Sunday, February 8, 2015

Your Future Business - MyTrafficValue (MTV) Review

http://bit.ly/1vxpDLRသင့်အနာဂတ် စီးပွားရေး
(သို့မဟုတ်)
MyTrafficValue (MTV) အား ဆန်းစစ်လေ့လာခြင်း


Access to MyTrafficValue
http://bit.ly/1vxpDLR

MyTrafficValue (MTV) ထဲသွားဖို့အပေါ်ကပုံကို နှိပ်လိုက်ပါ.. Register Page ကိုရောက်သွားပါမယ်..။ PaidVerts မှာ member ၀င်ပြီးသားဆိုရင် Register ထပ်လုပ်ဖို့မလိုပါဘူး..။ Login ကိုနှိပ်ပြီး PaidVerts Login အတိုင်း ၀င်နိုင်ပါပြီ..။ ဘယ်မှာမှ မ၀င်ရသေးရင်တော့ ဖြည့်စရာရှိ ဖြည့်ပြီး Register လုပ်လိုက်ပါ..။ Register လုပ်နည်း မသိရင် ဒီလင့်ကို နှိပ်ပြီး PaidVerts Register မှာ သွားလေ့လာပါ..။

MyTrafficValue Intro
MyTrafficValue ကို April 2012 မှာ လွှင့်တင်ခဲ့တာဖြစ်ပါတယ်..။ သူ့ရဲ့ business model ဟာ တခြား business တွေနဲ့ မတူကွဲပြားပြီး တမူထူးခြားတဲ့ သွင်ပြင်လက္ခဏာ ရှိပါတယ်..။ Portfolio product များစွာကို ရေးဆွဲထားပြီး အချိန်တိုလေးအတွင်းမှာ အရင်းကျေ အမြတ်ရရှိနေပြီဖြစ်ပါတယ်..။

PTC (Paid To Click) ခေတ်စားလာတဲ့ 2013 ခုနှစ်လောက်မှာ ဘယ် PTC မှာမှ မရှိတဲ့ ပုံစံမျိုးနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အကျိုးအမြတ်ရနိုင်တဲ့ PaidVerts ကို ထုတ်လုပ်ခဲ့တာ.. အချိန်တိုလေးအတွင်းမှာ ကြီးမားတဲ့ အောင်မြင်မှုရရှိခဲ့ပါတယ်..။ PaidVerts ကိုထုတ်ပြီးနောက်ပိုင်း MTV မှာတော်တော်လေးကို အကျိုးဖြစ်ထွန်းလာခဲ့ပါတယ်..။

MTV ဟာ ပွင့်လင်းမြင်သာမှုရှိတာနဲ့အညီ နေ့စဉ်သတင်းအသစ်တွေကိုလည်း MTV forum မှာ အမြဲမပြတ်တင်ပြီး member တွေနဲ့ ရင်းနှီးနွေးထွေးစွာပြောဆို ဆွေးနွေးလေ့ရှိပါတယ်..။ တရားဝင် အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ Future Business Group ဟာနေရာစုံမှာ ရင်းနှီးမြှုပ်နှံပြီး MTV ကို ကျားကန်ပေးထားတဲ့အတွက်လည်း MTV ဟာ ဘယ်လိုမှ လဲပြိုမယ့် business မဟုတ်ဘူးဆိုတာ ယုံကြည်နိုင်ပါတယ်...။

http://bit.ly/1vxpDLR

Making Money at MyTrafficValue
MyTrafficValue မှာ စိတ်အေးချမ်းသာစွာ ငွေရနိုင်တဲ့ product တွေ ရှိပါတယ်..။ FTQ (Fast Track Queue) Invest plans, Sharesholder, Cash Casino Games, Referring Friends, PTC PaidVerts, Voting game အပြင် နောက်ထပ် plan အသစ်တွေလည်း ထပ်မံ ရေးဆွဲနေပါတယ်..။

Earn money with Invests
ရင်းနှီးမြှုပ်နှံဖို့အတွက် Invest ကိုနှိပ်လိုက်ပါ.. အောက်ပုံကိုတွေ့ပါမယ်..


Invest in the FTQ 186% and 250% plans


ဒီ FTQ plan များဟာ MyTrafficValue ရဲ့ အဓိက ကျောရိုးပဲဖြစ်ပါတယ်..။ FTQ ရင်းနှီးငွေ တွေကို မြန်မြန်နဲ့များများ မြတ်မယ့် ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေ၊ နေရာစုံ Site စုံ business တွေ မှာ ပြန်လည် ရင်းနှီးပြီး အဲ့က ထွက်လာတဲ့ profit တွေကို ရင်းနှီးမြှုပ်နှံသူဆီ အချိုးကျ ပြန်လည် ခွဲဝေပေးတာ ဖြစ်ပါတယ်..။

186% plan ကို member အားလုံး invest လုပ်နိုင်ပါတယ်..။ 186% ဆိုတဲ့အတိုင်း 186% အပြည့်ပြန်ရမှာပါ..။ $1 ကနေ စတင်ပြီး ကြိုက်သလောက် invest လုပ်နိုင်ပါတယ်..။  186% ပြည့်တဲ့အခါ  $1.86 ပြန်ရမှာဖြစ်ပါတယ်..။

250% plan ကိုတော့ premium member များသာ invest လုပ်ခွင့်ရှိပါတယ်..။ premium အဖြစ် upgrade လုပ်မှ ရပါမယ်..။ 250% ဆိုတဲ့အတိုင်း ရင်းငွေရဲ့ 250% ပြန်ရမှာဖြစ်ပါတယ်..။

ဒီ plan တွေဟာ နေ့စဉ် အမြတ်ငွေ ထုတ်ပေးမယ့် plan မဟုတ်ပါဘူး..။ ရင်းနှီးမြှုပ်နှံမှု သံသရာ တစ်ပတ်လည်ပြီး 186%, 250% ပြည့်တဲ့အချိန်မှ အပြည့်အ၀ပြန်ရမှာပါ..။ ကြာမြင့်မယ့်အချိန်က ရက်ပေါင်း 110~170 ထိကြာနိုင်ပါတယ်..။ ဒါက ခန့်မှန်းခြေပါ.. တဆင့် ပြန်လည်ရင်းနှီးထားတဲ့ business တွေ၊ product တွေမှာ ငွေမြန်မြန်ပေါ်ရင် သတ်မှတ်ချိန်ထက် စောနိုင်ပါတယ်..။ ဘဏ်မှာငွေမြှုပ်နှံထားတဲ့သဘောနဲ့ အတူတူပါပဲ..။ တစ်နှစ်ကို 2~5% သာရတဲ့ ဘဏ်အတိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီ Plan တွေမှာ မြှုပ်နှံတာက အကျိုးအမြတ်ပိုများပါတယ်...။

186% မှာ ရင်းချင်တယ်ဆိုရင်.. 186% ရဲ့ Invest Now ကိုနှိပ်လိုက်ပါ.. အောက်ပုံကိုတွေ့ပါမယ်..


