Sunday, February 1, 2015

Perfect Money Register and Security

http://bit.ly/1DthR6KPerfect Money 
အကောင့်ဖွင့်နည်း၊ ငွေလွှဲနည်း နှင့်

လုံခြုံရေးတိုးမြှင့်ခြင်း


Perfect Money Intro
Perfect Money (PM) ဆိုတာ အားလုံးအတွက် အဆင်ပြေ လွယ်ကူမြန်ဆန်ပြီး လုံခြုံစိတ်ချရတဲ့ Online Payment Processor တစ်ခုဖြစ်ပါတယ်။ 2007 ခုနှစ်မှာစတင်ထွက်ပေါ်လာတဲ့ Perfect Money ဟာ Liberty Reserve တရားမ၀င်ကြေငြာပိတ်သိမ်းခံရပြီးတဲ့နောက် တစ်ရှိန်ထိုးနာမည်ရလာခဲ့ပါတယ်..။ PayPal လောက် policy မတင်းကြပ်တဲ့အတွက် မြန်မာနိုင်ငံကနေလည်း အဆင်ပြေလွယ်ကူစွာ ဖွင့်သုံးနိုင်ပါတယ်.. လုံခြုံရေးအားနည်းတယ်ဆိုတာက verify ဖြစ်အောင် မလုပ်ကြတာရယ်.. သုံးစွဲသူ ကိုယ်တိုင်ကလည်း ပေါ့ဆလို့ပဲဖြစ်ပါတယ်..။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်အောင် လည်း PM က လုပ်ပေးထားပြီးဖြစ်ပါတယ်..။ verify မဖြစ်သေးလည်းဘဲ ကိုယ်တိုင်က သုံးတတ်မယ်ဆို လုံခြုံမှုရှိပါတယ်။ ဖုန်းအတွက် PM apk တွေရှိပါတယ်..။ လုံးဝမသုံးပါနဲ့..။ Browser ကနေပဲ ပုံမှန်အတိုင်းသွားပါ..။

Registration to Perfect Money
Register လုပ်ဖို့အတွက် ဒီနေရာကို နှိပ်လိုက်ပါ..။
Register Page ကို တန်းရောက်သွားပါ့မယ်.. ပုံကိုကြည့်ပါ..



Form ဖြည့်ရင်း မှတ်စုစာအုပ်မှာလည်း ရေးမှတ်သွားပါ။

Account name : နှစ်သက်ရာ အမည်ပေးပါ..။ (PaidVerts မှာပေးထားတဲ့ user name ပဲပေးလည်း ရပါတယ်)။ စာလုံးအကြီးအသေး နှစ်သက်သလိုရေးနိုင်၊ space ခြားနိုင်ပါတယ်..။ ဒါပေမယ့် တစ်ဆက် တည်းရေးပါ..။ ဒီ Account name က ငွေပို့  ငွေလွှဲတဲ့အခါ ဖော်ပြပေးမယ့်၊ တစ်ဖက်လူကလည်းမြင်ရမယ့် name ဖြစ်ပါတယ်..။

Full name* : မိမိ နာမည်အရင်းကိုပေးပါ..။ verify လုပ်တဲ့အခါ နာမည်အရင်းဖြစ်ဖို့လိုပါတယ်..။ တစ်ဆက်တည်းမရေးပါနဲ့.. space ခြားပါ။

City* : မိမိ အမှန်တကယ်နေထိုင်တဲ့ မြို့အမည်ရေးပါ။

Address : မိမိ အမှန်တကယ်နေထိုင်တဲ့ လိပ်စာရေးပါ။ ( မထည့်ချင်သေးလည်းရပါတယ်..။ verify လုပ်မှ ထည့်လည်းရတယ်.. address proof ပြရပါမယ်..)

