Thursday, September 7, 2017

ICO (Initial Coin Offering)



ICO ဆိုတာ

Initial Coin Offering ဆိုတဲ့အတိုင်း Coin အသစ်ထုတ်မယ့်သူတွေက Coin ဈေးကွက်မတင်ခင် သုံးစွဲသူများလာအောင်၊ ရင်းနှီးမြှုပ်နှံသူများလာအောင် ICO တွေ ရောင်းချပေးပါတယ်။ ICO တွေကို ဆိုင်ရာ coin တစ်ခုရဲ့ Token အဖြစ်သဘောထားကြပါတယ်။ coin အသစ် ဈေးကွက်တင်ဖို့အတွက် သုံးစွဲသူအင်အား၊ ရင်းနှီးမြှုပ်နှံမှုအင်အား သတ်မှတ်ချက်ပြည့်မီဖို့လိုပါတယ်။ သတ်မှတ်ချက်ပြည့်မီပြီဆိုမှ coin ထုတ်လုပ်သူတွေဟာ exchange တွေနဲ့ ချိတ်ဆက်ပြီး ဈေးကွက်တင်ပါတယ်။ တချို့ကျတော့ သတ်မှတ်ချက်ပြည့်မီလည်း coin ကိုဈေးကွက်မပို့သေးဘဲ ICO ကို အရင်ပို့တာလည်းရှိပါတယ်။ coin အသစ်တွေအများဆုံး ချိတ်ဆက်တဲ့ exchange တွေက Bittrex, Kraken, Poloniex, Livecoin, SpaceBTC, Bitlish အစရှိတဲ့ exchange ကြီးတွေဖြစ်ပါတယ်။

ICO ဘ၀မှာ coin တစ်ခုရဲ့ ပေါက်ဈေးဟာ အဆမတန်နည်းပါတယ်။ ရင်းနှီးမြှုပ်နှံသူများလာလေ တန်ဖိုးတက်လာလေဖြစ်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံသူများလာအောင် ဆိုရှယ်မီဒီယာတွေကနေ ဖြန့်ပါတယ်။ ထုတ်လုပ်သူတချို့က သူတို့ coin သုံးစွဲသူပိုများလာစေဖို့အတွက် MLM စနစ်ကိုလည်း မဖြစ်မနေထည့်သွင်းကြတာလည်းရှိပါတယ်။ ICO ကို IPO (Initial Public Offering) လို့လည်း ခေါ်ပါသေးတယ်။ ICO ကိုဝယ်ယူရင်းနှီးမြှုပ်နှံ ထားသူတွေဟာ ဈေးကွက်တင်တဲ့အချိန်ပေါက်ဈေး နဲ့ တွက်ရင် အဆမတန် အမြတ်ရကြပါတယ်။ ဒါကြောင့်လည်း ICO တွေမှာ ရင်းနှီးမြှုပ်နှံသူ အင်မတန်များ ပါတယ်။

ICO လုပ်ဆောင်ပုံအဆင့်ဆင့်

အကြိုမိတ်ဆက် - ဒါကတော့ ထုတ်လုပ်သူဟာ ပရောဂျက်တစ်ခုအတွက် စက္ကူပေါ်မှာ ကြိုတင်ပြင်ဆင်ပြီး စက္ကူဖြူစီမံကိန်းအရင်စပါတယ်။ cryptocurrency investor တွေအများဆုံးရှိတတ်တဲ့ Site တွေကတဆင့် ရင်းနှီးမြှုပ်နှံသူ အကြီးစားတွေကို ရှယ်ယာခေါ်ပါတယ်။ စက္ကူပေါ်က ပရောဂျက်ကို ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားလာအောင် ရှင်းပြပါတယ်။  ကုမ္ပဏီလိပ်စာ၊ လုပ်ငန်းတည်နေရာတွေကိုလည်း အတိအကျ ဖော်ပြပေးပြီး အနည်းဆုံးထည့်ဝင်ရမယ့်ငွေပမာဏ၊ ပေးချေရမယ့် ငွေအမျိုးအစား စတာတွေကို ပါ ဖော်ပြပါတယ်။ စွန့်စားလိုတဲ့ ရင်းနှီးမြှုပ်နှံသူတွေအထိုက်အလျောက်ဝင်လာပြီဆိုရင် စက္ကူဖြူစီမံကိန်း ပြီးဆုံးပြီဖြစ်ပါတယ်။

ထုတ်ပေးခြင်း - ဒါကတော့ စက္ကူဖြူစီမံကိန်းပြီးဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးခံစားခွင့် အမှန်တကယ်ရရှိအောင် စာချုပ်ချုပ်တဲ့သဘောအဖြစ် ကုမ္ပဏီကိုယ်စား ICO ထုတ်ပေးတာပဲဖြစ်ပါတယ်။ တစ်ဦးချင်းစီ ထည့်ဝင်တဲ့ ငွေပမာဏနဲ့ညီမျှတဲ့ ICO တိုကင်တွေ ထုတ်ပေးပါတယ်။ ဒီတိုကင်တွေ မှာ မျှော်မှန်းအချိန်ကာလတစ်လျှောက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ရပိုင်ခွင့်နဲ့အတူ တန်ဖိုးတစ်ခု သတ်မှတ်ပေး ထားပြီး အကျိုးအမြတ်ကို ကုန်သွယ်နည်းအရ အချိုးကျခွဲဝေရရှိစေပါတယ်။ ထုတ်ပေးခြင်းပြီးဆုံးတဲ့အခါ ICO ရဲ့ Start Date ကို ကြေညာပြီး ဈေးကွက်ဆင်းခြင်းစီမံကိန်းကို ဆက်လုပ်ဆောင်ပါတယ်။

ဈေးကွက်ဆင်းခြင်းစီမံကိန်း - ဒါကတော့ ICO ရဲ့ အဓိကအခရာဖြစ်ပါတယ်။ ဈေးကွက်ဆင်းခြင်းဟာ ကုမ္ပဏီရဲ့လိုအပ်တဲ့ငွေအရင်းအနှီးကိုတိုးလာစေနိုင်တဲ့အဓိကအချက်ဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာ အများအားဖြင့် အခြေတည်စသာရှိပြီး လူသိပ်မသိသေးပါဘူး။ ဈေးကွက်ရှာဖွေရေးကိုယ်စားလှယ်တွေက လိုအပ်တဲ့တင်ဆက်မှုတွေ၊ ကြော်ငြာတွေအသုံးပြုပြီး ဆိုရှယ်မီဒီယာများမှ တဆင့် ဈေးကွက်ဆင်းကြ ပါတယ်။ ကနဦး လက်ကြီးရင်းနှီးမြှုပ်နှံသူတွေလည်း ဆင်းကြပါတယ်။ ဒီအဆင့်မှာ အရင်းအနှီး နည်းနည်းနဲ့ရင်းနှီးမြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံသူအငယ်စားတွေကို ပစ်မှတ်ထားပါတယ်။ ဒီအဆင့် ပြီးဆုံးတဲ့အခါ ကုမ္ပဏီကဖွင့်ပေးတဲ့ Exchange မှာ ရင်းနှီးမြှုပ်နှံသူတွေရရှိထားတဲ့ တိုကင်တွေကို ရောင်းဝယ်ခွင့်ပေး ပါတယ်။



ပုံမှာ start date ကြေညာပြီးတဲ့ ICO တွေရဲ့စာရင်းဖြစ်ပါတယ်။

________________________________________
ref : fx empire, investopedia, coinschedule
written : bitcoin seeker

Tuesday, August 15, 2017

Bitcoin (BTC) Vs Bitcoin Cash (BCH)



