Wednesday, August 15, 2018

Trading Style ၃ မျိုး အတွက် အကောင်းဆုံး BTC pairs (On EXMO)


Exmo ပေါ်ကို  နောက်ထပ် coin အသစ်တွေထပ်မံ ရောက်ရှိလာပါတယ်။ Exmo မှာ Day Trading, Swing Trading, Position Trading ၃ မျိုးအတွက်
BTC pairs တွေကို ဖော်ပြပေးလိုက်ပါတယ်။

1st best BTC pairs for DAY and SWING TRADING.
1. KICK
2. TRX
3. HBZ
4. DXT

2nd best BTC pairs for DAY TRADING.
1. MNX
2. WAVES
3. OMG
4. XLM
5. ADA
6. INK

ADA, INK တို့က ရောက်ခါစမို့ မသွက်သေးပေမယ့် တခြား exchange တွေမှာ လက်ရှိသွက်နေတဲ့ coin တွေဖြစ်ပါတယ်။ Day Trading / Swing Trading မှာ အတက်အဆင်း အကြိမ်ရေများများမိအောင်ကစားနိုင်ရင် အမြတ်များစွာရရှိနိုင်ပါတယ်။

LTC, ZEC, BTG, BCH, DASH, ETH, ETC, EOS, XML အစရှိတဲ့ coin တွေကတော့ POSITION TRADING (within 1 week) အဖြစ်ပဲ Trade လို့ ကောင်းပါတယ်။

Day Trading ဟာ အသုံးအများဆုံး Trading style ဖြစ်ပါတယ်။ တစ်ရက်အတွင်း ဈေးအတက်အကျကိုကြည့်ပြီး အနိမ့်ဆုံးဈေးကို စောင့်ဝယ်ပါတယ်။ ပြီးရင် တစ်ရက်အတွင်း အမြင့်ဆုံးထိတက်တဲ့ဈေးကို စောင့်ကြည့်ပြီး ပြန်ရောင်းပါတယ်။

Swing Trading ကတော့ တစ်ရက်အတွင်းဈေးအတက်အကျကိုကြည့်ပြီး short-term အဖြစ်နဲ့ နီးနီးနားနားခွာ ကစားပါတယ်။ Day Trading လို ဝေးဝေးမခွာပါဘူး။ အတက်အဆင်းအကြိမ်ရေများများရအောင် ကစားပါတယ်။

ဒီ style ၂ ခုဟာ အမြဲ Active ဖြစ်နေရပါတယ်။ Position style  ကတော့ အမြဲ active ဖြစ်ဖို့မလိုပါ။ buy and hold style မျိုးဖြစ်ပါတယ်။ တစ်ပတ်အတွင်း ဈေးအတက်အကျ တစ်လအတွင်း ဈေးအတက်အကျကိုကြည့်ပြီး မိမိလိုချင်တဲ့နေရာမှာ တင်ထားခဲ့ရတာဖြစ်ပါတယ်။

နောက် style တစ်မျိုးဖြစ်တဲ့ Scalping Trading ဟာ  order တွေကို ဈေးနှုန်းအစုစုခွဲတင်တာဖြစ်ပါတယ်။ Buy (bid) အတွက်ဆိုရင် ဈေးနှုန်း မြင့်ရာမှ နိမ့်ရာသို့၊ Sell (ask) အတွက်ဆိုရင် ဈေးနှုန်း နိမ့်ရာမှ မြင့်ရာသို့ တဆင့်ချင်း အစုစုခွဲတင်ပါတယ်။ နဲနဲနဲ့ ကျဲကျဲဝိုင်းပုံစံမျိုးလည်းဖြစ်ပါတယ်။


----------------------------------
Written by Bitcoin Seeker

Tuesday, January 9, 2018

Bitcoin Hard Fork လုပ်တယ်ဆိုတာ



BTC Hard fork လုပ်တယ်ဆိုတာက Bitcoin Protocol ကို နှစ်ပိုင်းခွဲလိုက်တာပါပဲ။ Bitcoin နည်းပညာဟာ open source ဖြစ်တဲ့အတွက် လူတိုင်း အလွယ်တကူ ပြုပြင်မွမ်းမံလို့ရတယ်။ သို့ပေမယ့် Bitcoin ကို တိုက်ရိုက်ပြုပြင်ခွင့်မရှိဘူး။ တစ်ကမ္ဘာလုံးက Bitcoin ပညာရှင်တွေ စုပေါင်း အတည်ပြုမှ ပြုပြင်ခွင့်ရှိတယ်။ ပြုပြင်ခွင့်မရှိပေမယ့် သူ့ရဲ့ blockchain protocol ကို ခွဲထုတ်ပြီး အသစ်ဖန်တီးလို့ရတယ်။ မူလ btc ထက် ပိုကောင်းတဲ့နည်းပညာတွေ ထည့်သွင်းပြင်ဆင်ပြီး ခွဲထွက်လို့ရတယ်။ 

ဘယ်သူတွေလုပ်ကြလဲဆိုရင် Bitcoin miner တွေနဲ့ Bitcoin developer တွေ စုပေါင်းပါဝင်တဲ့ စီးပွားရေးအဖွဲ့အစည်းတွေဖြစ်တယ်။ သူတို့က မူလ Bitcoin ထက်ပိုကောင်းတဲ့ ငွေအလွှဲအပြောင်း ပိုမိုမြန်ဆန်တဲ့ Bitcoin တစ်မျိုးကို ထုတ်လိုကြတယ်။ ရှေ့အဆက်ဆက်ကလည်း Bitcoin ကို အဖွဲ့အစည်းအမျိုးမျိုးက ခွဲထုတ်ခဲ့ကြတယ်။ အောင်မြင်ပြီး ဆက်လက်တည်တံ့နေတာလည်းရှိသလို အစအန ရှာမရအောင် ပျောက်ကွယ်သွားတာလည်းရှိတယ်။