Country* : နိုင်ငံရွေးပါ..။ (Myanmar ဆိုတာမတွေ့ရင် Burma ကိုရွေးပါ)

Zip/Postal code* : စာပို့သင်္ကေတကုဒ်/ ဒေသကုဒ်လို့ခေါ်ပါတယ်.. သက်ဆိုင်ရာမြို့တိုင်းမှာ သူ့ကုဒ်နဲ့သူရှိပါတယ်..။ မိမိမြို့ရဲ့ ကုဒ်ကို မသိရင်.. ဒီလင့်မှာ သွားကြည့်ပြီး ရှာယူပါ..။

E-mail* : အသုံးပြုမယ့် email ထည့်..။

Phone/fax : MPT G, MEC, C800, Telenor, Oredoo ဖုန်းနံပါတ်တစ်ခုခုထည့်ပါ..။ +95 ခံပါ။ (ဖုန်းနံပါတ်မထည့်ချင်သေးလည်းရပါတယ်..။ verify လုပ်မှ၊ SMS login လုပ်မှ ထည့်လည်းရတယ်..)

Account type : သင်တစ်ဦးတည်းသုံးမှာမို့ Personal ရွေးပါ။

Password* : စာနဲ့ ဂဏန်းပါဝင်ပြီး စာလုံးရေ ၆ လုံးကျော်အောင်ထည့်ပါ။ (ဥပမာ-1234mmggii)

Retype Password* : ပေးလိုက်တဲ့ password ကို အတည်ပြုဖို့ ထပ်ထည့်ပါ။

Turning number* : ပုံမှာပြထားတဲ့အတိုင်း ပုံပျက် ဂဏန်း ၅ လုံးကို သူ့ အောက်ကအကွက်မှာ တူအောင်ရေးထည့်ရမှာပါ.. ဥပမာ - 42769

I agree with terms and conditions. ကို အမှန်ခြစ်ပါ။

Register ကိုနှိပ်လိုက်ပါ။

ဖြည့်ထားတာတွေ မှန်တယ်ဆိုရင် အောက်ပုံအတိုင်း Welcome! Page ကိုရောက်ပါမယ်.. သင့်ရဲ့ Member ID ကို သင့် mail ထဲ ပို့လိုက်ပြီလို့ပြောပါတယ်..။


Login to Perfect Money
သင့် mail ထဲဝင်ကြည့်လိုက်ပါ။ Perfect Money ဆီက mail ရောက်နေပါ့မယ်..။ မရောက်သေးရင် SPAM ထဲမှာလည်း ရှာကြည့်ပါ.။  အများအားဖြင့် InBox ထဲ တန်းရောက်ပါတယ်..။ တွေ့ရင် ဖွင့်လိုက် ပါ.. အောက်ပုံကိုကြည့်ပါ..


Member ID ကိုတွေ့ပါမယ်။ အဲ့ဒါကို selection ပေးပြီး copy ယူပါ။ မှတ်စုစာအုပ်မှာ လည်း ရေးမှတ်ထားပါ။ Account Login ၀င်တိုင်း အဲ့ဒီ Member ID နဲ့အတူ သင်ပေးထားတဲ့ password နဲ့ ၀င်ရပါမယ်..။ Perfect Money ကိုသွားပြီး Login ကိုနှိပ်လိုက်ပါ။ ပုံပါအတိုင်း Login page ကိုရောက်ပါမယ်..


Member ID ဖြည့်၊ password ဖြည့်၊ ပုံဖျက် ဂဏန်းဖြည့်ပြီး Authorize ကိုနှိပ်လိုက်ပါ..။  Perfect Money အကောင့်ထဲ တန်းရောက် သွားပါမယ်..။ အကယ်၍ နောက်ပိုင်းမှာ သင် နောက်တစ်ကြိမ် login ၀င်တဲ့အခါ ပထမအကြိမ်ဝင်တဲ့ IP, Browser, OS စတာတွေထဲက တစ်ခုခုနဲ့ လွဲနေတယ်လို့ PM ကစစ်ဆေးတွေ့ရှိရင် အကောင့်ထဲ တန်းဖွင့်မပေးဘဲ သင့် mail ထဲ PIN code ပို့လိုက်ပြီး အဲ့ဒီ PIN code ကို ထည့်ခိုင်းပါလိမ့်မယ်..။ mail ထဲသွားပြီး PIN သွားယူပါ.. အောက်ပုံကိုကြည့်ပါ..


ပုံထဲက PIN ကို copy ယူပြီး.. Perfect Money မှာ ဖြည့်ပါ.. Continue ကိုနှိပ်ပါ..


အောက်ပုံက My Account ထဲရောက်သွားတဲ့ပုံပါ..