Bitcoin ဟာ blockchain အတွင်း၊ ကွန်ပျူတာကွန်ရက်အတွင်းမှာရှိတဲ့ cryptocurrency တစ်ခုဖြစ် ပါတယ်။ လယ်ဂျာတွေထဲ ရေးသွင်းမှတ်တမ်းတင်ခြင်းကို တော်လှန်ပစ်တဲ့ နည်းပညာလည်း ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီထိန်းချုပ်ကိုင်တွယ် ဖြေရှင်းပေးတာမျိုးမဟုတ်ဘဲ ကမ္ဘာပေါ်မှာရှိသမျှ ကွန်ပျူတာတိုင်းရဲ့ ကွန်ရက်အတွင်း ဗဟိုထိန်းချုပ်ခြင်းမရှိ၊ မည်သူမျှ ထိန်းချုပ်ခြင်းမရှိ လုံးဝလွတ်လပ်စွာ ချိတ်ဆက်ဖြေရှင်းပေး တဲ့ ကွန်ရက်နည်းပညာတစ်ခုဖြစ်ပါတယ်။

ဒီနည်းပညာမှာ ငွေအလွှဲအပြောင်း (transaction) နှေးကွေးတဲ့ပြဿနာရှိနေပါတယ်။ အထူးသဖြင့် ဘဏ်တွေ ရဲ့ credit card ငွေအလွှဲပြောင်းနဲ့နှိုင်းယှဉ်ရင် အလွန့်အလွန်ကို နှေးနေပါတယ်။ Visa card ငွေ အလွှဲပြောင်းနှုန်းဟာ တစ်နေ့ကို သန်း ၁၅၀ ရှိပြီး ပျမ်းမျှ တစ်စက္ကန့်မှာ 1700 နှုန်းလောက် အလွှဲအပြောင်း လုပ်နေပါတယ်။ ဒါ့အပြင် သူတို့ရဲ့တစ်စက္ကန့်အတွင်းလုပ်ဆောင်နိုင်တဲ့ပမာဏဟာလည်း 24000 နှုန်း ရှိပါတယ်။

Bitcoin network ကရော တစ်စက္ကန့်မှာ transaction ဘယ်လောက်လုပ်နိုင်လဲဆိုရင် 7 ခုလောက်ပါပဲ။ Bitcoin transaction တွေဟာ ဖြစ်စဉ်ပြီးမြောက်ဖို့ 10 မိနစ်လောက် အချိန်ယူရပါတယ်။ ဒါ့အပြင် Bitcoin သုံးစွဲသူပမာဏကလည်း တိုးပွားများပြားလာတော့ transaction time ကလည်း ပို ပိုပြီး ကြန့်ကြာ လာပါတယ်။transaction လုပ်ငန်းစဉ်ကို ကိုင်တွယ်ပေးတဲ့ ပင်မနည်းပညာကို ပြောင်းလဲမှု မလုပ်ဘဲနဲ့တော့ transaction time ကိုလျှော့ချဖို့မဖြစ်နိုင်ပါဘူး။

Bitcoin နည်းပညာလောကမှာ Bitcoin ရဲ့ transaction စိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်အမြန်နှုန်း တိုင်းတာခြင်း၊ တိုးမြှင့်ခြင်းနဲ့ပတ်သက်ပြီးအဓိကပြဿနာအဖြစ် ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ ဒီအဓိကပြဿနာ ကို ဖြေရှင်းရာမှာ transaction တွေကို ပိုမိုမြန်ဆန်ပြီး ပိုမိုဈေးသက်သာစေမယ့် သေးငယ်တဲ့ block တစ်ခုတိုင်းမှာ စိစစ်အတည်ပြုဖို့လိုအပ်တဲ့ ဒေတာပမာဏကို ဖြေရှင်းပေးဖို့ရော၊ သတင်းအချက်အလက် များစွာ တစ်ချိန်တည်း လုပ်ဆောင်ပြီးမြောက်စေနိုင်မယ့် data block ကြီးတွေကို ဖြေရှင်းပေးဖို့ရော လုပ်ရမှာဖြစ်ပါတယ်။

2017 ဇူလိုင်လလယ်လောက်မှာ မိုင်းတွင်းတွေနဲ့ ကုမ္ပဏီတွေက segregated witness (SegWit2x) နည်းပညာကို Bitcoin နည်းပညာထဲပေါင်းထည့်ဖို့ 80-90% လောက် ဆန္ဒပြုခဲ့ကြပါတယ်။ SegWit2x ဟာ အတည်ပြုပြီးသားဒေတာကို transaction တစ်ခုတိုင်းမှာ စိစစ်အတည်ပြုဖို့လိုအပ်တဲ့ data block ကနေ ခွဲထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ ချဲ့ထွင်ထားတဲ့ block တစ်ခုမှာ တွဲချိတ်ပေးခြင်းဖြင့် လည်းကောင်း သေးငယ်တဲ့ block တစ်ခုတိုင်းမှာ စိစစ်အတည်ပြုဖို့လိုအပ်တဲ့ ဒေတာပမာဏ ကို ဖြေရှင်းပေးပါတယ်။ အတည်ပြုပြီးသား ဒေတာဟာ block တစ်ခုစီမှာ data process 65% ထိ ခန့်မှန်းခြေလုပ်ဆောင်ပေးပါတယ်။ အတည်မပြုရသေးတဲ့ နည်းပညာမြှင့်တင်မှုတစ်ခုမဟုတ်ပါ ဘူး။ နိုဝင်ဘာလမှာ block size ကို 1mb ကနေ 2mb အထိ နှစ်ဆ တိုးမြင့်လာမယ်ပြောခဲ့ကြပါတယ်။ SegWit2x ဟာ Bitcoin ကို တန်ဖိုးပိုတက်လာစေမယ်လို့လည်း မျှော်လင့်ခဲ့ကြပါတယ်။ ဒါကတော့ Bitcoin အပိုင်းဖြစ်ပါတယ်။

Bitcoin Cash ဟာ Bitcoin နဲ့တခြားစီပါပဲ။ Bitcoin Cash ကို Bitcoin miner တွေနဲ့ developer တွေက အနာဂတ် cryptocurrency အဖြစ် အတူတကွ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ယင်းဟာ Bitcoin ထက် ပိုမိုထိရောက်စွာ စကေးကိုက်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်လည်း ဒီ Bitcoin Cash ဟာ SegWit2x နည်းပညာက မွေးစားထားရတာပါပဲ။ SegWit2x ဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ လမ်းကြောင်းတစ်ခုမှာစကေးကိုက်လုပ်ဆောင်နိုင်စွမ်းရဲ့ အခြေခံပြဿနာကို လိပ်စာတပ်မထားသလို ဆာတိုရှီနာကာမိုတို (cryptocurrency နောက်ကွယ်က blockchain နည်းပညာကို တီထွင်ခဲ့သူ အမည်မသိအဖွဲ့အစည်း (သို့မဟုတ်) လူတစ်ဦး) ကနဦးဖောက်ခဲ့တဲ့ လမ်းကြောင်းအတိုင်း မလိုက်ဘူးဆိုတာ ပညာရှင်တွေ၊ မိုင်းသမားတွေ သတိပြုမိခဲ့ကြပါတယ်။ ဒါ့အပြင် ရှေ့ဆက်မယ့် လမ်းကြောင်းအဖြစ် SegWit2x စတင် လမ်းဖောက်ခြင်းဟာ အရာရာတိုင်းအတွက်ပါပဲ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိတယ်။ ပြီးတော့ ငွေကြေးရဲ့ ဗဟိုထိန်းချုပ်မှုမရှိခြင်းစနစ်နဲ့ ဒီမိုကရေစီကျင့်သုံးခြင်း စနစ်ကို အောက်ခြေကလှိုက်စားသွားတာကိုလည်း အလေးထားစရာဖြစ်လာစေပါတယ်။