Bitcoin Hard fork လုပ်တဲ့အခါ လက်ရှိထွက်ရှိပြီးဖြစ်တဲ့ မူလ Bitcoin ပမာဏအတိုင်း ခွဲထုတ်မှာဖြစ်သလို တန်ဖိုးအနေနဲ့လည်း မူလ Bitcoin တန်ဖိုးထဲက % နဲ့ခွဲထုတ်လိုက်မှာဖြစ်တယ်။ တန်ဖိုးခွဲဝေမှုကလည်း ရင်းနှီးမတည်ငွေပေါ်မှာ မူတည်တွက်ချက်မှာဖြစ်တယ်။ ငွေကြေးသဘောတရားအတိုင်းပဲ ထုတ်ချင်တိုင်း ထုတ်မရပါဘူး။ ထုတ်ချင်တိုင်းထုတ်နေရင် ဖောင်းပွမှုကျိန်းသေဖြစ်မှာပါပဲ။

ဒီလို ခွဲထုတ်လိုက်တဲ့အခါ  မူလ Bitcoin (Bitcoin-A) နဲ့ Bitcoin-B ဆိုပြီး ထွက်လာမယ်။ သင့် Wallet ထဲမှာ 1 Bitcoin-A ရှိရင် 1 Bitcoin-B ရရှိမယ်။ ဒါဟာ wallet ထဲက မူလ Bitcoin ကို နှစ်ဆပွားပေးတာမဟုတ်ဘူး။ ဒီလိုရရှိဖို့ကလည်း Wallet က Support လုပ်မှရမယ်။ တကယ်လို့ Support မလုပ်တဲ့ Wallet ထဲ ထည့်ထားမိရင်၊ Exchange site ရဲ့ Wallet ထဲထည့်ထားမိရင် Forked coin ရမှာမဟုတ်ပါဘူး။ ဒီအခါ Support လုပ်တဲ့ Wallet ထဲ ပို့လိုက်ရင် Forked coin ရရှိနိုင်ပါတယ်။ မရဘူးဆိုတာဟာ မိမိ Bitcoin ဟာ Forked ပေးပြီးဖြစ်တဲ့ Bitcoin ဖြစ်နေလို့ပါပဲ။ ဘယ် Bitcoin ဟာ Forked လုပ်ပြီးပြီလဲဆိုတာ Blockchain protocol က ခွဲခြမ်းသိရှိပါတယ်။ တချို့က ဒါကို သဘောမပေါက်ကြတော့ ငါ့ Bitcoin တွေကျ မခွဲပေးပါလားဆိုပြီး ဆိုင်ရာ wallet ကို complain တက်ကြပါတယ်။

Bitcoin Hard fork လုပ်တဲ့အခါ မူလ Bitcoin တန်ဖိုးလည်း အထိုက်အလျောက်ကျပါလိမ့်မယ်။ Bitcoin-B ရဲ့ ရင်းနှီးမတည်ငွေအချိုးပေါ်မူတည်ပြီး ခွဲထုတ်လိုက်တဲ့ % လောက်သာ Bitcoin-A မှာ လျော့ကျမယ်။ ဒီ Bitcoin Hard forked coin တွေဟာလည်း ICO တွေရဲ့သဘောအတိုင်းပဲ ပထမအဆင့်မှာ ရင်းနှီးမတည်ငွေတွေပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်တယ်။ ဒုတိယအဆင့် ဈေးကွက်ရောက်တဲ့အခါမှာ Trader တွေရဲ့ ဈေးကစားမှုပေါ်မူတည်ပြီး အတက်အကျဖြစ်ပေါ်လာတယ်။ သူ့ရဲ့ Ecosystem ကောင်းရင်ကောင်းသလောက် လူသုံးများရင် များသလောက် သူ့တန်ဖိုးလည်း တက်လာနိုင်ပါတယ်။

written by Bitcoin Seeker

ICO တွေဝယ်ယူတဲ့အခါ



ပထမအဆင့် Pre-Sale နဲ့ ဒုတိယအဆင့် Crowdsale/Token sale ဆိုပြီး အဆင့်နှစ်ဆင့်ရှိတယ်။ pre-sale အဆင့်မှာ လူတိုင်းဝယ်ယူခွင့်မရဘူး။ အကြီးစား ရင်းနှီးမြှုပ်နှံသူတွေကိုသာရောင်းချတယ်။ အနည်းဆုံး $1000 မှစတယ်။ အချိန်ကာလအားဖြင့် တချို့က တစ်ပတ်၊ တချို့က နှစ်ပတ် အသီးသီးရှိတယ်။ ဒီပထမအဆင့်မှာ ICO တန်ဖိုးက အင်မတန်နည်းတယ်။ ဥပမာ- BTC နဲ့ဆိုရင် 0.00001 btcသတ်မှတ်ပြီးရောင်းပေးတယ်။ ဒီပထမအဆင့်ပြီးရင် အရင်းအနှီးနည်းနည်းနဲ့ဝယ်ယူမယ့် အသေးစား ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းချပေးတယ်။ အချိန်ကာလအားဖြင့် တစ်လ။ ဒီတစ်လအတွင်းမှာ အဆင့် ၃ ဆင့်၊ သို့မဟုတ် ၄ ဆင့် ခွဲရောင်းတယ်။ ဒီအခါမှာ token ဈေးနှုန်းက ပထမအဆင့် 0.00001 btc မဟုတ်တော့ဘဲ ပထမအဆင့်ကရတဲ့ ငွေအရင်းအနှီးပမာဏ၊ ဖြန့်ချိပေးမယ့် token ပမာဏတွေအပေါ်မူတည်တွက်ချက်ပြီး တန်ဖိုးတက်လာတယ်။ Token တွေကို တစ်ပတ်လျှင် ဈေးနှုန်းတစ်မျိုးနဲ့ လေးပတ်အတွက် လေးဆင့်ခွဲရောင်းမယ်ဆိုရင်-
ဥပမာအနေနဲ့
ပထမအပတ် - btc 0.0001
ဒုတိယအပတ် - btc 0.00015
တတိယအပတ် - btc 0.0002
စတုတ္ထအပတ် - btc 0.00025  စသဖြင့် အသီးသီးသတ်မှတ်ရောင်းချပေးမယ်ပေါ့။