(အပေါ်နားမှာ ခေါင်းလောင်းပုံလေးနဲ့က အကောင့်ထဲကို တစ်ယောက်ယောက်ဆီက လွှဲငွေ ရောက်လာတဲ့ noti ပါ။)
ဘေးဘက်က My Accounts ကိုကြည့်ပါ..။ အောက်မှာ G (Gold), U (USD dollar), E (Euro) ဆိုပြီး အကောင့် ၃ မျိုးရှိပါတယ်။ Euro သုံးမယ်ဆိုရင် E နဲ့စတဲ့ အကောင့်ကို သုံးရပါမယ်။ Dollar ($) သုံးမှာဖြစ်လို့ အလယ်က U နဲ့စတဲ့ အကောင့်ကို သုံးရပါမယ်..။ (PaidVerts မှာ Perfect Money account ထည့်ရတဲ့ အခါ PaidVerts က $ နဲ့ပေးတာမို့ အဲ့ဒီ U1234678 ကို ထည့်ပေးရမှာပါ..) ဒီ အကောင့်ကို မှတ်စုမှာ ရေးမှတ်ထားပါ..။  မိမိထံ ငွေပို့ပေးမယ့်သူဆီကို အဲ့ဒီ အလယ်ကအကောင့် ပေးရပါ့မယ်..။ U လည်း ပါရမယ်..။ U ရှေ့က ဂဏန်းတွေလည်း မမှားအောင်ရေးမှတ်ထားပါ။ ဂဏန်းတစ်လုံး နေရာလွဲသွား ရင် တစ်ဖက်က ပို့တဲ့ငွေ ကိုယ့်ဆီမရောက်ဘဲ ကံထူးရှင်ဆီရောက်သွားပါလိမ့်မယ်..။

U အကောင့်ထဲမှာ 1.61 USD ရှိပါတယ်.. အဲ့ဒီငွေကို တခြား PM အကောင့်ထဲ ငွေလွှဲပါမယ်..။ ကိုယ့်ဘက်က ငွေလွှဲပေးမှာဖြစ်လို့ ငွေလွှဲသူက fee 1.99% ပေးဆောင်ရပါတယ်..။ ဒါကြောင့် အကောင့်ထဲရှိသမျှ အကုန်လွှဲလို့မဖြစ်ပါဘူး..။ $1.5 လောက်သာလွှဲပါ့မယ်။ ဒါပေမယ့် ငွေမလွှဲခင် လုံခြုံရေးတိုးမြှင့်ပုံကို အရင်ပြပါမယ်..။ သင့်အကောင့်က အသစ်သာဖြစ်သေးလို့ verify လည်းမဖြစ်သေးသလို လုံခြုံရေးလည်း အားနည်းပါသေးတယ်..။

Setting for Security
အပေါ်ကပုံကို ပြန်ကြည့်ပါ..။ အစိမ်းရောင်ဘောင်ခတ်ပြထားတဲ့နေရာမှာ လုံခြုံရေး ၃ မျိုးရှိပါတယ်..။ ပထမတစ်ခုကတော့ Register လုပ်ကတည်းက သတ်မှတ်ပေးထားတာပါ..။ 

ကဲ.. လုံခြုံရေးတစ်ခုလောက်ထပ်တိုးရအောင် အပေါ်ဆုံး အပြာရောင် menu ဘားတန်းပေါ်က Setting ကိုနှိပ်လိုက်ပါ..။ Setting page ထဲရောက်သွားပါ့မယ်.. အောက်ပုံမှာပြထားတဲ့အတိုင်း အစိမ်းရောင် ဘောင်ခတ်ထားတာကိုနှိပ်ပါ..


အောက်ပုံကိုကြည့်ပါ..


