှာ တစ်ခါ claim ရင် satoshi လေးတွေသာရပါတယ်။ ဒါတွေကို micro wallet ထဲမှာ ယာယီစုဆောင်းပေးထားတဲ့သဘောဖြစ်ပါတယ်။ သတ်မှတ်ပမာဏပြည့်တဲ့အခါ main wallet ထဲသို့ ပို့ပေးပါတယ်။ Faucet owner တွေအတွက်လည်း faucet hub မှတဆင့် မိမိတို့ရဲ့ faucet balance ထဲသို့ ငွေဖြည့်သွင်းနိုင်စေပါတယ်။ FaucetHUB script ကိုအသုံးပြုထားတဲ့ faucet တွေ က အများဆုံးနဲ့ အကောင်းဆုံးဖြစ်နေပါတယ်။ FaucetHUB script သုံးထားတဲ့ faucet တွေမှာ လုပ်မယ်ဆိုရင် FaucetHUB account ရှိထားဖို့လိုပါတယ်။

FaucetHUB မှာ သူ့ script သုံးထားတဲ့ Faucet တွေအကုန် စာရင်းရှိနေပြီး၊ Faucet များတင်မဟုတ်ဘဲ Game, Gambling, PTC, Offer wall, Survey, Mining အစရှိသဖြင့် free ရှာနိုင်တဲ့ program များစွာ ချိတ်ဆက်ရေးဆွဲပေးထားပါတယ်။ Offer wall, Survey ကလွဲရင် ကျန်တာတွေက အင်မတန်လွယ်ကူပါတယ်။ Offer wall, Survey တို့ဟာ ခက်ခဲလွန်းတဲ့အတွက် လုပ်တတ်ရင် တခြား ပရိုဂရမ်တွေထက် ပိုမိုရရှိနိုင်ပါတယ်။

FaucetHUB ဟာ SCAM ဖြစ်နိုင်တဲ့အလားအလာမရှိပါဘူး။ SCAM ဖြစ်လို့လည်း မရပါဘူး။ သူ့ script သုံးထားတဲ့ faucet တွေ မြောက်မြားစွာရှိပါတယ်။ သူ့အနေနဲ့ တွက်ချေမကိုက်လို့၊ မလုပ်ချင်တော့လို့ဆိုတဲ့အကြောင်းပြချက်နဲ့သာလျှင် ပိတ်ပစ်နိုင်ချေပဲရှိပါတယ်။ ပိတ်ပစ်မယ်ဆိုရင်လည်း ကြိုတင်အသိပေးရပါတယ်။ ယခင် micro wallet တချို့လည်း ပိတ်သွားကြတာရှိပါတယ်။ ကြိုတင်အသိပေးပြီးမှ ပိတ်သွားတာပါပဲ။ နောက်ဆုံးပိတ်သွားတာကတော့ faucetScript ဖြစ်ပါတယ်။ သူ့အစား faucetSystem ထွက်လာတာပဲဖြစ်ပါတယ်။

FaucetHUB အကြောင်းသိပြီဆိုရင် အောက်ပါခေါင်းစဉ်များထဲက သင်သိလိုတာကို နှိပ်ပြီး လေ့လာနိုင် ပါတယ်-

1. Register လုပ်ဆောင်ခြင်း
2. Faucet များမှတဆင့် Bitcoin နှင့် အခြား coin များရယူခြင်း
3. FaucetHUB mining အသုံးပြု၍ Bitcoin ရယူခြင်း
4. Wallet address အသစ်များ ပေါင်းထည့်ခြင်း နှင့် ငွေထုတ်ယူခြင်း
5. PTC Wall မှတဆင့် Bitcoin ရယူခြင်း