နောက်ဆုံးအပတ်ပြီးရင် token ရောင်းချမှုပိတ်သိမ်းပြီး ဈေးကွက်ပို့ဖို့ လုပ်ပါမယ်။ ဈေးကွက်ပို့ဖို့အတွက် အလွန်ဆုံး နှစ်ပတ်အထိကြာပါတယ်။ ဈေးကွက်ပေါ်ရောက်တဲ့အခါ coin တန်ဖိုးဟာ နောက်ထပ် ရင်းနှီးရရှိလာတဲ့ငွေပမာဏပေါ်မူတည်တွက်ချက်ပြီး ဥပမာ- btc 0.0003 လောက်နဲ့ စ၀င် ပါလိမ့်မယ်။ ဈေးကွက်ရောက်ပြီဆိုတာနဲ့ coin တန်ဖိုးဟာ ပထမ pre-sale ပေါက်ဈေးအထိ (သို့မဟုတ်) သူ့ထက်ပို၍ ကျဆင်းပါမယ်။ ဘာကြောင့်ပါလဲ။ ဈေးကွက်ရောက်တဲ့အခါ မူလ၀ယ်ယူထားသူတွေ က ငွေပြန်ဖော်ကြတဲ့အတွက် အပြိုင်အဆိုင်ဈေးလျှော့ရောင်းကြလို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစောဆုံးဝယ်ထားသူတွေဟာ အမြတ်ရဖို့ ကျိန်းသေပြီး နောက်ဆုံးမှ ၀ယ်မိသူတွေအနေနဲ့ အမြန်ရောင်းဖို့တောင် မမီဘဲ ပိုက်မိနေတတ်ပါတယ်။ ဒီ ICO တွေရဲ့ တန်ဖိုးဟာ ICO ဘ၀မှာ ရင်းနှီးမြှုပ်နှံသူတွေပေါ်မှီခိုပြီး၊ ဈေးကွက်ရောက်ပြီဆိုတာနဲ့ Trader တွေရဲ့ ဈေးကစားမှုပေါ် မှီခိုသွားပါတယ်။ (ဥပမာအနေနဲ့ Paragon(PRG) ဟာ token sale တုန်းက $1 နဲ့ရောင်းခဲ့ပေမယ့် ဈေးကွက်ထဲမှာ $1 အောက်ကျသွားတာတွေ့နိုင်ပါတယ်။) နောက်ခံ စီးပွားရေးအင်အား မကောင်းတဲ့ coin တွေဆိုရင် နာလန်ပြန်ထဖို့ အတော်ကြာတတ်ပါတယ်။

ဒါကြောင့်မို့ ICO token တွေ ၀ယ်ယူမယ်ဆိုရင် အစောဆုံးဝယ်နိုင်အောင် ကြိုးစားပါ။ အမြန်ဆုံးရောင်းနိုင်အောင် လုပ်ပါ။ နောက်ကျရင် နှေးနေရင်တော့ ခံရပါလိမ့်မယ်။

written by Bitcoin Seeker

Trading, Investing and Saving



Crypto အရောင်းအ၀ယ်လုပ်တာကို Trading လုပ်တယ်လို့ မခေါ်ဘူးဆိုပြီး ပြောတဲ့သူတချို့ကြောင့် Trading ဆိုတာဘာကိုခေါ်ပါသလဲလို့ လာမေးသူတချို့ရှိပါတယ်။ နောက်ထပ်မသိသေးသူတွေလည်း ရှိမယ်ထင်လို့ ယခင်ရေးထားတာလေးပြန်ရှာပြီး ဖြည့်စွက်ရေးပေးပါတယ်။

Trading ရဲ့ အဓိပ္ပာယ်က ဘာလဲ။ ကုန်သွယ်ရောင်းဝယ်ခြင်းဖြစ်ပါတယ်။ ဒါဆိုရင် Trading Law (ကုန်သွယ်မှုဥပဒေသ) ဆိုတာရော သိမယ်ထင်ပါတယ်။ ဒီဥပဒေသမှာ ရောင်းသူဝယ်သူ ရှိရမယ်၊ ရောင်းကုန်ပစ္စည်းရှိရမယ်၊ ဈေးကွက်ရှိရမယ်။ ဒီသုံးခုပြည့်စုံမှသာလျှင် ဒီဥပဒေသထဲ အကျုံးဝင်ပါမယ်။ ကိုယ်ဝယ်ထားတဲ့ ကုန်ပစ္စည်းကို ကိုယ်လိုချင်တဲ့ဈေး၊ ကိုယ်ရောင်းချင်တဲ့နေရာမှာ အချိန်မရွေး ရောင်းဝယ်နိုင်ခွင့်ရှိရမယ်။ ဒါသည်ပင် Trading လို့ခေါ်ပါတယ်။ ဈေးထဲမှာ ဟင်းရွက် ကန်စွန်းရွက်ရောင်းဝယ်ဖောက်ကားနေသူတွေလည်း Trader တွေပါပဲ။ အသေးစား၊ အလတ်စား၊ အကြီးစား ဆိုပြီးကွဲပြားပါတယ်။