SMS Login: ဒါကို Enable လုပ်မယ်ဆိုရင်.. သင့်ဆီ SMS ပို့လို့ရမယ့် ဖုန်းနံပါတ်ပေးရပါမယ်..။ ၀န်ဆောင်ခ $0.1 ပေးရပါမယ်။ ၀န်ဆောင်ခကို အကောင့်ထဲက ဖြတ်သွားမှာပါ..။ Perfect Money အကောင့်ထဲ Login ၀င်တိုင်း သင့်ဖုန်းဆီ SMS ပေးပို့ပြီး အတည်ပြုချက်တောင်းခံပါလိမ့်မယ်.. ဒါဆို အကောင့်ခိုးတဲ့သူက ပထမအဆင့် Identity check ကို ကျော်ဖြတ်နိုင်ခဲ့လည်း ဒီအဆင့်ကို  ဘယ်လိုမှ ကျော်လို့မရတော့ဘူးပေါ့။ ဒါပေမယ့် သူ့မှာ အားနည်းချက်တော့ရှိတယ်..။ အကယ်၍များ သင့် SIM card ပျောက်ဆုံး/ပျက်စီးသွားလို့ အသစ်လဲရမယ်ဆို.. ဖုန်းနံပါတ်လည်းပြောင်းသွားပြီမို့ login ၀င်မရ ဖြစ်ပါလိမ့်မယ်..။ ဒီလိုဖြစ်ရင် support တင်လို့ရ ပေမယ့် အနည်းငယ်အလုပ်ရှုပ်ပါတယ်..။ ဒီလို မဖြစ်အောင်တော့ သင်ကိုယ်တိုင် ဂရုစိုက်ရပါမယ်..။ ဒီ SMS Login လုပ်သင့်လား၊ မလုပ်သင့်လား သင့်ဟာသင် ဆုံးဖြတ်ပါ..။

Code Card: သူကတော့ ငွေထုတ်/ငွေလွှဲတဲ့အခါမှာ အသုံးပြုရပါတယ်..။ Paper Code လို့လည်းခေါ်ပါတယ်။ သူ့ကို Enable လုပ်လိုက်ရင် ဂဏန်း ၇ လုံးတွဲ code 1 to 30 ပါတဲ့ Image တစ်ခု ပေးလာပါလိမ့်မယ်.. သင့် email ထဲ လည်း ပို့ပေးပါလိမ့်မယ်.. အောက်ပုံကိုကြည့်ပါ..

အနက်ရောင်အောက်ခံနဲ့ စာလုံးအဖြူ ကုဒ်တွေ ၃၀ ထိ ပါပါတယ်.. အဲ့ဒီ Code Card ကို သင့်စက်ထဲ download ချသိမ်းဖို့ ၂၄ နာရီပေးထားပါတယ်..။ ၂၄ နာရီပြည့်ရင် ဖျက်ပစ်မှာပါ။ အစိမ်းရောင်ဘောင်ခတ် ပြထားတဲ့ စာသားပေါ်နှိပ်ပြီး download ချလိုက်ပါ။ mail ထဲလည်းသွားကြည့်ပါ။ download ချပြီးပြီဆိုရင် Code Card mail ကို အပြီးဖျက်ပစ်ပါ။ သင်ငွေထုတ်/ငွေလွှဲတိုင်း သူတောင်းတဲ့ ကုဒ်ကိုပေးရပါမယ်..။ မှန်မှသာ ထုတ်ပေးမှာဖြစ်ပါတယ်..။ ဒီကဒ်ကို ကွန်ပျူတာ၊ ဖုန်းထဲမှာ digital image အနေနဲ့ သိမ်းထားမယ်ဆို သင့်နည်းသင့်ဟန်နဲ့ လုံခြုံအောင် သိမ်းထားပါ။ သင့်စက်ထဲမှာ ထားရတာလည်း မလုံခြုံဘူးထင်ရင် အဲ့ Code Card ကို စာရွက်ပေါ် print ထုတ်ပြီး စက်ထဲကလည်း အပြီးဖျက်လိုက်ပါ။

API (Automated Program Interface) : ဒါကတော့ security တော့မဟုတ်ပါဘူး.. သင့်မှာ PM လက်ခံတဲ့ Website တစ်ခုရှိရင် ငွေသွင်း/ငွေထုတ်ကို အလိုအလျောက်လုပ်ဆောင်ပေးမယ့် program တစ်ခုဖြစ်ပါတယ်.. လိုင်စင်ဆော့ဝဲ၊ လိုင်စင် OS ကိုသုံးမှ ပိုမိုစိတ်ချရပါလိမ့်မယ်.. အများစုက Third Party တွေပဲ သုံးနေကြတော့ လုံခြုံစိတ်ချဖို့ မလွယ်ပါဘူး။ 

