Thursday, September 6, 2018

What is TRON (TRX)?





Market Detail (6.9.2018)

Rank = 13
Price USD = 0.020575 USD
Price BTC = 0.020575 BTC
Market Cap = 1,352,777,982 USD / 210,834 BTC
Volume (24h) = 144,998,917 USD / 22,598 BTC
Circulating Supply = 65,748,111,645 TRX
Total Supply =  99,000,000,000 TRX

TRON origin
TRON ရဲ႕ မူလဇာစ္ျမစ္က 1982 ခုႏွစ္မွာ ထြက္ခဲ့တဲ့ Walt Disney ရဲ႕ ပထမဦးဆုံး CGI အသုံးျပဳ စိတ္ကူးယဥ္သိပၸံရုပ္ရွင္ TRON ပါပဲ။ နာမည္လည္း ႀကီးခဲ့ပါတယ္။ အဲ့ေနာက္ပုိင္း 1984 ခုႏွစ္မွာ TRON OS ထြက္ေပၚလာပါတယ္။

TRON OS
TRON OS ကုိ ဂ်ပန္ႏုိင္ငံ တုိက်ဳိတကၠသုိလ္ပါေမာကၡ Dr. Ken Sakamura မွ 1984 ခုႏွစ္မွာ ဖန္တီးခဲ့ၿပီး The Real-time Operating system Nucleus လုိ႔ေခၚပါတယ္။ သူ႔ရဲ႕အဓိကရည္ရြယ္ခ်က္က ဂ်ပန္ျပည္တြင္း စက္မႈလုပ္ငန္းေတြရဲ႕ စက္ယႏၲရားအေသးစားေတြအၾကား distributed computing လုပ္ေဆာင္ႏုိင္ေစဖုိ႔ျဖစ္ပါတယ္။

Real-time Operating System (RTOS) Kernel ဟာ မည္သည့္ embedded system ေတြကုိမဆုိ အံ၀င္ခြင္က်ျဖစ္ေအာင္ စီမံေပးႏုိင္ပါတယ္။ Embedded System ဆုိတာ ကြန္ပ်ဴတာ Hardware နဲ႔ Software ေတြ အေသေပါင္းစည္းျမႇဳပ္ႏွံထားတာမ်ဳိးျဖစ္ၿပီး စက္မႈလုပ္ငန္းသုံးစက္ႀကီးေတြ၊ စုိက္ပ်ဳိးေရးဆုိင္ရာစက္ေတြ၊ Automobile ေမာ္ေတာ္ကားေတြ၊ ေဆးပစၥည္း၊ ကင္မရာ၊ အိမ္သုံးကိရိယာတန္ဆာပလာေတြ၊ ေလယာဥ္ေတြ၊ ေငြအေၾကြထည့္ရင္ အစားအေသာက္ထုတ္ေပးတဲ့စက္ေတြ၊ အရုပ္ေတြ အစရွိတဲ့စက္ေတြထဲမွာ ျမႇဳပ္ႏွံထည့္သြင္းထားပါတယ္။

TRON Project မွာ
* BTRON (Business TRON)
* CTRON (Communication and Central TRON)
* eTRON (Entity TRON)
* ITRON (Industrial TRON)
* JTRON (Industrial TRON adapted to JAVA)
* µITRON (Micro-Industrial TRON) ဆုိၿပီး အမ်ဳိးမ်ဳိးရွိပါတယ္။ ဒီအထဲက စက္မႈဆုိင္ရာ ITRON ဟာ ကမၻာမွာ အသုံးျပဳမႈအမ်ားဆုံးနဲ႔ အတြင္က်ယ္ဆုံး ျဖစ္လာခဲ့ပါတယ္။


TRON coin / Tronix (TRX)

TRONIX (TRX) ဟာ TRON Foundation ရဲ႕ Official currency ျဖစ္ၿပီး တရုတ္လူမ်ဳိး Justin Sun ဦးေဆာင္တဲ့ စကၤာပူအေျခစုိက္ TRON Foundation မွ ထုတ္လုပ္ခဲ့ပါတယ္။ Justin Sun ဟာ ယခင္က Ripple အဖြဲ႕မွာ ပါ၀င္လုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ TRON ဟာ ကမၻာမွာအႀကီးဆုံး Blockchain based OS တစ္ခုျဖစ္ၿပီး JTRON (Java-tron) ကုိ အသုံးျပဳထားတာေတြ႕ရပါတယ္။ အဓိကရည္ရြယ္ခ်က္က Facebook, Youtube, Porn Hub တုိ႔ကဲ့သုိ႔ Digital Entertainment Industry ေတြအတြက္ ေဖ်ာ္ေျဖေရး အခ်က္အလက္ေတြ လြတ္လပ္စြာျဖန္႔ေ၀ႏုိင္ေစရန္ျဖစ္တယ္။  TRON က ဖြင့္ေပးလုိက္တဲ့ decentralized platform နဲ႔ distributed storage နည္းပညာဟာ digital content ဖန္တီးသူေတြကုိ Apple Store, Google Play store တုိ႔လုိ ၾကားခံ platform ဘာမွမလုိဘဲ လြတ္လပ္စြာ ျဖန္႔ေ၀ႏုိင္ေစမွာျဖစ္ၿပီး အက်ဳိးအျမတ္အဖုိးအခကုိလည္း ဖန္တီးသူသာ အျပည့္အ၀ ရရွိေစမွာျဖစ္ပါတယ္။

