Tuesday, January 9, 2018

Bitcoin Hard Fork လုပ်တယ်ဆိုတာ



BTC Hard fork လုပ်တယ်ဆိုတာက Bitcoin Protocol ကို နှစ်ပိုင်းခွဲလိုက်တာပါပဲ။ Bitcoin နည်းပညာဟာ open source ဖြစ်တဲ့အတွက် လူတိုင်း အလွယ်တကူ ပြုပြင်မွမ်းမံလို့ရတယ်။ သို့ပေမယ့် Bitcoin ကို တိုက်ရိုက်ပြုပြင်ခွင့်မရှိဘူး။ တစ်ကမ္ဘာလုံးက Bitcoin ပညာရှင်တွေ စုပေါင်း အတည်ပြုမှ ပြုပြင်ခွင့်ရှိတယ်။ ပြုပြင်ခွင့်မရှိပေမယ့် သူ့ရဲ့ blockchain protocol ကို ခွဲထုတ်ပြီး အသစ်ဖန်တီးလို့ရတယ်။ မူလ btc ထက် ပိုကောင်းတဲ့နည်းပညာတွေ ထည့်သွင်းပြင်ဆင်ပြီး ခွဲထွက်လို့ရတယ်။ 

ဘယ်သူတွေလုပ်ကြလဲဆိုရင် Bitcoin miner တွေနဲ့ Bitcoin developer တွေ စုပေါင်းပါဝင်တဲ့ စီးပွားရေးအဖွဲ့အစည်းတွေဖြစ်တယ်။ သူတို့က မူလ Bitcoin ထက်ပိုကောင်းတဲ့ ငွေအလွှဲအပြောင်း ပိုမိုမြန်ဆန်တဲ့ Bitcoin တစ်မျိုးကို ထုတ်လိုကြတယ်။ ရှေ့အဆက်ဆက်ကလည်း Bitcoin ကို အဖွဲ့အစည်းအမျိုးမျိုးက ခွဲထုတ်ခဲ့ကြတယ်။ အောင်မြင်ပြီး ဆက်လက်တည်တံ့နေတာလည်းရှိသလို အစအန ရှာမရအောင် ပျောက်ကွယ်သွားတာလည်းရှိတယ်။

Bitcoin Hard fork လုပ်တဲ့အခါ လက်ရှိထွက်ရှိပြီးဖြစ်တဲ့ မူလ Bitcoin ပမာဏအတိုင်း ခွဲထုတ်မှာဖြစ်သလို တန်ဖိုးအနေနဲ့လည်း မူလ Bitcoin တန်ဖိုးထဲက % နဲ့ခွဲထုတ်လိုက်မှာဖြစ်တယ်။ တန်ဖိုးခွဲဝေမှုကလည်း ရင်းနှီးမတည်ငွေပေါ်မှာ မူတည်တွက်ချက်မှာဖြစ်တယ်။ ငွေကြေးသဘောတရားအတိုင်းပဲ ထုတ်ချင်တိုင်း ထုတ်မရပါဘူး။ ထုတ်ချင်တိုင်းထုတ်နေရင် ဖောင်းပွမှုကျိန်းသေဖြစ်မှာပါပဲ။

ဒီလို ခွဲထုတ်လိုက်တဲ့အခါ  မူလ Bitcoin (Bitcoin-A) နဲ့ Bitcoin-B ဆိုပြီး ထွက်လာမယ်။ သင့် Wallet ထဲမှာ 1 Bitcoin-A ရှိရင် 1 Bitcoin-B ရရှိမယ်။ ဒါဟာ wallet ထဲက မူလ Bitcoin ကို နှစ်ဆပွားပေးတာမဟုတ်ဘူး။ ဒီလိုရရှိဖို့ကလည်း Wallet က Support လုပ်မှရမယ်။ တကယ်လို့ Support မလုပ်တဲ့ Wallet ထဲ ထည့်ထားမိရင်၊ Exchange site ရဲ့ Wallet ထဲထည့်ထားမိရင် Forked coin ရမှာမဟုတ်ပါဘူး။ ဒီအခါ Support လုပ်တဲ့ Wallet ထဲ ပို့လိုက်ရင် Forked coin ရရှိနိုင်ပါတယ်။ မရဘူးဆိုတာဟာ မိမိ Bitcoin ဟာ Forked ပေးပြီးဖြစ်တဲ့ Bitcoin ဖြစ်နေလို့ပါပဲ။ ဘယ် Bitcoin ဟာ Forked လုပ်ပြီးပြီလဲဆိုတာ Blockchain protocol က ခွဲခြမ်းသိရှိပါတယ်။ တချို့က ဒါကို သဘောမပေါက်ကြတော့ ငါ့ Bitcoin တွေကျ မခွဲပေးပါလားဆိုပြီး ဆိုင်ရာ wallet ကို complain တက်ကြပါတယ်။

Bitcoin Hard fork လုပ်တဲ့အခါ မူလ Bitcoin တန်ဖိုးလည်း အထိုက်အလျောက်ကျပါလိမ့်မယ်။ Bitcoin-B ရဲ့ ရင်းနှီးမတည်ငွေအချိုးပေါ်မူတည်ပြီး ခွဲထုတ်လိုက်တဲ့ % လောက်သာ Bitcoin-A မှာ လျော့ကျမယ်။ ဒီ Bitcoin Hard forked coin တွေဟာလည်း ICO တွေရဲ့သဘောအတိုင်းပဲ ပထမအဆင့်မှာ ရင်းနှီးမတည်ငွေတွေပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်တယ်။ ဒုတိယအဆင့် ဈေးကွက်ရောက်တဲ့အခါမှာ Trader တွေရဲ့ ဈေးကစားမှုပေါ်မူတည်ပြီး အတက်အကျဖြစ်ပေါ်လာတယ်။ သူ့ရဲ့ Ecosystem ကောင်းရင်ကောင်းသလောက် လူသုံးများရင် များသလောက် သူ့တန်ဖိုးလည်း တက်လာနိုင်ပါတယ်။

written by Bitcoin Seeker

0 comments:

Post a Comment