လုံခြုံရေးတိုးမြှင့်တာနဲ့ပတ်သက်ပြီး ရှင်းပြပြီးပါပြီ..။ သင့်အကောင့်ကို ပိုပြီး လုံခြုံစေချင်ရင်..
- ဖုန်း အတွက်ထုတ်ထားတဲ့ PM apk တွေ မသုံးပါနဲ့။ PV apk လည်းမသုံးပါနဲ့။
- browser ကနေ ပုံမှန်ပဲဖွင့်ပါ။
- မသိတဲ့သူဆီက ကိုယ့် mail နဲ့ ဖုန်းထဲ ပို့လာတဲ့ link တွေ attachment file တွေကို အရမ်းကာရော မဖွင့်ပါနဲ့။
- သူခိုး မျက်စိကျလောက်အောင်လည်း ပေါ်ထင်မနေပါနဲ့။ (မကြွားဝါပါနဲ့)
- hack တဲ့သူဟာ အကူအညီတစ်ခုခု မပါဘဲ ဒီတိုင်း hack လို့မရပါဘူး.. ငါးစာအရင်ချပြီးမှ.. ငါးစာကို ဟပ်မိတဲ့ သူကိုသာ hack လို့လွယ်ပါတယ်..။  တကယ့် hacker တွေဟာ ဂုဏ်သိက္ခာရှိပါတယ်..။ hacker တွေဆိုတာ မကောင်းတဲ့လူတွေမဟုတ်ပါဘူး..။ ရည်ရွယ်ချက်တစ်ခုခုနဲ့ ထိုးဖောက်ဝင်ရောက်သူ၊ ကာကွယ်တားဆီးသူသာဖြစ်ပါတယ်..။ ဒီလို မဖြစ်စလောက် မတောက်တခေါက်နဲ့ cracking tool တွေသုံးပြီး လိုက်ဟက်နေတဲ့သူတွေကို Cracker (အဖျက်သမား)လို့သာခေါ်ပါတယ်.. ဒါပေမယ့် hacker လို့ပဲ အများသိကြတဲ့အတွက် တကယ့် hacker တွေ သိက္ခာကျရတာပါ..

Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ sex video တွေဟာ တကယ့် video မဟုတ်ပါဘူး.. ငါးပွက်ရာ ငါးစာချတဲ့သဘောပဲဖြစ်ပါတယ်..။ sex, fashion, beauty စတဲ့ ကြော်ငြာတွေနဲ့ ငါးစာချတတ်ပါတယ်.. ဒါကြောင့် တွေ့ကရာ လျှောက်မနှိပ်ပါနဲ့..

ဒီအချက်တွေလည်းလိုက်နာမယ်.. အပေါ်က လုံခြုံရေး ၂ ခု လောက်လုပ်ထားမယ်ဆိုရင် verify မဖြစ်လည်းဘဲ အတော်အတန် လုံခြုံမှုရှိပါတယ်..။

Setting for Notifications
သင့် Perfect Money နဲ့ပတ်သက်ပြီး account login ၀င်တာ၊ လွှဲငွေရောက်ရှိလာတာ၊ ငွေထုတ်/ငွေလွှဲတာ စတဲ့ အချက်အလက်မှန်သမျှ သင့် ဖုန်း၊ email သို့ ပေးပို့စေချင်ရင် Notifications ထဲဝင်ပြီး သတ်မှတ်ပေးရ ပါမယ်.. အောက်ပုံကိုကြည့်ပါ..

အစိမ်းရောင် ဘောင်ခတ်ထားတာကိုနှိပ်လိုက်ပြီး.. ပေါ်လာတဲ့ Notifications Page မှာကြည့်ပြီး မိမိစိတ်ကြိုက်ပြင်ဆင်ပါ..။ email ထဲပို့စေချင်ရင် email အောက်မှာရှိသမျှ အကုန် check (အမှန်ခြစ်)ပြီး၊ Phone ထဲ SMS ပို့စေချင်ရင် အရင်ဆုံး SMS ကို Enable လုပ်ပေးရပါမယ်..။ SMS login လုပ်ပြီးသားဆိုရင်တော့ Enable ဖြစ်နေပါပြီ..။ SMS အောက်မှာ အကုန် check လိုက်ပါ.. ပြီးရင် Save နှိပ်ပေးလိုက်ရုံပါပဲ။