TRON ရဲ႕ အဓိကလုပ္ေဆာင္မႈကလည္း Ethereum ရဲ႕ ecosystem မွာပါတဲ့ Smart-contract လုပ္ေဆာင္မႈလုိပါပဲ။ ဒါေပမယ့္ Ethereum ထက္ ပုိမုိျမန္ဆန္ၿပီး ပုိမုိက်ယ္ျပန္႔ပါတယ္။ Ethereum က ကုိယ္ပုိင္ေရးဆြဲထားတာျဖစ္ၿပီး TRON က က်ယ္ျပန္႔ႏွင့္ၿပီးသား TRON Network ကုိ ခ်ိတ္ဆက္လုိက္သလုိ ျဖစ္သြားတဲ့အတြက္ ကမၻာ့အႀကီးဆုံး Blockchain Based OS ျဖစ္လာပုံရပါတယ္။ Ethereum Virtual Machine (EVM) လုိပဲ TRON Virtual Machine (TVM) ကုိလည္း ဖန္တီးတည္ေဆာက္ၿပီးျဖစ္ပါတယ္။

TRON ကုိ အသုံးျပဳၿပီး Online Entertainment, Online Game, CGI (Computer-Generated Imagery) စတဲ့ ေဖ်ာ္ေျဖေရးနဲ႔ဆုိင္တဲ့အပုိင္းေတြ၊ စက္မႈလုပ္ငန္းေတြ၊ စက္ပစၥည္းေတြအတြက္ ေငြေပးေခ်မႈ လြယ္ကူေစပါတယ္။  TRON OS သုံးထားတဲ့ automobile ကုမၸဏီေတြမွာလည္း သူတုိ႔ထုတ္လုပ္တဲ့ ကားေတြကုိ TRON coin နဲ႔ ၀ယ္ယူခြင့္ေပးထားတာေတြ႕ရပါတယ္။

နဂုိတည္းက ႀကီးမားက်ယ္ျပန္႔ေနခဲ့ၿပီးျဖစ္တဲ့ TRON network အတြက္ Payment တစ္ခုလုိလည္းျဖစ္ေလေတာ့ ကမၻာအရပ္ရပ္က TRON အဖြဲ႕သားေတြၾကား TRON ေရပန္းစားလာတာ ၿဖစ္ႏုိင္ပါတယ္။ TRON ရဲ႕ မ်ားျပားလွတဲ့ Total Supply ေၾကာင့္ တန္ဖုိးမႀကီးျမင့္တာျဖစ္ပါတယ္။ ဒါေပမယ့္ သိပ္မၾကာေသးခင္က TRON ရဲ႕ Total Supply ကုိ 100 Billion မွ 1 Billion ႏႈတ္ကာ 99 Billion အထိ ေလွ်ာ့ခ်ခဲ့ပါတယ္။ ေစ်းကြက္ထဲ လက္ရွိျဖန္႔ေ၀ၿပီးျဖစ္တဲ့ Supply ေတြကုိ ေလွ်ာ့ခ်ပစ္တာ မဟုတ္ဘဲ ျဖန္႔ခ်ိမယ့္အမ်ားဆုံး ပမာဏထဲက ေလွ်ာ့ခ်ပစ္တာျဖစ္ပါတယ္။  ေနာက္ၿပီး 33,251,807,524 TRX (34 Billion ခန္႔) ကုိလည္း TRON Foundaiton အဖြဲ႕က 2020 ဇန္န၀ါရီ ၁ ရက္ေန႔အထိ အေသကုိင္ထားမယ္လုိ႔ ေျပာပါတယ္။ အဲ့ဒီေနာက္ပုိင္းမွာမွ ေစ်းကြက္ထဲ ျဖန္႔မယ္ေပါ့။ အဲ့ဒီအက်ဳိးဆက္က ဘာျဖစ္လာမလဲ၊ TRON coin ရဲ႕ တန္ဖုိးကုိ ျမင့္တက္လာေစပါလိမ့္မယ္။ ေဖာင္ေဒးရွင္းက ကုိင္ထားတဲ့ TRON coin ေတြကုိ ေစ်းကြက္ထဲ ျဖန္႔လုိက္တဲ့အခ်ိန္က်ရင္ေတာ့ တန္ဖုိးျပန္က်ေကာင္း ျပန္က်လိမ့္မယ္ေပါ့။