Forex, Binary မှာ ဒီဥပဒေသအကျုံးဝင်ပါရဲ့လား သေချာကြည့်သင့်ပါတယ်။ တကယ်တော့ forex, binary တွေဟာ trading ဥပဒေသထဲ အကျုံးမ၀င်ပါဘူး။ gambler ဥပဒေသထဲ ပါဝင်သွားပါတယ်။ သူတို့ကိုကြည့်ရင် ပြင်ပလောကမှာ အချိန်နဲ့အမျှ အတက်အကျဖြစ်ပေါ်နေတဲ့ ငွေကြေးစီးကြောင်းတစ်ခုကို အတက်အကျခန့်မှန်းပြီး ကစားရတာဖြစ်ပါတယ်။ Buy/Sell တော့ ဟုတ်ပေမယ့် ကိုယ် buy သမျှ ကိုင်ထားလို့မရပါဘူး။ ဘယ်အချိန်မှာ ကျလိမ့်မယ်ဆိုပြီး ကျဈေးကိုရွေးလိုက်လို့ ကိုယ်ဝယ်ထားတာထက် ကျသွားခဲ့ရင် ကိုယ်မြတ်ပါတယ်။ တက်ရင်တော့ ရှုံးပါတယ်။ ဒါဟာ ကံစမ်း ပညာစမ်းကစားရတဲ့ ဒိုင်လက်ထဲ ကံတရားမရှိတဲ့ လောင်းကစား တစ်မျိုးပါပဲ။ ဘောလုံးပွဲလောင်းခြင်းဟာလည်း ဒီသဘောပါပဲ။

Trading လို့ဆိုလိုက်တာနဲ့ Investing ကလည်း ပါဝင်ပြီးဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုမရှိဘဲ Trading လုပ်လို့မရပါဘူး။ Investing ဆိုတာကရောဘာလဲ၊ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ စုဆောင်းခြင်း (Saving) မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အကျိုးအမြတ်ရှိပါတယ်။ ဒီတိုင်း မြှုပ်နှံထားရုံနဲ့ အကျိုးအမြတ်က တိုးပွားမလာပါဘူး။ အချိန်တန်ရင် ထုတ်ရောင်းပေးရပါမယ်။ ဒါမှသာလျှင် အကျိုးအမြတ်တိုးပွားလာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို အမြတ်များများရဖို့အတွက် အချိန်တော်တော်ကြာ ကိုင်ထားသင့်ရင် ကိုင်ထား စုထားရပါတယ်။ ပြန်မရောင်းဘဲ စုဆောင်းရုံပဲ စုဆောင်းနေမယ်ဆိုရင်တော့ Saving ပဲ ဖြစ်ပါလိမ့်မယ်။ ငွေကို အိပ်ခိုင်းထားတဲ့သဘောပါပဲ။ တချို့က ငွေကို ရှယ်ယာ ၀င်ပြီး အတိုးထုတ်စားနေတာကိုပဲ Investing လုပ်တယ်ထင်ကြပါတယ်။ တကယ်တော့ အဲ့ဒီငွေတွေဟာ အိပ်မနေပါဘူး။ ကိုယ်ရင်းနှီးထည့်ဝင်လိုက်တဲ့ အဲ့ဒီငွေတွေကို လက်ခံသူက အရောင်းအ၀ယ်လုပ်ပြီး အမြတ်ရှာရတာပါပဲ။ သူတို့လည်း အလှစုထားပြီး အတိုးမပေးနိုင်ပါဘူး။ Trader တွေဟာ Investing လည်းလုပ်ရသလို၊ Saving လည်းလုပ်ပေးရပါတယ်။
____________________________________
written by Bitcoin Seeker

Sunday, December 10, 2017

ZERO to HERO



သင့်မှာ အရင်းအနှီးတစ်ပြားမှ မရှိဘူးလား၊ သင်ဟာ နေ့စဉ် အင်တာနက်နဲ့ မကင်းနိုင်တဲ့ သူလား။ ငွေအရင်းအနှီးကလည်းမရှိ၊ အင်တာနက်နဲ့လည်းနေ့စဉ် မကင်းနိုင်၊ အင်တာနက်ဖိုး နေ့စဉ် အလဟဿကုန်နေမယ့်အတူတူ အင်တာနက်သုံးတိုင်း ကြားညပ်ပြီး နည်းနည်းစီ လုပ်သွားမယ် ဆိုရင် ငွေအရင်းအနှီးလေးတွေ စုမိလာနိုင်ပါတယ်။ လုံးဝမရှိ၊ မရတာထက် နည်းနည်းလေးရှိလာ ရလာတယ်ဆိုရင် ပိုမကောင်းဘူးလား။ ဒီ နည်းနည်းလေးကနေ နောက်ထပ် နည်းနည်း၊ နောက်ထပ် နည်းနည်းနဲ့ တိုးပွားလာမှာပါပဲ။ ရေစက် တစ်စက်နဲ့ ရာဝင်အိုး မပြည့်နိုင်ပေမယ့် ရေစက်တွေ တစ်ပေါက်ပေါက်ကျဖန်များရင် တစ်ချိန်ချိန် ပြည့်လာသလိုပါပဲ။

