Wednesday, September 12, 2018
Future of Ethereum Classic (ETC ရဲ့ အနာဂါတ်)
Ethereum Classic Summit 2018 in Seoul, Korea
Soccer
eSports
Predictions
==============================
[Unicode]
Ethereum Classic Summit 2018 in Seoul, Korea
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပမယ့် Ethereum Classic Summit 2018 ပွဲမှာ ETC Labs ရဲ့ CEO Terry Culver က ETC Ecosystem ဖွံ့ဖြိုးရေးအတွက် အထူးခြားဆုံးဟောပြောတင်ဆက်မှုတွေနဲ့ ဒီနေ့ တင်ဆက်ဆွေးနွေးခဲ့ပါတယ်...တဲ့
ETC Labs ဟာ ETC ရဲ့ အနာဂါတ် ရင်းနှီးမြှုပ်နှံမှုများတိုးပွားလာအောင်၊ နည်းပညာပိုင်းဆိုင်ရာ ပိုမိုလွယ်ကူအဆင်ပြေလာအောင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ETC အပေါ် ရင်းနှီးမြှုပ်နှံမှု တိုးပွားလာစေမယ့် ETCgame ခေါ် CoinGame.org website နဲ့ပတ်သက်ပြီး ပြောဆိုတင်ပြခဲ့ပါတယ်။ ဒီ CoinGame မှာ ETH, ETC နှစ်သက်ရာနဲ့ deposit တင်ပြီး နိုင်ငံတကာဘောလုံးပွဲ နဲ့ eSport တွေဖြစ်တဲ့ အွန်လိုင်းဂိမ်းအသင်းအချင်းချင်း ယှဉ်ပြိုင်မှုတွေမှာ ဘယ်အသင်းနိုင်မယ် ခန့်မှန်းရတာတွေ၊ Crypto ဈေးအတက်အကျခန့်မှန်းတာတွေ  ကစားလို့ရပါတယ်။
Soccer
eSports
Predictions
IOHK (Input Output HK) အဖွဲ့က Bob Summerwill ကလည်း Mantis Devemopment - ETC Wallet အပိုင်းနဲ့ပတ်သက်ပြီး ပြောဆိုတင်ပြခဲ့ပါတယ်။ (အောက်ပုံ)
ETC အတွက် Daedauls-Mantis Wallet ကို Version 1.1 အထိ ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီ Version 1.1 မှာ ETH ကို အပြည့်အ၀ ထောက်ပံ့မှုပေးထားတယ်၊ စွမ်းဆောင်ရည်အပိုင်းပိုအဓိကထားလာတယ်၊ Mac / Windows နှစ်မျိုးလုံးမှာပါ ရလာတယ် (ယခင်က Linux တစ်ခုတည်းသာရသေး)၊ critical issues တွေကို ဖြေရှင်းပေးလာတယ်၊ Syncing စွမ်းဆောင်ရည် တိုးလာတယ်။ နောက်ထွက်လာမယ့် Version 2.0 မှာ ဒီထက်ပိုမိုစွမ်းဆောင်ရည်ပြည့်ဝလာပါမယ်။
ETC Developer Team မှ Program manager ဖြစ်သူ Darcy Danger Reno က ETCDEV ရဲ့လုပ်ဆောင်မှုအပိုင်းနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။ (အောက်ပုံ)
UTRUST ကလည်း လုံခြုံရေးနဲ့ပတ်သက်ပြီး ETCDEV နဲ့ လက်တွဲလိုက်ပြီလို့ပြောပါတယ်။ UTRUST ဟာ အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေအတွက် ရောင်းသူဝယ်သူကြား  ငွေပေးချေမှု လွယ်ကူမြန်ဆန်ပြီး လုံခြုံမှုရှိစေရန် ကြားခံဝန်ဆောင်မှုပေးတဲ့ Cryptocurrency Payments Solution တစ်ခုဖြစ်ပါတယ်။ Euro, Dollar အပါအဝင် cryptocurrency မျိုးစုံကို သူ့စနစ်တစ်ခုတည်းကနေ လွယ်ကူမြန်ဆန်စွာပေးချေနိုင်စေပါတယ်။ ဒီလို ETCDEV နဲ့ UTRUST တို့ လက်တွဲလိုက်တာဟာ ETC ရဲ့ ဝယ်လိုအားကို လျင်မြန်စွာ တက်လာနိုင်စေပါမယ်။ နာမည်ကျော် Coinbase လည်း ETC နဲ့ ချိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
__________________________________________
Ref : many resources
Written by : Bitcoin Seeker
follow me on : facebook, twitter, VK
1 comments:
  1. As reported by Stanford Medical, It is in fact the one and ONLY reason this country's women get to live 10 years longer and weigh 42 lbs lighter than we do.
    (Just so you know, it really has NOTHING to do with genetics or some secret-exercise and really, EVERYTHING related to "how" they eat.)
    P.S, What I said is "HOW", not "WHAT"...
    Tap on this link to see if this brief quiz can help you decipher your true weight loss possibility
    ReplyDelete