ဒီေလာက္ဆုိရင္ TRON အေၾကာင္းကုိ အၾကမ္းဖ်ဥ္းသိေလာက္ၿပီျဖစ္ၿပီး၊ ၀ယ္ယူစုေဆာင္းရန္ သင့္မသင့္ကုိလည္း မိမိဘာသာ ဆုံးျဖတ္ႏုိင္မယ္ထင္ပါတယ္။


[Unicode]

Market Detail (6.9.2018)

Rank = 13
Price USD = 0.020575 USD
Price BTC = 0.020575 BTC
Market Cap = 1,352,777,982 USD / 210,834 BTC
Volume (24h) = 144,998,917 USD / 22,598 BTC
Circulating Supply = 65,748,111,645 TRX
Total Supply =  99,000,000,000 TRX

TRON origin
TRON ရဲ့ မူလဇာစ်မြစ်က 1982 ခုနှစ်မှာ ထွက်ခဲ့တဲ့ Walt Disney ရဲ့ ပထမဦးဆုံး CGI အသုံးပြု စိတ်ကူးယဉ်သိပ္ပံရုပ်ရှင် TRON ပါပဲ။ နာမည်လည်း ကြီးခဲ့ပါတယ်။ အဲ့နောက်ပိုင်း 1984 ခုနှစ်မှာ TRON OS ထွက်ပေါ်လာပါတယ်။

TRON OS
TRON OS ကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ပါမောက္ခ Dr. Ken Sakamura မှ 1984 ခုနှစ်မှာ ဖန်တီးခဲ့ပြီး The Real-time Operating system Nucleus လို့ခေါ်ပါတယ်။ သူ့ရဲ့အဓိကရည်ရွယ်ချက်က ဂျပန်ပြည်တွင်း စက်မှုလုပ်ငန်းတွေရဲ့ စက်ယန္တရားအသေးစားတွေအကြား distributed computing လုပ်ဆောင်နိုင်စေဖို့ဖြစ်ပါတယ်။

Real-time Operating System (RTOS) Kernel ဟာ မည်သည့် embedded system တွေကိုမဆို အံဝင်ခွင်ကျဖြစ်အောင် စီမံပေးနိုင်ပါတယ်။ Embedded System ဆိုတာ ကွန်ပျူတာ Hardware နဲ့ Software တွေ အသေပေါင်းစည်းမြှုပ်နှံထားတာမျိုးဖြစ်ပြီး စက်မှုလုပ်ငန်းသုံးစက်ကြီးတွေ၊ စိုက်ပျိုးရေးဆိုင်ရာစက်တွေ၊ Automobile မော်တော်ကားတွေ၊ ဆေးပစ္စည်း၊ ကင်မရာ၊ အိမ်သုံးကိရိယာတန်ဆာပလာတွေ၊ လေယာဉ်တွေ၊ ငွေအကြွေထည့်ရင် အစားအသောက်ထုတ်ပေးတဲ့စက်တွေ၊ အရုပ်တွေ အစရှိတဲ့စက်တွေထဲမှာ မြှုပ်နှံထည့်သွင်းထားပါတယ်။

TRON Project မှာ
* BTRON (Business TRON)
* CTRON (Communication and Central TRON)
* eTRON (Entity TRON)
* ITRON (Industrial TRON)
* JTRON (Industrial TRON adapted to JAVA)
* µITRON (Micro-Industrial TRON) ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီအထဲက စက်မှုဆိုင်ရာ ITRON ဟာ ကမ္ဘာမှာ အသုံးပြုမှုအများဆုံးနဲ့ အတွင်ကျယ်ဆုံး ဖြစ်လာခဲ့ပါတယ်။

TRON coin / Tronix (TRX)

TRONIX (TRX) ဟာ TRON Foundation ရဲ့ Official currency ဖြစ်ပြီး တရုတ်လူမျိုး Justin Sun ဦးဆောင်တဲ့ စင်္ကာပူအခြေစိုက် TRON Foundation မှ ထုတ်လုပ်ခဲ့ပါတယ်။ Justin Sun ဟာ ယခင်က Ripple အဖွဲ့မှာ ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ TRON ဟာ ကမ္ဘာမှာအကြီးဆုံး Blockchain based OS တစ်ခုဖြစ်ပြီး JTRON (Java-tron) ကို အသုံးပြုထားတာတွေ့ရပါတယ်။ အဓိကရည်ရွယ်ချက်က Facebook, Youtube, Porn Hub တို့ကဲ့သို့ Digital Entertainment Industry တွေအတွက် ဖျော်ဖြေရေး အချက်အလက်တွေ လွတ်လပ်စွာဖြန့်ဝေနိုင်စေရန်ဖြစ်တယ်။  TRON က ဖွင့်ပေးလိုက်တဲ့ decentralized platform နဲ့ distributed storage နည်းပညာဟာ digital content ဖန်တီးသူတွေကို Apple Store, Google Play store တို့လို ကြားခံ platform ဘာမှမလိုဘဲ လွတ်လပ်စွာ ဖြန့်ဝေနိုင်စေမှာဖြစ်ပြီး အကျိုးအမြတ်အဖိုးအခကိုလည်း ဖန်တီးသူသာ အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။