ပုံပါအတိုင်း $ အကွက်မှာ သင် ရင်းချင်တဲ့ ပမာဏ ထည့်ပါ.. $1 ရင်းချင်ရင် 1 လို့ထည့်ပါ..။ သူ့ဘေးက Payment အကွက်မှာ သင်ငွေသွင်းမယ့် Payment ကိုရွေးပြီး Invest Now ကိုနှိပ်လိုက်ရုံပါပဲ..။ တစ်ရက်ကို တစ်ကြိမ်သာ invest လုပ်ခွင့်ရှိပါတယ်..။

Own the business - become a shareholder


MyTrafficValue မှာ ရှယ်ယာဝင်တာဖြစ်လို့ သင်ဟာ MTV ရဲ့ ရှယ်ယာရှင်အဖြစ်ရပ်တည်နိုင်ပါတယ်..။ MTV ရဲ့အသားတင်အမြတ်တွေ ကို အပတ်စဉ် တနင်္လာနေ့တိုင်း ရှယ်ယာရှင်တွေဆီ ရှယ်ယာ အရေအတွက်အလိုက် အချိုးကျ ခွဲဝေပေးပါတယ်..။ တစ်နှစ်အတွင်း share တန်ဖိုးရဲ့ 10-20% နဲ့တွက်ချက်ပြီး ပေးတာဖြစ်လို့.. အတက်အကျရှိပါတယ်..။ ရှယ်ယာများရင်များသလို အပတ်စဉ် ၀င်ငွေလည်း များလာပါတယ်..။ ရှယ်ယာ ဆိုတာ တန်ဖိုးရှိပြီး၊ အလားအလာကောင်းတဲ့အတွက် ၀ယ်ကိုင်ထားလို့ အရှုံးမရှိပါဘူး..။

အောက်မှာ MTV user (MikeMazzone) ရဲ့ Jan 12, 2015 နေ့ရတဲ့ အပတ်စဉ် ခွဲတမ်းကိုကြည့်နိုင်ပါတယ်..

ရှယ်ယာဈေးကွက်ကလည်းနေ့စဉ်အတက်အကျရှိပါတယ်။ ဒီတော့ ဈေးကျချိန်မှာဝယ်ထားပြီး တက်တဲ့ အခါ ထုတ်ရောင်းခြင်းအားဖြင့် ROI% တိုးလာနိုင်ပါတယ်..။ ဘယ်လို အခြေအနေမျိုးမှာ Share ဈေးတက်တယ်၊ ကျတယ်ဆိုတဲ့ Share market flow ကို သဘောပေါက်လာတဲ့အခါ ဘယ်လို Trade လုပ်ရမယ်ဆိုတာ အလိုလိုသိလာပါမယ်..။ Share ဈေး အတက်အကျဟာ admin ရဲ့ လက်ထဲမှာ မရှိပါဘူး..။ member တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ investor တွေရဲ့ ရင်းနှီးမြှုပ်နှံမှု အပေါ်မှာ မှီခိုတာဖြစ်ပါတယ်..။

နားလည်အောင်ပြောရရင် သင်ဟာ ကုမ္ပဏီတစ်ခုက ၀န်ထမ်းဖြစ်မယ်..။ ကိုယ့် ကုမ္ပဏီရဲ့ Share ကိုလည်း ၀ယ်ယူပိုင်ဆိုင်ထားမယ်..။ ကုမ္ပဏီ CEO ကအစ အောက်ခြေ သန့်ရှင်းရေးအဆုံး Share ကိုယ်စီနဲ့ ရှိကြမယ်..။ ဒီအခြေအနေမှာ ကုမ္ပဏီရဲ့ Share တန်ဖိုး အတက်အကျကို ကုမ္ပဏီ CEO က သတ်မှတ်လို့ရသလား။ သူစိတ်ကြိုက် တက်စေ၊ ကျစေ လုပ်လို့ရမလား။ မရပါဘူး..။ ကုမ္ပဏီရဲ့ အမြတ်အစွန်းနဲ့ ကုမ္ပဏီမှာ ပြင်ပရင်းနှီးမြှုပ်နှံမှုအပေါ် မူတည်ပြီး အတက်အကျ ဖြစ်ပေါ်လာတာပါ။ ဒီတော့ ကုမ္ပဏီအဖွဲ့သားအားလုံးကလည်း မိမိကုမ္ပဏီကို ပိုပြီးအမြတ်အစွန်းထွက်အောင်၊ ကုမ္ပဏီမှာ ပြင်ပက ရင်းနှီးငွေတွေ ပိုမိုဝင် လာအောင် ကြိုးစားကြရတာပါပဲ..။

ဒီ ရှယ်ယာရှင်အဖြစ်ရပ်တည်တာဟာ အပတ်စဉ် အမြတ်ရရုံသက်သက်ပဲမဟုတ်ဘူး..။  တကယ့် ပြင်ပ ကုမ္ပဏီမှာ လုပ်သလိုပဲ..ကုမ္ပဏီလုပ်ငန်းဆောင်တာ စီမံခန့်ခွဲရေးကို အကူအညီပေးနိုင်တဲ့ အလားအလာ လည်းရှိတယ်..။ သင့်မှာ ရှယ်ယာ ၁၀၀၀ ကျော် ပိုင်တာနဲ့ shareholder's control panel ထဲဝင်ခွင့် ရပြီး member တွေရဲ့ information တွေကို ရှာဖွေကြည့်ရှုနိုင်တယ်..။ member တွေရဲ့ အခက်အခဲကို ကူညီပြီး support ticket တင်ပေးနိုင်တယ်..။ ဘယ်သူတွေက မဟုတ်တာလုပ်နေလဲ ဆိုတာတွေကအစ၊ business ကို ထိခိုက်မယ့်ကိစ္စမှန်သမျှ စောင့်ကြည့် ကူညီနိုင်တယ်..။ ကုမ္ပဏီလုပ်ငန်းရဲ့ တခြားရှုထောင့်တွေမှာလည်း စီမံခန့်ခွဲ ကူညီနိုင်တယ်..။ ဘယ် online business မှာမှ မရှိတဲ့ အခွင့်အရေးမျိုးဖြစ်ပါတယ်..။

Beginner တွေအနေနဲ့ ပုံပါအတိုင်း Invest Now ကိုနှိပ်လိုက်ပါ..။ အောက်ပုံ အတိုင်း Shares Marketplace ကိုရောက်သွားပါမယ်.. ပုံကိုပဲကြည့်လိုက်ပါ.. လုပ်ကြည့်ရင်း နားလည်သွားပါလိမ့်မယ်..။