တစ်ခုသတိပြုဖို့က တစ်နေ့တစ်နေ့ facebook သုံးလို့ bill မကုန်ဘဲ ငွေရှာမှပဲ bill ကုန်တယ်ဆိုပြီး မဖြစ်ရအောင် အဆင်ပြေမယ့်နည်းကိုတော့ သင်ကိုယ်တိုင် သုံးသပ်ဆုံးဖြတ် အဖြေရှာရမှာပါ (ဥပမာ- wifi free ရတဲ့နေရာမှာလုပ်တာမျိုး၊ Internet package ဈေးသက်သာတဲ့ Operator ရွေးချယ်သုံးတာမျိုး)။ Free ရှာလို့ မကိုက်ရင် မိမိဘာသာ ငွေအရင်းအနှီးစုပြီး နောက်ဆုံးအဆင့်ကို တစ်ခါတည်း တက်လှမ်းသွား ရမှာပါ။

Zero to Hero ဖြစ်ဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာကတော့ သင့်ရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာ မူတည်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ကြမလဲ။ အောက်မှာ ဆက်လေ့လာသွားပါ။ သူ့အောက်မှာ ခေါင်းစဉ် ၂ ခု ရှိပါတယ်။ ခေါင်းစဉ် ၂ ခုဆိုပေမယ့် ခေါင်းစဉ် တစ်ခုချင်းစီမှာ ရွေးချယ် လုပ်ဆောင်နိုင်တဲ့ ခေါင်းစဉ် ငယ်တွေ ထပ်တွေ့ရမှာပါ။ ဒီ ခေါင်းစဉ်ငယ်တွေဟာ အကုန်မဟုတ်သေးပါဘူး။ အွန်လိုင်းငွေရှာနည်းတွေ များစွာရှိပါတယ်။ ဒီအထဲက လွယ်ကူတဲ့ အခြေခံတချို့လောက်သာ ရွေးချယ်ပြသပေးထား တာဖြစ်ပါတယ်။ ခေါင်းစဉ်ငယ် တစ်ခုတိုင်းမှာ အခြေခံလောက်သိပြီဆိုရင် မိမိဉာဏ်ရှိသလို ချဲ့ထွင်လုပ်ဆောင်သွားပါ။

How to make zero to hero from online

တကယ့်ပြင်ပကမ္ဘာမှာ ကိုယ်ထိလက်ရောက်လုပ်ကိုင်ရတဲ့အလုပ်တွေကို (Offline Job) လို့မှတ်ယူပြီး ထိတွေ့ကိုင်တွယ်လို့မရတဲ့ လေထဲကအလုပ်တွေကို အွန်လိုင်းအလုပ် (Online Job) လို့မှတ်ယူပါ။

Online Job တွေဟာ ခုလုပ်ခုရ သဘောထားလို့မရပါဘူး။ ဒီနေ့လုပ် ဒီနေ့စားရမယ်လို့ လည်း မျှော်လင့်လို့မရပါဘူး။ ဒါကြောင့် Zero ဘ၀မှာ မိမိစားဝတ်နေရေးကို Offline Job လုပ်ပြီး မိမိဘာသာ ဖန်တီးထားရပါမယ်။ Online Job တွေကို အားချိန် နားချိန်တွေမှာ ကြားညှပ်လုပ်ဆောင်ပေးရ မှာပါ။ အောက်ပါ ဥပဒေသတွေကို လိုက်နာလုပ်ဆောင်သွားပါ-

ဥပဒေသ(၁) အချိန်နှင့်လုပ်အားကိုရင်းနှီးပါ
သင့်ပိုက်ဆံအိတ်ထဲမှာ တစ်ပြားမှ မရှိတဲ့အတွက် သင့်ရဲ့အချိန်နဲ့လုပ်အားကို အသုံးပြုပြီး ငွေတိုငွေစ ရွှေတိုရွှေစတွေ ရှာဖွေစုဆောင်းရပါမယ်။ (Offline Job က ရတဲ့ဝင်ငွေထဲကလည်း ဆယ်ပုံတစ်ပုံ ပုံမှန် စုဆောင်းသွားပါ။ ဒီနေရာမှာတော့ Online Job ပဲပြောမှာဖြစ်ပါတယ်။) အဆင့် (၁) ခေါင်းစဉ်အောက်မှာပါတဲ့ ခေါင်းစဉ်ငယ်တွေထဲက မိမိနှစ်သက်ရာအလုပ်တွေကို မိမိလုပ်နိုင် သလောက်လုပ်ကိုင်ပြီး ရှာဖွေစုဆောင်းရပါမယ်။ မိမိလုပ်ဆောင်သမျှ အလုပ်တိုင်းရဲ့ web address, user name, email, password တွေကအစ စာအုပ်တစ်အုပ်မှာ သေချာစွာ ရေးမှတ်ပြီး မှတ်တမ်းထားရပါမယ်။

ခေါင်းစဉ်ငယ်တစ်ခုမှာ လုပ်နိုင်တဲ့အလုပ်တွေ များစွာရှိပါတယ်။ များများ လုပ်နိုင်လေ မြန်မြန်နဲ့ များများရလေ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ ခိုင်မာစွာရပ်တည်နေဆဲ အလုပ်အကိုင်များကို ရွေးချယ် ပြသပေးထားပါတယ်။ ဒါလည်း အကုန်မဟုတ်သေးပါဘူး။ အခြေခံအချို့လောက်သာဖြစ်ပါတယ်။