သြဂုတ် ၁ရက်နေ့မှာ miner အချို့နဲ့ developer အချို့ hard fork စတင်လုပ်ခဲ့ကြပြီး ငွေကြေး အသစ်တစ်ခုဖြစ်တဲ့ Bitcoin Cash ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ Bitcoin Cash မှာ block size ကို 8 mb ထိ တိုးမြှင့်ထားတဲ့အတွက် transaction စိစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေပါတယ်။ ဒါ့အပြင် Bitcoin Cash ကို ထောက်ပံ့ပေးနေတဲ့ miner တွေ သတိမမူမိဘဲကြွင်းကျန်ရစ်တဲ့ chain အကြွင်းအကျန်တွေ၊ transaction စိစစ်အတည်ပြုခြင်းမြန်နှုန်းတွေကို ပိုသေချာအောင်လုပ်ဖို့ ခက်ခဲမှုအဆင့် (difficulty level)ချိန်ညှိပေးနိုင်စွမ်းလည်းရှိတဲ့အတွက် ငွေလွှဲပြောင်းမှု မြန်ဆန်စေပါတယ်။ ဒါဟာ Bitcoin Cash ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ပူပန်မှုမြင့်တက်စေပါတယ်။

Bitcoin ဟာ မြင့်မားတဲ့လုံခြုံရေးနဲ့ ဆက်သွားနေပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ ငွေလွှဲပြောင်းမှုအမြန်နှုန်း ဟာဘယ်လောက်အထိ တိုးလာမယ်ဆိုတာတော့ မရေရာပါဘူး။ Bitcoin Cash က ခက်ခဲမှုကို ချိန်ညှိပေးနိုင်တဲ့အတွက် ငွေလွှဲပြောင်းမှုလုပ်ငန်းစဉ်ကို ၂ မိနစ်နဲ့ ၃၀ စက္ကန့်အတွင်း လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်စွမ်းရှိပေမယ့် Bitcoin Cash blockchain လုံခြုံရေးကတော့ သိပ်မရေရာဘူးပေါ့။ ဒါတွေကလည်း မိုင်းသမားတွေနဲ့ အသုံးပြုသူတွေရဲ့ အမြင်ပေါ်မှာလည်း မူတည်ပါသေးတယ်။

______________________________________________
Written by : Jake Frankenfield
Translated by : Bitcoin Seeker

Monday, May 22, 2017

Exmo EX-CODE



EX-CODE ဟာ EXMO ရဲ့ internal currency ဖြစ်ပြီး member အချင်းချင်း ငွေလွှဲနိုင်စေပါတယ်။ EX-CODE ကို ပြင်ပ Exchanger တွေ ၀ယ်ရောင်းလုပ်ကြပါတယ်။ ဈေးကွက်လည်းရှိပြီးသားပါ။ ကျွန်တော့်အနေနဲ့လည်း EXMO မှာ ရှာလို့ရသမျှ အမြတ်တွေကို EX-CODE ထုတ်ပြီး အရင်က ၀ယ်ရောင်းလုပ်ပါတယ်။ မြန်မာထဲမှာတော့ EXMO လုပ်သူနည်းတဲ့အတွက် ရေးပေးဖို့ မေ့နေတာပါ။ ခုတော့ များလာပြီဖြစ်လို့ EX-CODE အကြောင်းရေးပေးပါ့မယ်။

- EX-CODE ကို သုံးခြင်းဖြင့် Deposit & Withdraw fee 0 (Zero) ဖြစ်ပြီး Instant ရပါတယ်။
- EX-CODE ထုတ်ပြီး EX-CODE လက်ခံတဲ့ ဘယ်နေရာမှာမဆို ရောင်းဝယ်နိုင်ပါတယ်။
- Member အချင်းချင်း ငွေလွှဲပေးနိုင်ပါတယ်။
- နောက်ဆုံး ကိုယ့် EX-CODE ကို ကိုယ့်အကောင့်မှာပြန်ဖြည့်မယ်ဆိုလည်းရပါတယ်။

EX-CODE ထုတ်နည်း


ပုံ(၁) - EXMO Wallet ထဲသွားပါ။ EX-CODE ဘေးက Withdraw ကိုနှိပ်ပါ။ Currency နေရာမှာ ကိုယ်ထုတ်ချင် လွှဲချင်တဲ့ Currency ရွေးပါ။ ပုံမှာ EUR (Euro) ရွေးထားပါတယ်။ ပြီးရင် Withdrawl amount: အကွက်မှာ ကိုယ်လွှဲချင် ထုတ်ချင်တဲ့ ပမာဏရေးပါ။ 10 ရေးထားပါတယ်။ CREATE EX-CODE ကိုနှိပ်ပါ။


ပုံ(၂) - e-mail ထဲကို confirmation link ပို့လိုက်ကြောင်းပြောပါလိမ့်မယ်။ e-mail ထဲသွားကြည့်ပါ။



ပုံ(၃) - e-mail ထဲမှာ exmo ကပို့ထားတဲ့ mail ကို ပုံပါအတိုင်းတွေ့ပါမယ်။ confirm လုပ်ဖို့အတွက် လင့် ၂ ခုထဲက အပေါ်လင့်ကို နှိပ်ပါ။
(ဒီနေရာမှာပြောစရာရှိတာက- exmo ဟာ တစ်ခါ login ၀င်ပြီးရင် ကိုယ်တိုင် logout မလုပ်မချင်း ကိုယ်ဝင်တဲ့ IP address မပြောင်းသမျှ၊ Location မပြောင်းသမျှ၊ Browser မပြောင်းသမျှ၊ ကွန်ပျူတာ/ဖုန်း မပြောင်းသမျှ အမြဲ login ဖြစ်နေမှာပါ။ ဒါပေမယ့် IP Protection ရှိတဲ့အတွက် login ၀င်ထားတာ အခုမှ မဟုတ်ဘူးဆိုရင် logout ထွက်ပြီး login ပြန်ဝင်ပေးထားပါ။ ဒါမှ error မပေါ်မှာပါ။)


ပုံ(၄) - confirm link ကိုနှိပ်လိုက်တဲ့အခါ EXMO site ကိုပြန်ရောက်ပြီး ပုံပါအတိုင်း EXCODE created ကို တွေ့ပါမယ်။ ဒါ့အပြင် email ကိုလည်း အောက်ပုံအတိုင်း ပို့ထားပါလိမ့်မယ်။ Your EX-CODE: ရဲ့ နောက်က EX-CODE_56096...fc934 ထိ copy ယူပါ။ ဒီ code ကို မိမိပေးချင်တဲ့သူကို ပေးလို့ရပါပြီ။

EX-CODE သွင်းနည်း



ပုံ(၅) - Exmo wallet ထဲသွားပါ။ EX-CODE ဘေးက Deposit ကိုနှိပ်ပါ။ EX-CODE: အကွက်မှာ ခုနထုတ်လိုက်တဲ့ EX-CODE ကိုထည့်ပါ။ LOAD EX-CODE ကိုနှိပ်လိုက်ရုံပါပဲ။ ဒီအခါ Your EX-CODE is successfully loaded. လို့ပေါ်ရင် ရပါပြီ။

EX-CODE ထုတ်ပြီး member အချင်းချင်း ရောင်းဝယ်လို့ရပါတယ်။ ငွေသွင်းရအဆင်မပြေတဲ့ သူငယ်ချင်းတွေကို ရောင်းပေးလို့၊ လွှဲပေးလို့ရပါတယ်။ ပြင်ပ exchange site တချို့မှာ Exmo logo လေးနဲ့ EX-CODE လက်ခံတာ တွေ့ဖူးကြမှာပါ။ မြန်မာထဲမှာလည်း EXMO လုပ်သူများလာပြီဆိုတော့ EX-CODE ဈေးကွက်လည်းရှိလာမယ် မျှော်လင့်ပါတယ်။

______________________________________________
Written by Bitcoin Seeker (14.1.2017)

Thursday, April 20, 2017

EXMO Diary (part 8)