Buy/Sell your Investments

အပေါ်က FTQ invest တွေကို အရောင်း အ၀ယ် ပြုလုပ်တာပဲဖြစ်ပါတယ်..။ 186% မှာ ရင်းထားတဲ့ သူဟာ 186% အပြည့်ပြန်ရဖို့ ရက်ပေါင်း 170 ကျော်စောင့်ရမယ်..။ အဲ့လောက် မစောင့်ချင် ဘဲ ငွေပြန်ပေါ်ချင်တဲ့အခါ 186% ပြည့်ဖို့ ဘယ်နှရက် ကျန်သေးလဲ ဆိုတဲ့အပေါ်မူတည်ပြီး % လျှော့ယူ ထုတ်ရောင်းလို့ရပါတယ်..။

ဥပမာ.. $1 ရင်းထားတဲ့သူဟာ 186% ပြည့်ရင် $1.86 ရမှာကို 160% ပဲယူပြီး $1.6 ဈေးနဲ့ တင်ထားလိုက်မယ်..။ ၀ယ်သူက 186% အပြည့်ရဖို့ ဘယ်နှရက်ကျန်သေးလဲဆိုတာကိုကြည့်ပြီး ကြိုက်ရင်ဝယ်သွားမယ်..။ 186% ရတဲ့အထိ ဆက်ကိုင်ထား မယ်..။ 186% ရတဲ့အခါ $1.86 ရမှာဖြစ်လို့ $0.26 မြတ်မယ်..။ ရောင်းသူတင်ထားတဲ့ အချိန်မှာ ခန့်မှန်းခြေ 28 ရက်ပဲကျန်တော့တယ်ဆိုရင် ၀ယ်သူကလည်း 28 ရက်နဲ့ (ဒီထက်လည်း စောနိုင်တယ်..) 26% အမြတ်ရမယ်လေ..။ ရောင်းသူကတော့ $1.6 အပြည့် မရပါဘူး.. ရောင်းသူဖက်က ထုံးစံအတိုင်း fee 3% ပေးရတဲ့အတွက် $1.552 သာ ရမှာဖြစ်ပါတယ်..။ FTQ မှာ အစကနေ မရင်းဘဲ ဒီနေရာမှာဝင်ကြည့်ပြီး ကြားဖြတ်ရင်းမယ်ဆိုလည်း မဆိုးပါဘူး..။ ငွေသေ invest ဖြစ်တဲ့အတွက် share လို အတက်/ အကျ မရှိ ပါဘူး..။

http://bit.ly/1zqmsoM


Earn money with Games
လောင်းကစားဝါသနာပါတဲ့သူတွေအတွက်၊ လောင်းကစားနဲ့ အကျိုးပေးသူတွေအတွက်တော့ ရှယ်ပါပဲ။ တကယ့် ငွေသားနဲ့ လောင်းလို့ရပါတယ်..။ Games ကို နှိပ်လိုက်ရင် ပုံပါအတိုင်း Casino Games page ထဲရောက်သွားပါမယ်.. သင်နှစ်သက်ရာ ဆော့ကစားပြီး ငွေ အမြောက်အမြား ရှာဖွေနိုင်ပါတယ်..။


Earn money with Refer Friends
Refer Friends ကိုနှိပ်လိုက်ရင် သင့်အတွက် referral link ကိုတွေ့ပါလိမ့်မယ်..။ အဲ့လင့်ကို သင့် သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများကို ပေးပြီး ၀င်ဖို့ ဖိတ်ခေါ်ခြင်းဖြင့် ကော်မရှင်ခရရှိနိုင်ပါတယ်..။

တစ်ခု သတိပြုသင့်တာက.. သင့် downline အဖြစ်နဲ့ ၀င်သူများရဲ့ အခက်အခဲများ၊ မသိနားမလည်မှု များကို ကောင်းစွာ တာဝန်ယူ သင်ကြားပြသ ကူညီနိုင်ရပါမယ်..။ Refer ရ ပြီးရော မလုပ်သင့်ပါဘူး..။ သင့်အောက်မှာဝင်ပြီး သင့်ဆီကလည်း နည်းပညာပိုင်းဆိုင်ရာ ဘာအကူအညီမှမရလို့ တခြား member တွေဆီ သွားမေးနေရတာမျိုး၊ သူများအချိန်ကို အကျိုးမဲ့ ပြုန်းတီးစေတာမျိုး မဖြစ်သင့်ပါဘူး..။

Earn money with Monitor Voting Game
Monitor Voting Game ဆိုတာ MTV က ရင်းနှီးမြှုပ်နှံထားတဲ့ business တွေဟာ ဒီနေ့ကစ 14 ရက် အထိငွေပေးမလား၊ scam ဖြစ်သွားမလားဆိုတာကို မဲပေးရတာပါ..။ အနည်းဆုံး $0.001 နဲ့ မဲပေးနိုင်ပါတယ်..။

Monitor ကိုနှိပ်လိုက်ရင် အောက်ပုံအတိုင်းတွေ့ပါမယ်..ပုံကိုကြည့်ပါ..

ပုံပါအတိုင်းပဲ MTV က ရင်းနှီးမြှုပ်နှံထားတဲ့ ပြင်ပ business site တွေရဲ့စာရင်းကို ဖော်ပြထားပါတယ်..။  ပုံမှာ Poker Automatics ဟာ ဒီနေ့ကစပြီး နောက် 14 ရက်ထိအောင် ငွေပေးမလား ဆိုတာကို ကိုယ်က YES (or) NO မဲပေးရမှာပါ..  သူ့အောက်က Vote to Earn ကိုနှိပ်ပြီး မဲပေးနိုင်ပါတယ်..။ ကိုယ်နှစ်သက်ရာ site ကိုရွေးချယ် မဲပေးနိုင်သလို၊ အကုန်လုံးကိုလည်း တစ်ခါတည်းမဲပေးနိုင်ပါတယ်..။ ဒါ့အပြင် သင့်မှာ $100 ရှိရင် MTV နဲ့ကပ်ပြီး Invest လုပ်နိုင်ပါတယ်..။ သင့် Invest ကရတဲ့ profit ကို သင့် account ထဲ အပြည့်အ၀ ထည့်ပေးမှာဖြစ်ပါတယ်..။

Game Rule:
သင်ဟာ YES နေရာမှာ $0.01 နဲ့ မဲပေးခဲ့ရင် မဲပေးတဲ့ နေ့ကစပြီး နောက် 14 ရက်ပြည့်လို့ သင်ပေးတဲ့ မဲအနိုင်ရခဲ့ရင် 10 Points ရမှာဖြစ်ပြီး သင်မဲထည့်ခဲ့တဲ့ငွေ $0.01 အပြည့်ပြန်ရမယ့်အပြင် ရှုံးသွားတဲ့ NO ဖက်ကရတဲ့ ငွေစုစုပေါင်းတန်ဖိုးရဲ့ 50% ကို အပိုဆုရမှာဖြစ်ပါတယ်..။