ဥပဒေသ(၂) ရှာဖွေရရှိလာသမျှထိန်းသိမ်းပါ
ရှာဖွေရရှိလာတဲ့ သင့်ပိုက်ဆံအိတ်ထဲက ငွေတိုငွေစ ရွှေတိုရွှေစတွေကို မပျောက်ပျက်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းသုံးပြီး ကာကွယ်ထိန်းသိမ်းရပါမယ်။ လူတော်တော်များများဟာ လက်ထဲငွေလေး နည်းနည်းစုမိလာရင် ဟိုဟာလေးသုံးချင်၊ ဒီဟာလေးစမ်းချင်၊ အံစာလေးခေါက်ချင်၊ ချဲလေးထိုးချင်၊ ဘောလုံးပွဲလေးလောင်းချင်ဖြစ်တတ်ကြပါတယ်။ ဒီလိုမဖြစ်အောင်လည်း မိမိကိုယ်ကို ထိန်းသိမ်းရပါမယ်။ ဘယ်တော့မှ ဖြတ်လမ်းမလိုက်ပါနဲ့၊ အချောင်မလိုချင်ပါနဲ့။ ရတယ်ဆိုလည်း တစ်နပ်စားပဲရပါမယ်။ မိမိကိုမိမိ အမြဲ ရိုးသားပါ။

ဥပဒေသ(၃) ငွေကိုပိုမိုတိုးပွားအောင် ရင်းနှီးမြှုပ်နှံပါ
သင့်ပိုက်ဆံအိတ်ထဲမှာ ငွေရင်းလေး အတော်အတန်စုမိဆောင်းမိလာပြီဆိုရင် သူတို့ကို ဒီတိုင်းမထား ရပါဘူး။ ငွေကြေးအသိုင်းအ၀ိုင်းထဲပို့ပြီး သူတို့အချင်းချင်း ချစ်ကြကြိုက်ကြ၊ ကလေးတွေမွေးကြအောင် လုပ်ပေးရပါမယ်။  ငွေကို ဘယ်တော့မှ မအိပ်ခိုင်းရပါဘူး။

စုမိလာတဲ့ငွေတိုငွေစတွေကို သင့်တော်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသေးလေးများသို့ပို့ပြီး တိုးပွားအောင် လုပ်ရပါမယ်။ ဒီအွန်လိုင်းအလုပ်မှာတော့ အဆင့်(၂) ခေါင်းစဉ်အောက်မှာပါတဲ့ Crypto Trading Exmo ထဲပို့ပြီး ရင်းနှီးမြှုပ်နှံ အရောင်းအ၀ယ်ပြုလုပ်ပေးရပါမယ်။

ဒီ ဥပဒေသ(၃)ခုအတိုင်း လိုက်နာပြီး စနစ်တကျလုပ်ဆောင်သွားရင် တစ်ချိန်မှာ Hero ဖြစ်လာမှာအမှန်ပါပဲ။ တကယ်လို့သင်ဟာ ဒီနည်းတွေကို မဖြစ်နိုင်ဘူးလို့တွေးနေသူဆိုရင် ဒီနေရာကနေ လှည့်ပြန်သွားလိုက်ပါ။ Negative အမြင်ရှိနေသရွေ့ ရလာမယ့်ဆုလာဘ်ကလည်း Negative ပဲဖြစ်နေမှာမို့လို့ပါပဲ။

အောက်ပါအဆင့်များကို မိမိနှစ်သက်ရာ နှိပ်ပြီး ဆက်လက်လေ့လာနိုင်ပါတယ်-

1. Making free money from online by using your work and time
       1.1 Free earning from FaucetHUB faucets
       1.2 Free earning from Paidverts and Other PTC sites
       1.3 Free earning from Offers, Surveys and Tasks
       1.4 Free earning from Online Typing Jobs
       1.5 Free earning from PTPs by using Traffic Exchanges

2. Investing and trading from online by using your money
       2.1 Investing and trading in Crypto Trading with EXMO
       2.2 Investing in Online Businesses
       2.3 Investing in Crypto Cloud Minings


ဒီအစီအစဉ်ထဲမှာပါသမျှ website တွေဟာ SCAM ဖြစ်နိုင်ခြေနည်းတဲ့ သက်တမ်းရင့် website တွေဖြစ်ပါတယ်။ အင်တာနက်ကြီးရှိနေသမျှ သင့်အတွက် ငွေရဖို့က လက်တစ်ကမ်းလေးမှာပါ။ အစီအစဉ်တကျ စနစ်တကျနဲ့ လုပ်ဆောင်သွားရင် နှစ်များစွာမကြာဘဲ အချိန်တိုတိုနဲ့ ဖြစ်လာနိုင်ပါတယ်။ တစ်ပြားမှမရှိလို့၊ လူမရှာနိုင်လို့ဆိုပြီး အားမငယ်ပါနဲ့။ လုပ်ချင်စိတ်နဲ့ ကြိုးစားချင်စိတ်ရှိရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ ဘာမှမလုပ်ဘဲ အချောင်လိုချင်လို့တော့ ဘယ်ရမလဲ။ တစ်ခုလိုချင် တစ်ခုပေးဆပ်ရတာ ဓမ္မတာပါပဲ။

ဒီကျူတိုကိုရေးရတဲ့ ရည်ရွယ်ချက်ဟာ ခုမှတက်လာဆဲ၊ နောင်လည်းတက်လာ မယ့် နောင်လာနောက်သားတွေ အတွက် ရည်ရွယ်ပြီး ရေးသားပေးခြင်းဖြစ်ပါတယ်။ အွန်လိုင်းငွေရှာနည်းနဲ့ ပတ်သက်ပြီး positive အမြင်သမားထက် negative အမြင်သမားတွေက ပိုများနေပါသေးတယ်။