TRON ရဲ့ အဓိကလုပ်ဆောင်မှုကလည်း Ethereum ရဲ့ ecosystem မှာပါတဲ့ Smart-contract လုပ်ဆောင်မှုလိုပါပဲ။ ဒါပေမယ့် Ethereum ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုကျယ်ပြန့်ပါတယ်။ Ethereum က ကိုယ်ပိုင်ရေးဆွဲထားတာဖြစ်ပြီး TRON က ကျယ်ပြန့်နှင့်ပြီးသား TRON Network ကို ချိတ်ဆက်လိုက်သလို ဖြစ်သွားတဲ့အတွက် ကမ္ဘာ့အကြီးဆုံး Blockchain Based OS ဖြစ်လာပုံရပါတယ်။ Ethereum Virtual Machine (EVM) လိုပဲ TRON Virtual Machine (TVM) ကိုလည်း ဖန်တီးတည်ဆောက်ပြီးဖြစ်ပါတယ်။

TRON ကို အသုံးပြုပြီး Online Entertainment, Online Game, CGI (Computer-Generated Imagery) စတဲ့ ဖျော်ဖြေရေးနဲ့ဆိုင်တဲ့အပိုင်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ စက်ပစ္စည်းတွေအတွက် ငွေပေးချေမှု လွယ်ကူစေပါတယ်။  TRON OS သုံးထားတဲ့ automobile ကုမ္ပဏီတွေမှာလည်း သူတို့ထုတ်လုပ်တဲ့ ကားတွေကို TRON coin နဲ့ ဝယ်ယူခွင့်ပေးထားတာတွေ့ရပါတယ်။

နဂိုတည်းက ကြီးမားကျယ်ပြန့်နေခဲ့ပြီးဖြစ်တဲ့ TRON network အတွက် Payment တစ်ခုလိုလည်းဖြစ်လေတော့ ကမ္ဘာအရပ်ရပ်က TRON အဖွဲ့သားတွေကြား TRON ရေပန်းစားလာတာ ဖြစ်နိုင်ပါတယ်။ TRON ရဲ့ များပြားလှတဲ့ Total Supply ကြောင့် တန်ဖိုးမကြီးမြင့်တာဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က TRON ရဲ့ Total Supply ကို 100 Billion မှ 1 Billion နှုတ်ကာ 99 Billion အထိ လျှော့ချခဲ့ပါတယ်။ ဈေးကွက်ထဲ လက်ရှိဖြန့်ဝေပြီးဖြစ်တဲ့ Supply တွေကို လျှော့ချပစ်တာ မဟုတ်ဘဲ ဖြန့်ချိမယ့်အများဆုံး ပမာဏထဲက လျှော့ချပစ်တာဖြစ်ပါတယ်။  နောက်ပြီး 33,251,807,524 TRX (34 Billion ခန့်) ကိုလည်း TRON Foundaiton အဖွဲ့က 2020 ဇန်နဝါရီ ၁ ရက်နေ့အထိ အသေကိုင်ထားမယ်လို့ ပြောပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ ဈေးကွက်ထဲ ဖြန့်မယ်ပေါ့။ အဲ့ဒီအကျိုးဆက်က ဘာဖြစ်လာမလဲ၊ TRON coin ရဲ့ တန်ဖိုးကို မြင့်တက်လာစေပါလိမ့်မယ်။ ဖောင်ဒေးရှင်းက ကိုင်ထားတဲ့ TRON coin တွေကို ဈေးကွက်ထဲ ဖြန့်လိုက်တဲ့အချိန်ကျရင်တော့ တန်ဖိုးပြန်ကျကောင်း ပြန်ကျလိမ့်မယ်ပေါ့။

ဒီလောက်ဆိုရင် TRON အကြောင်းကို အကြမ်းဖျဉ်းသိလောက်ပြီဖြစ်ပြီး၊ ဝယ်ယူစုဆောင်းရန် သင့်မသင့်ကိုလည်း မိမိဘာသာ ဆုံးဖြတ်နိုင်မယ်ထင်ပါတယ်။

__________________________________________
Ref : many resources
Written by : Bitcoin Seeker
follow me on : facebook, twitter, VK
 

0 comments:

Post a Comment