Saturday, January 21, 2017

EXMO Diary (part 2)



Exmo မှာ bitcoin ဈေးဟာ ပုံပါအတိုင်း လှေကားထစ်လေးလို တဖြည်းဖြည်းတက်လာနေပါတယ်.. ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကျော်ကစပြီး 800~900 ကြား မျှခြေတစ်ခုမှာ ပုံမှန်အတက်အကျဖြစ်နေခဲ့ပါတယ်.. ဒီလို မျှခြေတစ်ခုကနေ ဆက်ကျဖို့ ဆက်တက်ဖို့ အနည်းဆုံး တစ်ပတ်လောက်ကြာတတ်တယ်ဆိုတာလည်း မမှားခဲ့ပါဘူး.. ခုတော့ 800 အောက်ကို ကျဖို့နေနေသာသာ 900 အထက်ကို ဖောက်ထွက်လာပြီဖြစ်ပါတယ်.. နောက်အပတ်ဆိုရင် တရုတ်နှစ်သစ်ကူးရောက်တော့မှာပါ.. ၀ါရင့် bitcoin ပညာရှင်တွေ ခန့်မှန်းထားသလို $1000 ထိ ပြန်ရောက်နိုင်မလား.. အခြေအနေကိုကြည့်ခြင်းအားဖြင့် အကျဘက်မရှိဘဲ အတက်ဘက်ချည်းဖြစ်နေပါတယ်.. ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ 800 ဈေးလောက်ကတည်းက ၀ယ်ထားပြီး လုံးဝမရောင်းရသေးတဲ့သူတွေအတွက်တော့ ခုနေရောင်းမယ်ဆိုရင်တောင် $100 ကျော်လောက် ဈေးကွာနေပါပြီ.. မရောင်းဘဲ ဆက်ကိုင်ထားမယ်ဆိုလည်း အမြတ်တိုးပွားဖို့သာရှိပါတယ်..

ဒီလို လှေကားထစ်လေးနဲ့ တဖြည်းဖြည်းတက်လာရင် ပြန်ဆင်းတဲ့အခါလည်း အများအားဖြင့် တဖြည်းဖြည်းသာဆင်းတတ်ပါတယ်.. တောင်တစ်တောင်လို ထောင်တက်သွားရင်တော့ တက်ဈေးမမိအောင် သတိထားပါ.. ပြန်ဆင်းတဲ့အခါ လျှောစီးပြီး ဆင်းတတ်ပါတယ်.. လျှောစောက်မတ်လွန်းရင် အမြန်ရောင်းဖို့တောင် မမီပါဘူး.. ဒါက ယေဘူယျ သဘောတရားတစ်ခုပါ.. တစ်ခါတစ်ရံ ခြွင်းချက်ရှိတတ် ပါတယ်.. တောင်လိုတက်ပြီး လှေကားလိုဆင်းတယ်.. လှေကားလိုတက်ပြီး လျှောစီးဆင်းတယ်.. ဒါပေမယ့် အများအားဖြင့်တော့ ယေဘူယျသဘောတရားကိုပဲ တွေ့နေရပါသေးတယ်.. ဒါက Exmo မှာဖြစ်ပါတယ်..

>> Visit to exmo


သင့်လက်ထဲမှာ bitcoin ရှိနေလို့ အရှုံးမရှိပါ.. ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ရောင်းလို့ရပါတယ်.. သူများလက်ထဲ ငွေ ပုံအပ်၊ သူပေးမယ့် နေ့စဉ်အတိုးလေးမျှော်ကိုးပြီး ၆ လ၊ ၁ နှစ်လောက် ကြာမှ 150%, 200% ပြန်ရမယ့် Investment လုပ်ငန်းတွေမှာ သင့်ငွေပြန်ရဖို့ ရာနှုန်းပြည့် အာမခံနိုင်ပါသလား.. 90% မသေချာပါ.. 10% ကလည်း Site ပိုင်ရှင် သဘောလေးကောင်းနေမှပါ.. လူကိုသာ ယုံကြည်လို့ရချင်ရမယ်.. အခြေအနေဆိုတာ လုံးဝ ယုံကြည်လို့မရပါ.. ဒါကြောင့် အပိုငွေကိုသာ သုံးသင့်ပါတယ်.. ပေးလိုက်ပြီးရင်လည်း ပြန်ရဖို့ မမျှော်လင့်ပါနဲ့.. တကယ်ပြန်မရတော့ရင် ဖြေသာစေပါတယ်.. Investment လုပ်ငန်းအများစုဟာ ကိုယ့်ငွေနဲ့ ကိုယ့်ကို အတိုးပြန်ပေးနေတယ်ဆိုတာ စဉ်းစားမိပါသလား.. တကယ်အမှန်အကန်ပေးတဲ့ ဆိုက်တွေ ရှိတော့ရှိပါတယ်.. အချိန်ကြာကြာ ငွေမြုပ်ထားပြီးမှ အမြတ်ရတာပါ.. ဒီလို မသေချာတဲ့လုပ်ငန်းတွေမှာ သွားရင်းလို့ကုန်မယ့်ငွေကို သေချာတဲ့ bitcoin တွေသာ ၀ယ်စုထားပါ.. 2018 ဆိုတာ.. မကြာပါဘူးလေ..
______________________________________________
Written by Bitcoin Seeker (21.1.2017)

0 comments:

Post a Comment