Saturday, September 22, 2018

What is Ethereum Classic (ETC)?



May 2016 မွာ Ethereum 10% ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ DAO hack ခံခဲ့ရတယ္။  Ethereum ရဲ႕ block 1,920,000 မျပည့္ခင္အခ်ိန္ေပါ့။ DAO (Decentralized Autonomus Organization) ဆုိတာ Ethereum ေပၚမွာ D-App (Decentralized Application) ေတြကုိ အလုိအေလ်ာက္ ေၾကညာခ်ိတ္ဆက္ေပးဖုိ႔ တည္ေဆာက္ထားတာျဖစ္တယ္။ DAO ရဲ႕ လုံၿခဳံေရးအားနည္းခ်က္ကုိ ေရးသားေဖာ္ျပထားတဲ့ စာရြက္တစ္ရြက္က အျပင္ေပါက္ၾကားသြားေတာ့ DAO ထဲက Ether ေတြ အခုိးခံရဖုိ႔ျဖစ္သြားခဲ့တယ္။ June 2016 မွာ Ether 3.6 သန္းေက်ာ္ (USD သန္း 50 ခန္႔) hacker လက္ထဲ ပါသြားခဲ့တယ္။

ဒီအခါ Ethereum အဖြဲ႕အစည္းက စည္းေ၀းဆုံးျဖတ္ၾကတယ္။ ဟက္ကာေတြကုိ အက်ဳိးခံစားခြင့္ ကာလၾကာရွည္မရေစဖုိ႔၊ DAO ထဲ ဘ႑ာေငြျပန္ျဖည့္ဖုိ႔နဲ႔ smart contract ရဲ႕ အားနည္းခ်က္ကုိျပင္ဖုိ႔အတြက္ Ethereum ရဲ႕ Blockchain ကုိ Version အသစ္ေျပာင္းလဲမွရမွာမုိ႔ hard-fork လုပ္ဖုိ႔ ဆုံးျဖတ္ခဲ့ၾကတယ္။ ဒီဆုံးျဖတ္ခ်က္ကုိ Ethereum user အမ်ားစုက သေဘာမတူၾကဘူး။ ဒါေပမယ့္ Hack ခံရတာက Ethereum မွာျဖစ္တာမဟုတ္ဘဲ DAO ရဲ႕ကုိယ္ပုိင္ code မွာျဖစ္တာကတစ္ေၾကာင္း၊ ဟက္ကာေတြကုိ ကာလရွည္ၾကာ အက်ဳိးမခံစားလုိတာကတစ္ေၾကာင္းေၾကာင့္ block 1,920,000 မွာ Ethereum mining node ေတြကုိ blockchain ဗားရွင္းအသစ္တစ္ခုဆီ လမ္းလႊဲခြဲထုတ္လုိက္တယ္။ Blockchain အသစ္က ဟက္ကာေတြရသြားတဲ့ Ether ေတြကုိ ကုိယ္စားမျပဳေတာ့ဘူးေပါ့။ ပင္မ Etherchain ေပၚမွာ မုိင္းတူးေနတဲ့ အဲ့ဒီ Node ေတြဟာလည္း အနည္းစုတစ္စုအျဖစ္ ခြဲထြက္လာခဲ့တယ္။ အဲ့ဒီအနည္းစုဟာ Ethereum Classic (ETC) ပါပဲ။ Ethereum Classic ကုိ 2017 ႏွစ္ဆန္းမွာ ေမြးဖြားေပးခဲ့တယ္။

Blockchain fork လုပ္တဲ့အခါ Data အားလုံးဟာ Fork လုပ္ၿပီးတဲ့အထိ တရား၀င္ေနေသးတဲ့အတြက္ Hard fork မလုပ္ခင္ကတည္းက 1 ETH ပုိင္ဆုိင္ထားတဲ့ Ethereum user ေတြဟာ Chain အသစ္ေပၚမွာ ေနာက္ထပ္ 1 ETC ရရွိေစတာျဖစ္တယ္။  ETC ဟာလည္း ETH လုိမ်ဳိး Smart-contract နဲ႔ D-App ေတြဖန္တီးျခင္း၊ အထုိင္ခ်ျခင္းလုပ္ငန္းကုိပဲ လုပ္ေဆာင္တာျဖစ္တယ္။ Etherchain အသုံးျပဳတဲ့ ICO ေတြကတဆင့္ Ethereum ကုိ အက်ဳိးအျမတ္တက္ေစသလုိ ETC ကုိလည္း အထုိက္အေလ်ာက္တက္ေစတယ္။ ETH နဲ႔ DAO တုိ႔ရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ခြဲထြက္လာရတဲ့ ETC ဟာ မိခင္ ETH ရဲ႕ ေထာက္ပုိ႔စစ္သည္ေတာ္ဆုိရင္လည္း မမွားပါဘူး။ သူ႕ရဲ႕ ေရွ႕ေျပးလုပ္ေဆာင္မႈတုိင္းဟာ သူကုိယ္တုိင္အတြက္သာမက မိခင္ ETH ကုိပါ ဖြံ႔ၿဖိဳးတုိးတက္ေစပါတယ္။


Ethereum Classic (ETC) Market detail (22.9.2018)

Rank 15
Market Cap = 1,194,950,738 USD / 178,686 BTC
Volume (24h) = 228,180,426 USD / 34,121 BTC
Circulating Supply = 104,730,739 ETC

=========================================
[Unicode]

What is Ethereum Classic (ETC)?