Money Exchange or Transfer
ကဲ.. ငွေလွှဲပြောင်းနည်းကြည့်ရအောင်..။ My Account ထဲပြန်သွားပါ။ U အကောင့်ထဲက ငွေ $1.5 လွှဲမှာ ဖြစ်လို့ U အကောင့်ဘေးက စာရွက်ပုံကို ထောက်လိုက်ပါ.. ပုံကိုကြည့်ပါ။



Send money ကိုနှိပ်လိုက်ပါ။ အောက်ပုံကိုရောက်သွားပါ့မယ်..

Amount* : လွှဲမယ့် ငွေပမာဏ ရေးပါ။ $ ထည့်ရန်မလို။ $1.5 လွှဲမှာမို့ 1.5 ထည့်ထားပါတယ်။

To Account* : လက်ခံမယ့်သူရဲ့ U အကောင့်ကို ထည့်ပါ။ ဂဏန်းမလွဲ၊ မမှားပါစေနဲ့။

Description: လက်ခံမယ့်သူဆီကို သင် အမှာပါးချင်တာ၊ ပြောချင်တာအတိုချုံးရေးပါ။  ဘာမှ မရေးလည်း ရပါတယ်။

ကျန်တာတွေ ဒီတိုင်းထားလိုက်ပါ။ အဓိကဖြည့်ရမှာက Amount နဲ့ To Account ပါပဲ။ ဖြည့်ထားတာ မှန်တယ်ဆိုရင် Payment preview ကိုနှိပ်လိုက်ပါ။ အောက်ပုံကိုတွေ့ပါမယ်..

ငွေမလွှဲခင် အကြိုစစ်ဆေးဖို့ ပြပေးတာပါ.. အချက်အလက်တွေကို ကြည့်ပါ..။ Payment fees: 0.02985 (1.99%) အကောင့်ထဲက ဖြတ်သွားမှာပါ။ verify မဖြစ်သေးတဲ့ အကောင့်မှန်သမျှ Payment fees 1.99% ဆောင်ရပါမယ်။

ပို့တဲ့ငွေပမာဏ ပြန်ပြင်ချင်ရင် Edit ကိုနှိပ်ပြီး ပြန်ပြင်နိုင်ပါတယ်။ တကယ်ပို့မှာသေချာပြီဆိုရင် Send money ကိုနှိပ်ပါ။ ဒီအခါ ကျွန်တော်တို့ အထက်မှာ Code Card ကို Enable လုပ်ထားတဲ့ အတွက် အောက်ပုံအတိုင်း code နံပါတ် 15 ကိုတောင်းလာပါတယ်။

Code Card က နံပါတ် 15 code ကိုထည့်ပေးပြီး Continue ကိုနှိပ်လိုက်ပါ..။ အောက်ပုံအတိုင်း Complete ဖြစ်သွားပါပြီ..


သင်ငွေထုတ်/ငွေလွှဲတိုင်း ဒီ Code Card ထဲက Code တစ်ခုချင်းစီ တောင်းပါမယ်.. Code 30 ကုန်သွားရင် သင့် email ထဲ နောက်ထပ် Code Card ထပ်ပို့ပါလိမ့်မယ်..။

ကဲ.. ဒီလောက်ဆို Perfect Money ကို လုံခြုံစွာ အဆင်ပြေပြေ သုံးတတ်လောက်ပြီလို့ မျှော်လင့်ပါတယ်..


ငွေအမှန်တကယ်ပေးနေတဲ့ PaidVerts မှာမ၀င်ရသေးရင်၊ PaidVerts အကြောင်း မသိသေးရင် ဒီလင့်မှာ လေ့လာပါ..

2 comments:

  1. The best things about Clixsense's Get Paid To Program:
    1. SURVEYS: 50+ 5-40 minute surveys paying $0.5-$2.5 each.
    2. 12 OFFER WALLS - Make $0.5-$20 per offer.
    3. MICRO TASKS - Complete 1,000's of micro tasks from lots companies.

    ReplyDelete
  2. Quantum Binary Signals

    Professional trading signals sent to your mobile phone every day.

    Start following our trades today & gain up to 270% a day.

    ReplyDelete