3. FaucetHUB mining အသုံးပြု၍ Bitcoin ရယူခြင်း

FaucetHUB မှာပေးထားတဲ့ Mining ကို Activate လုပ်ပေးပါမယ်။ မိမိရဲ့ Web-browser ကိုအသုံးပြုပြီး မိမိစက်ရဲ့ စွမ်းဆောင်ရည်အလိုက် အလိုအလျောက် မိုင်းတူးစေမှာဖြစ်ပါတယ်။ Browser ပိတ်လိုက်ရင် ရပ်သွားမှာဖြစ်ပြီး နောက်တစ်ကြိမ်ပြန်ဖွင့်ရင် ပြန်တူးမှာဖြစ်ပါတယ်။ အောက်ပုံ-၁၃ မှာပြထားတဲ့ 1, 2, 3 နှိပ်ပါ အတိုင်း နှိပ်သွားပါ-


ပုံ-၁၃

အောက်ပုံ-၁၄ အတိုင်း တွေ့ရပါမယ်။ ပုံကိုကြည့်ပါ-


ပုံ-၁၄

Threads ဟာ အသုံးပြုမယ့် CPU အရေအတွက်ကိုပြောပါတယ်။ Break Time က 30 မိနစ်တိုင်းမှာ ဘယ်နှကြိမ်နားစေမလဲဆိုတာပြောပါတယ်။ ပုံပါအတိုင်း ရွေးချယ်ချင် ရွေးချယ်ပါ (သို့မဟုတ်) မိမိနှစ်သက် သလိုရွေးချယ်ပါ။ ပြီးရင် Start Mining ကိုနှိပ်ပါ။ အပေါ်က အစိမ်းကွက်တွေမှာ Hash rate တွေတက်လာပြီး Pending Satoshi ထဲ satoshi တွေ တိုးလာပါမယ်။ satoshis 100.0000 ပြည့် တိုင်း Bitcoin balance ထဲ auto ပို့ပေးမှာပါ။ Browser ကို တစ်နေကုန် တောက်လျှောက်ဖွင့်မထားသင့်ပါ။ သင့်စက်ရဲ့ CPU စွမ်းဆောင်ရည်ကို အသုံးပြုပြီး လုပ်ဆောင်ရတာဖြစ်တဲ့အတွက် မကြာခဏ ပိတ်ပေး အနားပေးသင့်ပါတယ်။ သို့မဟုတ်ရင်လည်း Break Time ကို တိုးမြှင့်ပေးနိုင်ပါတယ်။

Earn from your Referrals ဆိုတဲ့ frame ထဲမှာ သင့် Referral link ကိုတွေ့ရမှာပါ။ အဲ့ဒီ link ကို share ပေးခြင်းဖြင့် Referral ရှာဖွေနိုင်ပါတယ်။ သင့် Referral တွေရရှိတဲ့ Mining earning တွေထဲက 2% ကို ကော်မရှင်ခအဖြစ် ရရှိမှာဖြစ်ပါတယ်။

သူ့ဘေးက Boost your mining earnings with a Mining Bonus ဆိုတာဟာ FaucetHUB ထဲမှာ သင့်လုပ်ဆောင်ချက်များလာလို့ EXP တိုးလာပြီး Level 100 ထိတက်လာရင် Mining Bonus 0.05% ထပ်တိုးလာမှာဖြစ်ပါတယ်။ မိမိ Level ဘယ်အဆင့်ရောက်ပြီလဲဆိုတာကို User -> User dashboard -> Overview မှာ ကြည့်နိုင်ပါတယ်။


ဆက်လက်လေ့လာရန်-
2. Faucet များမှတဆင့် Bitcoin နှင့် အခြား coin များရယူခြင်း
4. Wallet address အသစ်များ ပေါင်းထည့်ခြင်း နှင့် ငွေထုတ်ယူခြင်း
5. PTC Wall မှတဆင့် Bitcoin ရယူခြင်း

0 comments:

Post a Comment