Thursday, September 7, 2017

ICO (Initial Coin Offering)



ICO ဆိုတာ

Initial Coin Offering ဆိုတဲ့အတိုင်း Coin အသစ်ထုတ်မယ့်သူတွေက Coin ဈေးကွက်မတင်ခင် သုံးစွဲသူများလာအောင်၊ ရင်းနှီးမြှုပ်နှံသူများလာအောင် ICO တွေ ရောင်းချပေးပါတယ်။ ICO တွေကို ဆိုင်ရာ coin တစ်ခုရဲ့ Token အဖြစ်သဘောထားကြပါတယ်။ coin အသစ် ဈေးကွက်တင်ဖို့အတွက် သုံးစွဲသူအင်အား၊ ရင်းနှီးမြှုပ်နှံမှုအင်အား သတ်မှတ်ချက်ပြည့်မီဖို့လိုပါတယ်။ သတ်မှတ်ချက်ပြည့်မီပြီဆိုမှ coin ထုတ်လုပ်သူတွေဟာ exchange တွေနဲ့ ချိတ်ဆက်ပြီး ဈေးကွက်တင်ပါတယ်။ တချို့ကျတော့ သတ်မှတ်ချက်ပြည့်မီလည်း coin ကိုဈေးကွက်မပို့သေးဘဲ ICO ကို အရင်ပို့တာလည်းရှိပါတယ်။ coin အသစ်တွေအများဆုံး ချိတ်ဆက်တဲ့ exchange တွေက Bittrex, Kraken, Poloniex, Livecoin, SpaceBTC, Bitlish အစရှိတဲ့ exchange ကြီးတွေဖြစ်ပါတယ်။

ICO ဘ၀မှာ coin တစ်ခုရဲ့ ပေါက်ဈေးဟာ အဆမတန်နည်းပါတယ်။ ရင်းနှီးမြှုပ်နှံသူများလာလေ တန်ဖိုးတက်လာလေဖြစ်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံသူများလာအောင် ဆိုရှယ်မီဒီယာတွေကနေ ဖြန့်ပါတယ်။ ထုတ်လုပ်သူတချို့က သူတို့ coin သုံးစွဲသူပိုများလာစေဖို့အတွက် MLM စနစ်ကိုလည်း မဖြစ်မနေထည့်သွင်းကြတာလည်းရှိပါတယ်။ ICO ကို IPO (Initial Public Offering) လို့လည်း ခေါ်ပါသေးတယ်။ ICO ကိုဝယ်ယူရင်းနှီးမြှုပ်နှံ ထားသူတွေဟာ ဈေးကွက်တင်တဲ့အချိန်ပေါက်ဈေး နဲ့ တွက်ရင် အဆမတန် အမြတ်ရကြပါတယ်။ ဒါကြောင့်လည်း ICO တွေမှာ ရင်းနှီးမြှုပ်နှံသူ အင်မတန်များ ပါတယ်။

ICO လုပ်ဆောင်ပုံအဆင့်ဆင့်

အကြိုမိတ်ဆက် - ဒါကတော့ ထုတ်လုပ်သူဟာ ပရောဂျက်တစ်ခုအတွက် စက္ကူပေါ်မှာ ကြိုတင်ပြင်ဆင်ပြီး စက္ကူဖြူစီမံကိန်းအရင်စပါတယ်။ cryptocurrency investor တွေအများဆုံးရှိတတ်တဲ့ Site တွေကတဆင့် ရင်းနှီးမြှုပ်နှံသူ အကြီးစားတွေကို ရှယ်ယာခေါ်ပါတယ်။ စက္ကူပေါ်က ပရောဂျက်ကို ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားလာအောင် ရှင်းပြပါတယ်။  ကုမ္ပဏီလိပ်စာ၊ လုပ်ငန်းတည်နေရာတွေကိုလည်း အတိအကျ ဖော်ပြပေးပြီး အနည်းဆုံးထည့်ဝင်ရမယ့်ငွေပမာဏ၊ ပေးချေရမယ့် ငွေအမျိုးအစား စတာတွေကို ပါ ဖော်ပြပါတယ်။ စွန့်စားလိုတဲ့ ရင်းနှီးမြှုပ်နှံသူတွေအထိုက်အလျောက်ဝင်လာပြီဆိုရင် စက္ကူဖြူစီမံကိန်း ပြီးဆုံးပြီဖြစ်ပါတယ်။

ထုတ်ပေးခြင်း - ဒါကတော့ စက္ကူဖြူစီမံကိန်းပြီးဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးခံစားခွင့် အမှန်တကယ်ရရှိအောင် စာချုပ်ချုပ်တဲ့သဘောအဖြစ် ကုမ္ပဏီကိုယ်စား ICO ထုတ်ပေးတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းစီ ထည့်ဝင်တဲ့ ငွေပမာဏနဲ့ညီမျှတဲ့ ICO တိုကင်တွေ ထုတ်ပေးပါတယ်။ ဒီတိုကင်တွေ မှာ မျှော်မှန်းအချိန်ကာလတစ်လျှောက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ရပိုင်ခွင့်နဲ့အတူ တန်ဖိုးတစ်ခု သတ်မှတ်ပေး ထားပြီး အကျိုးအမြတ်ကို ကုန်သွယ်နည်းအရ အချိုးကျခွဲဝေရရှိစေပါတယ်။ ထုတ်ပေးခြင်းပြီးဆုံးတဲ့အခါ ICO ရဲ့ Start Date ကို ကြေညာပြီး ဈေးကွက်ဆင်းခြင်းစီမံကိန်းကို ဆက်လုပ်ဆောင်ပါတယ်။

ဈေးကွက်ဆင်းခြင်းစီမံကိန်း - ဒါကတော့ ICO ရဲ့ အဓိကအခရာဖြစ်ပါတယ်။ ဈေးကွက်ဆင်းခြင်းဟာ ကုမ္ပဏီရဲ့လိုအပ်တဲ့ငွေအရင်းအနှီးကိုတိုးလာစေနိုင်တဲ့အဓိကအချက်ဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ အများအားဖြင့် အခြေတည်စသာရှိပြီး လူသိပ်မသိသေးပါဘူး။ ဈေးကွက်ရှာဖွေရေးကိုယ်စားလှယ်တွေက လိုအပ်တဲ့တင်ဆက်မှုတွေ၊ ကြော်ငြာတွေအသုံးပြုပြီး ဆိုရှယ်မီဒီယာများမှ တဆင့် ဈေးကွက်ဆင်းကြ ပါတယ်။ ကနဦး လက်ကြီးရင်းနှီးမြှုပ်နှံသူတွေလည်း ဆင်းကြပါတယ်။ ဒီအဆင့်မှာ အရင်းအနှီး နည်းနည်းနဲ့ရင်းနှီးမြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံသူအငယ်စားတွေကို ပစ်မှတ်ထားပါတယ်။ ဒီအဆင့် ပြီးဆုံးတဲ့အခါ ကုမ္ပဏီကဖွင့်ပေးတဲ့ Exchange မှာ ရင်းနှီးမြှုပ်နှံသူတွေရရှိထားတဲ့ တိုကင်တွေကို ရောင်းဝယ်ခွင့်ပေး ပါတယ်။



ပုံမှာ start date ကြေညာပြီးတဲ့ ICO တွေရဲ့စာရင်းဖြစ်ပါတယ်။

________________________________________
ref : fx empire, investopedia, coinschedule
written : bitcoin seeker