အကယ်၍ သင်ဟာ NO နေရာမှာ $1 နဲ့ မဲပေးခဲ့လို့ အနိုင်ရခဲ့ရင် 1000 Points ရမှာဖြစ်ပြီး သင်မဲထည့်ခဲ့တဲ့ငွေ $1 အပြည့်ပြန်ရမယ့်အပြင် ရှုံးသွားတဲ့ YES ဖက်ကရတဲ့ ငွေတန်ဖိုးရဲ့ 50% ကို အပိုဆုရမှာဖြစ်ပါတယ်..။

အပိုဆုရမယ့် 50% ဟာ မဲအနိုင်ရသူများကို အညီအမျှခွဲပေးမှာဖြစ်ပါတယ်..။ ရှုံးတဲ့ဖက်က ထည့်တဲ့ငွေ များရင် များသလိုပိုရပါတယ်..။ ဒါဟာ ပုံမှန် စည်းမျဉ်းဖြစ်ပါတယ်..။ သက်ဆိုင်ရာ business ရဲ့ Vote တိုင်းမှာ အပိုထည့်ထားတဲ့ စည်းမျဉ်းလည်းရှိပါသေးတယ်..။ YES မှာ နိုင်ခဲ့ရင် 103% ပြန်ရမယ်၊ NO မှာ နိုင်ခဲ့ရင် 5013% ပြန်ရမယ် ဆိုတာမျိုးလည်း ရှိပါတယ်..။ ဒါမျိုးပါရင်တော့ YES မှာနိုင်ခဲ့ရင် သင့် ရင်းငွေရဲ့ 103% ပြန်ရမှာဖြစ်သလို၊ ရှုံးသွားတဲ့ဖက်ကရတဲ့ ငွေစုစုပေါင်းရဲ့ 50% ကိုလည်း ရရှိ မှာဖြစ်ပါတယ်..။

ဒီအချက်တွေက အဓိကမဟုတ်ပါဘူး..။ အဓိကက Point တွေပါပဲ။ Monitor Voting Game မှာ $0.001 ကို 1 Point ပေးပါတယ်..။ $1 နဲ့ မဲပေးလို့ နိုင်ခဲ့ရင် $1 နဲ့အတူ Point 1000 ရမှာဖြစ်ပါတယ်..။ Voting Game မှာ ရှုံးခဲ့ရင်လည်း Point မရရုံသာရှိပြီး ရပြီးသား Point တွေ လျော့မသွားပါဘူး..။

Point Competition
Competition 1 : Weekly $125 Prize Pool
အပတ်စဉ် Point Competition မှာ Rank 1 to 314 ထိ ဆုငွေပေါင်း $125 ပေးမှာဖြစ်ပါတယ်..။ သင့်မှာ Points 1000 ရပြီဆိုတာနဲ့ Weekly $125 Prize Pool မှာ အလိုအလျောက် register ၀င်သွားမှာပါ..။ တစ်ပတ်အတွင်း Rank 1 ကနေ Rank 314 အတွင်းဝင်တာနဲ့ ဆုငွေ ရမှာဖြစ်ပါတယ်..။ နဂိုရပြီးသား Point များ အကျုံးမ၀င်ပါ..။ ဒီနေ့ သင်ထည့်ခဲ့တဲ့ ငွေဟာ 14 ရက်နောက်ပိုင်းမှာ အနိုင်ရခဲ့လို့ ရရှိတဲ့ Point အရေအတွက် (တစ်ပတ်အတွင်းရရှိတဲ့ Point အရေအတွက်) သာ အကျုံးဝင်မှာဖြစ်ပါတယ်..။

Competition 1: Weekly $125 Prize Pool
Rank  Prize
1st$25.00
2nd$12.50
3rd$7.50
4th$5.00
5th - 14th$2.50
15th - 114th$0.25
115th - 314th$0.125

Competition 2: Bi-Annual $2000 Prize Pool
နှစ်စဉ် ၆ လ တစ်ကြိမ် ပြိုင်ပွဲဖြစ်ပါတယ်..။ ဆုကြေးပေါင်း $2000 ဖြစ်ပြီး Rank 1 to 339 ထိ အကျုံးဝင်ပါတယ်..။ Points 50,000 ရတာနဲ့ အလိုအလျောက် register ၀င်သွားမှာပါ..။

Competition 2: Bi-Annual $2000 Prize Pool
Rank  Prize
1st$1000.00
2nd, 3rd$100.00
4th - 9th$50.00
10th - 19th$10.00
20th - 39th$5.00
40th - 339th$1.00

ဒီနေရာအထိ MTV နဲ့ပတ်သက်ပြီး ခြုံငုံသုံးသပ်ကြည့်ရင်  Invest ပဲ ရင်းရင်း၊ Share ပဲကိုင်ကိုင်၊ Voting ပဲလုပ်လုပ် အရှုံး မရှိတာတွေ့ပါလိမ့်မယ်..။  ဒါတောင် Adverting Bid လုပ်တာ မပါသေးပါဘူး..။ Adverting Bid လုပ်တာတောင်မှ အရှုံးမရှိတာတွေ့ရပါတယ်..။ ဒါကြောင့်လည်း MTV မှာ ကြော်ငြာတင်ဖို့ကို တန်းစီ Bid တင်နေကြတာပါပဲ..။ လေလံမနိုင်တဲ့သူကို Refund ပြန်ပေးတဲ့အပြင် နစ်နာကြေးလည်း 101% ပေးမှတော့ဘယ်မှာအရှုံးဆိုတာ ရှိမလဲ..။ နိုင်တဲ့သူကလည်း Point လည်းရတဲ့ အပြင်၊ တင်ခွင့်ရတဲ့ ကြော်ငြာကနေ ပြန်ရတဲ့ အကျိုးအမြတ်က မနည်းပါဘူး..။

ဒီလောက် အကျိုးအမြတ်များတဲ့ MTV မှာ ဘာကြောင့် မ၀င်သေးတာလဲ.. ဘာကို စောင့်နေတာလဲ..။
မ၀င်ရသေးရင် ခုပဲ အောက်ကပုံကိုနှိပ်ပြီး ၀င်လိုက်ပါ..