အရှုံးမရှိတဲ့ Bitcoin, Altcoins

>> Visit to exmo

ခုချိန်မှာ တခြား coin တွေ ဈေးငြိမ်နေကြပေမယ့် BTC/USD ကတော့ အရောင်းအ၀ယ်သမားတွေကို အလုပ်အကျွေးပြုနေဆဲပဲ။ ယခင် $1100 မှာ တက်ဈေးမိနေခဲ့သူတွေ ထုတ်မရောင်းခဲ့ရင်တောင် အခု အမြတ်ရနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း bitcoin ကိုင်ထားလို့ အရှုံးမရှိဘူးပြောတာပါ။ ဒါပေမယ့်လို့ ခုချိန်မှာ 1BTC ကို $1100 ကျော်နေပြီဆိုတော့ 1BTC ရဖို့ လူတိုင်း မတတ်နိုင်တော့ပါဘူး။ အခုမှ အရင်းနည်းနည်းနဲ့ စမယ့်သူတွေကတော့ bitcoin နဲ့ လိုက်ဖို့ မလွယ်တော့ပါဘူး။ ဒါဆို ဘာနဲ့လိုက်ကြမလဲ။

coinmarketcap မှာဝင်ကြည့်ရင် altcoin ပေါင်း 700 ကျော်ရှိပါတယ်။ (altcoin ဆိုတာ bitcoin alternative coin ဖြစ်ပြီး bitcoin ကလွဲလို့ ကျန် coin အားလုံးကို ရည်ညွှန်းခေါ်ဆိုတာပါ။) လူတိုင်းလက်လှမ်းမီတဲ့ တန်ဖိုးနည်း coin တွေ အများကြီးပါ။ cryptocurrency တွေနဲ့ invest လုပ်မယ်ဆိုရင် ကိုယ်ကိုင်မယ့် crypto အကြောင်းကို ခရေစေ့တွင်းကျ သိအောင် လေ့လာရပါတယ်။ ကြိုက်တဲ့ coin တွေကို လေ့လာ၊ ကြိုက်တဲ့ coin တွေကို ၀ယ်စု၊ နောက် နှစ်ပေါင်းများစွာကြာရင် မီလျံနာ၊ ဘီလျံနာ ဖြစ်နိုင်ပါတယ်။ အချိန်ကြာတာ မြန်တာဟာ ကိုယ်ရွေးချယ်တဲ့ coin တွေပေါ်မှာ မူတည်ပါတယ်။ သေချာတာကတော့ ဘယ်သူမှ နှစ်ပေါင်းများစွာကြာအောင် စောင့်ချင်မယ်မထင်ပါဘူး။

ဘယ် coin ကို ရွေးချယ်ရမှန်းမသိရင် top 5 altcoin ထဲက တစ်ခုခုကို ရွေးချယ်လိုက်ပါ။ top 5 altcoin ဆိုတာ အဆင့်၂ ကနေ အဆင့် ၆ ထိ coin တွေကို ဆိုလိုပါတယ်။ ရွေးချယ်ဖို့ အကောင်းဆုံးကတော့ ETH, DASH, LTC ပဲဖြစ်ပါတယ်။ ဒီ coin တွေရဲ့ usd တန်ဖိုးကိုကြည့်ရင်လည်း လူတိုင်း လက်လှမ်းမီပါသေးတယ်။ သူတို့ဟာ plan ခိုင်မာတယ်၊ သုံးစွဲသူများတယ်၊ ကိုယ်ပိုင် ဈေးကွက်ရှိတယ်၊ (ကိုယ်ပိုင်ဈေးကွက်ဆိုတာ သူတို့ကိုမှီပြီး တခြား coin တွေ အရောင်းအ၀ယ်ပြုတာဖြစ်တယ်)။ ETH ကတော့ ကိုယ်ပိုင်ဈေးကွက် ကျယ်ပြန့်လာနေပါပြီ။ ခုချိန်မှာ DASH, ETH တို့တန်ဖိုးဟာ ဒီထက်မကျတော့ဘဲ ငြိမ်နေတယ်။ ၀ယ်စုထားဖို့ အကောင်းဆုံးအချိန်ဆိုလည်း မမှားဘူး။

DASH, ETH တို့ ဈေးကျသွားတော့ စိုးရိမ်မကင်းသူတွေက ထုတ်ရောင်းကြတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာတော့ တန်ဖိုးနည်းနဲ့ စောင့်ဝယ်သူလက်ထဲရောက်သွားတာဖြစ်တယ်။ EXMO မှာ DASH, ETH ပဲ USD အတွဲရှိပြီး LTC ကတော့ Bitcoin အတွဲပဲရှိသေးတယ်။ ကျန်တဲ့ platform တွေမှာတော့ BTC အတွဲတွေပိုများတာမို့ USD သမားတွေအတွက် EXMO ဟာ နေရာကောင်းတစ်ခုဆိုလည်း မမှားဘူး။ LTC, DOGE တို့ ဈေးတက်တုန်းကလည်း အရောင်းအ၀ယ်ဖြစ်လို့ အမြတ်ရလိုက်ပါတယ်။ ခုတော့ ဈေးငြိမ်သွားပြီဖြစ်တယ်။ LTC, DOGE တို့ဟာ တန်ဖိုးတက်ဖို့ ကြာတတ်လို့ BTC ပြီးရင် ETH, DASH တို့ကိုပဲ long term, mid term ရွေးချယ်ပါတယ်။

EXMO affiliate program


______________________________________________
Written by Bitcoin Seeker (20.4.2017)

Friday, April 14, 2017

ငွေကြေးဖြစ်ပေါ်လာပုံနှင့် အနာဂတ်ငွေကြေး (Crypto Currency)


ငွေကြေးဖြစ်ပေါ်လာပုံအကျဉ်း

ငွေကြေးဆိုတာ ကြားခံလဲလှယ်ရေးပစ္စည်း (medium of exchange) တစ်ခုဖြစ်ပါတယ်။ ကမ္ဘာဦးအစ ငွေကြေး မပေါ်ခင်က လူသားတွေဟာ သူ့ပစ္စည်းနဲ့ ကိုယ့်ပစ္စည်း တိုက်ရိုက်လဲလှယ်ကြပါတယ်။ ဥပမာအားဖြင့် ကြက်ပိုင်ရှင် ဟာ ပြောင်းဖူးလိုချင်တဲ့အခါ ပြောင်းဖူးရှိသူထံမှာ ကြက် နဲ့ပြောင်းဖူးကို သူတို့အချင်းချင်း သဘောတူ သတ်မှတ်ထား တဲ့နည်း (သို့မဟုတ်) အညီအမျှချိန်တွယ်တဲ့နည်းနဲ့ လဲယူပါတယ်။ ကြက်ရဲ့အလေးချိန်နဲ့ညီမျှတဲ့ ပြောင်းဖူးအရေအတွက်ဟာ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေ ပါတယ်။ ဒါပေမယ့် နွားပိုင်ရှင်က ပြောင်းဖူးလိုချင်တဲ့အခါကျတော့ နွားရဲ့အလေးချိန်အတိုင်းပေးဖို့ ပြောင်းဖူး မရှိရင်ဖြစ်စေ၊ ရှိခဲ့ရင်လည်း နွားပိုင်ရှင်အတွက် စားမလောက်အောင် ပိုလျှံနေမှာဖြစ်တဲ့ အတွက် နှစ်ဦးနှစ်ဖက်အဆင်မပြေတော့ပါဘူး။ နွားပိုင်ရှင်ကလည်း သူလိုချင်တဲ့ ပြောင်းဖူး အရေအတွက်ရဲ့ အလေးချိန်အတိုင်း နွားကို ခုတ်ထစ်ပိုင်းဖြတ်ပေးဖို့ မဖြစ်နိုင်ပြန်ဘူး။ ဒီအခါ နွားပိုင်ရှင် ဟာ ကျောက်သံပတ္တမြားရှိသူထံမှာ နွားအလေးချိန်အတိုင်း သွားလဲပါတယ်။ ရလာတဲ့ ကျောက်သံ ပတ္တမြားထဲက သူလိုချင်တဲ့ပြောင်းဖူးအရေအတွက်ရဲ့အလေးချိန်အတိုင်း လဲယူပါတယ်။ ဒီလိုနဲ့ ရွှေငွေကျောက်သံပတ္တမြားတွေကို လဲလှယ်ရေးပစ္စည်းအဖြစ် သုံးစွဲလာကြပါတယ်။ တစ်စတစ်စ ယဉ်ကျေးလာတာနဲ့အမျှ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး (coins) တွေ သွန်းလုပ်ပြီး သုံးစွဲလာကြပါတယ်။ နောက်ပိုင်း မှာ ငွေစက္ကူ (paper money) တွေထုတ်လုပ် သုံးစွဲလာကြတာ ယနေ့အထိ ပါပဲ။ ငွေကြေးကို ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝမှုပေါ်အခြေခံပြီး ကန့်သတ်ချက် (limit) နဲ့ ထုတ်လုပ်ရပါတယ်။ နိုင်ငံတစ်ခု၊ ဒေသတစ်ခုရဲ့ ကြွယ်ဝမှုကို ဒေသတွင်း သယံဇာတ၊ ပို့ကုန်သွင်းကုန် (သို့မဟုတ်) ရောင်းလိုအား ၀ယ်လိုအား ဥပဒေသ (supply and demand law) နဲ့ တိုင်းတာပါတယ်။ ဒီကြွယ်ဝမှုဟာ ငွေကြေးရဲ့ ရင်းမြစ် (resource) ဖြစ်ပါတယ်။  နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝမှုထက် ပိုပြီး ငွေကြေးကိုထုတ်လုပ်ရင် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာပါတယ်။ ယနေ့ခေတ်မှာ cryptocurrency (Digital money) သို့ ခေတ်ပြောင်းလာနေပြီဖြစ်ပါတယ်။