______________________________________________
Written by Bitcoin Seeker (15.11.2017)

Thursday, December 7, 2017

EXMO Diary (part 9)



အလုပ်တွေကတစ်ဖက်၊ Trading EXMO မှာ crypto pair များလာတာကတစ်ဖက်၊ တခြား Trading platform မှာလည်း coin အသစ်တွေ ဈေးကစားနေရတာကတစ်ဖက်၊ ခရီးထွက်နေတာကတစ်ဖက် အဖက်ဖက်မအားလပ်တာကြောင့် Diary လည်း မရေးဖြစ်တော့ပါဘူး။ အခုဆိုရင် BTC လည်း $16000 နားကပ်နေပါပြီ။

ဒီတစ်ခေါက်ရေးမှာက KICK/BTC ဖြစ်ပါတယ်။  Exmo ပေါ်ကို ဒီ KICK coin စရောက်ပြီး သိပ်မကြာခင်မှာ သူ့ကို ကစားဖို့အတွက် BTC ကို 15 usd ဖိုး ဖဲ့ပေးပါတယ်။ ပုံ(၁)မှာ 2.9.2017 ရက်နေ့က 4780 ဈေးနဲ့ ၀ယ်ထားတာတွေ့ရပါမယ်။ btc 0.0029815 ရပါတယ်။


ပုံ-၁

အဲ့ဒီအစုလေးနဲ့ပဲ KICK/BTC ကို 10.11.2017 ရက်နေ့မှာ စကစားပါတယ်။ ပုံ(၂)က KICK/BTC Trading မှတ်တမ်းဖြစ်ပါတယ်။ screen shot ကို ခုမှ ယူမိတဲ့အတွက် 10.11.2017 မှ 27.11.2017 ကြား မှတ်တမ်းတွေ ပျက်ကုန်ပါတယ်။ 

ပုံ-၂

KICK ဟာ 0.0000069 ထိ တက်ရာကနေ ထိုးကျခဲ့တော့ 0.000005 လောက်အထိ ၀ယ်ထားတဲ့ အစုတွေ တက်ဈေးကျန်ခဲ့ပါတယ်။ ထိုးကျတဲ့အချိန်မှာ ကောက်ဝယ်ဖို့ ချန်ထားတဲ့ အစုတစ်စုကို 28.11.2017 မှာ 0.0000023 ဈေးနဲ့ ၀ယ်ထားပါတယ်။ ၀ယ်ပြီး ဆက်ကျပါတယ်။ တော်တော်နဲ့ပြန်မတက်နိုင်ဘဲ ဈေးအေးနေ ခဲ့ပါတယ်။ ဒီနေ့ 7.12.2017 မှာ 0.00001 ထိ ထိုးတက်သွားတာကို အောက်ပုံ (၃) အတိုင်းတွေ့မြင်နိုင် ပါတယ်။ ဒီတော့ အရင်တက်ဈေးမိလို့ Sell order တင်ထားခဲ့တဲ့ အစုစုတွေ အကုန် sell ထွက်ကုန်တာ Trading history ထဲတွေ့ရမှာပါ။


ပုံ-၃

ဒီတော့ စုစုပေါင်း btc 0.00642903 ပြန်ရပါတယ်။ ၀ယ်စဉ်က အရင်းဟာ btc 0.0029815 ဖြစ်ပါတယ်။ ခု တိုးပွားလာတဲ့ btc 0.00642903 ကို လက်ရှိပေါက်ဈေး $15600 နဲ့ ရောင်းဖို့ တင်ကြည့်ပါ တယ်။  အောက်ပုံ(၄) အတိုင်းပါပဲ။ $100 ကျော်ရနေတာတွေ့ရပါမယ်။ မူလအရင်း 15$ ဖြစ်ပါတယ်။ စတင်ချိန် 10.11.2017 မှ ပြီးဆုံးချိန် 7.12.2017 အထိ(1)လကြာပါတယ်။

ပုံ-၎

______________________________________________
Written by Bitcoin Seeker (7.12.2017)

Wednesday, November 22, 2017

စာရိုက်ခြင်းဖြင့် Bitcoin Free ရယူခြင်း

How to do typing job

1.4 Free earning from Online Typing Jobs

အင်တာနက်မှာ စာရိုက်ပြီးဝင်ငွေရှာရတဲ့အလုပ်တွေများစွာရှိပါတယ်။ ဟိုးယခင်က ရိုက်ရမယ့်စာကို ဓာတ်ပုံရိုက်ပြီး email ကနေ ပို့ပေးပါတယ်။ လုပ်မယ့်သူက စာပြန်စီပြီး email ကနေ ပြန်ပို့ပေး ရတာဖြစ်ပါတယ်။ Website တစ်ခုက အလုပ်ရှင် အလုပ်သမားကြား အဆင်ပြေလွယ်ကူအောင် ကြားခံဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အဲ့ဒီလို Website တွေ မရှိသလောက် ဖြစ်သွားပြီး အလုပ်ရှင် အလုပ်သမား တိုက်ရိုက်ဆက်သွယ်လုပ်ဆောင်ကြရတဲ့ Freelance အလုပ်တွေသာ တွင်ကျယ်လာပါတယ်။

