
Intro
FamilyClix ဟာ 2014 လောက်ကတည်းက စတင်လာတဲ့ PTC site တစ်ခုဖြစ်ပါတယ်။ ယနေ့အချိန်အထိ ငွေထုတ်ပေးနေဆဲရှိပြီး ခိုင်မာစွာ ရပ်တည်နေပါတယ်။
FamilyClix မှာ အစက ADs ကြည့်ပေးရတာရယ်၊ Grid ကံစမ်းတာရယ်ပဲ ငွေရှာလမ်းရှိခဲ့ပါတယ်။ ခုနောက်ပိုင်းမှာ Offer wall တွေ အစုံအလင်ထည့်ပေးထားလို့ မူလ ADs အပြင် Offer wall က Ad တွေကိုပါ ကြည့်ပေးခြင်းဖြင့် ၀င်ငွေပိုမိုရရှိစေပါမယ်။ ဒီဆိုက်ကို စထွက်ကတည်းက လုပ်ခဲ့တာဖြစ်ပေမယ့် ခု ဒီကျူတိုရေးဖို့အတွက် ပုံတွေရဖို့ အသစ်ပြန်ဖွင့်ပြီး ရေးပေးတာဖြစ်ပါတယ်။
How to register
Register လုပ်ဖို့အတွက် ဒီလင့်ကို နှိပ်ပါ။ ဒီအခါ အောက်ပုံ-၁ အတိုင်း Home page ကို ရောက်ပါမယ်။ REGISTER ဆိုတာကိုနှိပ်ပါ။

ပုံ-၁
ဒီအခါ အောက်ပုံ-၂ အတိုင်းတွေ့ပါမယ်-

ပုံ-၂
Full Name : သင့်နာမည်အပြည့်အစုံပေးပါ။
E-mail Address : သင့် gmail လိပ်စာပေးပါ။
Confirm E-mail Address : ခုန ပေးတဲ့ gmail လိပ်စာ ထပ်ပေးပါ။
Username : သင်ပေးလိုတဲ့ နာမည်ပေးပါ။ ဒီနာမည်နဲ့ login ၀င်ရပါမယ်။
Password : စာနဲ့ ဂဏာန်းပါတဲ့ စကားဝှက်စာလုံးရေ ၆ လုံးကျော်အောင်ပေးပါ။
Confirm Password : ခုနပေးခဲ့တဲ့ စကားဝှက်အတိုင်း ထပ်ပေးပါ။
Captcha : I'm not a robot ဘေးက check box မှာ အမှန်ခြစ်ပေါ်အောင်လုပ်ပါ။
Terms of Service ဘေးက check box မှာ အမှန်ခြစ်ပေးပါ။
အပေါ်က ပေးထားသမျှ အချက်အလက်တွေကို Note မှာလည်း ရေးမှတ်ထားပါ။ ပြီးပြီဆိုရင် REGISTER ကိုနှိပ်ပါမယ်။ ဒီအခါ အောက်ပုံ-၃ အတိုင်း တွေ့ပါမယ်-

ပုံ-၃
Email confirm လုပ်စရာမလိုပါဘူး။ တစ်ခါတည်း Login ၀င်လို့ရပါပြီ။ LOGIN ကိုနှိပ်ပါ။ အောက်ပုံ-၄ အတိုင်းတွေ့ပါမယ်-

ပုံ-၎
အပေါ်ပုံ-၂ မှာပေးခဲ့တဲ့ username နဲ့ password ကို အသုံးပြုပြီး Login ၀င်ရပါမယ်။ Second Password က Site ထဲရောက်မှ သတ်မှတ်ပေးရမှာပါ။ မလိုအပ်ရင် မလုပ်လည်းရပါတယ်။ Second Password မရှိတဲ့အတွက် ဒီတိုင်းထားခဲ့ပါ။ I'm not a robot ကို အမှန်ခြစ်ပြီး LOGIN ကိုနှိပ်ပါ။ ဒီအခါ အောက်ပုံ-၅ အတိုင်း သင့်အကောင့်ထဲကိုရောက်ပြီဖြစ်ပါတယ်-