Access to MyTrafficValue >>>
http://bit.ly/1vxpDLR


Earn money with PTC PaidVerts
MTV မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ဘူး၊ ရင်းဖို့လည်း ငွေမရှိဘူး ဆိုရင်လည်း MTV ရဲ့ product ဖြစ်တဲ့ PTC PaidVerts မှာ ငွေတစ်ပြားမှ မရင်းဘဲ ကြော်ငြာကြည့်ပြီး ငွေရှာနိုင်ပါတယ်။ တစ်နေ့ကို $0.1 ရနိုင်တဲ့အတွက် 10 ရက်လောက်လုပ်ရုံနဲ့ $1 ရမှာဖြစ်ပါတယ်..။ $1 ရရင် Perfect Money နဲ့ ထုတ်လို့ရပါပြီ..။ အောက်ပုံကိုနှိပ်ပြီး PaidVerts ကို အခြေခံကစပြီး ၀င်လေ့လာနိုင်ပါတယ်..။

Access to PaidVerts >>>
http://bit.ly/1BIBaV5

Conclusion
MTV/PV မှာ strategy plan ထားပြီး MTV နဲ့ PV ကို ကောင်းစွာ trade လုပ်တတ်မယ်ဆိုရင် အရှုံးဆိုတာ မရှိပါဘူး..။ စီးပွားရေးသဘောတရားကိုနားလည်ရင် ပိုမိုထိရောက်မှုရှိပါတယ်..။ ဘယ်လိုအချိန်မှာငြိမ်နေရမယ်၊ ဘယ်လိုအချိန်မှာလှုပ်ရှားရမယ် ဆိုတာကလည်း ပညာပါပါတယ်..။

အရာရာကို ပုံသေကားကျ မှတ်ထားလို့မရပါဘူး..။ အဆိုးဆုံး အခြေအနေကိုလည်း ထည့်တွက်ထား ရပါမယ်..။ ပြင်ဆင်ထားရပါမယ်..။ ဘယ်လောက်အထိ အဆုံးရှုံးခံနိုင်မလဲဆိုတာလည်း စဉ်းစားထား ရပါမယ်..။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် အောင်မြင်မှုရချင်ရင် အမြဲမပြတ်လေ့လာနေရမယ်..။ ဆည်းပူးနေရမယ်..။ ဒီလိုမဟုတ်ဘဲ သူများလုပ်သလို လိုက်လုပ်၊ သူများရင်းရင် လိုက်ရင်း.. နောက်ဆုံး ကိုယ့်ဇာတ်ကိုယ် မနိုင်ဘဲ အလဲလဲ အကွဲကွဲဖြစ်မှ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်နဲ့ စိတ်ဓါတ်တွေကျပြီး၊ ထိုင်ညည်းနေမယ်ဆိုရင်တော့ သင်ဟာ employee ဘ၀က တက်မှာမဟုတ်ပါဘူး..။


Author : ZinNoya

References :
  - MyTrafficValue Review
  - MTV FAQ
  - GaidPaidOnline


Sunday, February 1, 2015

Perfect Money Register and Security

http://bit.ly/1DthR6KPerfect Money 
အကောင့်ဖွင့်နည်း၊ ငွေလွှဲနည်း နှင့်

လုံခြုံရေးတိုးမြှင့်ခြင်း


Perfect Money Intro
Perfect Money (PM) ဆိုတာ အားလုံးအတွက် အဆင်ပြေ လွယ်ကူမြန်ဆန်ပြီး လုံခြုံစိတ်ချရတဲ့ Online Payment Processor တစ်ခုဖြစ်ပါတယ်။ 2007 ခုနှစ်မှာစတင်ထွက်ပေါ်လာတဲ့ Perfect Money ဟာ Liberty Reserve တရားမ၀င်ကြေငြာပိတ်သိမ်းခံရပြီးတဲ့နောက် တစ်ရှိန်ထိုးနာမည်ရလာခဲ့ပါတယ်..။ PayPal လောက် policy မတင်းကြပ်တဲ့အတွက် မြန်မာနိုင်ငံကနေလည်း အဆင်ပြေလွယ်ကူစွာ ဖွင့်သုံးနိုင်ပါတယ်.. လုံခြုံရေးအားနည်းတယ်ဆိုတာက verify ဖြစ်အောင် မလုပ်ကြတာရယ်.. သုံးစွဲသူ ကိုယ်တိုင်ကလည်း ပေါ့ဆလို့ပဲဖြစ်ပါတယ်..။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်အောင် လည်း PM က လုပ်ပေးထားပြီးဖြစ်ပါတယ်..။ verify မဖြစ်သေးလည်းဘဲ ကိုယ်တိုင်က သုံးတတ်မယ်ဆို လုံခြုံမှုရှိပါတယ်။ ဖုန်းအတွက် PM apk တွေရှိပါတယ်..။ လုံးဝမသုံးပါနဲ့..။ Browser ကနေပဲ ပုံမှန်အတိုင်းသွားပါ..။

Registration to Perfect Money
Register လုပ်ဖို့အတွက် ဒီနေရာကို နှိပ်လိုက်ပါ..။
Register Page ကို တန်းရောက်သွားပါ့မယ်.. ပုံကိုကြည့်ပါ..



Form ဖြည့်ရင်း မှတ်စုစာအုပ်မှာလည်း ရေးမှတ်သွားပါ။

Account name : နှစ်သက်ရာ အမည်ပေးပါ..။ (PaidVerts မှာပေးထားတဲ့ user name ပဲပေးလည်း ရပါတယ်)။ စာလုံးအကြီးအသေး နှစ်သက်သလိုရေးနိုင်၊ space ခြားနိုင်ပါတယ်..။ ဒါပေမယ့် တစ်ဆက် တည်းရေးပါ..။ ဒီ Account name က ငွေပို့  ငွေလွှဲတဲ့အခါ ဖော်ပြပေးမယ့်၊ တစ်ဖက်လူကလည်းမြင်ရမယ့် name ဖြစ်ပါတယ်..။

Full name* : မိမိ နာမည်အရင်းကိုပေးပါ..။ verify လုပ်တဲ့အခါ နာမည်အရင်းဖြစ်ဖို့လိုပါတယ်..။ တစ်ဆက်တည်းမရေးပါနဲ့.. space ခြားပါ။

City* : မိမိ အမှန်တကယ်နေထိုင်တဲ့ မြို့အမည်ရေးပါ။

Address : မိမိ အမှန်တကယ်နေထိုင်တဲ့ လိပ်စာရေးပါ။ ( မထည့်ချင်သေးလည်းရပါတယ်..။ verify လုပ်မှ ထည့်လည်းရတယ်.. address proof ပြရပါမယ်..)