Cryptocurrency (Digital money)

Cryptocurrency ရဲ့ အစဟာ Bitcoin ဖြစ်ပါတယ်။ ဒါပေမယ့် Bitcoin မပေါ်ခင်က စဦး Digital money အဖြစ် E-Gold (1996) အရင်ပေါ်ပါတယ်။ နောက်တော့ Hacker တွေတိုက်ခိုက်ခံရပြီး ပျောက်ကွယ် သွားပါတယ်။ သူ့နောက်မှာ Digital Money ထဲအကျုံးဝင်တဲ့ Web Money (1998) (ခုထိရှင်သန်ဆဲ), Liberty Reserve (2006) (ဥပဒေနဲ့ညိလို့ဆိုပြီး ဖျက်သိမ်းခံရ), Perfect Money (2007) (လက်ရှိအချိန်ထိ) တို့အသီးသီး ထွက်ပေါ်ပါတယ်။

Bitcoin (the gold)

Bitcoin ကို Satoshi Nakamoto ခေါ် အမည်ရင်းမသိ၊ ဘယ်သူမှန်းမသိတဲ့ ဂျပန်လူမျိုး programmer သို့မဟုတ် programmer များအဖွဲ့က 2008 ခုနှစ် အောက်တိုဘာ 31 မှာ C++ language နဲ့ ရေးသားခဲ့ပြီး 2009 ဇန်န၀ါရီမှာ Open-source အဖြစ် ဖွင့်ချပေးခဲ့ပါတယ်။ ခုချိန်ထိ Satoshi Nakamoto ကို ဘယ်သူမှန်းမသိကြပါဘူး။ သူဟာ ဂျပန်လူမျိုးဖြစ်ပြီး 5.4.1975 ခုနှစ်မှာ မွေးဖွားခဲ့တာလောက်ပဲ သိကြပါတယ်။ သူ (သို့မဟုတ်) သူတို့ရဲ့ နည်းပညာကို open-source ချပေးလိုက်တဲ့အတွက် Bitcoin ကို ဘယ်သူမှ တစ်ဦးတည်းမူပိုင် ထိန်းချုပ်ခွင့်မရှိတော့ဘဲ ကမ္ဘာအနှံ့ လွတ်လပ်စွာကျယ်ပြန့်လာစေပါတယ်။

Bitcoin mining (Bitcoin ကို ထုတ်လုပ်ခြင်း)

Bitcoin ကို မိုင်းတူးခြင်းဖြစ်စဉ်နဲ့ ထွက်ရှိစေပါတယ်။ Bitcoin mining ဆိုတာ network လုံခြုံရေး၊ ငွေလွှဲပြောင်းမှု (transaction) လုပ်ငန်းစဉ်အတွက် တွက်ချက်မှုစွမ်းအား အသုံးပြုခြင်းနဲ့ စနစ်အတွင်း လူတွေ တစ်ပြိုင်တည်း double လုပ်ဆောင်မှုကို ထိန်းပေးခြင်းလို့ဆိုပါတယ်။ မိုင်းတူးခြင်းလို့ရည်ညွှန်းတာကလည်း ပြင်ပမှာတကယ်မိုင်းတူးပုံနဲ့တူလို့ဖြစ်တယ်။

ပြင်ပမှာ တကယ်မိုင်းတူးတာမျိုးမဟုတ်ဘဲ Computer, Hardware, Software တွေနဲ့ Bitcoin ကို မိုင်းတူးစေပါတယ်။ အဲ့ဒီ hardware, software တွေဟာ မိုင်းတူးသမား (miner) တွေဖြစ်ပါတယ်။ (Bitcoin Mining စက်ထောင်ထားတဲ့လူတိုင်းကို Bitcoin Miner လို့ အလွယ်ခေါ်ပေမယ့် ဒီနေရာမှာတော့ Bitcoin Mine Owner လို့မှတ်ထားပါ။) တကယ့်လောကမှာ မိုင်းတူးသမား(လူ)တွေ မိုင်းတူးရင် ရွှေ၊ သတ္တု တစ်တုံးစ နှစ်တုံးစ ရသလို Bitcoin miner တွေမှာက Block တစ်တုံးစ နှစ်တုံးစ ရပါတယ်။ ရလာတဲ့ Block တစ်ခုကို 50 Bitcoins နှုန်းနဲ့ စထွက်စေပါတယ်။ Block ပေါင်း 210,000 ပြည့်တိုင်း Bitcoin တစ်ဝက်လျော့ကျလာပါတယ်။ ဥပမာ- Block ပေါင်း 210,000 ရောက်တဲ့အထိ Block တစ်ခုကို 50 Bitcoins နှုန်းပေးပါမယ်။ 210,001 ကစပြီး Block တစ်ခုကို 25 Bitcoins သာ ထုတ်ပေးပါမယ်။ ဒီလိုနဲ့ Block တွေများလာတိုင်း တဖြည်းဖြည်းလျော့လာပြီး နောက်ဆုံး Bitcoin Zero ဖြစ်သွားပါမယ်။ အသစ်မထုတ်နိုင်တော့ပါဘူး။ Block တစ်ခုတွေ့ရှိဖို့ ပျမ်းမျှ 10 မိနစ်သတ်မှတ်ထားပါတယ်။ ဒါဆိုရင် ပျမ်းမျှအားဖြင့် Block တစ်ခုအတွက် Bitcoin ရရှိမှုနှုန်းဟာ ၄ နှစ်မှာတစ်ကြိမ် တစ်ဝက်နှုန်း လျော့ကျလာမယ်။ July 2016 ကစပြီး Block တစ်ခုကို 12.5 Bitcoin သာရရှိတော့တယ်။