ပုံ-၅
How to earn money by working
ပုံ-၅ မှာ အပေါ်ခေါင်းစည်းက EARN MONEY ကိုနှိပ်ကြည့်ပါ။ ငွေရနိုင်တဲ့ အလုပ်တွေ များစွာတွေ့ရ ပါမယ်။ ငွေမရှာခင် အလုပ်တစ်ခုချင်းစီကို အောက်မှာ အနည်းငယ် ရှင်းပြပေးထားပါတယ်-
- View Advertisements : သူချပေးထားတဲ့ ကြော်ငြာတွေကို တစ်ခုပြီးမှ တစ်ခုကြည့်ခြင်းဖြင့် သတ်မှတ်အဖိုးအခ ရရှိစေတဲ့ PTC AD အလုပ်ဖြစ်ပါတယ်။
- Flip the Coin : သူကတော့ ရရှိလာတဲ့ ငွေတိုငွေစတွေနဲ့ထည့်ပြီး ကစားရတဲ့ အကြွေစေ့ခေါင်းပန်းလှန်ဂိမ်းဖြစ်ပါတယ်။
- Paid To Signup Offers : သူ့မှာ ချပေးထားတဲ့ Offer တွေက ပေးထားတဲ့ Site တွေကို Register လုပ်ပြီး သူခိုင်းတဲ့ရက်အထိ အလုပ်လုပ်ပေးရတာဖြစ်ပါတယ်။ အများအားဖြင့် ဒီလိုမျိုး PTC site တွေမှာ Sign up လုပ်ပြီး ကြော်ငြာကြည့်ပေးရတာပါ။ Referral လာရှာတဲ့သဘောပေါ့။ အဲ့ဒီအထဲမှာ မိမိအကောင့်ဖွင့်ပြီးသား site တွေရော၊ မဖွင့်ရသေးတဲ့ site တွေပါ တွေ့ရမှာပါ။ မဖွင့်ရသေးတဲ့ site တွေကိုရွေးပြီး သူပေးတဲ့ link ကနေ ၀င်ပြီး သတ်မှတ်ရက်အထိ လုပ်ပေးမယ်ဆိုရင် သူသတ်မှတ်ထားတဲ့ အဖိုးအခ ရရှိမှာပါ။ ပေးတဲ့ အဖိုးအခကလည်း မနည်းပါဘူး။ အကောင့်ဖွင့်ပြီးသားဖြစ်နေရင်လည်း တခြားစက်တစ်လုံး (သို့မဟုတ်) တခြား Browser တစ်ခုမှာ မတူညီတဲ့ IP address ၊ မတူညီတဲ့ gmail သုံးပြီး ယာယီ အကောင့်ဖွင့်လုပ်မယ်ဆိုလည်းရပါတယ်။ သတ်မှတ်ရက်ပြည့်လို့ ငွေရပြီဆိုရင် ယာယီဖွင့်ထားတဲ့အကောင့်ကို logout လုပ်ထားလိုက်ပါ။
- FamilyGrid : သူကတော့ လေးထောင့် ဂရစ်ကွက်လေးတွေအများကြီးထဲက ကြိုက်ရာတစ်ကွက်ရွေးပြီး ကံစမ်းရတဲ့အလုပ်ပါ။ ကံကောင်းရင် 2$ အထိပေါက်နိုင်ပါတယ်။ မိမိရရှိထားတဲ့ငွေလည်း မဆုံးပါဘူး။
- Offers4all, PleWall, Kiwi Wall, Adscendmedia, PersonaWall, Matomy Money, Clixwall, PTC WALL : ဒီ Offer တွေဟာ PTC site နဲ့ တခြား Offer and survey site တိုင်းမှာ ပါလေ့ရှိပါတယ်။ သူတို့ရဲ့အလုပ်ကလည်း ၂ မျိုး ၃ မျိုးပါတတ်ပါတယ်။ အများအားဖြင့် PTC AD, Paid To Signup Offers (PTSU), Surveys တို့သာဖြစ်ပါတယ်။ Survey ကတော့ အများအားဖြင့် Profile survey, download survey တို့ဖြစ်ပါတယ်။ Profile survey မှာ သူမေးသမျှ မိမိကိုယ်ရေးကိုယ်တာတွေဖြေပေးရမှာပါ။ download survey မှာတော့ android, ios app တွေ download ယူပြီး အသုံးပြုပေးရမှာပါ။ survey တော်တော်များများက မြန်မာ IP ကို လက်မခံတာလည်းရှိပါတယ်။
- Payment Proof Bonus : သူကတော့ မိမိ ငွေထုတ်လို့ ရလာတဲ့အခါ Payment ကို Screen Shoot ရိုက်ပြီး Forum မှာ post တင်ပေးရင် bonus ပေးတာဖြစ်ပါတယ်။
- Referral Contest : Direct referral ပြိုင်ပွဲဖြစ်ပါတယ်။
- Point Contest : မိမိလုပ်ဆောင်မှုတိုင်းမှာ money အပြင် point လည်းပေးပါတယ်။ အဲ့ဒီ point တွေ များရင်များသလို အဆင့်သတ်မှတ်ချက်နဲ့ ဆုရမှာဖြစ်ပါတယ်။
အလုပ်တွေအကြောင်းအကြမ်းရှင်းပြပြီးပြီဆိုတော့ ငွေရှာဖို့အတွက် View Advertisements ကိုနှိပ်လိုက် ပါ။ အောက်ပုံ-၆ ကိုတွေ့ပါမယ်-