Country* : နိုင်ငံရွေးပါ..။ (Myanmar ဆိုတာမတွေ့ရင် Burma ကိုရွေးပါ)

Zip/Postal code* : စာပို့သင်္ကေတကုဒ်/ ဒေသကုဒ်လို့ခေါ်ပါတယ်.. သက်ဆိုင်ရာမြို့တိုင်းမှာ သူ့ကုဒ်နဲ့သူရှိပါတယ်..။ မိမိမြို့ရဲ့ ကုဒ်ကို မသိရင်.. ဒီလင့်မှာ သွားကြည့်ပြီး ရှာယူပါ..။

E-mail* : အသုံးပြုမယ့် email ထည့်..။

Phone/fax : MPT G, MEC, C800, Telenor, Oredoo ဖုန်းနံပါတ်တစ်ခုခုထည့်ပါ..။ +95 ခံပါ။ (ဖုန်းနံပါတ်မထည့်ချင်သေးလည်းရပါတယ်..။ verify လုပ်မှ၊ SMS login လုပ်မှ ထည့်လည်းရတယ်..)

Account type : သင်တစ်ဦးတည်းသုံးမှာမို့ Personal ရွေးပါ။

Password* : စာနဲ့ ဂဏန်းပါဝင်ပြီး စာလုံးရေ ၆ လုံးကျော်အောင်ထည့်ပါ။ (ဥပမာ-1234mmggii)

Retype Password* : ပေးလိုက်တဲ့ password ကို အတည်ပြုဖို့ ထပ်ထည့်ပါ။

Turning number* : ပုံမှာပြထားတဲ့အတိုင်း ပုံပျက် ဂဏန်း ၅ လုံးကို သူ့ အောက်ကအကွက်မှာ တူအောင်ရေးထည့်ရမှာပါ.. ဥပမာ - 42769

I agree with terms and conditions. ကို အမှန်ခြစ်ပါ။

Register ကိုနှိပ်လိုက်ပါ။

ဖြည့်ထားတာတွေ မှန်တယ်ဆိုရင် အောက်ပုံအတိုင်း Welcome! Page ကိုရောက်ပါမယ်.. သင့်ရဲ့ Member ID ကို သင့် mail ထဲ ပို့လိုက်ပြီလို့ပြောပါတယ်..။


Login to Perfect Money
သင့် mail ထဲဝင်ကြည့်လိုက်ပါ။ Perfect Money ဆီက mail ရောက်နေပါ့မယ်..။ မရောက်သေးရင် SPAM ထဲမှာလည်း ရှာကြည့်ပါ.။  အများအားဖြင့် InBox ထဲ တန်းရောက်ပါတယ်..။ တွေ့ရင် ဖွင့်လိုက် ပါ.. အောက်ပုံကိုကြည့်ပါ..


Member ID ကိုတွေ့ပါမယ်။ အဲ့ဒါကို selection ပေးပြီး copy ယူပါ။ မှတ်စုစာအုပ်မှာ လည်း ရေးမှတ်ထားပါ။ Account Login ၀င်တိုင်း အဲ့ဒီ Member ID နဲ့အတူ သင်ပေးထားတဲ့ password နဲ့ ၀င်ရပါမယ်..။ Perfect Money ကိုသွားပြီး Login ကိုနှိပ်လိုက်ပါ။ ပုံပါအတိုင်း Login page ကိုရောက်ပါမယ်..


Member ID ဖြည့်၊ password ဖြည့်၊ ပုံဖျက် ဂဏန်းဖြည့်ပြီး Authorize ကိုနှိပ်လိုက်ပါ..။  Perfect Money အကောင့်ထဲ တန်းရောက် သွားပါမယ်..။ အကယ်၍ နောက်ပိုင်းမှာ သင် နောက်တစ်ကြိမ် login ၀င်တဲ့အခါ ပထမအကြိမ်ဝင်တဲ့ IP, Browser, OS စတာတွေထဲက တစ်ခုခုနဲ့ လွဲနေတယ်လို့ PM ကစစ်ဆေးတွေ့ရှိရင် အကောင့်ထဲ တန်းဖွင့်မပေးဘဲ သင့် mail ထဲ PIN code ပို့လိုက်ပြီး အဲ့ဒီ PIN code ကို ထည့်ခိုင်းပါလိမ့်မယ်..။ mail ထဲသွားပြီး PIN သွားယူပါ.. အောက်ပုံကိုကြည့်ပါ..


ပုံထဲက PIN ကို copy ယူပြီး.. Perfect Money မှာ ဖြည့်ပါ.. Continue ကိုနှိပ်ပါ..


အောက်ပုံက My Account ထဲရောက်သွားတဲ့ပုံပါ..

(အပေါ်နားမှာ ခေါင်းလောင်းပုံလေးနဲ့က အကောင့်ထဲကို တစ်ယောက်ယောက်ဆီက လွှဲငွေ ရောက်လာတဲ့ noti ပါ။)
ဘေးဘက်က My Accounts ကိုကြည့်ပါ..။ အောက်မှာ G (Gold), U (USD dollar), E (Euro) ဆိုပြီး အကောင့် ၃ မျိုးရှိပါတယ်။ Euro သုံးမယ်ဆိုရင် E နဲ့စတဲ့ အကောင့်ကို သုံးရပါမယ်။ Dollar ($) သုံးမှာဖြစ်လို့ အလယ်က U နဲ့စတဲ့ အကောင့်ကို သုံးရပါမယ်..။ (PaidVerts မှာ Perfect Money account ထည့်ရတဲ့ အခါ PaidVerts က $ နဲ့ပေးတာမို့ အဲ့ဒီ U1234678 ကို ထည့်ပေးရမှာပါ..) ဒီ အကောင့်ကို မှတ်စုမှာ ရေးမှတ်ထားပါ..။  မိမိထံ ငွေပို့ပေးမယ့်သူဆီကို အဲ့ဒီ အလယ်ကအကောင့် ပေးရပါ့မယ်..။ U လည်း ပါရမယ်..။ U ရှေ့က ဂဏန်းတွေလည်း မမှားအောင်ရေးမှတ်ထားပါ။ ဂဏန်းတစ်လုံး နေရာလွဲသွား ရင် တစ်ဖက်က ပို့တဲ့ငွေ ကိုယ့်ဆီမရောက်ဘဲ ကံထူးရှင်ဆီရောက်သွားပါလိမ့်မယ်..။

U အကောင့်ထဲမှာ 1.61 USD ရှိပါတယ်.. အဲ့ဒီငွေကို တခြား PM အကောင့်ထဲ ငွေလွှဲပါမယ်..။ ကိုယ့်ဘက်က ငွေလွှဲပေးမှာဖြစ်လို့ ငွေလွှဲသူက fee 1.99% ပေးဆောင်ရပါတယ်..။ ဒါကြောင့် အကောင့်ထဲရှိသမျှ အကုန်လွှဲလို့မဖြစ်ပါဘူး..။ $1.5 လောက်သာလွှဲပါ့မယ်။ ဒါပေမယ့် ငွေမလွှဲခင် လုံခြုံရေးတိုးမြှင့်ပုံကို အရင်ပြပါမယ်..။ သင့်အကောင့်က အသစ်သာဖြစ်သေးလို့ verify လည်းမဖြစ်သေးသလို လုံခြုံရေးလည်း အားနည်းပါသေးတယ်..။

Setting for Security
အပေါ်ကပုံကို ပြန်ကြည့်ပါ..။ အစိမ်းရောင်ဘောင်ခတ်ပြထားတဲ့နေရာမှာ လုံခြုံရေး ၃ မျိုးရှိပါတယ်..။ ပထမတစ်ခုကတော့ Register လုပ်ကတည်းက သတ်မှတ်ပေးထားတာပါ..။ 

ကဲ.. လုံခြုံရေးတစ်ခုလောက်ထပ်တိုးရအောင် အပေါ်ဆုံး အပြာရောင် menu ဘားတန်းပေါ်က Setting ကိုနှိပ်လိုက်ပါ..။ Setting page ထဲရောက်သွားပါ့မယ်.. အောက်ပုံမှာပြထားတဲ့အတိုင်း အစိမ်းရောင် ဘောင်ခတ်ထားတာကိုနှိပ်ပါ..