ဒီအလုပ်တွေထဲမှာ လူတိုင်းအလွယ်တကူလုပ်နိုင်တဲ့ စာရိုက်အလုပ်ကတော့ Online Captcha  Typing Job ဖြစ်ပါတယ်။ ပုံပျက်ပန်းပျက် ဖျက်ထားတဲ့ စာလုံးပုံတွေကို စာလုံးအမှန်ရိုက်ပေးရတာဖြစ်လို့ အင်မတန်မှ လွယ်ကူပါတယ်။ Site ထဲမှာလည်း Training Program နဲ့ အရင်ဦးဆုံး သင်ကြားလေ့ကျင့်ပေးပါတယ်။ သတ်မှတ်အချိန်အတွင်း မြန်မြန်နဲ့ မှန်အောင်ရိုက်ပေးနိုင်ဖို့အရေးကြီးပါတယ်။

ဘာကြောင့် ဒီအလုပ်က ပိုတွင်ကျယ်လာသလဲဆိုရင် Captcha Bot တွေ အသုံးများလာလို့ဖြစ်ပါတယ်။ Bot တွေဟာ ပုံစာလုံးတွေကို ဘယ်လိုမှ မဖတ်တတ်တဲ့အတွက်  Bot ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေက သူတို့ Bot တွေရဲ့အခက်အခဲကို ဖြေရှင်းပေးဖို့ လူတွေကို အခကြေးငွေပေးပြီး ငှားရမ်းတဲ့သဘော ဖြစ်ပါတယ်။ Captcha Bot တွေဆီက အချိန်နဲ့တပြေးညီပေးပို့လာတဲ့ Captcha တွေကို လူတွေက အမြန်ဖြေရှင်းပေးရတာဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိုတိုအတွင်း မြန်မြန်နဲ့ မှန်အောင်ရိုက်ပေးနိုင်ဖို့ လူသစ်တွေကို training ပေးရတာဖြစ်ပါတယ်။ မကြာခဏမှားရင် သူတို့အတွက် များစွာနစ်နာပါတယ်။

ဒီ Online Typing Job တွေဟာ Bitcoin မတွင်ကျယ်သေးခင်က Paypal, Payza နဲ့သာ ငွေပေးချေခဲ့တဲ့အတွက် လူတိုင်းလုပ်ဖို့ အဆင်မပြေခဲ့ပါဘူး။ ယနေ့အချိန်မှာတော့ Bitcoin, Perfect Money, AdvCash, Web Money စတဲ့ Payment တို့နဲ့ပါ ငွေထုတ်ယူနိုင်ပြီဖြစ်တဲ့အတွက် Bitcoin ကိုလည်း စာရိုက်ခြင်းဖြင့် အလွယ်တကူ ရှာဖွေနိုင်ပြီဖြစ်ပါတယ်။

အောက်မှာ အကောင်းဆုံး Online Captcha Typing Job တွေကို ဖော်ပြပေးထားပါတယ်။

 Join to 2Captcha
JOIN TO 2CAPTCHA   |   HOW TO DO
Online since : 2014
Payments : Bitcoin, Perfect Money, AdvCash, Payza, WebMoney
Minimum withdraw : $1 (for BTC, Payza), $1.3 (for PM, Adv), $0.5 (WebMoney)

ဒီ 2Captcha ကတော့ အခြေခံအကျဆုံးနဲ့ အလွယ်ကူဆုံးဖြစ်ပါတယ်။ Member အသစ်တွေကို Training Program မှာ အရင်သင်ကြားလေ့ကျင့်ပေးပြီး exam အောင်မှ အလုပ်လုပ်ခွင့်ပေးပါတယ်။ ပုံဖျက်စာလုံးတွေ ဘယ်လိုဖြေရမှန်းမသိတဲ့သူတွေ Training Program ရောက်ရင် ပိုနားလည် သဘောပေါက်လာပါလိမ့်မယ်။ တစ်ကြိမ်ကို အချိန်သတ်မှတ်ချက်လုံလောက်တဲ့အတွက် စာရိုက်မမြန်သေးတဲ့သူတွေအတွက်ပါ အဆင်ပြေပါလိမ့်မယ်။ စာရိုက်ချိန်များများပေးထားတဲ့အတွက် Payout rate လည်း နည်းပါတယ်။ Image 1,000 လျှင် $0.35 to $0.50 ထိရရှိနိုင်ပါတယ်။


 Join to MegaTypers
JOIN TO MEGA TYPERS   |   HOW TO DO
Online since : 2012
Payments : Bitcoin, Perfect Money, WebMoney, PayPal, Payza, Western Union
Minimum withdraw : $6 (for BTC)

Use this invitation code : DOF3

ဒီ site မှာ Training Program မရှိတဲ့အပြင် ပေးတဲ့အချိန်နည်းတဲ့အတွက် 2Captcha ထက် ပိုမြန်မြန်ရိုက်နိုင်ဖို့လိုပါတယ်။ လုပ်အားခကတော့ 2Captcha ထက်များပါတယ်။ မြန်လေ ပိုရလေ ဖြစ်ပါတယ်။ မြန်ပြီး အမှားအနည်းဆုံး member တွေကို အဆင့်သတ်မှတ်ချက်နဲ့ ဆုပေးပါတယ်။ Sever Time အလိုက် Payout rate မတူပါဘူး။ Image 1,000 လျှင် အနည်းဆုံး $0.50 to $1.0 အထိ ရရှိနိုင်ပါတယ်။

မလုပ်ခင် How To Do ကိုနှိပ်ပြီး Register လုပ်ပုံမှာ အရင်လေ့လာပါ။ သို့မဟုတ်ရင်လည်း Registration Page မှာ သူပြောသမျှကို သေချာစွာဖတ်ပါလေ။ အမှားမခံတဲ့ site ဖြစ်ပါတယ်။