မိုင်းတူးသမား(လူ)တွေများရင် ရွှေ၊ သတ္တုတွေ မြန်မြန်နဲ့များများရသလို Bitcoin miner များရင် block တွေ မြန်မြန်နဲ့များများရပါမယ်။ Bitcoin miner အရေအတွက်ဟာ Mining Power ပေါ်မှာမူတည်ပါတယ်။ Mining Power ကို စက်မှာတပ်ဆင်ထားတဲ့ CPU (Central Processing Unit), GPU (Graphics Processing Unit) ပမာဏပေါ်မူတည်ပြီး Hash rate နဲ့ တိုင်းတာပါတယ်။ Bitcoin miner တွေများလာတဲ့အခါ Block တစ်ခုကို 10 မိနစ်ထက်စောပြီး မြန်မြန်တွေ့လာရင် Bitcoin difficulty စတင်ပါမယ်။ (ပြင်ပမှာလည်းပဲ မိုင်းလုပ်သားများလို့ မြန်မြန်ထွက်ရှိတဲ့အခါ မိုင်းတူးရခက်လာသလိုပေါ့။) Bitcoin difficulty စတင်တဲ့အခါ Block တွေ့ရှိမှု နှေးသွားပြီး Block တစ်ခု 10 မိနစ်နှုန်းကို ပြန်ရောက်လာပါမယ်။ ပြီးရင် တစ်ဖန် looping ထပ်ပတ်ပါမယ်။ ဒီလိုနည်းနဲ့ Bitcoin ကို အလွယ်တကူ မထွက်ရှိအောင် looping ပတ်ထားပါတယ်။ မိုင်းတူးပုံသဘောတရားအတိုင်းပါပဲ။  ဒါကြောင့်လည်း သူ့ကို crypto-gold လို့တင်စားခေါ်ဝေါ်ပါတယ်။

အစကပြောခဲ့သလို ငွေကြေးဆိုတာ ကြားခံလဲလှယ်ရေးပစ္စည်း ဖြစ်တဲ့အတွက် ငွေကြေးရင်းမြစ်ဆိုတာရှိရ ပါတယ်။ ဒီရင်းမြစ်နဲ့ညီမျှတဲ့ ငွေကြေးကိုပဲ ထုတ်ခွင့်ရှိတယ်။ အသစ်ထုတ်ခွင့်မရှိဘူး။ global currency ဖြစ်တဲ့ Bitcoin ဟာ ကမ္ဘာအရပ်ရပ်က paper money (or) hard money ကနေ digital money (or) soft money အဖြစ်ကို ပြောင်းလဲစေချင်တာဖြစ်တဲ့အတွက် ကမ္ဘာအရပ်ရပ်ရဲ့ ပို့ကုန်သွင်းကုန် (သို့မဟုတ်) ရောင်းလိုအားဝယ်လိုအား အပေါ်အခြေခံပြီး Bitcoin အသစ်ထွက်ရှိခွင့် 21 မီလီယံ သတ်မှတ်ပေးထားပါတယ်။ အမှန်တကယ်ရှိတဲ့ ရင်းမြစ်ဟာ Bitcoin ထွက်ရှိတဲ့ပမာဏထက်နည်းတဲ့အခါ Bitcoin တန်ဖိုးကျမယ်၊ ဖောင်းပွမယ်။ ရင်းမြစ်ကများလာရင် Bitcoin တန်ဖိုးတက်မယ်။ ဒါပါပဲ။

Bitcoin ကို စထွက်စေတဲ့အခါ Mining Power ပေါ်မူတည်ပြီး တွက်ချက်ထွက်ရှိစေတယ်။ Mining Power မြင့်လေ Miner များလေဖြစ်သလို Mining စက်ရဲ့ တန်ဖိုးကလည်း မြင့်တက်လေဖြစ်လာ ပါတယ်။ ငွေကြေးသဘောတရားအရ Bitcoin ကိုလည်း ရှိပြီးသား ငွေကြေးနဲ့လဲယူရမှာဖြစ်လို့ စက်ရဲ့တန်ဖိုးအတွက် သုံးလိုက်ရတဲ့ ငွေအရင်းအနှီးကို ရင်းမြစ်အဖြစ်ယူပြီး coin အရေအတွက်ကို တွက်ချက် ထွက်ရှိစေတယ်။ Bitcoin software ကတော့ ငွေပမာဏဘယ်လောက်ဆိုတာ မသိပါဘူး။ သူ့ကိုခိုင်းစေထားတဲ့အတိုင်း Mining power ပေါ်မူတည်ပြီး ထုတ်ပေးမှာဖြစ်တယ်။ ဥပမာ- စက်တန်ဖိုးဟာ $1000 ဖြစ်ရင် အဲ့ဒီ $1000 စက်ရဲ့ Mining power အလိုက် coin အရေအတွက်ကို ထွက်ရှိစေမှာဖြစ်တယ်။ ပထမဦးဆုံးထွက်လာတဲ့ coin အရေအတွက်ဟာ $1000 နဲ့ညီမျှတယ် လို့ ယေဘူယျယူဆနိုင်တယ်။

Program ရေးဆွဲထားတဲ့ looping အတိုင်း Bitcoin difficulty ဖြစ်စဉ်ကို ရောက်တဲ့အခါ Bitcoin ထွက်ရှိမှု နှေးသွား၊ ရပ်သွားမယ်။ တကယ့်လောကမိုင်းတွင်းမှာ ရွှေ၊ သတ္တုတွေ နည်းသွား ကုန်သွားသလိုပေါ့။ မိုင်းလုပ်သားတွေရရှိလာတဲ့ ရွှေတွေကို မိုင်းပိုင်ရှင်ကုမ္ပဏီ (Mine owner) သို့သွင်းပြီး Mine owner ဟာ ရရှိလာတဲ့ ရွှေ၊ သတ္တုတွေကို သူ့ရဲ့အရင်းအနှီး၊ သုံးစွဲရတဲ့အချိန်၊ ကုန်ကျစရိတ်တွေနဲ့ တွက်ချက်ပြီး တန်ဖိုးသတ်မှတ်ကာ ဈေးကွက်ပို့မယ်။ ဒီလိုသဘောအတိုင်း Bitcoin Mine owner တွေက လည်း ထွက်ရှိလာတဲ့ coin တွေကို ကနဦးတန်ဖိုး သတ်မှတ်ပြီး ဈေးကွက်ပို့တဲ့အခါ နောက်ထပ်ငွေ အရင်းအမြစ်တွေနဲ့ လဲယူကြတဲ့အတွက် ၀ယ်လိုအားတက်လာပြီး Bitcoin တန်ဖိုးလည်း လိုက်တက်လာတယ်။

Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ် နောက်တစ်ဖန် မစမချင်း ၀ယ်လိုအားရောင်းလိုအားပေါ်မူတည်ပြီး Bitcoin တန်ဖိုး အတက်အကျဖြစ်ပေါ်လာတယ်။ Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ် မစသေးတဲ့အခါ Mine owner တွေဟာ user အချင်းချင်း ငွေပေးငွေယူမှု (transaction) ကြောင့်ဖြစ်ပေါ်လာတဲ့ Block တွေကို ဖြေရှင်းချိတ်ဆက်ပေးရ၊ ကွန်ရက်ကို ထိန်းသိမ်းပေးရတဲ့အတွက် Blockchain network မှတဆင့် ၀န်ဆောင်ခအဖြစ် ရှိပြီးသား Bitcoin ကနေပြန်လည်ရရှိတယ်။ Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ်ပြန်စတဲ့အခါလည်းပဲ Bitcoin အသစ်လည်းရမယ်၊ ငွေအလွှဲအပြောင်းကြောင့် ၀န်ဆောင်ခလည်းရမယ်။ ဒီအခါ Bitcoin တန်ဖိုးလည်း အထိုက်အလျောက်ကျ မယ်။ ပြင်ပလောက ရဲ့ ငွေကြေးသံသရာလည်ပုံသဘောတရားအတိုင်းပါပဲ။


Ethereum (the gas or ether: crypto-fuel)