အောက်ပုံကိုကြည့်ပါ..


SMS Login: ဒါကို Enable လုပ်မယ်ဆိုရင်.. သင့်ဆီ SMS ပို့လို့ရမယ့် ဖုန်းနံပါတ်ပေးရပါမယ်..။ ၀န်ဆောင်ခ $0.1 ပေးရပါမယ်။ ၀န်ဆောင်ခကို အကောင့်ထဲက ဖြတ်သွားမှာပါ..။ Perfect Money အကောင့်ထဲ Login ၀င်တိုင်း သင့်ဖုန်းဆီ SMS ပေးပို့ပြီး အတည်ပြုချက်တောင်းခံပါလိမ့်မယ်.. ဒါဆို အကောင့်ခိုးတဲ့သူက ပထမအဆင့် Identity check ကို ကျော်ဖြတ်နိုင်ခဲ့လည်း ဒီအဆင့်ကို  ဘယ်လိုမှ ကျော်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် သူ့မှာ အားနည်းချက်တော့ရှိတယ်..။ အကယ်၍များ သင့် SIM card ပျောက်ဆုံး/ပျက်စီးသွားလို့ အသစ်လဲရမယ်ဆို.. ဖုန်းနံပါတ်လည်းပြောင်းသွားပြီမို့ login ၀င်မရ ဖြစ်ပါလိမ့်မယ်..။ ဒီလိုဖြစ်ရင် support တင်လို့ရ ပေမယ့် အနည်းငယ်အလုပ်ရှုပ်ပါတယ်..။ ဒီလို မဖြစ်အောင်တော့ သင်ကိုယ်တိုင် ဂရုစိုက်ရပါမယ်..။ ဒီ SMS Login လုပ်သင့်လား၊ မလုပ်သင့်လား သင့်ဟာသင် ဆုံးဖြတ်ပါ..။

Code Card: သူကတော့ ငွေထုတ်/ငွေလွှဲတဲ့အခါမှာ အသုံးပြုရပါတယ်..။ Paper Code လို့လည်းခေါ်ပါတယ်။ သူ့ကို Enable လုပ်လိုက်ရင် ဂဏန်း ၇ လုံးတွဲ code 1 to 30 ပါတဲ့ Image တစ်ခု ပေးလာပါလိမ့်မယ်.. သင့် email ထဲ လည်း ပို့ပေးပါလိမ့်မယ်.. အောက်ပုံကိုကြည့်ပါ..

အနက်ရောင်အောက်ခံနဲ့ စာလုံးအဖြူ ကုဒ်တွေ ၃၀ ထိ ပါပါတယ်.. အဲ့ဒီ Code Card ကို သင့်စက်ထဲ download ချသိမ်းဖို့ ၂၄ နာရီပေးထားပါတယ်..။ ၂၄ နာရီပြည့်ရင် ဖျက်ပစ်မှာပါ။ အစိမ်းရောင်ဘောင်ခတ် ပြထားတဲ့ စာသားပေါ်နှိပ်ပြီး download ချလိုက်ပါ။ mail ထဲလည်းသွားကြည့်ပါ။ download ချပြီးပြီဆိုရင် Code Card mail ကို အပြီးဖျက်ပစ်ပါ။ သင်ငွေထုတ်/ငွေလွှဲတိုင်း သူတောင်းတဲ့ ကုဒ်ကိုပေးရပါမယ်..။ မှန်မှသာ ထုတ်ပေးမှာဖြစ်ပါတယ်..။ ဒီကဒ်ကို ကွန်ပျူတာ၊ ဖုန်းထဲမှာ digital image အနေနဲ့ သိမ်းထားမယ်ဆို သင့်နည်းသင့်ဟန်နဲ့ လုံခြုံအောင် သိမ်းထားပါ။ သင့်စက်ထဲမှာ ထားရတာလည်း မလုံခြုံဘူးထင်ရင် အဲ့ Code Card ကို စာရွက်ပေါ် print ထုတ်ပြီး စက်ထဲကလည်း အပြီးဖျက်လိုက်ပါ။

API (Automated Program Interface) : ဒါကတော့ security တော့မဟုတ်ပါဘူး.. သင့်မှာ PM လက်ခံတဲ့ Website တစ်ခုရှိရင် ငွေသွင်း/ငွေထုတ်ကို အလိုအလျောက်လုပ်ဆောင်ပေးမယ့် program တစ်ခုဖြစ်ပါတယ်.. လိုင်စင်ဆော့ဝဲ၊ လိုင်စင် OS ကိုသုံးမှ ပိုမိုစိတ်ချရပါလိမ့်မယ်.. အများစုက Third Party တွေပဲ သုံးနေကြတော့ လုံခြုံစိတ်ချဖို့ မလွယ်ပါဘူး။ 

လုံခြုံရေးတိုးမြှင့်တာနဲ့ပတ်သက်ပြီး ရှင်းပြပြီးပါပြီ..။ သင့်အကောင့်ကို ပိုပြီး လုံခြုံစေချင်ရင်..
- ဖုန်း အတွက်ထုတ်ထားတဲ့ PM apk တွေ မသုံးပါနဲ့။ PV apk လည်းမသုံးပါနဲ့။
- browser ကနေ ပုံမှန်ပဲဖွင့်ပါ။
- မသိတဲ့သူဆီက ကိုယ့် mail နဲ့ ဖုန်းထဲ ပို့လာတဲ့ link တွေ attachment file တွေကို အရမ်းကာရော မဖွင့်ပါနဲ့။
- သူခိုး မျက်စိကျလောက်အောင်လည်း ပေါ်ထင်မနေပါနဲ့။ (မကြွားဝါပါနဲ့)
- hack တဲ့သူဟာ အကူအညီတစ်ခုခု မပါဘဲ ဒီတိုင်း hack လို့မရပါဘူး.. ငါးစာအရင်ချပြီးမှ.. ငါးစာကို ဟပ်မိတဲ့ သူကိုသာ hack လို့လွယ်ပါတယ်..။  တကယ့် hacker တွေဟာ ဂုဏ်သိက္ခာရှိပါတယ်..။ hacker တွေဆိုတာ မကောင်းတဲ့လူတွေမဟုတ်ပါဘူး..။ ရည်ရွယ်ချက်တစ်ခုခုနဲ့ ထိုးဖောက်ဝင်ရောက်သူ၊ ကာကွယ်တားဆီးသူသာဖြစ်ပါတယ်..။ ဒီလို မဖြစ်စလောက် မတောက်တခေါက်နဲ့ cracking tool တွေသုံးပြီး လိုက်ဟက်နေတဲ့သူတွေကို Cracker (အဖျက်သမား)လို့သာခေါ်ပါတယ်.. ဒါပေမယ့် hacker လို့ပဲ အများသိကြတဲ့အတွက် တကယ့် hacker တွေ သိက္ခာကျရတာပါ..

Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ sex video တွေဟာ တကယ့် video မဟုတ်ပါဘူး.. ငါးပွက်ရာ ငါးစာချတဲ့သဘောပဲဖြစ်ပါတယ်..။ sex, fashion, beauty စတဲ့ ကြော်ငြာတွေနဲ့ ငါးစာချတတ်ပါတယ်.. ဒါကြောင့် တွေ့ကရာ လျှောက်မနှိပ်ပါနဲ့..

ဒီအချက်တွေလည်းလိုက်နာမယ်.. အပေါ်က လုံခြုံရေး ၂ ခု လောက်လုပ်ထားမယ်ဆိုရင် verify မဖြစ်လည်းဘဲ အတော်အတန် လုံခြုံမှုရှိပါတယ်..။

Setting for Notifications
သင့် Perfect Money နဲ့ပတ်သက်ပြီး account login ၀င်တာ၊ လွှဲငွေရောက်ရှိလာတာ၊ ငွေထုတ်/ငွေလွှဲတာ စတဲ့ အချက်အလက်မှန်သမျှ သင့် ဖုန်း၊ email သို့ ပေးပို့စေချင်ရင် Notifications ထဲဝင်ပြီး သတ်မှတ်ပေးရ ပါမယ်.. အောက်ပုံကိုကြည့်ပါ..

အစိမ်းရောင် ဘောင်ခတ်ထားတာကိုနှိပ်လိုက်ပြီး.. ပေါ်လာတဲ့ Notifications Page မှာကြည့်ပြီး မိမိစိတ်ကြိုက်ပြင်ဆင်ပါ..။ email ထဲပို့စေချင်ရင် email အောက်မှာရှိသမျှ အကုန် check (အမှန်ခြစ်)ပြီး၊ Phone ထဲ SMS ပို့စေချင်ရင် အရင်ဆုံး SMS ကို Enable လုပ်ပေးရပါမယ်..။ SMS login လုပ်ပြီးသားဆိုရင်တော့ Enable ဖြစ်နေပါပြီ..။ SMS အောက်မှာ အကုန် check လိုက်ပါ.. ပြီးရင် Save နှိပ်ပေးလိုက်ရုံပါပဲ။

Money Exchange or Transfer
ကဲ.. ငွေလွှဲပြောင်းနည်းကြည့်ရအောင်..။ My Account ထဲပြန်သွားပါ။ U အကောင့်ထဲက ငွေ $1.5 လွှဲမှာ ဖြစ်လို့ U အကောင့်ဘေးက စာရွက်ပုံကို ထောက်လိုက်ပါ.. ပုံကိုကြည့်ပါ။



Send money ကိုနှိပ်လိုက်ပါ။ အောက်ပုံကိုရောက်သွားပါ့မယ်..

Amount* : လွှဲမယ့် ငွေပမာဏ ရေးပါ။ $ ထည့်ရန်မလို။ $1.5 လွှဲမှာမို့ 1.5 ထည့်ထားပါတယ်။

To Account* : လက်ခံမယ့်သူရဲ့ U အကောင့်ကို ထည့်ပါ။ ဂဏန်းမလွဲ၊ မမှားပါစေနဲ့။

Description: လက်ခံမယ့်သူဆီကို သင် အမှာပါးချင်တာ၊ ပြောချင်တာအတိုချုံးရေးပါ။  ဘာမှ မရေးလည်း ရပါတယ်။

ကျန်တာတွေ ဒီတိုင်းထားလိုက်ပါ။ အဓိကဖြည့်ရမှာက Amount နဲ့ To Account ပါပဲ။ ဖြည့်ထားတာ မှန်တယ်ဆိုရင် Payment preview ကိုနှိပ်လိုက်ပါ။ အောက်ပုံကိုတွေ့ပါမယ်..

ငွေမလွှဲခင် အကြိုစစ်ဆေးဖို့ ပြပေးတာပါ.. အချက်အလက်တွေကို ကြည့်ပါ..။ Payment fees: 0.02985 (1.99%) အကောင့်ထဲက ဖြတ်သွားမှာပါ။ verify မဖြစ်သေးတဲ့ အကောင့်မှန်သမျှ Payment fees 1.99% ဆောင်ရပါမယ်။

ပို့တဲ့ငွေပမာဏ ပြန်ပြင်ချင်ရင် Edit ကိုနှိပ်ပြီး ပြန်ပြင်နိုင်ပါတယ်။ တကယ်ပို့မှာသေချာပြီဆိုရင် Send money ကိုနှိပ်ပါ။ ဒီအခါ ကျွန်တော်တို့ အထက်မှာ Code Card ကို Enable လုပ်ထားတဲ့ အတွက် အောက်ပုံအတိုင်း code နံပါတ် 15 ကိုတောင်းလာပါတယ်။

Code Card က နံပါတ် 15 code ကိုထည့်ပေးပြီး Continue ကိုနှိပ်လိုက်ပါ..။ အောက်ပုံအတိုင်း Complete ဖြစ်သွားပါပြီ..


သင်ငွေထုတ်/ငွေလွှဲတိုင်း ဒီ Code Card ထဲက Code တစ်ခုချင်းစီ တောင်းပါမယ်.. Code 30 ကုန်သွားရင် သင့် email ထဲ နောက်ထပ် Code Card ထပ်ပို့ပါလိမ့်မယ်..။

ကဲ.. ဒီလောက်ဆို Perfect Money ကို လုံခြုံစွာ အဆင်ပြေပြေ သုံးတတ်လောက်ပြီလို့ မျှော်လင့်ပါတယ်..


ငွေအမှန်တကယ်ပေးနေတဲ့ PaidVerts မှာမ၀င်ရသေးရင်၊ PaidVerts အကြောင်း မသိသေးရင် ဒီလင့်မှာ လေ့လာပါ..