Friday, March 18, 2016

Bitcoin wallet တစ်ခု ပြုလုပ်ခြင်း


Bitcoin ဆိုတာဘာလဲ သိချင်ရင် ဒီလင့်မှာ သွားလေ့လာပါ..။ အဲဒီ Bitcoin တွေကို လက်ခံဖို့၊ လွှဲပေးဖို့အတွက် wallet တစ်ခုလိုအပ်ပါတယ်။ Bitcoin wallet များစွာရှိပါတယ်။ ကမ္ဘာတစ်ဝန်း အသုံးများတဲ့ Bitcoin wallet က Blockchain နဲ့ Coinbase ပဲဖြစ်ပါတယ်။ လူသစ်တွေအတွက် Coinbase က ပိုအဆင်ပြေပါတယ်။ သူက သုံးရလွယ်ကူပြီး လုံခြုံရေးကောင်းလို့ဖြစ်ပါတယ်။


အကောင့်ဖွင့်နည်း (Sign Up)

1. ဒီနေရာကိုနှိပ်ပြီး coinbase ကို သွားပါ။ အောက်ပုံအတိုင်း ဖြည့်စရာရှိတာ ဖြည့်ပေးပါ..။ မမေ့အောင် လည်း မှတ်ထားပါ။ (Login ၀င်တိုင်း email နဲ့ password ပေးရပါ့မယ်)။ အားလုံးဖြည့်ပြီးရင် "I agree to the..." ဘေးက check box ကို အမှန်ခြစ် ခြစ်ပေးပါ။ Sign Up ကိုနှိပ်လိုက်ပါ။



2. အောက်ပုံအတိုင်း သင့် email ကို verify လုပ်ခိုင်းပါလိမ့်မယ်..။ စောနက သင်ဖြည့်ခဲ့တဲ့ email ကို ဖွင့်ပါ။



3. သင့်မေးလ်ထဲမှာ အောက်ပုံအတိုင်း coinbase ကပို့တဲ့ mail တစ်စောင်ရောက်နေပါ့မယ်..။ ဖွင့်လိုက်ပါ..။



4. အောက်ပုံအတိုင်း Verify Email Address ဆိုတဲ့ အပြာရောင်ဘောက်ကို နှိပ်လိုက်ပါ..



ဒါဆိုရင် သင့်အနေနဲ့ coinbase အကောင့်တစ်ခု ရရှိသွားပြီးလို့ wallet ထဲ ရောက်သွားပြီ ဖြစ်ပါတယ်..။

တစ်ခါတစ်ရံမှာ သင်ပထမ login ၀င်တဲ့ IP address, device, browser တို့ မတူညီတဲ့အခါ coinbase ကနေ အောက်ပုံအတိုင်း New Device Confirmation လုပ်ခိုင်းလေ့ရှိပါတယ်..။ ကိုယ့် wallet ကို တခြားသူတစ်ပါး ခိုးဝင်ခြင်းမှ ကင်းဝေးစေဖို့ဖြစ်ပါတယ်။



အဲ့လိုဖြစ်ရင်လည်း email ထဲသာ သွားလိုက်ပါ.. coinbase က မေးပို့ထားပါလိမ့်မယ်..။ အောက်ပုံအတိုင်း အပြာဘောက်ကို နှိပ်ပေးလိုက်ပါ..။



ပိုက်ဆံအိတ် လိပ်စာ (Wallet Address)
ကိုယ့်ဆီကို ငွေပို့စေချင်ရင်ဖြစ်ဖြစ်၊ သင်လုပ်နေတဲ့ Online အလုပ်တွေကနေ ငွေထုတ်ချင်ရင်ဖြစ်ဖြစ် ကိုယ့်ရဲ့ wallet address ပေးရပါတယ်။ Coinbase မှာ wallet address ကို လုံခြုံရေးအတွက် အချိန်နဲ့အမျှ ပြောင်းလဲပေးပါတယ်။ ဒါဟာ မတူညီတဲ့ အလုပ်တွေမှာ မတူညီတဲ့ လိပ်စာ တစ်ခုစီ သုံးလို့ရစေပါတယ်..။ လိပ်စာတွေပြောင်းပေမယ့် ယခင် လိပ်စာအဟောင်းလည်း သုံးလို့ရပါတယ်။ သင့်အနေနဲ့ address တစ်ခုပဲ မှတ်ထားရင် ရပြီဖြစ်ပါတယ်။ 


လိပ်စာယူနည်း

1. ပုံမှာ အနီရောင်ဘောင်ခတ်ပြထားတဲ့ wallet address ကိုနှိပ်လိုက်ပါ..