Ethereum ကို crypto-fuel လို့ တင်စားခေါ်ဝေါ်ပါတယ်။ သူ့ရဲ့ မူလရင်းမြစ်ဟာ ရေနံနှင့်သဘာဝ ဓါတ်ငွေ့ရောင်းဝယ်မှုပေါ်မှာ အခြေခံထားပါတယ်။ ဒါကြောင့်ပဲ သူ့ကို ရေနံတူးဖော်ခြင်းဖြင့်ထုတ်ပါတယ် လို့ အလွယ်ပြောခဲ့ပါတယ်။ Ethereum ကို အသက် ၂၃ နှစ်သာရှိသေးတဲ့ ရုရှားလူမျိုး programmer Vitalik Buterin (ဗစ်တလစ် ဘုတရင်) မှ C++, Go, Rust စတဲ့ programming language များနဲ့ ရေးသားပါတယ်။ Bitcoin Blockchain နည်းပညာကိုအခြေခံပြီး သူ့ထက်ပိုကောင်းတဲ့ Ethereum Blockchain ကို ရေးသားပါတယ်။ Bitcoin Blockchain က လွတ်လပ်စွာငွေပေးချေမှုတစ်ခုတည်းကိုပဲ အာရုံစိုက်ထားပြီး Ethereum Blockchain က Smart contract တွေမှာပါ ချိတ်ဆက်လို့ရအောင်၊ အရာအားလုံး decentralized ဖြစ်အောင် ရေးသားထားပါတယ်။ Smart Money အဖြစ် လုပ်ဆောင်စေဖို့ပေါ့။ Smart contract ဆိုတာ လူအများလက်ရှိရင်းနှီးနေကြပြီဖြစ်တဲ့ Smart card, Smart phone တွေကို နားလည်ရင် ရှင်းပြဖို့လိုမယ်မထင်ပါဘူး။ ကိုယ်တိုင်ဖြေရှင်းဆုံးဖြတ်ပြီး အလိုအလျောက် လုပ်ဆောင်စေတဲ့ နည်းပညာပါ။ ဒီနည်းပညာသုံးထားတဲ့ စက်တွေ၊ application တွေနဲ့ချိတ်ဆက်ဖို့ Ethereum Virtual Machine (EVM) ကို ရေးသားထားပြီးဖြစ်တယ်။ ဒီ EVM ကို စက်ထဲသွင်းလိုက်ရုံနဲ့ Ethereum network ထဲ အလိုအလျောက်ချိတ်ဆက်သွားစေမှာဖြစ်တယ်။ သူ့ရဲ့ Ecosystem အကြောင်းကို ဒီလင့်မှာ ရှင်းပြပြီးပါပြီ။ Ethereum ကိုလည်း Bitcoin လို မိုင်းတူးခြင်းဖြစ်စဉ်နဲ့ ထွက်ရှိစေပါတယ်။ ဒါပေမယ့် Bitcoin လို လူတိုင်း မိုင်းတူးဖို့မလွယ်ပါဘူး။ Ethereum ကို 2013 မှာရေးဆွဲပြီး 2015 လောက်ကမှ relase လုပ်ခဲ့ပေမယ့် သူ့အရင်ထွက်ရှိနှင့်တဲ့ cyptocurrency တွေကို ဘာကြောင့်ကျော်တက်လာခဲ့သလဲ။ အဖြေကရှင်းပါတယ်။ သူ့ရဲ့ ရင်းမြစ်ကြောင့်ပါပဲ။

ဒီလို ငွေကြေးသဘောတရားကိုနားလည်ရင် ငွေကြေးဆိုတာ အသစ်ဖန်တီးပြီး ထုတ်ချင်တိုင်း ထုတ်လို့ မရကြောင်း နားလည်ပါမယ်။ အခု cryptocurrency တွေ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အလျှိုလျှိုထွက်လာကြ တယ်။ ဈေးကွက်မရှိသေးတဲ့ coin တွေလည်း ထုတ်နေကြတယ်။ သူတို့အားလုံးရဲ့အခြေခံရင်းမြစ်က Bitcoin ပဲ။ နောက်ပိုင်းမှာတော့ Ethereum system ကိုအခြေခံတဲ့ coin တွေထွက်လာတယ်။ Ethereum ကလည်းပဲ Bitcoin ကို အခြေခံထားရတာပါပဲ။

အရာအားလုံးဟာ ရောင်းလိုအားဝယ်လိုအားပေါ်မှာ ရင်းမြစ်ယူကြတာမှန်ပေမယ့် လူသုံးများတဲ့ ရင်းမြစ် ကသာ လူတွေကို ပိုမိုဆွဲဆောင်နိုင်လိမ့်မယ်။ လူတွေပိုမိုလက်ခံသုံးစွဲလာရင်ကိုပဲ ဒီငွေကြေးဟာ global currency အလိုလိုဖြစ်သွားမှာပဲ။ Bitcoin ဟာ အထင်ရှားဆုံး ဥပမာဖြစ်တယ်။ MLM လို လူများလာအောင် မက်လုံးပေးပြီး လိုက်ဆွယ်နေစရာမလိုဘူး။  ဒါဆိုရင် နောက်ထွက်လာတဲ့ coin တွေမှာ သူတို့ရဲ့ Ecosystem ကိုကြည့်ပြီး ဒီ ငွေကြေးကို ရင်းနှီးမြှုပ်နှံလို့ အကျိုးအမြတ်မြန်မလား၊ ကြာမလား၊ ဆုံးရှုံးသွားမလား ခွဲခြမ်းစိတ်ဖြာနိုင်ပါမယ်။

________________________________________
ref : many resources
written : bitcoin seeker

Thursday, April 13, 2017

EXMO Diary (part 7)

Dash ကို အရင်က Dark coin လို့ ခေါ်ပါတယ်။  Bitcoin software ပေါ်မှာအခြေခံပြီး ဖန်တီးပါတယ်။ Bitcoin network ကို အသုံးပြုပါတယ်။ ယေဘူယျအားဖြင့် Bitcoin တက်ရင် Dash ကျလေ့ရှိပြီး Bitcoin ကျရင် Dash တက်လေ့ရှိတယ်။ ETH လည်း Dash တက်ပြီဆိုရင် လိုက်တက်လေ့ရှိပါတယ်။



Exmo မှာ မနေ့ (12.4.2017)ရက်နေ့က Dash ကို $59.91 မှာ 1 coin ထပ်ဝယ်ပါတယ်။ BTC/USD မှာလည်း 1208.1 ဈေးနဲ့ကိုင်ပြီး 1% လောက်သာ အမြတ်တင်ပါတယ်။ BTC ၀ယ်ရတာက LTC ကိုင်ချင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် LTC က ကျရိပ်သန်းနေပြီး BTC က တက်ရိပ်ပြနေလို့သာ BTC/USD မှာ 1% တင်ထားလိုက်ပါတယ်။ သိပ်မကြာခင် btc 1% ကျော်ကျော်လေးသာတက်ပြီး ပြန်ကျပါတယ်။ Dash ကတော့ ပုံပါအတိုင်း 10% ထိ တက်ပါတယ်။ ဒါပေမယ့် Dash မှာ 6% လောက်သာ အမြတ်တင်ထားခဲ့လို့ စုစုပေါင်း 7% သာ အမြတ်ရပါတယ်။ အလုပ်တစ်ဖက်နဲ့မို့ ETH ကို ကိုင်ဖို့ အချိန်မရလိုက်ပါ။ တကယ်လို့ ETH ပါ ထပ်ကိုင်ဖြစ်ရင် တစ်နေ့အတွင်း 10% ထက်မက ရနိုင်ပါတယ်။ ဒါဟာ ဈေးငြိမ်နေတဲ့ အခြေအနေမှာဖြစ်ပါတယ်။ အရင်လို ဈေးသွက်တဲ့ အခြေအနေမျိုးဆို ဘာပြောကောင်းမလဲ။

Huobi, BitStamp, Bitfinex, Magnr, Btcc, Kraken, C-CEX, Poloniex, Livecoin, nova အစရှိသဖြင့် crypto market platform တွေများစွာရှိပါတယ်။ BTC ဈေးကွက်ကျယ်ပြန့်တဲ့အတွက် နေ့စဉ်အမြတ်ရှာနိုင်ပါတယ်။ အဲ့ဒီ platform တွေမှာက USD အထုတ်အသွင်း သိပ်အဆင်မပြေပါဘူး။ BTC, DASH, ETH  တို့ကိုသာ ပွားတဲ့သဘောမျိုးကစားရပါတယ်။ cryptocurrency တွေ အဆမတန်များပြားပြီး ရှုပ်ထွေးလှတဲ့အတွက် လူသစ်တွေလုပ်ဖို့ အဆင်မပြေပါဘူး။ EXMO မှာ နားလည်အောင် အရင်လေ့လာပြီး အတွေ့အကြုံရလာရင် တခြား platform တွေမှာလည်း ခွဲကစားခြင်းဖြင့် အမြတ်ပိုမိုရရှိပါလိမ့်မယ်။