May 2016 မှာ Ethereum 10% ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ DAO hack ခံခဲ့ရတယ်။  Ethereum ရဲ့ block 1,920,000 မပြည့်ခင်အချိန်ပေါ့။ DAO (Decentralized Autonomus Organization) ဆိုတာ Ethereum ပေါ်မှာ D-App (Decentralized Application) တွေကို အလိုအလျောက် ကြေညာချိတ်ဆက်ပေးဖို့ တည်ဆောက်ထားတာဖြစ်တယ်။ DAO ရဲ့ လုံခြုံရေးအားနည်းချက်ကို ရေးသားဖော်ပြထားတဲ့ စာရွက်တစ်ရွက်က အပြင်ပေါက်ကြားသွားတော့ DAO ထဲက Ether တွေ အခိုးခံရဖို့ဖြစ်သွားခဲ့တယ်။ June 2016 မှာ Ether 3.6 သန်းကျော် (USD သန်း 50 ခန့်) hacker လက်ထဲ ပါသွားခဲ့တယ်။

ဒီအခါ Ethereum အဖွဲ့အစည်းက စည်းဝေးဆုံးဖြတ်ကြတယ်။ ဟက်ကာတွေကို အကျိုးခံစားခွင့် ကာလကြာရှည်မရစေဖို့၊ DAO ထဲ ဘဏ္ဍာငွေပြန်ဖြည့်ဖို့နဲ့ smart contract ရဲ့ အားနည်းချက်ကိုပြင်ဖို့အတွက် Ethereum ရဲ့ Blockchain ကို Version အသစ်ပြောင်းလဲမှရမှာမို့ hard-fork လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီဆုံးဖြတ်ချက်ကို Ethereum user အများစုက သဘောမတူကြဘူး။ ဒါပေမယ့် Hack ခံရတာက Ethereum မှာဖြစ်တာမဟုတ်ဘဲ DAO ရဲ့ကိုယ်ပိုင် code မှာဖြစ်တာကတစ်ကြောင်း၊ ဟက်ကာတွေကို ကာလရှည်ကြာ အကျိုးမခံစားလိုတာကတစ်ကြောင်းကြောင့် block 1,920,000 မှာ Ethereum mining node တွေကို blockchain ဗားရှင်းအသစ်တစ်ခုဆီ လမ်းလွှဲခွဲထုတ်လိုက်တယ်။ Blockchain အသစ်က ဟက်ကာတွေရသွားတဲ့ Ether တွေကို ကိုယ်စားမပြုတော့ဘူးပေါ့။ ပင်မ Etherchain ပေါ်မှာ မိုင်းတူးနေတဲ့ အဲ့ဒီ Node တွေဟာလည်း အနည်းစုတစ်စုအဖြစ် ခွဲထွက်လာခဲ့တယ်။ အဲ့ဒီအနည်းစုဟာ Ethereum Classic (ETC) ပါပဲ။ Ethereum Classic ကို 2017 နှစ်ဆန်းမှာ မွေးဖွားပေးခဲ့တယ်။

Blockchain fork လုပ်တဲ့အခါ Data အားလုံးဟာ Fork လုပ်ပြီးတဲ့အထိ တရားဝင်နေသေးတဲ့အတွက် Hard fork မလုပ်ခင်ကတည်းက 1 ETH ပိုင်ဆိုင်ထားတဲ့ Ethereum user တွေဟာ Chain အသစ်ပေါ်မှာ နောက်ထပ် 1 ETC ရရှိစေတာဖြစ်တယ်။  ETC ဟာလည်း ETH လိုမျိုး Smart-contract နဲ့ D-App တွေဖန်တီးခြင်း၊ အထိုင်ချခြင်းလုပ်ငန်းကိုပဲ လုပ်ဆောင်တာဖြစ်တယ်။ Etherchain အသုံးပြုတဲ့ ICO တွေကတဆင့် Ethereum ကို အကျိုးအမြတ်တက်စေသလို ETC ကိုလည်း အထိုက်အလျောက်တက်စေတယ်။ ETH နဲ့ DAO တို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ခွဲထွက်လာရတဲ့ ETC ဟာ မိခင် ETH ရဲ့ ထောက်ပို့စစ်သည်တော်ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ ရှေ့ပြေးလုပ်ဆောင်မှုတိုင်းဟာ သူကိုယ်တိုင်အတွက်သာမက မိခင် ETH ကိုပါ ဖွံ့ဖြိုးတိုးတက်စေပါတယ်။


Ethereum Classic (ETC) Market detail (22.9.2018)


Rank 15
Market Cap = 1,194,950,738 USD / 178,686 BTC
Volume (24h) = 228,180,426 USD / 34,121 BTC
Circulating Supply = 104,730,739 ETC


__________________________________________
Ref : many resources
Written by : Bitcoin Seeker
follow me on : facebook, twitter, VK
 

1 comments:

  1. Strange "water hack" burns 2 lbs in your sleep

    More than 160k men and women are hacking their diet with a easy and SECRET "water hack" to lose 2lbs every night in their sleep.

    It is very simple and works on anybody.

    Just follow these easy step:

    1) Hold a glass and fill it up half glass

    2) Proceed to follow this strange HACK

    and you'll become 2lbs thinner in the morning!

    ReplyDelete