2. အောက်ပုံအတိုင်းပေါ်လာပါမယ်..။ အနီရောင်ကွပ်ပြထားတာ wallet address ဖြစ်ပါတယ်..။


အဲ့ဒီစာတွေ ဂဏာန်းတွေပါတဲ့ address ကို အစအဆုံး selection ပေးပြီး copy ယူလိုက်ပါ..။ သင် လိုအပ်တဲ့အချိန် အလွယ်တကူ ယူလို့ရမယ့် Note pad ဖြစ်ဖြစ် တစ်ခုခုမှာ paste လုပ်ပြီး save သိမ်းထားလိုက်ပါ..။ address လိုအပ်တိုင်း wallet ထဲ ၀င်နေစရာမလိုတော့ဘူးပေါ့..။ သတိပြုရမှာက စာလုံးတွေ တစ်လုံးတလေတောင် မဖျက်မိဖို့လိုပါတယ်..။ စာလုံးတစ်လုံးပျက်သွားတာ၊ ကျန်တာ၊ ပိုနေတာ ဖြစ်ရင် သင့် wallet ဆီ ငွေရောက်တော့မှာမဟုတ်ပါ။


ပိုက်ဆံအိတ် လုံခြုံရေး (Wallet security)
သင့်အနေနဲ့ သင့်ပိုက်ဆံအိတ်ကို စိတ်မချလို့ လုံခြုံရေးတိုးမြှင့်ချင်တယ်ဆိုရင် သင့်ဖုန်းနဲ့ ချိတ်ထားလို့ ရပါတယ်။ သင့်ဖုန်းနဲ့ချိတ်ထားတဲ့အတွက် တစ်စုံတစ်ယောက်က သင့်ပိုက်ဆံအိတ်ကို ဖွင့်ဖို့ ကြိုးစားတိုင်း သင့်ဖုန်းကို အသိပေးပြီး confirm လုပ်ခိုင်းပါလိမ့်မယ်..။ သင် confirm မလုပ်သမျှ မည်သူမျှ ၀င်လို့ရမှာ မဟုတ်ပါ..။ သင့် email ကို hack လို့ရချင်ရမယ်..။ သင့်ဖုန်းကိုတော့ hack လို့မရတဲ့အတွက် ပိုမို လုံခြုံစိတ်ချ ရစေပါတယ်..။

1. ပုံပါအတိုင်း Setting ကိုနှိပ်ပါ..



2. Security ကိုနှိပ်ပါ..



3. + Verify A Phone ဆိုတာကိုနှိပ်ပြီး ဆက်လက်လုပ်ဆောင်သွားပါ..။



ငွေလွှဲခြင်း (Sending)
ငွေလွှဲတော့မယ်ဆိုရင် ကိုယ်လွှဲမယ့်သူရဲ့ Wallet Address ကို တောင်းယူရပါမယ်..။ ရပြီဆိုရင်..

1. ပုံပါအတိုင်း Send/Request ကိုနှိပ်ပါ..



2. Recipient အောက်ကအကွက်မှာ ကိုယ်လွှဲပေးမယ့်သူရဲ့ wallet address ထည့်ပါ..။ Amount မှာ လွှဲမယ့် Btc ပမာဏ ထည့်ပါ..။ Note မှာ ရေးချင်တာရှိရင် ရေးပါ..၊ မရေးလည်းရပါတယ်။


3. ထည့်သွင်းထားတဲ့ အချက်အလက်ကို တစ်ကြိမ်လောက်ပြန်စစ်ပြီး Send Funds ကို နှိပ်လိုက်ရင် ရပြီ ဖြစ်ပါတယ်။

______________________________________________
zinnoya
http://www.makemmore.cf/2016/03/bitcoin-wallet.html

1 comments:

  1. BitKONG Test your fearlessness and win bitcoins from the big angry monkey.

    And most importantly, Claim free bitcoins every 10 minutes from the free faucet.

    ReplyDelete