Wednesday, November 22, 2017

စာရိုက်ခြင်းဖြင့် Bitcoin Free ရယူခြင်း

How to do typing job

1.4 Free earning from Online Typing Jobs

အင်တာနက်မှာ စာရိုက်ပြီးဝင်ငွေရှာရတဲ့အလုပ်တွေများစွာရှိပါတယ်။ ဟိုးယခင်က ရိုက်ရမယ့်စာကို ဓာတ်ပုံရိုက်ပြီး email ကနေ ပို့ပေးပါတယ်။ လုပ်မယ့်သူက စာပြန်စီပြီး email ကနေ ပြန်ပို့ပေး ရတာဖြစ်ပါတယ်။ Website တစ်ခုက အလုပ်ရှင် အလုပ်သမားကြား အဆင်ပြေလွယ်ကူအောင် ကြားခံဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အဲ့ဒီလို Website တွေ မရှိသလောက် ဖြစ်သွားပြီး အလုပ်ရှင် အလုပ်သမား တိုက်ရိုက်ဆက်သွယ်လုပ်ဆောင်ကြရတဲ့ Freelance အလုပ်တွေသာ တွင်ကျယ်လာပါတယ်။

ဒီအလုပ်တွေထဲမှာ လူတိုင်းအလွယ်တကူလုပ်နိုင်တဲ့ စာရိုက်အလုပ်ကတော့ Online Captcha  Typing Job ဖြစ်ပါတယ်။ ပုံပျက်ပန်းပျက် ဖျက်ထားတဲ့ စာလုံးပုံတွေကို စာလုံးအမှန်ရိုက်ပေးရတာဖြစ်လို့ အင်မတန်မှ လွယ်ကူပါတယ်။ Site ထဲမှာလည်း Training Program နဲ့ အရင်ဦးဆုံး သင်ကြားလေ့ကျင့်ပေးပါတယ်။ သတ်မှတ်အချိန်အတွင်း မြန်မြန်နဲ့ မှန်အောင်ရိုက်ပေးနိုင်ဖို့အရေးကြီးပါတယ်။

ဘာကြောင့် ဒီအလုပ်က ပိုတွင်ကျယ်လာသလဲဆိုရင် Captcha Bot တွေ အသုံးများလာလို့ဖြစ်ပါတယ်။ Bot တွေဟာ ပုံစာလုံးတွေကို ဘယ်လိုမှ မဖတ်တတ်တဲ့အတွက်  Bot ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေက သူတို့ Bot တွေရဲ့အခက်အခဲကို ဖြေရှင်းပေးဖို့ လူတွေကို အခကြေးငွေပေးပြီး ငှားရမ်းတဲ့သဘော ဖြစ်ပါတယ်။ Captcha Bot တွေဆီက အချိန်နဲ့တပြေးညီပေးပို့လာတဲ့ Captcha တွေကို လူတွေက အမြန်ဖြေရှင်းပေးရတာဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိုတိုအတွင်း မြန်မြန်နဲ့ မှန်အောင်ရိုက်ပေးနိုင်ဖို့ လူသစ်တွေကို training ပေးရတာဖြစ်ပါတယ်။ မကြာခဏမှားရင် သူတို့အတွက် များစွာနစ်နာပါတယ်။

ဒီ Online Typing Job တွေဟာ Bitcoin မတွင်ကျယ်သေးခင်က Paypal, Payza နဲ့သာ ငွေပေးချေခဲ့တဲ့အတွက် လူတိုင်းလုပ်ဖို့ အဆင်မပြေခဲ့ပါဘူး။ ယနေ့အချိန်မှာတော့ Bitcoin, Perfect Money, AdvCash, Web Money စတဲ့ Payment တို့နဲ့ပါ ငွေထုတ်ယူနိုင်ပြီဖြစ်တဲ့အတွက် Bitcoin ကိုလည်း စာရိုက်ခြင်းဖြင့် အလွယ်တကူ ရှာဖွေနိုင်ပြီဖြစ်ပါတယ်။

အောက်မှာ အကောင်းဆုံး Online Captcha Typing Job တွေကို ဖော်ပြပေးထားပါတယ်။

 Join to 2Captcha
JOIN TO 2CAPTCHA   |   HOW TO DO
Online since : 2014
Payments : Bitcoin, Perfect Money, AdvCash, Payza, WebMoney
Minimum withdraw : $1 (for BTC, Payza), $1.3 (for PM, Adv), $0.5 (WebMoney)

ဒီ 2Captcha ကတော့ အခြေခံအကျဆုံးနဲ့ အလွယ်ကူဆုံးဖြစ်ပါတယ်။ Member အသစ်တွေကို Training Program မှာ အရင်သင်ကြားလေ့ကျင့်ပေးပြီး exam အောင်မှ အလုပ်လုပ်ခွင့်ပေးပါတယ်။ ပုံဖျက်စာလုံးတွေ ဘယ်လိုဖြေရမှန်းမသိတဲ့သူတွေ Training Program ရောက်ရင် ပိုနားလည် သဘောပေါက်လာပါလိမ့်မယ်။ တစ်ကြိမ်ကို အချိန်သတ်မှတ်ချက်လုံလောက်တဲ့အတွက် စာရိုက်မမြန်သေးတဲ့သူတွေအတွက်ပါ အဆင်ပြေပါလိမ့်မယ်။ စာရိုက်ချိန်များများပေးထားတဲ့အတွက် Payout rate လည်း နည်းပါတယ်။ Image 1,000 လျှင် $0.35 to $0.50 ထိရရှိနိုင်ပါတယ်။


 Join to MegaTypers
JOIN TO MEGA TYPERS   |   HOW TO DO
Online since : 2012
Payments : Bitcoin, Perfect Money, WebMoney, PayPal, Payza, Western Union
Minimum withdraw : $6 (for BTC)

Use this invitation code : DOF3

ဒီ site မှာ Training Program မရှိတဲ့အပြင် ပေးတဲ့အချိန်နည်းတဲ့အတွက် 2Captcha ထက် ပိုမြန်မြန်ရိုက်နိုင်ဖို့လိုပါတယ်။ လုပ်အားခကတော့ 2Captcha ထက်များပါတယ်။ မြန်လေ ပိုရလေ ဖြစ်ပါတယ်။ မြန်ပြီး အမှားအနည်းဆုံး member တွေကို အဆင့်သတ်မှတ်ချက်နဲ့ ဆုပေးပါတယ်။ Sever Time အလိုက် Payout rate မတူပါဘူး။ Image 1,000 လျှင် အနည်းဆုံး $0.50 to $1.0 အထိ ရရှိနိုင်ပါတယ်။

မလုပ်ခင် How To Do ကိုနှိပ်ပြီး Register လုပ်ပုံမှာ အရင်လေ့လာပါ။ သို့မဟုတ်ရင်လည်း Registration Page မှာ သူပြောသမျှကို သေချာစွာဖတ်ပါလေ။ အမှားမခံတဲ့ site ဖြစ်ပါတယ်။

0 comments:

Post a Comment