ပုံ-၆
ကြည့်ရမယ့် ကြော်ငြာတွေအများကြီးတွေ့ရမှာပါ။ များတော့လည်း ငွေများများရတာပေါ့။ Fixed Advertisements အောက်က ပထမ Ads ခေါင်းစည်း အနီကို နှိပ်လိုက်ပါ။ ဒီအခါ အောက်ပုံ-၇ အတိုင်းတွေ့ပါမယ်-

ပုံ-၇
I'm not a robot ကိုအမှန်ခြစ်ပြီး Continue ကိုနှိပ်ပါ။ အပေါ်ခေါင်းစည်းမှာ အစိမ်းရောင် ဘားပြေးနေပြီး ပြည့်သွားရင် အောက်ပုံ-၈ အတိုင်းတွေ့ပါမယ်-

ပုံ-၈
ပုံ-၈ မှာ Click the upside down picture ဘေးက ပုံတွေထဲမှာ ဇောက်ထိုးဖြစ်နေတဲ့ ပုံတစ်ပုံကို နှိပ်ပေးလိုက်ပါ။ အောက်ပုံ-၉အတိုင်း ပေါ်လာရင် ဒီ tab ကိုပိတ်နိုင်ပါပြီ။

ပုံ-၉
ဒီအခါ အောက်ပုံ-၁၀ အတိုင်း မူလ ကြော်ငြာနေရာကို ပြန်ရောက်လာတဲ့အခါ ပထမ ကြော်ငြာဟာ ကြည့်ပြီးသွားလို့ အရောင်မှိန်သွားတာတွေ့ပါမယ်။ ကျန်တဲ့ ကြော်ငြာတွေကို ဒီနည်းအတိုင်း ကုန်အောင်ကြည့်သွားပါ။

ပုံ-၁၀
ကြော်ငြာတွေကုန်သွားတဲ့အခါ My ACCOUNT ထဲသွားကြည့်ပါ။ ကြော်ငြာကြည့်ခတွေ ရနေတာတွေ့ရ ပါမယ်။ နောက်ထပ်အလုပ်တွေဖြစ်တဲ့ Offer, Survey, Task တို့ကိုလည်း EARN MONEY ထဲမှာ ရွေးချယ်လုပ်နိုင်ပါတယ်။ အလုပ်လုပ်ပုံကို အပေါ် ပုံ-၅ မှာ ရှင်းပြပေးခဲ့ပါတယ်။
OfferWall အလုပ်လုပ်ပုံတွေကို ဒီလင့်မှာ နမူနာရေးပြထားပါတယ်။ လေ့လာကြည့်ပါ။
OfferWall အလုပ်လုပ်ပုံတွေကို ဒီလင့်မှာ နမူနာရေးပြထားပါတယ်။ လေ့လာကြည့်ပါ။
How to withdraw your money
သင်ရှာဖွေထားတဲ့ငွေတွေ $2 ပြည့်ပြီဆိုရင် ငွေထုတ်ယူလို့ရပါပြီ။ MY ACCOUNT ထဲ သွားပါ။ Global pannel ထဲက Withdraw ကိုနှိပ်ပါ။ ဘာနဲ့ထုတ်မလဲရွေးပေးပါ။ Perfect Money, Bitcoin တစ်ခုခုရွေးပါ။ Bitcoin ကိုရွေးရင် Bitcoin wallet address ထည့်ပြီး ထုတ်ယူနိုင်ပါတယ်။ Blockchain transcation confirmation ကြန့်ကြာချိန်အတိုင်း ကြာမြင့်ပြီးရင် သင့် wallet ထဲ BTC တွေရောက်ရှိလာမှာဖြစ်ပါတယ်။
0 comments:
Post a Comment