Thursday, January 19, 2017

EXMO Diary (part 1)



ပုံမှာ မနေ့(18.1.2017)က ကျွန်တော်အရောင်းအ၀ယ်လုပ်ခဲ့တဲ့ buy/sell မှတ်တမ်းပါ..

886.1 (buy)/ 891.1(sell) တစ်ကြိမ်.. ပြီးပြီးချင်းပဲ 886.1(buy)/893(sell) နောက်တစ်ကြိမ်.. (ဒါက server time အရ 17 ရက်ဆိုပေမယ့် မြန်မာမှာတော့ 18 ရက်မနက်ပိုင်းပါ..) တစ်ဖန် 882.1(buy)ပြီး 867 ထိဈေးထိုးကျသွားချိန်မှာ နောက်တစ်ခု 868.0399999(buy) ဈေးနဲ့ဝယ်ပြီး 873(sell) ဈေးနဲ့ ရောင်းထားတာတွေ့မှာပါ။ ရောင်းပြီးပြီးချင်းပဲ နောက်တစ်ကြိမ် 872.1(buy) ဈေးနဲ့ ၀ယ်ပြီး မအိပ်ခင် 890(sell) ဈေးနဲ့ တင်ထားခဲ့သလို 882.1(buy) ဈေးအတွက် 892.5 မှာတင်ထားခဲ့ပါတယ်.. ဒီနေ့မနက် graph ကိုကြည့်လိုက်တဲ့အခါ ပုံ၂ အတိုင်း 892.888 ထိ အမြင့်ဆုံးရောက်ခဲ့တာ တွေ့မှာဖြစ်ပါတယ်..



Bitcoin ဈေးဟာ 800~900 ကြား မျှခြေတစ်ခုမှာ ပုံမှန်အတက်အကျဖြစ်နေရာကနေ 850 ထိရောက်လာပြီး 850~900 ကြားမှာ ပုံမှန်အတက်အကျ ဖြစ်နေပါတယ်.. ဒီလို မျှခြေတစ်ခုမှာ အတက်အကျဖြစ်နေရင် အတက်အကျနှေးတဲ့အတွက် တက်ဈေးမိခဲ့ရင် စောင့်ရတာ ပျင်းဖို့ကောင်းပါတယ်.. ဒါကြောင့် နောက်ငွေတစ်စုနဲ့ ရောက်ရာအရပ်ကနေဆက်လိုက်ရတာဖြစ်ပါတယ်.. ဒီလိုမျိုး မျှခြေတစ်ခုမှာ ပုံမှန်အတက်အကျဖြစ်နေတဲ့အခြေအနေမျိုးမှာ တက်ဈေးမိလည်း တစ်ရက်တည်း ပြန်ထွက်တတ်ပါတယ်.. ဒီတော့ဘယ်လိုပဲလုပ်လုပ် အရှုံးမရှိတာတွေ့မှာဖြစ်ပါတယ်.. လောဘကြီးပြီး များများမြတ်ချင်ရင်တော့ အချိန်ကြာကြာစောင့်နိုင်ရပါမယ်.. ငွေကို အစုစုခွဲပြီး တစ်စုကို အမြတ်များများယူဖို့ထားပါ.. ကျန်အစုစုတွေနဲ့ ကိုယ်ဉာဏ်ရှိသလို ဈေးကစားပါ..

>> Visit to exmo

Bitcoin ပညာရှင်တွေက 2016 နှစ်ကုန်ပိုင်းမှာ bitcoin ဈေး $1000 ဖြစ်လိမ့်မယ်လို့ 2015 နှစ်စကတည်းက ကြိုတင်တွက်ဆထားခဲ့ကြပါတယ်.. $1000 ကျော်သွားတာ အများအသိပါ.. နောက် 2017 နှစ်ကုန်ပိုင်းလောက်မှာလည်း $2000~$3000 ကြားရောက်မယ်လို့ ခန့်မှန်းထားသလို 2020 မှာ $4400~$5000 ပေါက်မယ်လို့ ခန့်မှန်းထားကြပါတယ်.. ဒါဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို Crypto-Currency Market Capitalizations ကို https://coinmarketcap.com/all/views/all/ မှာ လေ့လာကြည့်ရင် သိနိုင်ပါတယ်.. အဲ့ဒီမှာ တရားဝင်ဈေးကွက်ရှိပြီးသား coin ပေါင်း 700 ကျော်ရှိပါ တယ်.. ဈေးကွက်မဖွင့်သေးတဲ့ coin အသစ်တွေလည်း ထပ်ထုတ်နေကြပါတယ်.. အားလုံးဟာ bitcoin ကိုပဲ ဗဟိုပြုကြရပါတယ်.. ဒီလို coin အသစ်တွေများလာတာဟာ bitcoin ရဲ့ ရောင်းလိုအား ၀ယ်လိုအားကို တက်လာစေပြီး bitcoin တန်ဖိုး ပိုတက်လာပါတယ်.. bitcoin ဈေးကျတာနဲ့ ကျန်တာအားလုံးလည်း ဈေးကျရတာပါပဲ.. သူ တက်မှ လိုက်တက်ရပါတယ်.. bitcoin ကို ဘယ် coin မှ ကျော်လို့မရပါဘူး..

bitcoin ရဲ့ ဈေးအတက်အကျ ဘယ်အပေါ်မှာ မှီခိုနေသလဲ လေ့လာကြည့်ရာမှာ china market ကလည်း ဒုတိယနေရာမှာ ပါဝင်နေပြန်တယ်.. ဒီတော့ china တွေရဲ့ activities တွေကိုကြည့်ပြီးလည်း ဈေးအတက်အကျကို ခန့်မှန်းနိုင်ပါသေးတယ်.. အခု bitcoin ဈေးက $800 ထိပြန်ကျသွားရာကနေ $930 ထိ ခဏတဖြုတ်ပြန်တက်လာပြီး တဖန် $750 ထိ ပြန်ကျသွားပါတယ်.. ခု $800 ထိပြန်တက်လာပါတယ်.. ခုလို ကျတုန်းမှာ ၀ယ်စုထားတာ အကောင်းဆုံးပါ.. တရုတ်နှစ်သစ်ကူးရောက်ရင် ယခင်ဈေးလောက် ပြန်တက်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်.. ဘာပဲဖြစ်ဖြစ် $2000 မဖြစ်နိုင်ဘူးထင်ရင်တောင် $1000 ကတော့ တကယ်ဖြစ်ပြီးဖြစ်လို့ ကျိန်းသေတယ်.. ဒါကြောင့် အသေချာအခိုင်မာဆုံးဖြစ်တဲ့ bitcoin ကို နားလည်သလောက်နားလည်အောင်လေ့လာပြီး ရှာဖွေစုဆောင်းသင့်ပါတယ်.. free ရှာဖို့အတွက် faucet site တွေအများအပြားရှိပါတယ်..

>> Visit to exmo

______________________________________________
Written by Bitcoin Seeker (19.1.2017)

0 comments:

Post a Comment