ခုမှ စလုပ်မယ့်သူတွေ အနည်းဆုံး 1$ က စသွင်းပြီး နားလည်အောင် စမ်းသပ်လေ့လာပါ။ fee ဖိုးနဲ့ဆိုရင် ကိုယ့်မှာ $2 လောက်ရှိရင် စလုပ်လို့ရပါပြီ။ မလုပ်မချင်းတော့ နားလည်မှာမဟုတ်ပါဘူး။ လုပ်ရင်းနဲ့ နားလည်သွားပါမယ်။ နားလည်ပြီဆိုရင် ကြိုက်သလောက်ရင်းလို့ရပါပြီ။ အရင်းများမှ အမြတ်မြန်ပါမယ်။ တကယ်လို့ တက်ဈေးမိခဲ့ရင် သိထားရမှာက တက်ဈေးမိလို့ စောင့်နေရတဲ့သူဟာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာပါ။ ၀ါရင့်သမ္ဘာရင့်တွေလည်း တက်ဈေးကို မရှောင်နိုင်တာရှိပါတယ်။ တက်ဈေးမိရင် ထိုးရောင်းတာမျိုးမလုပ်ဖို့ ပြောလိုရင်းဖြစ်ပါတယ်။

EXMO affiliate program

______________________________________________
Written by Bitcoin Seeker (13.4.2017)

Wednesday, April 12, 2017

Ecosystem of Ethereum (ETH)



Bitcoin ဟာ ဘဏ်စနစ်ကိုတော်လှန်ပစ်ရန်ရည်ရွယ်ပြီး တီထွင်ထုတ်လုပ်ခဲ့တဲ့ ဒီဂျစ်တယ်ငွေကြေး တစ်ခုပါ။ blockchain နည်းပညာကို အသုံးပြုပြီး ကမ္ဘာ့တစ်ဖက်ခြမ်း လူတစ်ဦးမှ အခြားတစ်ဖက်ခြမ်းရှိ လူတစ်ဦးသို့ မည်သည့်ကြားခံဝန်ဆောင်မှုမှမလိုဘဲ ကုန်ကျစရိတ်နည်းနည်းနဲ့ လွယ်ကူလျင်မြန်စွာ လွှဲပြောင်းပေးချေလို့ရစေပါတယ်။ အစိုးရထိန်းချုပ်မှု၊ မည်သည့်ထိန်းချုပ်မှုမှ မရှိပါဘူး။ ဒါကို decentralized ဖြစ်တယ်လို့ခေါ်ပါတယ်။ ဥပမာ - ကျွန်တော်တို့ ငွေစက္ကူကို တစ်မြို့မှ အခြားတစ်မြို့သို့ လွှဲပြောင်းပေးချေဖို့အတွက် ကြားခံ ဘဏ်၊ လူကိုယ်စားလှယ်၊ ကား၊ ရထား၊ လေယာဉ် အစရှိသည်တို့ဖြင့် လွှဲပြောင်းပေးချေရသလို အစိုးရထိန်းချုပ်မှု၊ တစ်စုံတစ်ဦးထိန်းချုပ်မှုတွေရှိပါတယ်။ centralized ပေါ့။ Bitcoin ဟာ အဲ့ဒီ ကြားခံဝန်ဆောင်မှုတွေမလိုအပ်ဘဲ၊ မည်သည့် ထိန်းချုပ်မှုမှ မလိုအပ်ဘဲ Blockchain network မှတဆင့် တစ်ဦးမှ တစ်ဦးသို့ လွတ်လပ်စွာတိုက်ရိုက်ပေးချေနိုင်စေပါတယ်။ ဒါကို peer to peer network လို့ခေါ်ပါတယ်။
-
Ether ခေါ် ရေနံနှင့်သဘာဝဓါတ်ငွေ့ဟာ Ethereum ရဲ့ အဓိကအမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ Bitcoin ကို မိုင်းတူးပြီးထုတ်သလို Ethereum ကို ရေနံတူးဖော်ခြင်းဖြင့် ထုတ်ပါတယ်။ Bitcoin ရဲ့ blockchain နည်းပညာကိုအခြေခံပြီး မျိုးဆက်သစ် Ethereum network ကို တည်ဆောက်ပါတယ်။ Ethereum network ဟာလည်း blockchain network လို peer to peer network ပါပဲ။ ဒါပေမယ့် Ethereum network မှာ ရေနံ၊ စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ အစားအသောက်ဝန်ဆောင်မှု အစရှိတဲ့ ရှိနှင့်ပြီးသား ၀န်ဆောင်မှုအားလုံး ပါဝင်ချိတ်ဆက်နိုင်ပါတယ်။ Bitcoin ကဲ့သို့ မည်သည့်ကြားခံဝန်ဆောင်မှုမှမပါဘဲ တစ်ဦးမှ တစ်ဦး လွတ်လပ်စွာ ငွေပေးချေနိုင်စေရုံသက်သက်ပဲ မဟုတ်ဘူး။ မည်သည့်အရာကိုမဆို ကြားခံဝန်ဆောင်မှုမလို၊ တစ်စုံတစ်ဦး ထိန်းချုပ်ဆောင်ရွက်ပေးမှုမလိုဘဲ ကုန်ကျစရိတ်နည်းနည်းနဲ့ လျင်မြန်လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေပါတယ်။
-
ဥပမာ- သင်ဟာ Ethereum network မှာပါဝင်ချိတ်ဆက်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်မှာ ဆီဝင်ဖြည့်တဲ့အခါ ကျသင့်ငွေကို သင့် ဖုန်းမှတဆင့် Ethereum ပေးချေလိုက်ရုံဖြင့် ကိုယ်တိုင်ဆီဖြည့်နိုင်ပါတယ်။ ငွေကြေးကို အမှန်တကယ် ကိုင်တွယ်ပေးချေစရာမလိုဘဲ software program မှတဆင့် ချိတ်ဆက် ဆောင်ရွက်စေခြင်းဖြစ်ပါတယ်။ အကြွေစေ့ထည့်ပြီး အစားအသောက်ယူရတဲ့ စက်တွေ၊ ကား၊ ရထားလက်မှတ်ခတွေ နေရာမှာ အစားထိုး တိုကင်အဖြစ် Ethereum က လုပ်ဆောင်ပါမယ်။ ကြားခံလူတစ်ဦးဦး ထိန်းချုပ်ဆောင်ရွက်ပေးတာမျိုး မလိုတော့ပါဘူး။ ဒါဟာ Ethereum ရဲ့ ecosystem ဖြစ်ပါတယ်။ ပြင်ပမှာ လက်တွေ့လုပ်ဆောင်နေတဲ့ ၀န်ဆောင်မှုအားလုံး၊ အရာအားလုံးကို decentralized ဖြစ်စေပါတယ်။ ကိုယ်တိုင်ပေး ကိုယ်တိုင်ယူစနစ်ပါ။ ဘာကြောင့် Ethereum ဟာ အချိန်တိုအတွင်း ဒုတိယနေရာရောက်လာရသလဲဆိုတာရဲ့ အဖြေတစ်ခုဆိုလည်း မမှားပါဘူး။
-
ဒီ ecosystem ကျယ်ပြန့်လာတာနဲ့အမျှ Ethereum network ကျယ်ပြန့်လာပါမယ်။ Ethereum network ကျယ်ပြန့်လာတာနဲ့အမျှ တစ်ကမ္ဘာလုံးမှာ Ethereum ဖြစ်လာပါမယ်။ Ethereum ဟာ ဒီအချက်ကို အဓိကလုပ်ဆောင်နေတာဖြစ်ပါတယ်။

________________________________________
ref : ecosystem of ethereum
written : bitcoin seeker